← Chapters

အခန်း ၁၀၀၁

Vol. 67 Ch. 1001

အခန်း ၁၀၀၁

Vol. 67 Ch. 1001

1001 01

အခန်း ( ၁၀၀၁ ) ပြောင်းလဲသွားတဲ့ သဘောထား။

“ ခွီး … ” ရှားနျဉ်ရှီက စုယန်ယန်ရဲ့ စကားကို ကြားသောအခါ ရယ်ချင်စိတ်ကို ချုပ်တည်းမရတော့ဘဲ ရယ်ချပစ်လိုက်သည်။ ထို့နောက် ခွေးနှစ်ကောင်ဘေးမှာ ထိုင်ချပြီး တအံ့တဩ ပြောလိုက်၏။ “ တင်ဆက်သူရဲ့ ခွေးလေးနာမည်က ထုံထိုင်းတဲ့လား။ ဒီကော်ဂီလေးက တကယ်လည်း ထုံထုံထိုင်းထိုင်း ပုံစံလေးပဲနော်။ ကော်ဂီနဲ့တောင် မတူဘူး။ သူ့အပြုအမူတွေက ဟက်စကီးနဲ့ ပိုတူတယ်။ ”

ထုံထိုင်းကတော့ သူ ဟာသလုပ်ခံနေရတာကို မသိဘဲ ခေါင်းလေးကိုတောင် ရူးနှမ်းစွာ မော့ထားပြီး ရှားနျဉ်ရှီကို လျှာထုတ်ပြနေခဲ့သည်။

သွမ်းသွမ်းက သူ့ခွေးသားလေးရဲ့ ခေါင်းကို စိတ်ပျက်လက်ပျက် ပုတ်လိုက်သည်။ ဧည့်သည်တွေရှေ့မှာ သူ့သား တုံးအနေတာကို ကာကွယ်ဖို့အတွက် ထုံထိုင်းကို သူ့ကျောပေါ် ကောက်တင်ပြီး ခြေထောက်တိုတိုလေးတွေနှင့် ထွက်ပြေးသွားခဲ့လေသည်။

ရှားနျဉ်ရှီက ခွေးနှစ်ကောင်ရဲ့ ကျောပြင်အကြီးကြီးနှင့် ကျောပြင်သေးသေးလေးကို ကြည့်ကာ ခန္ဓာကိုယ်လေး အရှေ့ကို ကိုင်းသွားတဲ့ထိ ခွက်ထိုးခွက်လန် ရယ်မောနေခဲ့သည်။ “ ကော်ဂီတွေရဲ့ ခြေထောက်တွေက ခြေတံတိုလို့ သူတို့ ပြေးရင် အသားလုံးလေးတွေ ဖြည်းဖြည်းချင်း လိမ့်သွားတာနဲ့ တူတယ်လို့ လူတွေ ပြောတုန်းက ညီမ မယုံခဲ့ဘူး။ ဒီနေ့ မျက်မြင် တွေ့ရတော့မှ တကယ် ဟုတ်နေတာပဲ။ ဟီးဟီး … ”

စုယန်ယန် : “ … ” ကောင်မလေး ၊ နင့်ရယ်သံက တဆိတ် ကျယ်လွန်းလိုက်တာ။ သူတို့ ပြန်လာပြီး နင့်ကို လာကိုက်မှာ မကြောက်ဘူးလား။ ကော်ဂီတွေက သူတို့ကို ခြေတံတိုတယ်လို့ ပြောတဲ့ လူတွေကို မုန်းတာ နင် မသိဘူးလား … ။

ထိုအဖြစ်အပျက်လေးအပြီးမှာ မူလတုန်းက မျက်မှောင်ကြုတ်နေတဲ့ လူကြီးတွေအကုန်လုံး ပြုံးရယ်လာခဲ့ကြသည်။ အဘွားလီက မလှမ်းမကမ်းမှာ ကလေးချီထားတဲ့ စုယန်ယန်ကို ကြည့်ပြီး လီအန်းနန်ကို ပြန်လှည့်ကြည့်လိုက်တော့ သူမက အတော်လေး စိတ်တည်ငြိမ်သွားပြီ ဆိုတာကို မြင်လိုက်ရသည်။ သူမရဲ့ မျက်လုံးတွေက စုယန်ယန်ရဲ့ ရင်ခွင်ထဲက ဝဝကစ်ကစ် ကောင်လေးကိုသာ စူးစိုက်ကြည့်နေခဲ့သည်။

အဘွားလီက အနည်းငယ် အံ့အားသင့်သွားပြီးမှ တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် မျက်လုံးတွေ ရုတ်တရက် ရဲတက်လာ၏။

စုယန်ယန်က ကလေးကို ချော့ပြီးသွားတော့ ဧည့်သည်တွေကို ပြန်အာရုံစိုက်လိုက်သည်။ တိတိကျကျ ပြောရလျှင်တော့ သူမက လီအန်းနန်အပေါ် အာရုံစိုက်လိုက်တာပါ။

“ ညီမလေး စဉ်းစားပြီးပြီလား။ အဆင်မပြေရင်လည်း ဒီနေ့ ဒီလောက်နဲ့ ရပ်လိုက်လို့ ရတယ်နော်။ ညီမလေးတို့ အိမ်ပြန်ပြီး သေချာ ဆွေးနွေးပြီး ‌ဆုံးဖြတ်ကြပေါ့။ ”

စုယန်ယန်က လူတွေကို တွန်းအားမပေးတတ်သလို မျက်နှာချိုလည်း မသွေးတတ်ပါ။ ဒီနေ့ ကိစ္စက ဒီလူတွေက သူမကို လာအကူအညီတောင်းတာ ဖြစ်သည်။ ဒါပေမဲ့ သူတို့က ဒီကို မလာခင်ကတည်းက သူတို့ရဲ့ သဘောထားတွေကို တူညီအောင် လုပ်မထားဘဲ ဒီရောက်တော့မှ စကားစခဲ့ကြတာပင်။

လီအန်းနန်က အမှန်တကယ်ပဲ သနားစရာကောင်းတယ် ဆိုရင်တောင် သူမဘက်က သူတို့ကို တောင်းတောင်းပန်ပန်နှင့် စစ်ဆေးကြည့်ရှုခွင့်ပေးပါလို့ တောင်းဆိုစရာမလိုဘူးလို့ စုယန်ယန် ခံစားရသည်။

“ ညီမ ပြပါ့မယ် … ညီမရဲ့ ဒဏ်ရာတွေကို အစ်မကို ပြပါ့မယ်။ ဒါပေမဲ့ အဲ့အချိန်မှာ အစ်မတစ်ယောက်တည်းပဲ ရှိနေရမယ်။ ”

လီအန်းနန်က ထိုသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အခန်းထဲမှာ တိတ်ဆိတ်မှုတို့ တစ်ဖန် ကြီးစိုးသွားသည်။

လီအန်းနန်ရဲ့ အသံက နားထောင်ရတာ သာယာ‌နာပျော်ဖွယ်မရှိပါ။ ကျောက်စရစ်ခဲတွေပေါ်မှာ ပြေးနေတဲ့ ကားတာယာတစ်ခုလို ကြမ်းရှနေကာ နာကျင်မှုကို အနည်းငယ် ခံစားနေရတဲ့ အသံမျိုး ဖြစ်သည်။

ထိုအသံကို ခပ်ကြာကြာ နားထောင်မိသူတိုင်းကို အမြဲတမ်း စိတ်မသက်မသာ ခံစားရစေသည်။

လီအန်းနန်သည် မီးထဲမှာ သူမရဲ့ လည်ချောင်း လောင်းကျွမ်းပျက်စီးသွားကတည်းက စကားပြောတာ ရှားသည်။ အကြောင်းပြချက်ကတော့ ဒါကြောင့်ပဲ ဖြစ်သည်။

အဘိုးလီက အရင်ဆုံး သတိဝင်လာပြီး နှလုံးသားထဲမှာ နာကျင်ဝမ်းနည်းစွာ ပြောလိုက်သည်။ “ ‌ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ။ သမီးဘက်က ဆန္ဒရှိတယ်လို့ ကြားရတာ အဘိုးတို့ ဝမ်းသာတယ်။ မိန်းကလေးစုရော ဘယ်လို သဘောရလဲ … ။ ”

လီအန်းနန်ရဲ့ သဘောထား လျင်လျင်မြန်မြန် ပြောင်းလဲသွားလိမ့်မည်ဟု ထင်မှတ်မထားသော စုယန်ယန်သည် သူမကို သံသယမကင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ အောက်ထပ်မှာ ဧည့်သည်အခန်း ရှိတယ်။ အစ်မနောက်ကို လိုက်ခဲ့။ ကျန်တဲ့ လူတွေကတော့ အပြင်မှာပဲ ခဏလောက် စောင့်နေပေးပါ။ ”

1001 02

စုယန်ယန်က လီအန်းနန်ကို စစ်ဆေးပေးရမှာမို့ သဘာဝကျစွာပဲ ကြယ်လေးကို ချီထားလို့ မရတော့ပါ။ ထို့ကြောင့် ကလေးကို ဦးလေးကျန်းလက်ထဲ လွှဲပေးခဲ့ပြီး ဧည့်ခန်းထဲက ဧည့်သည်တွေကို ဂရုစိုက်ထားပေးဖို့ ပြောလိုက်သည်။

“ တင်ဆက်သူ … ညီမ တင်ဆက်သူရဲ့ ‌ကလေးနဲ့ ခဏလောက် ကစားလို့ ရမလား။ ”

ရှားနျဉ်ရှီက ပုခက်ထဲက ဝဝကစ်ကစ် ကလေးလေးကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ သူမရဲ့ စိတ်လှုပ်ရှားမှုကို စကားလုံးနှင့်တောင် ဖော်ပြလို့ မရ။

ဒီနေ့ တင်ဆက်သူကို ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရတဲ့အပြင် တင်ဆင်သူတို့မိသားစုရဲ့ ဂန္တဝင် ကလေးလေးကိုလည်း မြင်ခွင့်ရလိုက်သေးတယ်။ အား ၊ သူမရဲ့ ဘဝကတော့ ပြီးပြည့်စုံသွားပြီ … ။

စုယန်ယန်က ရှားနျဉ်ရှီရဲ့ အတွေးတွေကို သိသော်လည်း သူမကို မတားဆီးခဲ့ပါ။ “ ရတယ်လေ။ ဒါပေမဲ့ ငါ့ကလေးက လူစိမ်းတွေကို နည်းနည်းလေး ကြောက်တယ် ၊ ပြီးတော့ သူက ပြဿနာရှာရတာ ကြိုက်တယ်။ နင် သူ့ကို ကြည့်ရုံပဲ ကြည့်ပြီး သိပ်မထိနဲ့။ သူ့ကို ငိုအောင် လုပ်လိုက်မိတာနဲ့ ဘယ်သူကမှ သူ့ကို အငိုတိတ်အောင် ချော့နိုင်တော့မှာ မဟုတ်ဘူး။ ”

ရှားနျဉ်ရှီက “ ဟုတ် ဟုတ်။ ညီမ သူ့ကို ကြည့်ရုံပဲ ကြည့်ပါ့မယ်။ သူ့ကို လက်ဖျားနဲ့တောင် မထိပါဘူးလို့လည်း ကတိပေးပါတယ်။ ” ဟု သွက်သွက်လက်လက် ပြန်ပြောလိုက်သည်။

+++++

All Chapters