← Chapters

အခန်း ၁၀၁၀

Vol. 68 Ch. 1010

အခန်း ၁၀၁၀

Vol. 68 Ch. 1010

1010 01

အခန်း ( ၁၀၁၀ ) ဒီဘဝမှာတော့ လုံးဝ ကလေးထပ်မယူဘူး။

ဟောက်ချန်ဟွမ်းသည် ဇနီးဖြစ်သူရဲ့ စနောက်မှုမှာ အငိုက်မိသွားကာ ရယ်ရမလား ၊ ဒေါသထွက်ရမလား မသိတော့ပေ။

တစ်ဆက်တည်းမှာပဲ စုယန်ယန်ရဲ့ စကားသံတိုးတိုးကို ကြားလိုက်ရသည်။ “ ဒီလိုဆိုတော့မှ ကျွန်မ အရင်ကတည်းက သိချင်ခဲ့တာ ရှိတယ်။ ရှင်နဲ့ ဟောက်ရှောက်ဖုန်းက မိသားစုတွေပဲ ၊ ဒါပေမဲ့ ဘာလို့ သူက အရမ်း ရုပ်ဆိုးပြီး ရှင်က အရမ်း ကြည့်ကောင်းရတာလဲပေါ့။ အဲ့ဒီအချိန်တုန်းက ရှင်နဲ့ သူနဲ့ သွေးသားမတော်စပ်တာကို ကျွန်မ မသိခဲ့ဘူးလေ။ ရှင်က မျိုးရိုးဗီဇပြောင်းလဲသွားတာ ဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် ရှင့်မိဘတွေက ကောင်းတဲ့ မျိုးရိုးဗီဇတွေအားလုံးကို ရှင့်ကို ပေးပြီး မကောင်းတာတွေကိုတော့ သူတို့အတွက် ချန်ထားခဲ့တာ ဖြစ်နိုင်တယ်လို့တောင် ကျွန်မကိုယ်ကျွန်မ လိမ်ပြီး တွေးခဲ့တာ။ ”

ထိုကိစ္စကို စုယန်ယန် အစပြန်ဖော်တဲ့ အဓိကအကြောင်းအရင်းက ဟောက်ချန်ဟွမ်းရဲ့ ချောမောမှုကို ချီးကျူးဖို့ပဲ ဖြစ်သည်။

‌သို့သော် မျှော်လင့်မထားစွာဖြင့် ထိုကိစ္စက ဟောက်ချန်ဟွမ်းရဲ့ ထိရှလွယ်သော နှလုံးသားတစ်နေရာကို ထိမှန်ကာ သူ့မျက်နှာကို ချက်ချင်း မည်းမှောင်သွားစေခဲ့သည်။ သူ စုယန်ယန်ရဲ့ ခန္ဓာကိုယ်ပေါ်ကို အုပ်မိုးလိုက်ပြီး စကားတွေ တတွတ်တွတ်ပြောနေသော နှုတ်ခမ်းလေးကို နမ်းစုပ်၍ သူမရဲ့ စကားလုံးတွေအကုန်လုံးကို မျိုချပစ်လိုက်သည်။

ရှည်ကြာသော အနမ်းပြီးဆုံးသွားတော့မှ ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ပခုံးပေါ်မှာ မျက်နှာအပ်ပြီး သူမကို “ ခြိမ်းခြောက် ” လိုက်သည်။ “ ကိုယ့်ရှေ့မှာ ဟောက်ရှောက်ဖုန်းအကြောင်း မပြောနဲ့။ ”

စုယန်ယန်က သူ့အနမ်းကြောင့် အနည်းငယ် အံ့အားသင့်နေပြီးမှ “ ရှင် သဝန်တိုနေတာလား။ ” ဟု မေးလိုက်သည်။

“ သူက ကိုယ့်ကို မမီဘူး။ ကိုယ့်မျက်နှာပေါ်မှာ အမာရွတ်တွေ ရှိရှိ မရှိရှိ ၊ သူက ကိုယ့်ကို မမီဘူး။ ”

“ ဟုတ်ပါတယ်။ ရှင့်မျက်နှာပေါ်မှာ အမာရွတ်တွေရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ကျွန်မနှလုံးသားထဲမှာတော့ ရှင်တစ်ယောက်တည်းကပဲ အကောင်းဆုံးပဲ။ ” စုယန်ယန်က သဝန်တိုစိတ်တွေဖြင့် ချဉ်တူးနေသော လူကြီးအား စိတ်ရှည်လက်ရှည် ချော့မော့ပြီးမှ သက်ပြင်းရှိုက်လိုက်သည်။ “ ဒါပေမဲ့ မျက်နှာပေါ်မှာ အမာရွတ်တွေ တကယ် ရှိနေတဲ့ လူတွေက ရှင့်လို မျက်နှာချောချော မရှိဘူးလေ ၊ ရှင့်လောက်လည်း ကံကောင်းချင်မှ ကောင်းမှာ။ ရုပ်ချောချော ရုပ်ဆိုးဆိုး သူတို့အပေါ် အရမ်း ချစ်ပေးတဲ့ လူနဲ့လည်း ဆုံတွေ့နိုင်ဖို့ မသေချာဘူး။ ”

“ မင်းက အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချချင်လို့လား။ ” ဟောက်ချန်ဟွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ “ သိပ်မလွယ်မှာကိုတော့ ကိုယ် စိုးရိမ်တယ်။ ”

လူနေမှုဘဝ တိုးတက်လာခြင်းနှင့်အတူ လူတော်တော်များများရဲ့ ဘဝကို နှစ်သက်ခံစားခြင်းကလည်း တိုးတက်လာခဲ့သည်။ ဈေးကွက်ထဲမှာ အလှကုန်ပစ္စည်းနှင့် အသားအရေထိန်းသိမ်းရေးပစ္စည်းအမျိုးမျိုး ရှိကာ အများစုက ဝယ်ယူသုံးစွဲသူ အခိုင်အမာရထားတဲ့ အမှတ်တံဆိပ်ဟောင်းတွေ ဖြစ်သည်။

စုယန်ယန်ရဲ့ ရည်ရွယ်ချက်က ကောင်းသော်လည်း သူမရဲ့ အလှကုန်ပစ္စည်းတွေကို တစ်ယောက်မှ မဝယ်မှာကိုတော့ စိုးရိမ်မိပါသည်။ ပိုက်ဆံအရှုံးပေါ်တာက ပြဿနာမဟုတ်ပေမဲ့ အားတွေအများကြီး စိုက်ထုတ်ထားပါလျက်နှင့် အရာမထင်ခြင်းက သူမကို ဝမ်းနည်းစေလိမ့်မည်။ ပင်ပန်းရကျိုးလည်း နပ်မှာ မဟုတ်ပါ။

“ မလွယ်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ရွှေမှန်ရင် တစ်ချိန်ချိန်မှာတော့ တောက်ပမှာပဲ။ ကျွန်မရဲ့ စားသောက်ဆိုင်ကနေ ထုတ်ကုန်အသစ်တွေကို ဖြည်းဖြည်းချင်း ကြေညာသွားမယ်။ အရင်ဆုံး လူတချို့ကို စမ်းသပ် အသုံးပြုခိုင်းမယ်။ ကျွန်မရဲ့ ထုတ်ကုန်တွေက တုံ့ပြန်ချက်ကောင်းပြီး ဝယ်ချင်တဲ့ လူတွေ ရှိရင် ထုတ်လုပ်ရေးကို တိုးမြှင့်လိုက်မယ်။ ဘယ်သူမှ မဝယ်ရင်တော့လည်း ထားလိုက်ပေါ့။ ဒီလို လုပ်ရင် ကျွန်မလည်း အလုပ်ရှုပ်သက်သာလိမ့်မယ်။ ”

ဒီကမ္ဘာပေါ်မှာ ပိုက်ဆံရှာရအလွယ်ဆုံး စီးပွားရေးလုပ်ငန်းက ဘာဖြစ်မလဲ … ။ အလှအပနဲ့ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေ ထုတ်လုပ်တဲ့ ဒီလုပ်ငန်းပဲပေါ့ … ။

1010 02

မိန်းမတစ်ယောက်က သူမရဲ့ မျက်နှာကို အမှန်တကယ် ဂရုစိုက်လျှင် ထိုပစ္စည်းတွေအတွက် နှစ်တိုင်း ပိုက်ဆံတွေအများကြီး သုံးလေ့ ရှိသည်။

စုယန်ယန်က အခြေအနေ‌ အတော်များများမှာ အနည်းငယ် ပျင်းရိသော်လည်း လိုအပ်လာလျှင်တော့ စိတ်အားတက်ကြွမှုအပြည့်ရှိပါသည်။ ပြောရရင် ဘယ်သူကမှ ကိုယ့်ပိုက်ဆံကို အလွယ်တကူ အရှုံးခံလောက်တဲ့ထိ မရူးနှမ်းပါ။ စားသောက်ဆိုင်က သူမရဲ့ တစ်ခုတည်းသော စီးပွားရေးလုပ်ငန်း မဟုတ်တာကိုတော့ ထည့်ပြောမနေပါနှင့်တော့။

ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ထိုနယ်ပယ်မှာ ဘယ်တုန်းကမှ မစွက်ဖက်ခဲ့ဖူးတာကြောင့် သူမ ပြောသော စကားကို ကြားပြီးချိန်မှာ ထပ်မကန့်ကွက်တော့ပေ။ “ မင်း လုပ်ချင်ရင်လည်း လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ်တော့ အရမ်း အပင်ပန်းမခံနဲ့ပေါ့။ ”

စုယန်ယန်က သူမရဲ့ နှလုံးသားထဲမှာ ချိုမြိန်သွားကာ စစနောက်နောက် ဆူပူကြိမ်းမောင်းလိုက်သည်။ “ ရှင်က ဘာလို့ ကျွန်မ ပင်ပန်းမှာကိုပဲ အမြဲတမ်း စိတ်ပူနေတာလဲ။ ကျွန်မ အရင်တုန်းက ကိုယ်ဝန်ရှိနေတုန်းကတော့ ထားပါတော့။ ဒါပေမဲ့ အခု ကလေးမွေးပြီးသွားတဲ့ အချိန်ထိ အဲ့လို ဖြစ်နေတုန်းပဲ။ ”

“ ကိုယ့်နှလုံးသားထဲမှာ မင်းကျန်းမာရေးထက် ပိုအရေးကြီးတဲ့အရာ မရှိဘူး။ ”

ဟောက်ချန်ဟွမ်းက ပြောရင်း ခန္ဓာကိုယ်ကို ငုံ့ကိုင်းကာ သူမကို ပွေ့ချီလိုက်သည်။ သူ ဒီည သူမကို ဟိုခွေးကောင်လေးအကြောင်း ထပ်မတွေးနိုင်တော့အောင် ပင်ပန်းအားကုန်သွားတဲ့အထိ တစ်ခုခု လုပ်ဖို့ အဆင်သင့်ပါပဲ။ ဒုတိယကလေး ထပ်ယူဖို့ကတော့ ဒီတစ်ယောက်နှင့်တင် ခက်ခဲလှပြီမို့ ဒီဘဝမှာ နောက်ကလေး ထပ်ယူဖို့ မဖြစ်နိုင်တော့ပါ။

စုယန်ယန်ကတော့ ရည်မှန်းချက်အပြည့်ရှိနေခဲ့ပြီး ဒီအမာရွတ်ပျောက်လိမ်းဆေးဟာ သူမရဲ့ ဒုတိယမြောက် စီးပွားရေးလုပ်ငန်းအား အောင်မြင်စွာ ထူထောင်နိုင်စေရန် ကူညီပေးလိမ့်မည်ဟု ခံစားရသည်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ သူမရဲ့ ဝမ်းကွဲလေးအတွက်လည်း နို့မှုန့်ဖိုးတချို့ ရှာပေးနိုင်ပါလိမ့်မည်။

သို့သော် မျှော်လင့်မထားစွာဖြင့် သူမ အဲ့ဒီလို တွေးနေတုန်းမှာပဲ ချန်မိသားစုမှာ ကိစ္စတစ်ခု ဖြစ်ပျက်သွားခဲ့လေသည်။

+++++

All Chapters