← Chapters

အခန်း ၁၀၁၇

Vol. 68 Ch. 1017

အခန်း ၁၀၁၇

Vol. 68 Ch. 1017

1017 01

အခန်း ( ၁၀၁၇ ) ခွေးပါးစပ်က နတ်စကားမထွက်။

“ ဆန်ပြုတ်လေး … သူက … ” စုယန်ယန်က ကြယ်လေးအား သူ့တူလေးပါဟု နာမည်တပ် မိတ်ဆက်ပေးချင်သော်လည်း လောလောဆယ်မှာ “ တူလေး ” ဆိုတဲ့ စကားလုံးက ဆန်ပြုတ်လေးအတွက် ခက်ခဲမှာကို စိတ်ပူသောကြောင့် စကားလုံးအသုံးအနှုန်းပြောင်းလိုက်သည်။ “ သူက ကြယ်လေးလေ။ ကလေး သူ့ကို ဗီဒီယိုကောလ်ထဲမှာ မြင်ဖူးတယ်မလား။ ”

“ ယားယား … ယားယား … ” ဆန်ပြုတ်လေးက စုယန်ယန်ရဲ့ စကားကို ကြားသောအခါ ပိုလို့တောင် ပျော်ရွှင်စွာ ရယ်မောပြီး စုယန်ယန်ရဲ့ ခြေထောက်ကို လက်ဖောင်းဖောင်းလေးနှင့် အဆက်မပြတ် ပုတ်ကာ သူငယ်ချင်းလေးကို မြင်ခွင့်ရသည့်အတွက် ပျော်ရွှင်ကြောင်း ဖော်ပြခဲ့သည်။

ဆန်ပြုတ်လေးနှင့် ယှဉ်လျှင် ကြယ်လေးက ဆန်ပြုတ်လေးရဲ့ သွက်လက်ဖျတ်လတ်သော အမူအရာကို မြင်ချိန်မှာ အများကြီး တည်ငြိမ်အေးဆေးသွားသည်။ သူ့နှုတ်ခမ်းထဲက ချိုလိမ်လေးကို ဆွဲထုတ်ပြီး ဆန်ပြုတ်လေးကို တအဲ့အဲ့အသံပြု၍ နှုတ်ဆက်ခဲ့သည်။

“ ဝူး ဝူး … ”

“ ယား ယား … ”

“ ဝူး ဝူး ဝူး … ”

“ ယား ယား ယား … ”

“ ဝူး ဝူး ဝူး ဝူး ဝူး … ”

“ ယား ယား ယား ယား ယား … ”

ရုတ်ချည်းဆိုသလိုပဲ အခန်းထဲမှာ အချင်းချင်း ဝူးဝူးဝါးဝါး အော်ဟစ်နှုတ်ဆက်နေသော လူသားလေး နှစ်ယောက်သာ ရှိတော့သည်။ ကလေးနှစ်ယောက်ရဲ့ ပါးစပ်ထဲပေါ်ရာ ၊ စိတ်ကူးပေါက်ရာတွေ ပေါက်ကရ လျှောက်အော်နေခြင်းဆိုတာ သိသာထင်ရှားသည်။

ကလေးနှစ်ယောက်ဟာ သူတို့မှာ တူညီသော ဘာသာစကားရှိသည်ဟု ဘာ့ကြောင့်ရယ်မသိဘဲ ခံစားလိုက်ရသည်။ တစ်ဖက်လူ ပြောတဲ့ စကားကိုလည်း သူတို့ဘာသာ နားလည်ပြီး လူကြီးတွေကသာ နားမလည်နိုင်ရုံလေးပါပဲ။

“ ခွီး … ” စုယန်ယန်သည် ရယ်စရာကောင်းသော ကလေးတွေကို ကြည့်ပြီး ရယ်ချင်စိတ်ကို အောင့်မထားနိုင်တော့ဘဲ အသံထွက် ရယ်ချလိုက်မိသည်။ တခြားလူတွေက သူမရဲ့ ရယ်သံကို ကြားသောအခါ သူတို့လည်း ရုတ်တရက် သတိဝင်လာပြီး စတင်ရယ်မောခဲ့ကြသည်။

ထိုရယ်သံတွေနှင့်အတူ အရင်တုန်းက စကားအကြောင်းအရာကြောင့် ဖြစ်ပေါ်ခဲ့သော မပျော်ရွှင်မှုတွေအားလုံးလည်း ပျောက်ကွယ်သွားခဲ့သည်။ ချင်ရွှယ်ရူက အပြုံးပန်းတွေ ပွင့်လန်းနေသော မျက်နှာဖြင့် လျှောက်သွားကာ သားဖြစ်သူကို ပွေ့ချီလိုက်သည်။ “ ကြည့်ရတာ ဆန်ပြုတ်လေးက ကြယ်လေးကို အရမ်း သဘောကျတယ် ထင်တယ်။ ကြယ်လေး ရောက်လာတာနဲ့ သူက ဆရာမပါဘဲ သူ့ဘာသာ မတ်တပ်ရပ်ဖို့ သင်ယူတော့တာပဲ။ ”

စုယန်ယန်ရဲ့ မျက်နှာပေါ်မှာ အံ့အားသင့်သော အမူအရာလေး ဖြစ်ပေါ်လာခဲ့သည်။ “ ဒါက သူ မတ်တပ်ရပ်နိုင်တာ ပထမဆုံးအကြိမ်လား။ ”

“ အင်း။ ဒီနေ့မှ သူ့ပထမဆုံးအကြိမ်ပဲ။ ”

“ မြန်လိုက်တာ။ ကြယ်လေးတောင် လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကမှ ပက်လက်လှန်တတ်တာ။ သူ့မှာ အခုထိ သွားတွေတောင် မရှိသေးဘူး။ ဆန်ပြုတ်လေးမှာတော့ သွား လေးချောင်း ၊ ငါးချောင်းလောက် ရှိတယ် ထင်တယ်။ ”

“ အပေါ်သွားဖုံးမှာ သွားနှစ်ချောင်း ၊ အောက်သွားဖုံးမှာ သွားနှစ်ချောင်း ထွက်လာတာလေ။ အခု ကျန်တဲ့ သွားတွေလည်း တဖြည်းဖြည်း ထွက်စပြုလာပြီ။ ”

1017 02

အသစ်စက်စက် အမေနှစ်ယောက်သည် ကလေးတွေအကြောင်း အချိန်ခဏကြာ ပြောဆိုပြီးနောက် သူတို့ရဲ့ စိတ်အခြေအနေလည်း အတော်လေး ပြေလျော့သွားခဲ့သည်။

လူတိုင်းရဲ့ အမူအရာက သက်ဝင်နွေးထွေးလာတာကို မြင်တော့ သခင်ကြီးချန်က ချောင်းဟန့်ပြီး စကားအကြောင်းအရာကို ပြန်ဆွဲခေါ်လိုက်သည်။ “ အဲ့ဒါအပြင် သူတို့ တခြား ဘာပြောသေးလဲ။ ”

လူတိုင်းရဲ့ အကြည့်က စုယန်ယန်ဆီ ကျရောက်လာတာမို့ စုယန်ယန်က သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။ “ သူတို့က ဦးလေးနဲ့ ဒေါ်လေးအကြောင်းအပြင် ကျွန်မအဖေနဲ့ အမေအကြောင်းကိုလည်း ပြောထားသေးတယ်။ ”

ချန်ရှို့ချင်ရဲ့ မျက်နှာက မည်းမှောင်သွား၏။ စုယန်ယန် တစ်ဆင့် ပြန်ပြောပြတဲ့ “ ကလေးမရဘူး “ တို့ ဘာတို့လို ဆိုးဝါးသော စကားတွေအကြောင်း တွေးမိသောအခါ ထိုခွေးမိသားစုက သူမတို့ကိုလည်း စကားအကောင်းတွေ ပြောထားမှာ မဟုတ်မှန်း မုချ သိသည်။

“ သူတို့က ငါတို့အကြောင်း ဘာပြောထားတာလဲ။ ”

“ သူတို့က အမေ့ကို ကံကောင်းတယ်လို့ ပြောတယ်။ ကံကောင်းလို့ အဘွားရဲ့ ဗိုက်ထဲမှာ လူလာဖြစ်ခဲ့တာတဲ့။ ဒါပေမဲ့ ယောက်ျားတွေနဲ့ ပတ်သက်လာရင်တော့ အမြင်မရှိဘူးလို့ ပြောတယ်။ အဖေ့လို ဘာမဟုတ်တဲ့ လူမျိုးနဲ့ ချစ်မိသွားခဲ့တဲ့ အမေ့အတွက် အဘိုးက ချမ်းသာပြီး ဦးလေးကလည်း စိတ်ထားကောင်းတာကြောင့်သာ မဟုတ်ရင် အဖေတစ်ယောက်တည်းနဲ့ ဘဝကောင်းကောင်းမှာ ဘယ်လိုလုပ် ရပ်တည်နိုင်မှာလဲတဲ့။ ပြီးတော့ သူတို့က ထပ်ပြောသေးတယ် … ”

“ ဘာထပ်ပြောတာလဲ။ ”

ချန်ရှို့ချင်ရဲ့ မျက်နှာက ပြိုတော့မည့်မိုးနှယ် မည်းမှောင်နေခဲ့သည်။ သူမတစ်ယောက်တည်းကိုသာ မဟုတ်ဘဲ သူမရဲ့ ခင်ပွန်းကိုပါ ဦးတည်လာခြင်းက ချန်ရှို့ချင်အား မခံမရပ်နိုင်အောင် ဒေါသထွက်စေသည်။

“ သူတို့က အဖေက ပိုက်ဆံလည်းမရှိ ၊ အာဏာလည်းမရှိလို့ အဘိုးနဲ့ ဦးလေးကို ရန်မစရဲတာလို့တောင် ပြောခဲ့တယ်။ အဖေသာ ချမ်းသာသွားရင် အမေ့ကို ကန်ထုတ်ပြီး ငယ်ငယ်လှလှ ကောင်မလေးတစ်ယောက်ကို သေချာပေါက် ရှာလိမ့်မယ်တဲ့။ ”

ထိုစကားကို ကြားချိန်မှာတော့ လူကြီးမင်းစုရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားကာ ဒေါသလည်းထွက် ၊ သူ့ကို သူ့မိန်းမက မဆီမဆိုင် စိတ်ဆိုးမှာကိုလည်း စိုးရိမ်သွားကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ “ သူတို့ ပြောတဲ့ ပေါက်ကရစကားတွေကို နားထောင်မနေနဲ့နော်။ ကိုယ်က မင်းကိုပဲ ချစ်တာပါ။ ကိုယ့်မှာ ပိုက်ဆံရှိရှိ မရှိရှိ ကိုယ် ချစ်တဲ့ လူက မင်းတစ်ယောက်တည်းပဲ။ အဲ့ဒီ ငယ်ငယ်လှလှ ကောင်မလေးတွေကို ကိုယ် စိတ်မဝင်စားဘူး။ ”

ချန်ရှို့ချင်သည် အစတုန်းက အတော်လေး ‌ဒေါသထွက်နေခဲ့သော်လည်း သူ့စကားကြောင့် ရယ်ရမလား ၊ ငိုရမလား မသိတော့ပေ။ “ ကျွန်မ အဲ့ဒါကို ဒေါသထွက်တာ မဟုတ်ပါဘူးရှင်။ ”

+++++

All Chapters