အခန်း ၁၀၀၉
Vol. 68 Ch. 1009
1009 01
အခန်း ( ၁၀၀၉ ) မြင်မြင်ချင်း အချစ်။
ဟောက်ချန်ဟွမ်းက “ သူက ဒီလို အရွယ်ကတည်းက ကိုယ်နဲ့ ယှဉ်ပြိုင်တတ်နေပြီ။ သူ အသက်ကြီးလာတဲ့အခါ ထိန်းမနိုင်သိမ်းဖြစ်သွားရင် ဘယ်လို လုပ်မလဲ။ ” ဟု ပြောပြီး သားဖြစ်သူရဲ့ သနားဖွယ်ရာ ပုံစံလေးကို အတုခိုးကာ စုယန်ယန်ရဲ့ ပခုံးပေါ် မေးတင်လိုက်သည်။
“ မင်းက ကိုယ့်ကို အပြစ်တင်နေတုန်းလား။ တခြားဟာတွေကို ခဏ ထားလိုက်ဦး။ ခုနတုန်းက အဲ့ခွေးကောင်လေး ကိုယ့်ကို မင်းကို နမ်းခွင့်မပေးတာကို မြင်လိုက်တယ်မလား။ ”
“ သူ့ကို ခွေးကောင်လေးလို့ မခေါ်ပါနဲ့။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ပါးကို ဆွဲလိမ်လိုက်သည်။ “ သူက ခွေးကောင်လေးဆိုရင် ရှင်က ဘာလဲ … ခွေးကောင်ကြီလား။ ”
ဟောက်ချန်ဟွမ်းသည် လည်ချောင်းနင်သွားသလို ခံစားလိုက်ရကာ ဟွန်းခနဲ စိတ်ဆိုးမာန်ဆိုး နှာခေါင်းရှုံ့လိုက်သည်။
စုယန်ယန်လည်း အနည်းငယ် စိတ်ညစ်နေမိပါသည်။ ဒီလူက အစပိုင်းတုန်းကတော့ သူကိုယ်တိုင် ကြည်ဖြူစွာပဲ ကလေးကို ချစ်ခဲ့တာပါ။ ဘာလို့ အခုနောက်ပိုင်းမှ တဖြည်းဖြည်းနဲ့ ထူးဆန်းလာပြီး ကြယ်လေးကိုတောင် မနာလိုဖြစ်နေတာလဲ … ။
ဒီသတင်းသာ အပြင်ကို ပျံ့သွားရင် သတင်းကြားသူတိုင်း ရယ်ပွဲဖွဲ့လိမ့်မည်။
“ ကဲပါ … ကြယ်လေးက သူ ရှိနေတဲ့ အချိန်မှာ ရှင့်ကို ကျွန်မကို မနမ်းခိုင်းဘူး ဆိုရင်လည်း သူ မရှိတဲ့ အချိန်မှာ ကျွန်မက ရှင့်ကို အလျော်ပေးတဲ့အနေနဲ့ နည်းနည်းလေး ပိုပြီး နမ်းလိုက်ရင် ပြီးတာပဲ မဟုတ်ဘူးလား။ ”
စုယန်ယန်က ထိုသို့ ပြောရင်း ဟောက်ချန်ဟွမ်းကို သုံး ၊ လေးခါလောက် နမ်းလိုက်တော့မှ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက ကြည်လင်လာသည်။ သူ့ဇနီးက သူ့ကို ကျော်ပြီး သားဖြစ်သူကို ရွေးချယ်ခဲ့တဲ့အတွက် အနည်းငယ် စိတ်ညစ်နေဆဲ ဖြစ်သော်လည်း အနည်းဆုံးတော့ ခုနတုန်းကလောက် မခါးသီးတော့ပါ။
ကလေးလေးကို တစ်လှည့် ချော့လိုက်ရ ၊ ကလေးကြီးကို တစ်လှည့် ချော့လိုက်ရ ဖြစ်နေသော စုယန်ယန်လည်း နည်းနည်းလေး ပင်ပန်းမိသည်။ သူမရဲ့ အနမ်းကြောင့် ဟောက်ချန်ဟွမ်း အံ့ဩသွားတာကို အခွင့်ကောင်းယူကာ စကားလမ်းကြောင်း အမြန် ပြောင်းလိုက်သည်။ “ စကားမစပ် အဒေါ်စုန့်နဲ့ တခြားလူတွေ အိမ်ကို ခဏလောက် လာသွားသေးတယ်။ ”
“ အဒေါ်စုန့်လား။ ” ဟောက်ချန်ဟွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ “ သူတို့က ဒီကို ဘာလာလုပ်တာလဲ။ ”
စုယန်ယန်က ဇာတ်လမ်းကို အကြမ်းဖျင်း ရှင်းပြလိုက်လျှင် ဟောက်ချန်ဟွမ်းက အဓိကအချက်ကို တန်းနားလည်သွား၏။ “ မင်းက သူ့ကို ကူညီပေးချင်လို့လား။ ”
“ တိတိကျကျ ပြောရရင် အမာရွတ်တွေကြောင့် လူတွေရဲ့ မနှစ်မြို့သလို ၊ စိတ်ပျက်ရွံရှာသလို ကြည့်တဲ့ အကြည့်တွေကို ခံနေရတဲ့ လူငယ်တွေကို ကျွန်မ ကူညီပေးချင်တာပါ။ ” စုယန်ယန်ရဲ့ မျက်လုံးတွေက ဟောက်ချန်ဟွမ်းကို စူးစိုက်ကြည့်နေခဲ့သည်။ “ ကျွန်မ မှတ်မိသလောက်ဆို ရှင့်ခန္ဓာကိုယ်ပေါ်မှာလည်း အမာရွတ်တချို့ ရှိတယ်မလား။ ”
ထိုနှစ်တုန်းက ကားအက်ဆီးဒင့်ဟာ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေကို ခဏချင်းအတွင်း အဲ့ဒီ အက်ဆီးဒင့်ရဲ့ ပြင်းထန်ဆိုးဝါးမှုကို စိတ်ကူးကြည့်လို့ ရသည်။
ဟောက်ချန်ဟွမ်းမှာ ထိုကားအက်ဆီးဒင့်ကြောင့် ခြေထောက်အတွင်းဒဏ်ရာတွေအပြင် ပြင်ပဒဏ်ရာ တော်တော်များများလည်း ရခဲ့သည်။
ဟောက်ချန်ဟွမ်းက ငိုင်ခနဲဖြစ်သွားပြီးမှ သတိဝင်လာကာ သူ့ခန္ဓာကိုယ်ကို ယုယကြင်နာစွာ ပွတ်သပ်နေသည့် စုယန်ယန်ရဲ့ လက်တွေကို ဆုပ်ကိုင်လိုက်သည်။ သူ အသက်ပြင်းပြင်းရှူ၍ ဩရှစွာ ပြောလိုက်ပါသည်။ “ အမာရွတ် နည်းနည်းပါးပါးပဲ။ သိပ်အရေးမကြီးပါဘူး။ ”
စုယန်ယန်က သူမရဲ့ လက်တွေကို ဆုပ်ကိုင်ခံလိုက်ရပြီးနောက် ငြိမ်သွားသော်လည်း သူ ပြောတဲ့ စကားကို လက်မခံပါ။ “ အဲ့ဒါက ဘာလို့လဲ ဆိုတော့ ရှင့်အမာရွတ်တွေက ခန္ဓာကိုယ်နေရာအနှံ့မှာ ပြန့်ကျဲနေတာကိုး။ ထင်သာမြင်သာရှိတဲ့ နေရာမှာ အမာရွတ်တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာမှ မဟုတ်တာ။ အဝတ်နဲ့ ဖုံးအုပ်ထားရင် အဲ့အမာရွတ်တွေကို မမြင်ရတော့ဘူးလေ။ တကယ်လို့သာ အမာရွတ်တွေက ရှင့်မျက်နှာပေါ် ၊ လက်မောင်းပေါ် ဒါမှမဟုတ် ခြေသလုံးဘေးတွေမှာဆိုရင် အမာရွတ်အကြီးကြီး တစ်ခု ၊ နှစ်ခုလောက် ဖြစ်နေမှာ။
တခြားအကြောင်းတွေ မပြောဘဲ နေရအောင်။ အဲ့လို အမာရွတ်တွေ ရှိနေတဲ့ မိန်းကလေးတွေက အင်္ကျီလက်တိုတွေ ၊ စကတ်အတိုလေးတွေ သေချာပေါက် ဝတ်ရဲမှာ မဟုတ်ဘူး။ ယောက်ျားလေးတွေကတော့ ဒီလို ကိစ္စကို ပိုဂရုစိုက်တော့ ရှပ်အင်္ကျီလက်တိုတို့ ၊ ဘောင်းဘီတိုတို့တောင် ဝတ်ရဲမှာ မဟုတ်ဘူး။ ရေကူးဖို့တောင် စိတ်ကူးရဲတော့မယ် မထင်ဘူး။ ”
ဟောက်ချန်ဟွမ်းက သူမ ပြောတဲ့ စကားတွေကို သေချာ နားထောင်နေခဲ့သော်လည်း သူ ပြန်ပြောတဲ့ စကားက အနည်းငယ် လမ်းကြောင်းလွဲနေ၏။
1009 02
“ အရင်တုန်းက ကိုယ့်မျက်နှာပေါ်မှာ အဲ့လို အမာရွတ်တွေ ရှိနေခဲ့ရင်ရော မင်း ကိုယ့်ကို သဘောကျဦးမှာလား။ ”
စုယန်ယန်က ခဏလောက် စဉ်းစားနေခဲ့သည်။ “ ပြောရခက်တယ်။ အမာရွတ်သေးသေးလေး တစ်ခု ၊ နှစ်ခုလောက်ဆို ကိစ္စမရှိပေမဲ့ အမာရွတ်အကြီးကြီးတွေ ရှိနေရင်တော့ … ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အေးစက်သွားသည်။ “ ရှိနေရင် ဘာဖြစ်မှာလဲ။ ”
“ ကျွန်မ ရှင့်ကို မြင်မြင်ချင်း မချစ်လောက်ဘူး။ ”
ဟောက်ချန်ဟွမ်း ရယ်မောလိုက်သည်။ “ ဒါဆို မင်းက ကိုယ့်ကို ကိုယ့်မျက်နှာကြောင့် မြင်မြင်ချင်း ချစ်သွားခဲ့တာလား။ ”
“ တခြား ဘာရှိဦးမှာလဲ။ တစ်ဖက်လူက မျက်နှာကြောင့် မြင်မြင်ချင်း မချစ်တဲ့လူ ဘယ်သူ ရှိလို့လဲ။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ မျက်နှာကို တယုတက ထိတွေ့လိုက်သည်။ “ ဒီစကားက ရှင့်မျက်နှာက အရမ်း ချောလို့ လူတွေကို ရှင့်ကို မြင်မြင်ချင်း ချစ်သွားအောင် လုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ သွယ်ဝိုက်ဆိုလိုတာ မဟုတ်ဘူးလား။ ”
++++