← Chapters

အခန်း ၉၉၉

Vol. 67 Ch. 999

အခန်း ၉၉၉

Vol. 67 Ch. 999

999 01

အခန်း ( ၉၉၉ ) ပြင်းထန်သော မီးလောင်ဒဏ်ရာများ။

သူမ နားကြားမှားတာလား … ။ စုယန်ယန်သည် တစ်စုံတစ်ရာကို အာရုံမိသွားသလိုမျိုး မျက်ခုံးပင့်ကာ ရှားနျဉ်ရှီကို ငဲ့ကြည့်လိုက်သည်။

ရှားနျဉ်ရှီကတော့ မလုံမလဲအမူအရာဖြင့် တောင်ကြည့်လိုက် ၊ မြောက်ကြည့်လိုက် လုပ်နေပြီး စုယန်ယန်ကို မကြည့်ရဲတော့ပေ။

စုန့်လင်ဟွာနှင့် တခြားလူတွေရဲ့ စကားကို ကြားချိန်မှာ သူမရဲ့ အိုင်ဒေါနှင့် ငြိမ်းချမ်းရေးယူချင်စိတ်ကို ထိန်းချုပ်မရခဲ့။ နောက်ဆုံးမှာ သူမရဲ့ အလျင်စလို ဆုံးဖြတ်ပြုမူတတ်တဲ့ အကျင့်က တင်ဆက်သူကို အခက်တွေ့စေလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ဒီကိစ္စကြောင့် တင်ဆက်သူက သူမကို မုန်းသွားတော့မှာလား။ အဟင့် အဟင့် အဟင့် …

စုယန်ယန်က ရှားနျဉ်ရှီရဲ့ အမူအရာကို မြင်သောအခါ သူမရဲ့ အတွေးတွေကို နားလည်သွားပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ “ အဒေါ်စုန့်က အကူအညီတောင်းတာ ရှားတယ်။ ကျွန်မ ကူညီနိုင်တာဆို ဘာပဲဖြစ်ဖြစ် ကူညီပေးပါ့မယ်။ အဒေါ်စုန့် ပြောနေတဲ့ အကြောင်းကိုပဲ ကျွန်မ အတိအကျ မသိတာပါ။ ”

စုန့်လင်ဟွာက ထိုစကားကို ကြားတော့ ဘာမှ ပြန်မပြောဘဲ သူမဘေးက အဘိုးကြီးနှင့် အဘွားကြီးကိုသာ ကြည့်လိုက်လျှင် ထိုနှစ်ယောက်ကလည်း သဘောပေါက်သွားပြီး အမြန် မတ်တပ်ထရပ်လိုက်ကြသည်။

“ မင်္ဂလာပါ မိန်းကလေးစု။ ဦးလေးတို့က ပေါင်ကမ်းနဲ့ လင်ဟွာရဲ့ သူငယ်ချင်းတွေပါ။ ဦးလေးရဲ့ မျိုးရိုးနာမည်က လီပါ။ ဒါကတော့ ဦးလေးရဲ့ ဇနီး။ ”

“ မင်္ဂလာပါ ဦးလေးလီ။ ” ဒီဦးလေးလီက လော့ပေါင်ကမ်းနှင့် သက်တူရွယ်တူမို့ ကျိုးကြောင်းနည်းလမ်းကျကျ ပြောရရင် စုယန်ယန်က သူ့ကို အဘိုးဟု ခေါ်သင့်သည်။

သို့သော်လည်း စုယန်ယန် ဟောက်ချန်ဟွမ်းနှင့် လက်ထပ်ပြီးကတည်းက သူမနှင့် ရွယ်တူတွေထက် မျိုးဆက်တစ်ဆက်မြင့်သွားခြင်းနှင့် ကျင့်သားရနေတာ ကြာခဲ့ပြီ ဖြစ်သည်။ စုန့်လင်ဟွာနှင့် လော့ပေါင်ကမ်းက ဟောက်ချန်ဟွမ်းမိဘတွေရဲ့ သူငယ်ချင်းတွေမို့ စုယန်ယန်က သူတို့ရဲ့ ဝါစဉ်ကို လိုက်နာရလေရာ သူ့ကို “ ဦးလေး ” လို့ ခေါ်တာ ရိုင်းပျရာမကျပါ။

အဘိုးလီက သူတို့ လာရှာတဲ့ လူက စုယန်ယန်ဖြစ်ကြောင်း သိလိုက်ရချိန်မှာ အနည်းငယ် အံ့အားသင့်သွား၏။ အကြောင်းအရင်းကတော့ စုယန်ယန်ကို တဆိတ် ငယ်လွန်းတယ်လို့ သူတို့စိတ်ထဲမှာ ခံစားရတာကြောင့် ဖြစ်သည်။

အကျိုးဆက်အနေဖြင့် သူ စုယန်ယန်နှင့် စကားပြောချိန်မှာ ပိုလို့ သတိအနေအထားဖြစ်သွားခဲ့လေသည်။ အခု စုယန်ယန်က သူ့ကို “ ဦးလေး ” လို့ ခေါ်လိုက်တာက သူ့ရှက်ရွံ့မှုကို အချိန်ကိုက် ‌ပြေလျော့သွားစေပြီး သူ့လေသံကလည်း အနည်းဆုံးတော့ ပိုပြီး သက်သောင့်သက်သာရှိသွားခဲ့သည်။ “ ဒီလိုပါ။ ဒါက အဘိုးရဲ့ မြေးမလေး လီအန်းနန်တဲ့။ သူက … အဆိုတော်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ”

အဆိုတော် … ။ စုယန်ယန်က အဘိုးလီတို့ဇနီးမောင်နှံကြားမှာ ထိုင်နေတဲ့ မိန်းမပျိုလေးကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။

တကယ်တော့ ဆောင်းရာသီလည်း မဟုတ်ပါဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို ဘယ်နေရာမှာမှ အသားမပေါ်အောင် အဝတ်တွေနှင့် ခြုံအုပ်ထားတဲ့ ထိုမိန်းကလေးကို စုယန်ယန် ဧည့်ခန်းထဲ ဝင်လာကတည်းက သတိထားမိပါသည်။ သူမရဲ့ မျက်နှာမှာတောင် သက်ဝင်လှုပ်ရှားမှုမရှိသော မျက်လုံးတစ်စုံကိုသာ လှစ်ဟထားပြီး သူမရဲ့ ပုံစံက … ထူးဆန်းသည်။

အဘိုးလီက သူ့မြေးမလေးကို စူးစမ်းနေသော စုယန်ယန်ကို သတိထားမိသကဲ့သို့ သူ့မျက်လုံးထဲမှာ ဝမ်းနည်းမှုအငွေ့အသက်တွေ ယှက်သန်းသွားကာ ရှင်းပြလိုက်သည်။ “ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အန်းနန် နိုင်ငံခြားမှာ ဖျော်ဖြေနေရင်းနဲ့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။ တေးဂီတဖျော်ဖြေပွဲ ကျင်းပတဲ့ နေရာမှာ ရုတ်တရက် မီးထလောင်ခဲ့တယ်။ မီးက အမြန် ပျံ့သွားပြီး အန်းနန် ရှိနေတဲ့ နားနေခန်းအထိ ရောက်လာခဲ့တယ်။ ”

အဘိုးလီ ထိုသို့ ပြောနေချိန်မှာ လီအန်းနန်ရဲ့ အသက်ဓာတ်ကင်းမဲ့သော မျက်လုံးတွေက အနည်းငယ် လှုပ်ရှားသွားသည်။ သူမ ထိုစကားတွေကို နားမထောင်ချင်တာ ၊ ဝမ်းနည်းနေတာကို မပီမပြင် မြင်နိုင်သည်။

“ မီးသတ်သမားတွေ အချိန်မီ ရောက်လာလို့ အန်းနန် မနည်း အသက်ရှင်နိုင်ခဲ့ပေမဲ့ မီးတွေက သူမရဲ့ ခန္ဓကိုယ်ပေါ်မှာ အမာရွတ်တွေအပြည့် ချန်ထားခဲ့တယ် ၊ သူ့အသံကိုလည်း ယူသွားတယ်။ ”

စုယန်ယန်က ထိုစကားကို ကြားတော့ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။ ဒီလူတွေ သူမကို လာရှာတဲ့ အကြောင်းအရင်းကိုရော ၊ သူမရှေ့က ကောင်မလေးကို ဘာလို့ အဝတ်တွေနှင့် တင်းကျပ်နေအောင် ရစ်ပတ်လွှမ်းခြုံထားတာလဲ ဆိုတာကိုရော နောက်ဆုံးတော့ နားလည်သွား၏။

တစ်ခါတရံမှာ မီးက အမှန်တကယ်ပဲ ကြောက်စရာကောင်းသည်။ အဆိုတော်ကောင်မလေးက မီးထဲမှာ အသက်ရှင်ကျန်ရစ်နိုင်ခဲ့ပေမဲ့ သူမရဲ့ မျက်နှာကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။ သူမ ဂုဏ်ယူရတဲ့ အသံကိုလည်း ဆုံးရှုံးသွားခဲ့သည်။ ဒါက ကံကောင်းတာလား ၊ ကံဆိုးတာလား ဆိုတာ ဘယ်သူမှ မပြောနိုင်ပါ။

999 02

စုယန်ယန်က တစ်ဖက်လူရဲ့ သက်ဝင်လှုပ်ရှားမှုမရှိသော မျက်လုံးတွေကို စိုက်ကြည့်ရင်း သူမရဲ့ နှလုံးသားထဲမှာ ရှားရှားပါးပါး ကရုဏာစိတ်လေးတွေ ဖြစ်တည်လာကာ တွေးတွေးဆဆ ပြောလိုက်သည်။ “ သူ့ရဲ့ ဒဏ်ရာတွေကို ကျွန်မ တစ်ချက်လောက် ကြည့်လို့ ရမလား။ ”

လီအန်းနန်က စုယန်ယန်ရဲ့ စကားကို ကြားသည်နှင့် ချက်ချင်း တုန်လှုပ်သွားပြီး မျက်နှာကို လက်နှင့် အမြန် ဖုံးအုပ်လိုက်သည်။ သူမရဲ့ ခန္ဓာကိုယ်ပေါ်က မီးလောင်ဒဏ်ရာတွေကို သူစိမ်းတစ်ယောက်အား လုံးဝ ထုတ်မပြချင်ဘူး ဆိုတာ သိသာပါသည်။

+++++

All Chapters