← Chapters

အခန်း ၉၉၃

Vol. 67 Ch. 993

အခန်း ၉၉၃

Vol. 67 Ch. 993

993 01

အခန်း ( ၉၉၃ ) အစွန်းနှစ်ဖက်။

ဝမ်ကျင့်ဖျင်သည် သူမရဲ့ ဒေါသတွေကို ခဏလောက် ထွက်ပေါက်ပေးပြီးမှ အနည်းငယ် တည်ငြိမ်သွားသည်။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ အော်ပရာမင်းသမီးဇာတ်လမ်းတွဲရဲ့ ကွန်းမန့်ဆက်ရှင်ထဲကို ဝင်ကြည့်လိုက်သည်။

အော်ပရာမင်းသမီးဇာတ်လမ်းတွဲအတွက် ကြော်ငြာက ဆိုးတော့ မဆိုးပါ။ ထိုဇာတ်လမ်းတွဲ လူသိများလာချိန်တိုင်းမှာ နောက်ထပ် ဇာတ်လမ်းတွဲတစ်ခုက ကော်လို လိုက်ကပ်ပြီး အော်ပရာမင်းသမီးဇာတ်လမ်းတွဲရဲ့ နာမည်ကျော်ကြားမှုကို ဖိနှိပ်ပစ်တာ နှမြောစရာကောင်းသည်။

ထို့ကြောင့် အော်ပရာမင်းသမီးဇာတ်လမ်းတွဲရဲ့ ကြည့်ရှုနှုန်းစံသတ်မှတ်ချက်က ဧကရီဇာတ်လမ်းတွဲရဲ့ ကြည့်ရှုနှုန်းထက် နည်းနည်းလေး လျော့သည်။ အဲ့ဒါက ဝမ်ကျင့်ဖျင်တစ်ယောက် ကိုယ့်အခြေအနေကိုယ် မေ့လျော့သွားလောက်အောင် စိတ်ကြီးဝင်စေတဲ့ အချက်တစ်ချက် ဆိုလည်း မမှားပါ။ သူမရဲ့ ဇာတ်လမ်းတွဲက တုန်ချမ်းရဲ့ ဇာတ်လမ်းတွဲကို ကျော်တက်သွားပြီး သူမလည်း စုယန်ယန်ထက် ခေါင်းတစ်လုံးသာသွားပြီဟု ခံစားရသည်။

သို့သော်လည်း ထိုစိတ်ကြီးဝင်တဲ့ ခံစားချက်က တစ်ရက်သာ ခံလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ ဧကရီဇာတ်လမ်းတွဲရဲ့ ကြည့်ရှုနှုန်းတွေ ထိုးကျလာသည်နှင့်အမျှ အော်ပရာမင်းသမီးဇာတ်လမ်းတွဲရဲ့ ကြည့်ရှုနှုန်းနှင့် ဂုဏ်သတင်းက လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

ထိုနည်းတူစွာပဲ ( ၈ ) မှတ်နှင့် စတင်ခဲ့တဲ့ ဧကရီဇာတ်လမ်းတွဲရဲ့ ကြည့်ရှုနှုန်းစံသတ်မှတ်ချက်တွေက ဆက်တိုက် ထိုးကျနေပေမဲ့ အော်ပရာမင်းသမီးဇာတ်လမ်းတွဲရဲ့ ကြည့်ရှုနှုန်းစံသတ်မှတ်ချက်ကတော့ ( ၈.၅ ) မှတ်အထိ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ အောက်က သုံးသပ်ချက်တွေကလည်း အကောင်းတွေချည်းသာ။

[ ဒီလို စတိုင်လ် ၊ ဒီလို ဆက်တင် အပြင်အဆင်တွေနဲ့ ဒီလို သရုပ်ဆောင်စွမ်းရည်တွေက တကယ် အံ့ဩစရာကောင်းတယ်။ ဟိုရိုက်ကူးရေးအဖွဲ့နဲ့ ယှဉ်လိုက်ရင် ဒီညီလေး ၊ ညီမလေးတွေက အပြတ်အသတ် သာတယ်။ ဇာတ်လမ်းကလည်း အပိုအလိုမရှိ ထိထိမိမိနဲ့ အကျယ်ချဲ့မထားဘူး။ ငါတော့ သဘောကျနေပြီ။ ]

[ အပေါ်က တစ်ယောက်ရေ ၊ သိုသိုသိပ်သိပ်နေစမ်းပါ။ ငါတို့ ပွဲမဖြစ်ချင်ဘူး။ အရေးကြီးဆုံး အရာက ဟိုရိုက်ကူးရေးအဖွဲ့မှာ အရောင်အသွေးစုံလင်တဲ့ စတိုင်လ်နဲ့ အရမ်း ရှက်စရာကောင်းတဲ့ သရုပ်ဆောင်စွမ်းရည်တွေ ရှိတယ်။ ငါတို့ဇာတ်လမ်းတွဲနဲ့ ဘာမှ ယှဉ်စရာမလိုဘူး။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချပါနဲ့။ ကျေးဇူးပါ။ ]

[ ငါ သရုပ်ဆောင်စာရင်းကို မြင်တုန်းက အဓိကဇာတ်လိုက်တွေက အသက်မငယ်တော့လို့ စိုးရိမ်နေတာ။ သူတို့က ဆယ်ကျော်သက်အရွယ် ၊ အသက်နှစ်ဆယ်အရွယ် ကောင်မလေးတွေအဖြစ် သရုပ်ဆောင်ဖို့ အသက်ကြီးလွန်းနေမလားပေါ့။ တကယ့်တကယ်ကျ ငါကပဲ အမြင်ကျဉ်းနေတာကို သိလိုက်ရတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ အသက်အရွယ်က ငါတို့အသက်အရွယ်နဲ့ မတူဘူး။ ဇာတ်လမ်းတွဲထဲက မောင်လေး ၊ ညီမလေးတွေက နူးညံ့သိမ်မွေ့လွန်းလို့ သူတို့ဆီက ရေတွေကိုတောင် ညှစ်ယူလို့ ရတယ်။ ငါ ထပ်ကြည့်ချင်လိုက်တာ။ ]

[ အဲ့ဒါက သူတို့ရဲ့ အသားအရေက အရမ်း ကောင်းပြီး အသားအရေကို ကောင်းကောင်း ထိန်းသိမ်းတတ်လို့ပဲ မဟုတ်ဘူး။ ဒီဇာတ်လမ်းတွဲရဲ့ စီမံဖွဲ့စည်းမှုအဖွဲ့အကြောင်း ပြောရရင် စတိုင်လစ်က ဆရာမရှစ်မိန်လင်ပဲ။ တစ်ချိန်တုန်းက သူက အနုပညာလောကထဲမှာ ‌နာမည်ကျော် မင်းသမီးတစ်ယောက် ဖြစ်ခဲ့တာ။ “ XX ရဲ့ လျှို့ဝှက်သမိုင်းကြောင်း ” ၊ “ XX မင်းဆက် ” ၊ “ XX ကိုယ်ရေးရာဇဝင် ” လို ဂန္တဝင်ဇာတ်လမ်းတွဲတွေနဲ့ တခြား ဇာတ်‌လမ်းတွဲ‌ကောင်းတွေက လူတိုင်းရဲ့ နှလုံးသားထဲက လရောင်ဖြူလေးပဲ။ နောက်ပိုင်းမှာ သူတို့က အသက်ကြီးလာလို့ အနုပညာလောကထဲက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူများတွေကို စတိုင်လစ်လုပ်ပေးတာမျိုး သိပ်မရှိတော့တာ။ ဒီဇာတ်လမ်းတွဲက အဲ့လို စီနီယာကြီးတွေကို ဖိတ်ခေါ်နိုင်လိမ့်မယ်လို့ ငါ ထင်မထားဘူး။ အဲ့ဒီအချက်နဲ့တင် ငါ ဒီဇာတ်လမ်းတွဲကို အဆုံးထိ သေချာပေါက် ကြည့်မှာ။ ]

[ စတိုင်လစ်တင် မဟုတ်ဘူး။ ဒီဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာကိုလည်း ကြည့်လိုက်ဦးလေ ၊ လော့ပေါင်ကမ်းပဲဥစ္စာ။ အကြောင်းမသိတဲ့ လူတွေ လော့ပေါင်ကမ်းအကြောင်း ရှာကြည့်ပြီးသွားရင် အရမ်း အံ့ဩသွားလိမ့်မယ်။ စုန့်လင်ဟွာကိုပါ အတိုင်ပင်ခံအဖြစ် ဖိတ်ခေါ်ထားတာ။ သူ့ကို မသိတဲ့ လူတွေလည်း ရှာကြည့်လို့ ရတယ်။ သူက နာမည်ကြီး ပြဇာတ်ဆရာမတစ်ယောက် ဖြစ်ခဲ့တာ ၊ အခုလည်း အမျိုးသမီးဇာတ်လိုက်နဲ့ ပတ်သက်ဆက်နွှယ်မှုကြောင့် သူ့ကို ဖိတ်ခေါ်ထားတာပဲ ဖြစ်လိမ့်မယ်။ ဒီလို တွေးကြည့်တော့မှ ဒီထုတ်လုပ်ရေးအဖွဲ့က အရမ်း အမြော်အမြင်ရှိတာပဲ။ ဟိုထုတ်လုပ်ရေးအဖွဲ့လို မဟုတ်ဘူး။ သူတို့ ရင်းနှီးမြုပ်နှံမှုတွေအကြောင်း ပြောတုန်းက ဂန္တဝင်ဒါရိုက်တာကြီးလော့ပေါင်ကမ်းကို လိုတာ ပြောပေးဖို့လောက်ပဲ ငှားရမ်းထားတာလို့ပဲ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ အခု ကြည့်ရသလောက်တော့ ပညာရှင်တွေအကုန်လုံးကို ပင်တိုင်အဖြစ် သေချာ ငှားရမ်းထားတဲ့ ပုံပဲ။ ]

993 02

[ ဟားဟားဟား ၊ အပေါ်ထပ်က အစ်မကြီးက တော်လိုက်တာ။ ငါ ပြောချင်တဲ့ စကားတွေ အကုန်လုံးကို ပြောပေးသွားတယ်။ ဒီဇာတ်လမ်းတွဲကို မထုတ်လွှင့်ခင်တုန်းက လှောင်နေတဲ့ လူတွေများ ကြောက်ဖို့တောင်ကောင်းတယ်။ ပြောလို့ မရပေမဲ့ ပိုက်ဆံ သန်းရာဂဏန်းကိုတော့ ရင်းနှီးမြုပ်နှံထားတာပဲလေ။ ငါတို့မှာ ပိုက်ဆံရှိတာတောင်မှ သူတို့က ငါတို့ကို လူဆင်းရဲတွေလို့ လာပြောနေတယ်။ ]

[ ငါ သွားရှာကြည့်ပြီး ပြန်လာပြီ။ လခွမ်း ၊ ဒီရိုက်ကူးရေးအဖွဲ့က ဘယ်လို သဘာဝလွန် ရိုက်ကူးရေးအဖွဲ့မျိုးလဲ။ အမျိုးသမီးဇာတ်လိုက် ဆိုနေတဲ့ သီချင်းကို ငါ နားမလည်တာတောင် သူမရဲ့ ခန္ဓာကိုယ်ဟန်က အရမ်း လှပြီး သီချင်းဆိုပုံဆိုဟန် အရမ်း ကောင်းတယ်လို့ ခံစားရတယ်။ အရေးကြီးဆုံးကတော့ သူ့သီချင်းသံက ချိုမြိန်ပြီး သာယာနာပျော်ဖွယ်ကောင်းတယ်။ ငါ မနေ့က အဲ့ဒါကို ကြည့်နေရင်းနဲ့ ဘေးကနေ သီချင်းစာသား သုံး ၊ လေးကြောင်းလောက် နားထောင်လိုက်ရတဲ့ ငါ့အမေက ‌ချက်ချင်း ပြေးလာပြီး ငါနဲ့အတူ လာကြည့်ခဲ့တယ်။ အပိုင်းနှစ်ပိုင်း ကြည့်ပြီးတော့ မနက်ဖြန် အပိုင်းသစ်ထွက်ရင် သူ့ကို လာခေါ်ပါဦးတဲ့လေ။ ဟားဟားဟား … ]

+++++

All Chapters