← Chapters

အခန်း ၉၉၂

Vol. 67 Ch. 992

အခန်း ၉၉၂

Vol. 67 Ch. 992

992 01

အခန်း ( ၉၉၂ ) ထိုးကျသွားတဲ့ ဂုဏ်သတင်း။

[ ရှေးခေတ်ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားတဲ့ ပရိသတ်တွေက ဒီဇာတ်လမ်းတွဲကို စိတ်ပျက်မိတယ်လို့ ပြောနေကြတယ်။ သူတို့ ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲက ရှေးခေတ် သမိုင်းကြောင်းမှာ မှတ်တမ်းတင်ထားတဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကြောင်းပဲ။ ငါ သမိုင်းကြောင်းကို ဖတ်တုန်းက သူမရဲ့ ထူးချွန်ပြောင်မြောက်တဲ့ နိုင်ငံရေးအမြင်တွေ ၊ ရဲဝံ့မှုတွေကို အရမ်း လေးစားသွားခဲ့တာ။ အဲ့ဒါကြောင့်ပဲ ငါ တက္ကသိုလ်ရွေးတော့ သူမနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းနဲ့ ရှေးခေတ်ယဉ်ကျေးမှုတွေ ၊ တခြား သမိုင်းကြောင်းတွေကို ပိုလေ့လာဖို့အတွက် သက်ဆိုင်ရာ မေဂျာကို ရွေးခဲ့တာ။ ]

[ လူတစ်ယောက်က သူမရဲ့ သမိုင်းဝင် ဘဝဇာတ်ကြောင်းကို တီဗီဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးဖို့ လုပ်နေတယ် ဆိုတာကို ငါ ကြားလိုက်တုန်းက ပထမတော့ အရမ်း ဝမ်းသာပြီး မျှော်လင့်ထားခဲ့တာ။ အဲ့ဒါကြောင့် ဒီည အတန်းကိုတောင် မတက်ဘဲနဲ့ စာမေးပွဲကျမယ့် အန္တရာယ်ကို ရင်းပြီး ဒီဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသတာကို ကြည့်ခဲ့တာ။ ဒါပေမဲ့ အချက်အလက်တွေက ဒီဇာတ်လမ်းတွဲဟာ ငါ့မျှော်လင့်ရကျိုးမနပ်ဘူး ဆိုတာ သက်သေပြပေးလိုက်တယ်။ ဒီဇာတ်လမ်းတွဲက နိုင်ငံရေးစိတ်ဓာတ်ရှိပြီး အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်ကို ယောက်ျားတွေအပေါ် မှီခိုပြီး အမြင့်ရောက်အောင် လုပ်တဲ့ ကြာပန်းဖြူတစ်ယောက်လိုမျိုး ပုံဖော်ထားတာ။ စိတ်ပျက်စရာပဲ။ ]

ထိုကွန်းမန့်က ရှေးခေတ်ယဉ်ကျေးမှုမေဂျာက ကျောင်းသူတစ်ယောက်ရဲ့ ကွန်းမန့်ဖြစ်ပြီး သူမ ဒီဇာတ်လမ်းတွဲကို မကျေမနပ်ဖြစ်နေတယ် ဆိုတာ သိသာသည်။ ဇာတ်လမ်းတွဲပါ အကြောင်းအရာတွေကို အပြည့်အစုံ ပြောမသွားပေမဲ့ သူမရဲ့ စကားလုံးတွေထဲမှာပင် မကျေနပ်ချက်က ထင်ရှားပေါ်လွင်နေသည်။

လူတော်တော်များများကလည်း သူမကို ထောက်ခံခဲ့ကြပါသည်။ အများစုက ရှေးခေတ်ယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ ပရိသတ်တွေပီပီ ဒီဇာတ်လမ်းတွဲကို မျှော်လင့်ချက်မြင့်မြင့်ထားခဲ့ကြသည်။

တိတိကျကျ ပြောရလျှင်တော့ မကြာသေးမီ နှစ်တွေမှာ ရိုက်ကူးတဲ့ ရှေးခေတ်ဇာတ်လမ်းတွဲတွေကို သူတို့က အများကြီး မျှော်လင့်ထားကြတာ ဖြစ်သည်။ ကံမကောင်းစွာဖြင့် မျှော်လင့်ချက်ကြီးလေ ၊ စိတ်ပျက်ရလေပါပဲ။

သူတို့ရဲ့ အနိမ့်ဆုံး စံချိန်စံနှုန်းကို လုံလုံလောက်လောက် နှိမ့်ချထားပြီလို့ သူတို့ကိုယ်သူတို့ ထင်တဲ့အခါတိုင်း ထွက်ပေါ်လာတဲ့ ဇာတ်လမ်းတွဲတချို့က ထိုအနိမ့်ဆုံး စံချိန်စံနှုန်းကို နည်းနည်းလေး ထပ်နှိမ့်ချဖို့ လိုနေသေးကြောင်း ၊ မဟုတ်ရင် သူတို့ ဒေါသထွက်ပြီး သေနိုင်ကြောင်း အမြဲတမ်း ပြောလေ့ရှိသည်။

ထိုကဲ့သို့ သုံး ၊ လေးခါလောက် ဒေါသထွက်အပြီးမှာ လူတချို့က ထုံသွားပြီး တချို့ကတော့ ဒေါသပေါက်ကွဲခဲ့ကြသည်။

ပထမဆုံး စိတ်ပျက်မှုကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ကွန်းမန့်တွေထဲမှာ ဖော်ပြပြီးနောက် ရှေးခေတ်ယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ ပရိသတ်တွေ တစ်ယောက်ပြီး တစ်ယောက် တိုက်ပွဲထဲကို ဝင်ရောက်လာပြီး ဝမ်ကျင့်ဖျင်ရဲ့ ဇာတ်လမ်းတွဲကို အစအဆုံး ဝေဖန်ခဲ့ကြသည်။

ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက် ဆိုလျှင် ဧကရီဇာတ်လမ်းတွဲအတွက် ကျိုးကြောင်းဆီလျော်မှုရှိသော Post တစ်ခု ရေးခဲ့ပြီး သူ့ Post ထဲမှာ ဇာတ်လမ်းတွဲထဲက ရှေးခေတ်ဝတ်စုံတွေ ၊ ဆံပင်စတိုင်လ်တွေ ၊ နောက်ခံ အပြင်အဆင်တွေနှင့် ဓလေ့ထုံးတမ်းတွေရဲ့ မှားယွင်းမှုတွေကို သေချာ ထောက်ပြထားတဲ့အပြင် သမိုင်းကြောင်းအရ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးထားတာမို့ သူ့ကို ပြန်လည်ချေပဖို့ရာ မတတ်နိုင်ပါ။

ထိုလူ့ရဲ့ အကျိုးသင့်အကြောင်းသင့် ထောက်ပြပြောဆိုထားသော Post ကို မြင်အပြီးမှာ ဧကရီဇာတ်လမ်းတွဲက ပိုလို့တောင် ပေါ့ပျက်ပျက်နိုင်လာသည်ဟု လူတွေက ခံစားလိုက်ရသည်။

ရိုက်ကွင်း အပြင်အဆင်တွေ ၊ အဝတ်အစားတွေ ၊ မိတ်ကပ်တွေ ၊ သရုပ်ဆောင်မှုတွေ ၊ ဇာတ်လမ်းပိုင်းတွေမှာ ပိုက်ဆံတွေ အများကြီး အကုန်ခံထားပြီးတော့ အဲ့ပိုက်ဆံတွေ အကုန်လုံးက ဘယ်ရောက်သွားတာလဲ … ။ ပရိသတ်ကို ဦးနှောက်ဆေးဖို့ ဝါဒဖြန့်တဲ့ နေရာမှာ သုံးလိုက်တာလား … ။

ဒါ့ကြောင့်ပဲ လူတချို့ကို ဘယ်တော့မှ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်သင့်တာ ဖြစ်သည်။ ကိုယ့်ရဲ့ လုပ်ရပ်တွေက ဘယ်အချိန်မှာ သူတို့ရဲ့ ဒေါသကို လှုံ့ဆော်ပြီး ပေါက်ကွဲထွက်လာစေမလဲ ဆိုတာ မသိနိုင်ပါ။

ဒီကိစ္စကြောင့် သူတို့တွေ ပေါင်းစည်းသွားသည်နှင့်တစ်ပြိုင်နက် သူတို့ ပေါက်ကွဲထွက်စေနိုင်တဲ့ အင်အားက ခန့်မှန်းရခက်သလို တွန်းလှန်ဖို့လည်း ခက်သည်။

ကံမကောင်းစွာဖြင့် ဝမ်ကျင့်ဖျင်ရဲ့ ဇာတ်လမ်းတွဲသည် ဒီနှစ်တွေ တစ်လျှောက်လုံးမှာ တီဗီဇာတ်လမ်းတွဲမျိုးစုံကြောင့် အရူးလုပ်ခံခဲ့ရတဲ့ ပရိသတ်တွေရဲ့ ဒေါသကို လှုံ့ဆော်ခဲ့သည်။ ဇာတ်လမ်းတွဲရဲ့ ကြည့်ရှုနှုန်းသည်ပင် ထိုဇာတ်လမ်းတွဲရဲ့ ဂုဏ်သတင်းနှင့်အတူ ဟိုးအောက်ခြေကို ထိုးကျသွားခဲ့ပါသည်။

992 02

ဝမ်ကျင့်ဖျင်က တီဗီဇာတ်လမ်းတွဲရဲ့ ( ၉၀ ) ရာခိုင်နှုန်းထက် ကျော်လွန်နေသော မကောင်းတဲ့ သုံးသပ်ချက်တွေနှင့် ထိပ်ဆုံးမှာ ရေပန်းစားနေသည့် အမှားထောက်ပြထားသော Post တွေကို ကြည့်ကာ အလွန် ဒေါသပေါက်ကွဲသွားပြီး သူမဘေးက ပစ္စည်းတွေအကုန်လုံးကို ပစ်ပေါက်ခွဲပစ်လိုက်၏။

“ ဒီအရူးတွေကတော့ … ၊ သူတို့က ဘာသိလို့လဲ။ ကမ္ဘာကြီးကိုတောင် တစ်ခါမှ မမြင်ဖူးဘဲနဲ့။ ရှေးခေတ်မှာ ဘယ်လိုမျိုး ကျော်ကြားတဲ့ လူတွေ ၊ ကိစ္စတွေ ရှိခဲ့လဲ ဆိုတာကိုတောင် သူတို့ သိလို့လား။ သူတို့က ဘာမို့လို့ ငါ့ဇာတ်လမ်းတွဲကို ရာရာစစ ဝေဖန်ရတာလဲ။ ရှေးခေတ်ယဉ်ကျေးမှုကို စိတ်ဝင်စားတယ် ဆိုတဲ့ လူတွေကလည်း သူတို့ကိုယ်သူတို့ ပရော်ဖက်ရှင်နယ်လိုလို ဘာလိုလိုနဲ့။ နည်းနည်းပါးပါး လေ့လာထားရုံနဲ့ ကိုယ့်ကိုယ်ကိုယ် အကုန် သိပြီ ၊ တတ်ပြီ ထင်နေလား။ ကိစ္စတချို့ကို မြင်ဖူးတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်နေလား။ အပွင့်လင်းဆုံး ပြောရရင် နင်တို့က ဘာမှ မသိတဲ့ ငတုံးတွေပဲ။ တကယ်တော့ လူကြားထဲကို ထွက်မလာရဲတဲ့ လူတွေကပဲ အင်တာနက်ပေါ်မှာ ဟောင်ဖွာဟောင်ဖွာလုပ်ရဲတာ။ တကယ့်ကို လူ့အမှိုက်တွေ။ ”

+++++

All Chapters