အခန်း ၁၀၁၁
Vol. 68 Ch. 1011
1011 01
အခန်း ( ၁၀၁၁ ) ဘာလို့ သူတို့က ရှင့်ကိုပဲ ဖုန်းဆက်ပြီး ကျွန်မကို ဘာလို့ မဆက်တာလဲ။
“ ဘယ်လို … ။ လူတစ်ယောက်က အဘိုးကို သုတေသနဌာနမှာ လာဘ်ပေးလာဘ်ယူလုပ်နေတယ် ဆိုပြီး တိုင်ကြားခဲ့တဲ့အပြင် ဦးလေးလက်အောက်က ကုမ္ပဏီတွေကိုလည်း အခွန်ရှောင်တယ်ဆိုပြီး တိုင်ကြားခဲ့တယ်တဲ့လား။ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
စုယန်ယန်သည် ထိုသတင်းကို ကြားချိန်မှာ မျက်နှာမည်းမှောင်ကျသွားကာ အဘိုးရဲ့ နောက်ကွယ်မှာ အဘိုးကို မကောင်းကြံသော လူယုတ်မာအား ဖော်ထုတ်၍ ထိုလူယုတ်မာကို ကောင်းကောင်း ရိုက်နှက်ပစ်ဖို့အတွက် အဘိုးဆီကို အခုချက်ချင်း လေယာဉ်စီးသွားချင်မိသည်။
“ စိတ်မပူပါနဲ့။ ” ဟောက်ချန်ဟွမ်းက အလွန် ဒေါသထွက်နေသော စုယန်ယန်ကို ရင်ခွင်ထဲ ထည့်၍ နှစ်သိမ့်ပေးလိုက်သည်။ “ တိုင်ကြားမှုသက်သက်ပါပဲ။ ရဲတွေက မင်းဦးလေးရဲ့ ကုမ္ပဏီကို သွားပြီး အကြာကြီး စုံစမ်းစစ်ဆေးခဲ့ပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး။ အဲ့ဒါက မှားယွင်းတဲ့ စွပ်စွဲချက်ဆိုတာကိုလည်း အတည်ပြုပြီးသွားပြီ။ ”
“ ဦးလေးရဲ့ ကုမ္ပဏီမှာ ဘာမှ ရှာမတွေ့ပေမဲ့ အဘိုးရဲ့ ကုမ္ပဏီမှာရော ဘယ်လိုလဲ။ ” ဒေါသကြောင့် စုယန်ယန်ရဲ့ မျက်နှာက နီမြန်းကာ တဆတ်ဆတ် တုန်ခါနေသည်။
ရုတ်တရက်ဆန်သော ဤအဖြစ်အပျက်ဟာ စုယန်ယန်ရဲ့ အရင်ဘဝတုန်းက အမည်မသိ လျှို့ဝှက်စာတစ်စောင်က ချန်မိသားစုရဲ့ အရည်အချင်းဆုံး လူနှစ်ယောက်ကို ဆွဲချကာ ချန်မိသားစုကို တစ်စစီ ကွဲကြေပျက်စီးသွားစေခဲ့တာကို ပြန်သတိရသွားစေသည်။
အရေးမကြီးသော အသေးအဖွဲကိစ္စနှင့် တူသော်လည်း ဒါက အမှန်တရားပဲ ဖြစ်ပါသည်။ ချန်မိသားစုထဲမှာ ရှိနေတဲ့ သူလျှိုက အပြင်လူတွေနှင့် ပူးပေါင်းကာ သူ့အဘိုးနှင့် ဦးလေးကို အကွက်ကျကျ အမှုဆင်ခဲ့သည်။
အံ့ဩစရာမကောင်းစွာဘဲ ထိုသူလျှိုက ချန်ကျွင်းဟောက်ရဲ့ ကုမ္ပဏီကို စီနီယာအမှုဆောင်အရာရှိတစ်ယောက်အနေဖြင့် ဝင်ရောက်ခဲ့တဲ့ ချန်ဖန့်လန်ပဲ ဖြစ်သည်။
ချန်မိသားစုရဲ့ ပင်မမိသားစုက ဆွေမျိုးမိသားစုတွေနှင့် တစ်အိမ်ထဲအတူ မနေသော်လည်း သူတို့ရဲ့ ဆက်ဆံရေးက အမြဲတမ်း ပြေလည်ကောင်းမွန်ခဲ့တာမို့ အများစုက အရေးကြုံလျှင် ကူညီပေးဖို့ လက်မနှေးကြပေ။
ဥပမာအနေဖြင့် ချန်ဖန့်လန်ရဲ့ မိဘလူကြီးတွေက စိတ်နေစိတ်ထား ပုံမှန်မဟုတ်သည့်တိုင် ချန်ဖန့်လန်ကတော့ အတိုင်းအတာတစ်ခုထိ အရည်အချင်းရှိသည်။ ပြီးတော့ သူက စုယန်ယန်ကို တစ်ဖက်သတ် သဘောကျနေတာမို့ နောက်ပိုင်းမှာ ချန်ကျွင်းဟောက်နှင့် တခြားလူတွေက သူ့ကို နိုင်ငံခြားကို ပို့ခဲ့၏။ ချန်ကျွင်းဟောက်ကတော့ သူ့ကို နည်းနည်းလေး သနားစိတ်ဝင်ခဲ့သည်။
ထို့ကြောင့် သူမရဲ့ အရင်ဘဝမှာ ချန်ဖန့်လန် ဒီနိုင်ငံကို ပြန်လာပြီး သိပ်မကြာခင်မှာပဲ ချန်ကျွင်းဟောက်က ကုမ္ပဏီမှာ သူ့အတွက် နေရာတစ်နေရာ စီစဉ်ပေးကာ လိုအပ်သမျှ အပြည့်အစုံ ထောက်ပံ့ပေးခဲ့သည်။
မျှော်လင့်မထားစွာဖြင့် သူ့ကို အဲ့ဒီလို အခွင့်အရေးပေးခဲ့ခြင်းကပဲ သူ့ရဲ့ ကျေးဇူးကန်စိတ်ကို ပိုမိုအားကောင်းသွားစေကာ ချန်မိသားစုတစ်ခုလုံးကို ကြမ္မာဆိုးငင်စေဖို့အတွက် စတင် အကောင်အထည်ဖော်ခဲ့လေသည်။
ဒီဘဝမှာတော့ စုယန်ယန်က ထိုလူမှာ ဆိုးယုတ်သော စိတ်နှလုံးရှိကြောင်း သိနေတာမို့ ချန်ကျွင်းဟောက် သူ့ကို ကုမ္ပဏီသို့ လွှတ်လိုက်ချိန်မှာပဲ ချန်ကျွင်းဟောက်ကို သတိပေးခဲ့သည်။ ရလဒ်အနေဖြင့် ချန်ဖန့်လန်ဟာ ချန်ကျွင်းဟောက်ရဲ့ ကုမ္ပဏီကို သူမရဲ့ အရင်ဘဝတုန်းကလောက် ချောချောမွေ့မွေ့ မဝင်ရောက်နိုင်တော့ပါ။
ပြဿနာကို အမြစ်ကနေ စပြီး မြေလှန်ဖြေရှင်းလိုက်လျှင် ချန်မိသားစုဟာ တူညီသော အမှားကို နောက်တစ်ကြိမ် ထပ်လုပ်မိတော့မှာ မဟုတ်ဘူးလို့ သူမ ခံစားခဲ့ရတာပါ။ ဒါပေမဲ့လည်း ကံကြမ္မာကိုတော့ ဘယ်လိုမှ ရှောင်လွှဲလို့ မရပါလား … ။
သူမရဲ့ အဘိုးဟာ ဘဝတစ်လျှောက်လုံး တိုင်းပြည်နှင့် လူမျိုးအတွက် အပင်ပန်းခံကာ သူ့ကိုယ်သူအတွက်ကျ အစားအသောက်ကိုလည်း ဂရုမစိုက် ၊ အဝတ်အစားကိုလည်း ဂရုမစိုက် ၊ ကားအကောင်းစားတွေကိုလည်း ဂရုမစိုက်ဘဲ တန်ဖိုးကြီးပစ္စည်း တစ်ခုတလေတောင် မဝယ်ယူခဲ့။
1011 02
သူ့ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ ထောင်ဂဏန်း ၊ သောင်းဂဏန်းတန်ဖိုးရှိသော ပစ္စည်းတွေကိုတောင် သားသမီးတွေ ၊ မြေးတွေက လက်ဆောင်ပေးထားတာ ဖြစ်သည်။ သူ့ရဲ့ အိမ်အဟောင်းကအစ သူကိုယ်တိုင် ဝယ်ယူတည်ဆောက်ထားတာ မဟုတ်ဘဲ သူ့ရဲ့ အများအကျိုးပြု လုပ်ဆောင်ချက်တွေကြောင့် ရာထူးကြီးပုဂ္ဂိုလ်တွေက ပေးအပ်ခဲ့တာပင်။
ကိုယ်ကျိုးအတွက် အများအကျိုးကို ဦးစားပေးတဲ့ အဘိုးရဲ့ အမူအကျင့်ဟာ ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင် ပြောင်းလဲမသွားပေ။
ဘဝသက်တမ်း တစ်ဝက်ကျော်ကို တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်ခဲ့တဲ့ သူမအဘိုးဟာ နောက်ဆုံးမှာတော့ လူတစ်ယောက်ဆီမှာ အကွက်ကျကျ အမှုဆင်၍ မကောင်းကြံခံခဲ့ရသည်။
အခြေအနေတွေက မျက်စိတစ်မှိတ်အတွင်း ပြောင်းပြန်လှန်သွားကာ တစ်ချိန်တုန်းက သူ့ကို ရိုသေလေးစားစွာ ဆက်ဆံခဲ့ဖူးသူများသည် သူ့ကို ကျိန်ဆဲခဲ့ကြသည်။ နာမည်ဂုဏ်သိက္ခာ အရာအားလုံးကို ဆုံးရှုံးလိုက်ရသော အဘိုးလည်း အဆုံးသတ်မှာတော့ စိတ်ကျရောဂါနှင့် ကွယ်လွန်သွားခဲ့သည်။
သူမရဲ့ ဦးလေးကလည်း မကောင်းမှုကို တစ်ခါလေးတောင် ကျူးလွန်ခဲ့သူ မဟုတ်ပါ။ သူတော်ကောင်းတရားတွေကို လိုက်နာလျှင် မိုးနတ်မင်းက သူတို့လင်မယားအတွက် သားသမီးရတနာ ပေးလိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် ပရဟိတိလုပ်ငန်းတွေကို ရာစုနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော်လည်း သူ့နံဘေးက လူတွေရဲ့ သစ္စာဖောက်မှုကြောင့် မတရား စွပ်စွဲခံရသည်။
ယခင်ဘဝတုန်းက သူမဦးလေးရဲ့ အရေးပေါ် ဘဝအခြေအနေကို ရောက်နေချိန်မှာ ဟောက်ချန်ဟွမ်းသာ မကူညီခဲ့လျှင် သူမဦးလေး ထောင်ထဲ ရောက်သွားမှာပါ။
စုယန်ယန်သည် ထိုအကြောင်းကို တွေးမိတိုင်း ဒေါသမထိန်းနိုင်ဘဲ ချန်ဖန့်လန်တို့မိသားစုကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်ချင်သည်။
“ အဘိုးလည်း အဆင်ပြေပါတယ်။ သူတို့အားလုံး အဆင်ပြေတယ်။ အရမ်း တွေးပူမနေနဲ့။ ”
“ အမေရော အဲ့သတင်းကို သိလား။ ”
“ အင်း။ ကိုယ့်ကို သူတို့ ဖုန်းဆက်ပြောတာလေ။ ”
စုယန်ယန်က မျက်မှောင်ကြုတ်လိုက်သည်။ “ ဘာလို့ သူတို့က ရှင့်ကိုပဲ ဖုန်းဆက်ပြီး ကျွန်မကို မဆက်တာလဲ။ ”
++++++