← Chapters

အခန်း ၁၀၀၄

Vol. 67 Ch. 1004

အခန်း ၁၀၀၄

Vol. 67 Ch. 1004

1004 01

အခန်း ( ၁၀၀၄ ) ဆန္ဒရှိရင် ကုသပါ။

“ အင်း။ ”

“ အဲ့ဒါဆိုလည်း ငါ့ကို ဘာလို့ မေးခွန်းတွေအများကြီး မေးနေတာလဲ။ ”

လီအန်းနန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပါ။

စုယန်ယန်က သူမကို ကြည့်ကာ သက်ပြင်းရှိုက်လိုက်မိသည်။ လီအန်းနန်ရဲ့ စိုးရိမ်ပူပန်မှုတွေကို သူမ နားလည်ပါသည်။

“ ပါးစပ်ဟပေးထားနော် … ညီမရဲ့ လည်ချောင်းကို အစ်မ တစ်ချက်လောက် ကြည့်ချင်လို့။ ”

လီအန်းနန်က စုယန်ယန်ရဲ့ စကားကြောင့် အလွန် အံ့ဩသွား၏။ ထို့နောက် ရုတ်တရက်ပဲ စုယန်ယန်ရဲ့ လက်ကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ ညီမရဲ့ လည်ချောင်းကို … ကုသနိုင်မယ့် နည်းလမ်း ရှိတာလားဟင်။ ”

စုယန်ယန်က သူမကို နောက်တစ်ကြိမ် မျက်လုံးလှိမ့်လိုက်သည်။ “ လည်ချောင်းအခြေအနေကို ကြည့်တောင် မကြည့်ရသေးဘဲနဲ့ ကုလို့ ရ ၊ မရ ဘယ်လိုလုပ် သိမှာလဲ။ အခြေအနေကို အရင်ဆုံး ကြည့်မယ်။ ”

သူမက ပြောရင်း လီအန်းနန်ရဲ့ ပါးနှစ်ဖက်ကို ကိုင်၍ ပါးစပ်ဟခိုင်းလိုက်သည်။ စိတ်ထဲမှာ မျှော်လင့်ချက်တွေ ပြည့်နှက်နေတာကြောင့်လားတော့ မပြောတတ်ဘဲ ဒီတစ်ခေါက်တော့ လီအန်းနန်က သူမရဲ့ လည်ချောင်းကို စုယန်ယန် သေချာ မြင်နိုင်အောင် လိုက်လျောစွာ ပါးစပ်ဟပေးထားခဲ့သည်။

စုယန်ယန်က လီအန်းနန်ရဲ့ လည်ချောင်းထဲကို နည်းနည်းပါးပါး ကြည့်ရှုလိုက်သည်။ တကယ်တော့ အဲ့ဒါက ဟန်ပြသက်သက်ပဲ ဖြစ်ပြီး သူမက လေ့လာစစ်ဆေးမှုစွမ်းအင်ကို ဖွင့်လှစ်ပြီးသားမို့ သူမရဲ့ လည်ချောင်းအ‌ခြေအနေကို စစ်ဆေးကြည့်ရှုပြီးသား ဖြစ်သည်။

“ နင့်လည်ချောင်းထဲကို မီးခိုးငွေ့တွေအများကြီး ရှူသွင်းလိုက်လို့ အသံကြိုးထိခိုက်သွားတာ။ အဲ့ဒီနောက်ပိုင်း နင်က လည်ချောင်းကို သေချာ အနားမပေးခဲ့လို့ အခုလို ဖြစ်သွားတာပဲ။ လည်ချောင်းကို အချိန်တစ်ခုလောက်ထိ သေချာ အနားပေးပြီး ကုသလိုက်ရင်တော့ ပြန်ကောင်းနိုင်ချေရှိလောက်ဦးမှာပါ။ ”

လီအန်းနန်ဟာ မီးခိုးငွေ့တွေအများကြီး ရှူသွင်းခဲ့တာကြောင့် လည်ချောင်းမှာ ထိခိုက်သွားခဲ့တာ ဖြစ်သည်။ သင့်တော်သော ဆေးဝါးတွေကို ရှာပြီး အချိန်ယူ အနားယူလိုက်လျှင် တိုးတက်ကောင်းမွန်နိုင်ချေရှိသည်။

အနည်းဆုံးတော့ သူမရဲ့ ခန္ဓာကိုယ်ပေါ်က မီးလောင်ဒဏ်ရာတွေထက် ဒါကို ကုသရတာ အများကြီး ပိုလွယ်လိမ့်မည်။

လီအန်းနန်ရဲ့ မျက်လုံးလေးတွေက ဖျတ်ခနဲ လင်းသွားသည်။ “ ဒါဆို အနာဂတ်မှာ … ညီမ သီချင်းဆိုနိုင်ဦးမှာလားဟင်။ ”

စုယန်ယန်သည် စက္ကန့်ပိုင်းလောက် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ သူမရှေ့က ကောင်မလေးကို သေချာ ကြည့်လိုက်မိသည်။ ဒီကောင်မလေး သီချင်းဆိုရတာကို အရမ်း သဘောကျတယ် ဆိုတာ သူမ ပြောနိုင်သည်။

မီးလောင်ဒဏ်ရာတွေကို ကုသနိုင်ချေရှိတယ်လို့ ခုနတုန်းက ပြောလိုက်တုန်းကတောင် ဒီလောက် စိတ်လှုပ်ရှားတဲ့ အမူအရာမပြခဲ့ပါ။

သီချင်းဆိုခြင်းကို ဘဝတစ်သက်တာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် သဘောထားသူတစ်ယောက်အနေဖြင့် ဒီမီးလောင်မှုအပြီးမှာ သူမရဲ့ ရုပ်ရည်သွင်ပြင် ပျက်စီးသွားသည်။ အိပ်မက်တွေကို အမှန်တကယ် ဖြစ်လာအောင် လုပ်ပေးနိုင်တဲ့ သူမရဲ့ လည်ချောင်းလည်း ထိခိုက်သွားသည်။

သူမရဲ့ ဖြစ်တည်မှုတစ်ခုလုံးက တစ္ဆေသရဲတစ်ကောင်လည်း မဟုတ် ၊ လူသားတစ်ယောက်လည်း မဟုတ်တော့တာမို့ သူမကို စတွေ့တုန်းက အသက်ဓာတ်ကင်းမဲ့ကာ မှေးမှိန်ညိုးနွမ်းနေခဲ့တာ အံ့ဩစရာမရှိပေ။

“ နင် စကားအများကြီး ပြောလိုက်ရင် လည်ချောင်းက နာလာတယ် မဟုတ်လား။ အနာဂတ်မှာ နင် သီချင်းပြန်ဆိုနိုင်မယ်လို့ ငါ အာမ,မခံနိုင်သလို သီချင်းပြန်ဆိုနိုင်ရင်တောင် ဘယ်အတိုင်းအတာထိ ဆိုနိုင်မှာလဲ ဆိုတာလည်း ငါ အာမ,မခံနိုင်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ နင့်အသံက အခုလက်ရှိလို မသာမယာနဲ့ ကြမ်းရှနေတော့မှာတော့ မဟုတ်ဘူး။ အဲ့ဒါကိုတော့ ငါ အာမခံပေးနိုင်တယ်။ ”

1004 02

သူမရဲ့ လက်ရှိအခြေအနေနှင့်ဆိုလျှင် သူမကို အကောင်းပကတိ ပြန်ဖြစ်အောင် ကုသနိုင်လျှင်တောင် သူမရဲ့ အသံကာလာက သေချာပေါက် ပြောင်းလဲသွားလိမ့်မည် ဆိုတာကိုတော့ စုယန်ယန် မပြောဖြစ်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် သီချင်းဆိုဖို့အတွက် ထိုအသံက ကြီးကြီးမားမား ပြဿနာမဖြစ်လောက်ပါ။ ဆေးလိပ်သောက်လေ့ရှိသူတစ်ယောက်ရဲ့ ဩရှရှ အက်ကွဲကွဲ အသံက ဒီနေ့ခေတ်မှာ အတော်လေး လူကြိုက်များ ကျော်ကြားသည်။

လီအန်းနန်မှာ ဆက်လက် သီချင်းဆိုချင်တဲ့ ရည်ရွယ်ချက်ရှိနေသရွေ့ သူမအသံအတွက် လမ်းကြောင်းမှန်ကို အနှေးနှင့်အမြန် ရှာတွေ့လိမ့်မည်ဟု စုယန်ယန် ယုံကြည်သည်။ သူမက အဲ့ဒါကိုတောင် လက်မခံလျှင်တော့ စုယန်ယန်လည်း ဘာမှ မတတ်နိုင်တော့ပါ။

“ ငါ ပေးတဲ့ ကတိက အရမ်း မရေမရာဖြစ်နေတယ်လို့ ခံစားရရင် နင် ငါ့ကို မယုံကြည်ဖို့ ရွေးချယ်လို့ ရတယ်နော်။ ”

စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် လီအန်းနန်က “ ညီမ ယုံပါတယ်။ ” ဟု ခပ်သွက်သွက် ပြောသည်။

မူလတုန်းက ရေသေအိုင်ထဲက ရေတွေလို သေဆုံးနေတဲ့ သူမရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက်လှိုင်းဂယက်လေးတွေ ထလာခဲ့သည်။ အရင်တုန်းကထက်လည်း နည်းနည်းလေး ပိုအသက်ဝင်လာ၏။

လီအန်းနန်က ကိုယ့်မျက်နှာကိုယ် စမ်းသပ်ထိတွေ့ကြည့်လိုက်သည်။ “ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေက ဒီ့ထက် မဆိုးနိုင်တော့ပါဘူး။ ညီမမ ကံကြမ္မာကို လောင်ကြေးထပ်ကြည့်ချင်တယ်။ အစ်မ ပြောတဲ့အတိုင်း လုပ်ပေးနိုင်တယ်ဆိုရင် အစ်မက ညီမရဲ့ ဒုတိယမိဘ ဖြစ်လာလိမ့်မယ်။ နောက်နှစ်ပေါင်းများစွာအထိ ညီမရဲ့ ဘဝကို အစ်မဆီ ပေးအပ်သွားမယ်။ အစ်မ ခိုင်းတာမှန်သမျှ အကုန် လုပ်မယ်။ ”

မတော်တဆဖြစ်ရပ်အပြီးကတည်းက သူမ မရေမတွက်နိုင်အောင် ကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်ပေါက်ဖူးသည်။

တစ်ချိန်တုန်းကတော့ သူမဟာ ချမ်းသာပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားသလို ကျောင်းစာမှာလည်း ထွန်းပေါက်ကာ ဘဝကို အားမာန်အပြည့်နှင့် တက်ကြွလှပစွာ ဖြတ်သန်းနေသော မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်တုန်းက သူမကို ပိုးပန်းနေတဲ့ ယောက်ျားလေးတွေလည်း အများကြီးရှိသည်။

သူမရဲ့ အကြီးမားဆုံး ဆန္ဒက တစ်နေ့မှာ သူမရဲ့ အဒေါိလိုမျိုး လူပေါင်းများစွာရဲ့ ချစ်မြတ်နိုးမှုကို ခံရတဲ့ နာမည်ကြီး အဆိုတော်ကောင်းတစ်ယောက် ဖြစ်လာဖို့ပါပဲ။ ထိုအိပ်မက်အတွက် ဘယ်လောက်ပဲ နာကျင်ပင်ပန်းရပါစေ ကျေနပ်သည်။

+++++

All Chapters