← Chapters

အခန်း ၉၉၅

Vol. 67 Ch. 995

အခန်း ၉၉၅

Vol. 67 Ch. 995

995 01

အခန်း ( ၉၉၅ ) ရွေးချယ်မှု နှစ်ခု။

ဝမ်ကျင့်ဖျင်သည် “ လူကြီးမင်းသို့ ” ဟူသော စကားလုံးကို ကြားသောအခါ သူမရဲ့ ခန္ဓာကိုယ်က ထိန်းချုပ်မှုကင်းမဲ့စွာ တုန်ယင်သွား၏။ ထို့နောက် တံထွေးမျိုချရင်း “ လူ … လူကြီးမင်းလီ ၊ ဘာကိစ္စများ ရှိလို့လဲဟင်။ ” ဟု ဂရုတစိုက် မေးလိုက်သည်။

“ ဒီလိုပါ။ မင်း အရင်တုန်းက ရိုက်ထားတဲ့ ဇာတ်လမ်းတွဲကို မကြာသေးခင်တုန်းက ထုတ်လွှင့်ပြသတယ် ဆိုတာ မင်းလည်း သိမှာပါ။ ”

“ ဟုတ်ကဲ့ … သိပါတယ်။ ”

“ ကျွန်တော် အဲ့ဒါကို တစ်ချက် သွားကြည့်လိုက်တာ ပထမဆုံးနေ့ ထုတ်လွှင့်ပြသတုန်းက ကြည့်ရှုနှုန်းတွေကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ … ”

ဘယ်လို စကားမျိုးကိုပဲ ပြောပြော ‘ ဒါပေမဲ့ ’ ဆိုတဲ့ စကားလုံး ရှိနေသရွေ့ ပြဿနာတွေ ဖြစ်ပေါ်လာဖို့ လွယ်ကူသည်။ ဝမ်ကျင့်ဖျင်ကလည်း သဘာဝကျစွာပင် အဲ့ဒါကို နားလည်ကာ သူမရဲ့ နှလုံးသားထဲမှာ ဒိန်းခနဲ တုန်လှုပ်သွားပြီး မျက်နှာအေးခဲသွားခဲ့သည်။

“ ဒါပေမဲ့ ပထမဆုံးနေ့က လွဲလို့ နောက်ပိုင်း ထုတ်လွှင့်ပြသမှုတွေရဲ့ ကြည့်ရှုနှုန်းတွေက သိသိသာသာ လျော့ကျလာတယ်။ ဂုဏ်သတင်းကလည်း သိပ်အခြေအနေကောင်းတဲ့ပုံမပေါ်ဘူး။ ”

“ ဒါ … ဒါက ယာယီပါပဲ။ ဒီလို ဇာတ်လမ်းတွဲတွေကို ကြည့်တဲ့ ပရိသတ်တွေက အစကတည်းက ကြေး(ဂျီး)များတယ် ၊ တချို့ကလည်း ဇာတ်လမ်းတွဲတွေကို Ongoing လိုက်မကြည့်ချင်ဘူး။ သူတို့က အစအဆုံး ထုတ်လွှင့်ပြီးတော့မှ အစကနေ ကြည့်ကြမှာ။ ခဏတာ ကြည့်ရှုနှုန်းကျသွားတာက ဘာမှ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ဇာတ်လမ်းတွဲက အရမ်း ကောင်းလို့ အတွေ့အကြုံတွေ အများကြီးရတာလို့ ကျွန်မတော့ ယုံတယ်။ ဇာတ်လမ်းတွဲကို ဆက်ပြီး ထုတ်လွှင့်သွားရင်းနဲ့ ကြည့်ရှုနှုန်းက သေချာပေါက် ဖြည်းဖြည်းချင်း တက်လာမှာပါ။ ”

“ ကျွန်တော်လည်း အဲ့လိုပဲ မျှော်လင့်ပါတယ်။ ” လီယွဲ့ရဲ့ အသံက ထိုစကားကို သိပ်စိတ်မဝင်စားသကဲ့သို့ အသံအတက်အကျမရှိပေ။ “ ကုမ္ပဏီတစ်ခုတည်းက ဝန်ထမ်းတစ်ယောက်အနေနဲ့ မိန်းကလေးဝမ်ရဲ့ ဇာတ်လမ်းတွဲ အောင်မြင်ပါစေလို့ပဲ ကျွန်တော် ဆုတောင်းပေးပါတယ်။ ဒါပေမဲ့လည်း အရင်တုန်းက မိန်းကလေးဝမ်နဲ့ လူကြီးမင်းသို့နဲ့ လောင်းကြေးထပ်ခဲ့တာကို မမေ့ဖို့ သတိပေးဖို့တော့ ကျွန်တော့်မှာ တာဝန်ရှိတယ်။ ”

ဝမ်ကျင့်ဖျင်ရဲ့ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ခပ်တောင့်တောင့် ပြောလိုက်သည်။ “ ရှင် … ရှင် ပြောချင်တဲ့ အဓိပ္ပာယ်ကို ကျွန်မ သိပ်နားမလည်ဘူး။ ”

“ အရင်တုန်းက မင်းပဲ လူကြီးမင်းသို့ကို မင်းသာ ဒီဇာတ်လမ်းတွဲရဲ့ အမျိုးသမီးဇာတ်လိုက် ဖြစ်ခွင့်ရမယ်ဆို ကြည့်ရှုနှုန်းစံသတ်မှတ်ချက်တွေကို အမြင့်ဆုံးရောက်အောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ။ အမြတ်မရဘူး ဆိုရင်တောင် ဒီဇာတ်လမ်းတွဲကို အရှုံးတော့ အပေါ်မခံနိုင်ဘူး။ ဒါပေမဲ့ အခုတော့ … ”

“ ဇာတ်လမ်းတွဲက အခုမှ စပြီး ထုတ်လွှင့်ပြသခါစပဲ ရှိသေးတာပါ။ ဘာမှ မသေချာ မရေရာသေးပါဘူး။ ” ဝမ်ကျင့်ဖျင်ရဲ့ နဖူးပေါ်မှာ ချွေးစေးတွေ စိုရွဲနေကာ လီယွဲ့ရဲ့ စကားမဆုံးသေးခင်မှာပဲ ဖြတ်ပြောလိုက်သည်။

လီယွဲ့က ခဏ တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် ပြုံးလိုက်သည်။ “ မိန်းကလေးဝမ် ပြောတာ မှန်ပါတယ်။ ဒီဇာတ်လမ်းတွဲက အခုမှ စပြီး ထုတ်လွှင့်ပြသခါစပဲ ရှိသေးတာပဲ။ ဘာမှ မသေချာ မရေရာသေးပါဘူး။ ဇာတ်လမ်းတွဲရဲ့ နောက်ပိုင်းကြည့်ရှုနှုန်းက မိန်းကလေးဝမ် ပြောသလိုပဲ အဆင်ပြေရင်တော့ ရင်းနှီးမြုပ်နှံထားတဲ့ ပိုက်ဆံတွေ အကုန်လုံး ပြန်ရရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အရှုံးပေါ်သွားရင်တော့ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေအတွက် မိန်းကလေးဝမ်ဘက်က နည်းလမ်းရှာပြီး လျော်ကြေးပေးရမှာကို ကျွန်တော် စိတ်ပူမိတယ်။ ”

“ ဘာလို့ လျော်ကြေးပေးရမှာလဲ။ ” ဝမ်ကျင့်ဖျင်သည် အလွန် ထိတ်လန့်သွားကာ နှုတ်ကနေ လွှတ်ခနဲ စူးစူးဝါးဝါး ထွက်သွား၏။ ပါးစပ်က လွှတ်ခနဲ ‌ပြောပြီးတော့မှ တစ်ခုခု မှားယွင်းနေပြီ ဆိုတာကို သတိထားမိသွားကာ အခြေအနေကို အမြန် လျှောချဖို့ ကြိုးစားလိုက်သည်။ “ ကျွန်မ ပြောချင်တဲ့ သဘောက ဇာတ်လမ်းတွဲတစ်ခု အောင်မြင်တယ် ၊ အရှုံးပေါ်တယ် ဆိုတာက အမျိုးသမီးဇာတ်လိုက်တစ်ယောက်တည်းရဲ့ ကိစ္စပဲ မဟုတ်ဘူးလေ။ ရှင် ပြောတာက နည်းနည်း … ”

995 01

“ ဇာတ်လမ်းတွဲတစ်ခု အောင်မြင်တယ် ၊ အရှုံးပေါ်တယ် ဆိုတာ လူတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ မိန်းကလေးဝမ်က လူကြီးမင်းသို့နဲ့ အရင်တုန်းက လောင်းကြေးထပ်ခဲ့တာကို မေ့သွားပြီ ထင်တယ်။ အခုမှ ကတိဖျက်ချင်နေတာလား။ ”

“ မဟုတ်ပါဘူး ၊ ကျွန် … ကျွန်မ အဲ့လို သဘောမျိုးနဲ့ ပြောတာ မဟုတ်ပါဘူး … ”

လီယွဲ့က ဝမ်ကျင့်ဖျင်ကို ပြန်လည်ချေပဖို့ အခွင့်အရေးမပေးဘဲ ဆက်ပြောလိုက်သည်။ “ ပြီးတော့ အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်တွေကို ဘာလို့ ဇာတ်လိုက်လို့ ခေါ်တာလဲ ဆိုတာ သိလား။ သူတို့က ဇာတ်လမ်းတွဲထဲမှာ ဇာတ်ကွက်အများဆုံးရပြီး နာမည်အကြီးဆုံး ဖြစ်လို့ပဲ။ တစ်နည်းအားဖြင့် ပြောရရင် သူတို့ရဲ့ တာဝန်က ကြည့်ရှုနှုန်းစံသတ်မှတ်ချက်တွေကို တက်အောင် လုပ်ပေးဖို့ပဲ။ ကံမကောင်းစွာနဲ့ မင်းရဲ့ ဇာတ်လမ်းတွဲက အမျိုးသမီးဇာတ်လိုက်ကို အသားပေးပြီး ပွဲထုတ်ထားတဲ့ ဇာတ်လမ်းတွဲပဲ။ ဇာတ်လမ်းတွဲထဲက ဘယ်သူမှ မင်းလောက် ဇာတ်ကွက်မများဘူး မိန်းကလေးဝမ်။ ”

ပွင့်ပွင့်လင်းလင်း ပြောရလျှင် အမျိုးသမီးဇာတ်လိုက်ကို အသားပေး ပွဲထုတ်ထားတဲ့ ဇာတ်လမ်းတွဲမှာ ထိုအမျိုးသမီးဇာတ်လိုက်က ကြည့်ရှုနှုန်းစံသတ်မှတ်ချက်တွေကို ကောင်းအောင် မလုပ်နိုင်ရင် သူမကိုယ်သူမ အမျိုးသမီးဇာတ်လိုက်လို့ ခေါ်နိုင်ပါ့ဦးမလား … ။ အခုလိုမျိုး ကြည့်ရှုနှုန်းစံသတ်မှတ်ချက်တွေ ထိုးကျလို့ ရင်းနှီးမြုပ်နှံသူတွေ အရှုံးပေါ်နေချိန်မှာ ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ … ။

“ ကျွန်မ … ”

“ ကျေးဇူးပြုပြီး တစ်ခုတော့ နားလည်ထားပေးပါ မိန်းကလေးဝမ်။ ကျွန်တော်က မင်းကို အသိပေးဖို့ ဖုန်းဆက်လိုက်တာပါ ၊ မင်းနဲ့ ဆွေးနွေးဖို့ ဖုန်းဆက်လိုက်တာ မဟုတ်ဘူး။ ဟိုးအောက်ဆုံး ရောက်နေတဲ့ ဒီဇာတ်လမ်းတွဲကို ပြန်ဦးမော့လာပြီး ကြည့်ရှုနှုန်းတက်လာအောင်လို့ အရင်ဆုံး ဆုတောင်းပါ။ ဒီဇာတ်လမ်းတွဲ အရှုံးပေါ်ရင်တော့ မင်း ပိုက်ဆံရှာပြီး လျော်ကြေးပေးရလိမ့်မယ်။ မဟုတ်ရင် အကျိုးဆက်တွေကို မင်း ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ”

+++++

All Chapters