အခန်း ၁၀၀၆
Vol. 68 Ch. 1006
1006 01
အခန်း ( ၁၀၀၆ ) ပြဿနာတက်တော့မယ့် တစ်စုံတစ်ယောက်။
စုယန်ယန် ထိုသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အခန်းထဲမှာ တိတ်ဆိတ်သွားကာ သူတို့သည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိကြသည်။
စုယန်ယန်က လီအန်းနန် စိတ်မပါဘူးလို့ အထင်မှားသွားသလို တစ်ချိန်တည်းမှာပဲ သူမရဲ့ စကားတွေက နည်းနည်း ရုတ်တရက်ဆန်သွားကြောင်း သဘောပေါက်သွားသည်။ “ နင် စိတ်မပါလည်း ရပါတယ်။ နင်က ငါတို့လို စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုနဲ့လည်း အဆင်မပြေလောက်ဘူး။ ငါ မှားသွားတယ်။ စိတ်ထဲ မထည့်ပါနဲ့။ ”
လီအန်းနန်က ခေါင်းခါယမ်းသည်။ “ ညီမ စိတ်မပါတာ မဟုတ်ပါဘူး။ ညီမကို ချီလွေ့ အရင်တုန်းက ပြောခဲ့ဖူးတဲ့ စကားကို ရုတ်တရက် ပြန်သတိရသွားလို့ပါ။ သူက။ ပြောတယ် … အစ်မက လူနာတွေ ဒါမှမဟုတ် လူနာတွေရဲ့ မိသားစုဝင်တွေကို အစ်မရဲ့ ကုမ္ပဏီထဲ ဆွဲသွင်းရတာကို ကြိုက်တယ်တဲ့။ အစ်မရဲ့ ဝါသနာက နည်းနည်းလေး … ထူးခြားတယ်နော်။ ”
စုယန်ယန် : “ ??? ” ငါက လူနာတွေနဲ့ သူတို့မိသားစုဝင်တွေကို ကုမ္ပဏီထဲ ဆွဲသွင်းရတာ ကြိုက်တယ် ဆိုတာ ဘာစကားကြီးတုံး။ ငါ့အကူအညီကို လိုအပ်တာက နင်ပဲဆိုတာ အသိအသာကြီးလေ။ ငါက နင့်ကို ကူညီပေးတဲ့အနေနဲ့ စာချုပ်,ချုပ်ရုံပဲကို ဘယ်လိုလုပ် အဲ့ဒါက ငါ့အမှား ဖြစ်သွားရတာလဲ။
ငါက အဲ့လို မဟုတ်ဘူး … အဲ့လို မဟုတ်ဘူး။ ပေါက်ကရစကားတွေ လျှောက်မပြောနဲ့။ နင်က ငါ့ဆီကိုလည်း လာအကူအညီတောင်းသေးတယ် ၊ ငါ့နောက်ကွယ်မှာလည်း ကောလဟာလတွေ လျှောက်ဖြန့်တယ် … ။ နင့်မှာ အလုပ်တွေ အရမ်း နည်းနေလို့ ဒီလောက် အားယားနေတာ ထင်တယ်။
ကျိန်ဆဲခံနေရတာကို မသိသော နျဉ်ချီလွေ့ကတော့ ဝေးလံခေါင်ဖျားသော လျှိုမြောင်ထဲမှာ စိတ်ပျက်လက်ပျက် ဆောင့်ကြောင့်ထိုင်နေခဲ့သည်။ သူ့ကိုယ်သူ ခြင်စာကျွေးနေရင်း ဘော့စ်ဆီကနေ အိမ်ကို ယူသွားခဲ့တဲ့ ဘာဘီကျူးကို သတိရသွားသောအခါ သွားရည်တမြားမြားကျတော့မလို ဖြစ်သွား၏။
ထိုအချိန်မှာပဲ သူ့ကို လေအေးတွေ ရုတ်တရက် ဖြတ်တိုက်သွားသောကြောင့် ကြက်သီးစိမ့်ဖြာကာ ခိုက်ခိုက်တုန်သွားရသည်။
လျှိုမြောင်ထဲမှာ ညဘက်ဆို ဘာလို့ ဒီလောက် အေးရတာလဲ … ။ အစောကြီးကတည်းကသာ ကြိုသိခဲ့ရင် အဝတ်ထူထူတွေ ပိုယူလာခဲ့မှာပေါ့။ သူ့အတွက် တကယ့်ကို မလွယ်ကူလိုက်တာ … ။
စုယန်ယန်နှင့် လီအန်းနန်သည် ဧည့်သည်အခန်းထဲမှာ နှစ်ယောက်တည်း အကြာကြီး မနေခဲ့ပါ။ အချိန်က နာရီဝက်တောင် မပြည့်သေးပေမဲ့ အပြင်မှာ စောင့်နေသူတွေအဖို့ တစ်ဘဝလောက် ကြာသွားသလို ခံစားခဲ့ရသည်။
နောက်ဆုံးမှာ သူတို့နှစ်ယောက် အခန်းထဲက ထွက်လာသောအခါ အဘိုးလီနှင့် အဘွားလီတို့က ချက်ချင်း ပြေးလာပြီး မြေးမလေးကို စိုးရိမ်ပူပန်စွာ ဝိုင်းမေးခဲ့သည်။ “ အဆင်ပြေရဲ့လား အန်းနန်။ သမီး နေကောင်းရဲ့လား။ ”
“ သူ ဘာဖြစ်နိုင်မှာမို့လို့လဲ။ ” စုယန်ယန်က ရယ်ချင်စိတ်ကို ထိန်းချုပ်မရတော့သဖြင့် ရယ်ချလိုက်မိသည်။ “ ကျွန်မက သူ့ကို စစ်ဆေးကြည့်ရုံလေးပါ။ ဦးလေးတို့က ကျွန်မ သူ့ကို ကိုက်စားမယ်လို့ ထင်နေတာလား။ ”
လူကြီးနှစ်ယောက်က ရှက်ရွံ့သွားပုံပေါ်သော်လည်း သူတို့ရဲ့ စူးစမ်းချင်စိတ်ကိုတော့ ချိုးနှိမ်၍ မရ။ “ အမျိုးသမီးစု … အန်းနန်က … ”
“ အမာရွတ်တွေကို ဖယ်ရှားလို့ ရတယ် ၊ လည်ချောင်းကိုလည်း ကုသလို့ ရတယ်။ ဒါပေမဲ့ သူ့မျက်နှာပေါ်က အမာရွတ်အသားပိုတွေကိုတော့ ကျွန်မ ဘာမှ လုပ်ပေးလို့ မရဘူး။ သူ့ကို ခွဲစိတ်မှုခံယူစေတဲ့ နည်းလမ်းတစ်ခုပဲ ရှိတယ်။ ”
......
အဘိုးလီနှင့် အဘွားလီက စုယန်ယန်ရဲ့ ပထမ စကားတစ်ဝက်ကို ကြားချိန်မှာ စိတ်လှုပ်ရှားနေခဲ့သော်လည်း ဒုတိယ စကားတစ်ဝက်ကို ကြားချိန်မှာတော့ အနည်းငယ် ရှက်ရွံ့သွားကြသည်။ “ ဒါက … ”
“ သမီး ခွဲစိတ်မှုလုပ်ချင်ပါတယ်။ ”
အဘိုးလီသည် ခဏလောက် ဆွံ့အနေပြီးမှ သူ့မြေးမလေး ပြောတဲ့ စကားကို နားလည်သွားလေသည်။ စိတ်လှုပ်ရှားလွန်း၍ တစ်ခုခု ပြောတော့မည့် ပုံစံဖြင့် သူ့မြေးမလေးရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ “ ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ သမီး လုပ်ချင်တယ် ဆိုရင် အဘိုး အိမ်ပြန်ရောက်ရင် သမီးရဲ့ မိဘတွေကို သမီးအတွက် အကောင်းဆုံး ပလစ်စတစ်ဆာဂျရီဆရာဝန် ရှာခိုင်းလိုက်မယ်။ ”
1006 02
“ အင်း။ ”
အမာရွတ်ပျောက်လိမ်းဆေးနှင့် လီအန်းနန်ရဲ့ လည်ချောင်းကို ကုသပေးနိုင်မယ့် ဆေးဝါးတွေကို စဉ်းစားဖို့ လိုသေးသည်။ စုယန်ယန် အဲ့ဒါတွေကို ချက်ချင်း မဖော်စပ်နိုင်ပေ။ ပြီးတော့ လီအန်းနန်ရဲ့ လည်ချောင်းကို ကုသပေးချင်လျှင် နောက်ဆက်တွဲ ကုသမှုအဖြစ် အပ်စိုက်ကုထုံးလည်း လိုအပ်သည်။
စုယန်ယန်နှင့် ကျန်လူတွေက ပထမဆုံး ဆေးကုသမှုအတွက် အချိန်ကို အတည်ပြုလိုက်ကြသည်။ အရိပ်အကဲနားလည်တဲ့ သူတို့က စုယန်ယန်ကို ဆက်မနှောင့်ယှက်တော့ဘဲ ကျေးဇူးတင်စကားပြောပြီးနောက် အိမ်ပြန်ဖို့ ပြင်ခဲ့ကြသည်။
စုယန်ယန်က ကြယ်လေးကို ပွေ့ချီထားလျက် သူတို့ကို အိမ်ရှေ့ထိ လိုက်ပို့ပေးခဲ့သည်။ အဲ့ဒီနောက် သူတို့ ထွက်ခွာဖို့ ပြင်နေတုန်းမှာပဲ စုယန်ယန်က ရှားနျဉ်ရှီကို ရုတ်တရက် လှမ်းခေါ်ကာ အပြုံးလေးဖြင့် မေးလိုက်သည်။ “ ချီလွေ့က နင် ခံတွင်းပျက်နေတယ်ဆိုပြီး ငါ့ဆိုင်ကနေ ဘာဘီကျုးနဲ့ သူဖုန်းစားကြက်သားဟင်း မှာထားတယ်။ အဲ့ဟင်းတွေကို နင် ကြိုက်ရဲ့လားတော့ မသိဘူး။ နင် အခုတလော အစားတွေ ဘာတွေ စားဝင်ရဲ့လား။ ”
နျဉ်ချီလွေ့က အရင်ဆုံး ဆွံ့အသွားပြီးမှ သူမရဲ့ ကောင်လေးဟာ စုယန်ယန်ရဲ့ ကုမ္ပဏီက အနုပညာရှင်တစ်ယောက်ဆိုတာ နားလည်သွား၏။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် သိနေပြီး … အရမ်း ရင်းနှီးကြတာလား … ။
“ သူက အဲ့ဒီ ဘာဘီကျူးနဲ့ သူဖုန်းစားကြက်သားဟင်းကို ညီမ ခံတွင်းပျက်နေလို့ပါလို့ ပြောပြီး အစ်မဆီက တောင်းသွားတာလား။ ”
“ ဟုတ်တယ် … ညီမလေး ခံတွင်းပျက်နေလို့ ဘာစား,စား စားမကောင်းဘူးတဲ့။ သူက ညီမလေးကို အရမ်း စိတ်ပူနေလို့ အစ်မဆီကိုတောင် တကူးတက ရောက်လာပြီး အဲ့ဟင်းလျာ နှစ်မျိုးကို တောင်းသွားတာ။ အစ်မလည်း သူ ညီမလေးကို သိပ်ဂရုစိုက်တာကို မြင်လိုက်ရတော့ စိတ်ပျော့သွားပြီး ပေးလိုက်တာ။ အစ်မအတွက် အပန်းလည်းမကြီးပါဘူး။ ”
+++++