← Chapters

အခန်း ၁၀၁၈

Vol. 68 Ch. 1018

အခန်း ၁၀၁၈

Vol. 68 Ch. 1018

1018 01

အခန်း ( ၁၀၁၈ ) အရှက်မရှိသော။

သူမက သူမရဲ့ ယောက်ျားကို အထင်သေးတဲ့ အတင်းအဖျင်းပြောသော မိန်းမနှင့် အရာရာတိုင်းကို တစ်ဖက်သတ် ဆွဲတွေးတတ်တဲ့ သဘောထားကျဉ်းမြောင်းသူတွေကို ဒေါသထွက်တာပင်။

အထူးသဖြင့် သူတို့ဟာ မနာလိုစိတ်တွေနှင့် ပူလောင်နေ၍ အမှန်တရားကိုတောင် လုံးဝ မမြင်နိုင်တော့ပေ။ သူတို့ ယုံကြည်ချင်တဲ့ အရာကို ယုံကြည်ခြင်းကသာ သူတို့ရဲ့ သိမ်ငယ်စိတ်နှင့် အကျည်းတန်သော နှလုံးသားကို ဖြေသိမ့်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းလို ပြုမူခဲ့ကြသည်။

ထိုအမျိုးသမီးက ချန်ရှို့ချင်နှင့် လက်ထပ်ပြီးနောက်မှာ လူကြီးမင်းစုရဲ့ လုပ်ငန်း တဖြည်းဖြည်း အောင်မြင်လာတာကို မြင်ပေမဲ့ အစောပိုင်း နေ့ရက်တွေမှာ သူတို့ရဲ့ လုပ်ငန်းကို စတင်ဖို့ လူကြီးမင်းစုနှင့် ချန်ရှို့ချင်တို့ အခက်အခဲတွေကို ဘယ်လောက်တောင် ကြိုးစားဖြတ်ကျော်ခဲ့ရလဲဆိုတာကို မမြင်ပေ။

သူမက လူကြီးမင်းစုနှင့် ချန်ရှို့ချင်ရဲ့ ရာစုနှစ်ကြာ ချစ်ခြင်းမေတ္တာတွေကိုတော့ ပိုလို့တောင် မျက်ကွယ်ပြုထားခဲ့ပါသည်။ တခြားလူတွေရဲ့ အလုပ်အကိုင်တွေ ၊ ခံစားချက်တွေကို စကားလုံးအနည်းငယ်နှင့် စော်ကားပုတ်ခတ်ခဲ့တဲ့ သူမက အလွန် အောက်တန်းကျသည်။

စုယန်ယန်က ဒေါသထွက်နေသော မိဘနှစ်ပါးကို ကြည့်ပြီး မျက်လွှာချလိုက်သည်။

သူမ လိမ်ပြောနေတာ မဟုတ်ပါ။ သူမရဲ့ အရင်ဘဝမှာတုန်းက ချန်ဖန့်လန်ရဲ့ လုပ်ရပ်တွေ ထွက်ပေါ်လာချိန်မှာ ဟောက်ချန်ဟွမ်းက သူ့ကို သင်ခန်းစာပေးခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူဟာ တစ်နှစ်ကို ဒေါ်လာ တစ်သန်းလောက် လစာရတဲဘ ဌာနအမှုဆောင်အရာရှိဘဝကနေ လမ်းဘေးမှာ ဘယ်သူမှ ငံ့မကြည့်တဲ့ အိပ်ခြေရာမဲ့ ခြေမသန်စွမ်းတစ်ယောက် ဖြစ်သွားခဲ့သည်။

ချန်ဖန့်လန်ရဲ့ အမေကတော့ သူမ အမြဲတမ်း ဂုဏ်ယူခဲ့ရတဲ့ သားဖြစ်သူဟာ အဲ့ဒီလို ဖြစ်သွားတာကို လက်မခံနိုင်ဘဲ ချက်ချင်းပဲ အရူးတစ်ပိုင်းဖြစ်သွားကာ ထိုစကားတွေ အပါအဝင် “ အမှန်တရား ” ဟု သူမဘာသာ သတ်မှတ်ထားသော စကားတွေအများကြီးကို ပြောဆိုကျိန်ဆဲခဲ့သည်။

စုယန်ယန်ကတော့ ချန်ဖန့်လန်ရဲ့ အမေဟာ အတွေးတွေကို ဒေါသပေါက်ကွဲစွာ ထုတ်ပြောနေတာလား ၊ ဒါမှမဟုတ် ပါးစပ်ထဲပေါ်ရာ ပေါက်တတ်ကရ စကားတွေကို လျှောက်ပြောနေတာလားဆိုတာ မပြောတတ်။

သူမရဲ့ စိတ်နေစိတ်ထားနှင့်ဆိုလျှင် ဒီလို စကားမျိုးတွေကို ပြောနိုင်ဖို့ဆို ဒေါသကြောင့် ရည်ရွယ်ချက်ရှိရှိ ချဲ့ကားကျိန်ဆဲတာ ဆိုလျှင်တောင် ထိုအတွေးတွေက သူမရဲ့ နှလုံးသားထဲမှာ အရင်ကတည်းက ရှိပြီးသားမို့ ‌လွယ်ကူချောမွေ့စွာ ပြောနိုင်တာပဲ ဖြစ်သည်။

“ ငါနဲ့ ရွှယ်ရူကို ကလေးမရဘူးဆိုပြီး လှောင်ပြောင်တဲ့အပြင် သူ့အစ်မနဲ့ ခဲအိုကိုလည်း အိမ်ထောင်ရေးအဆင်မပြေလို့ မကြာခင် ကွာရှင်းကြတော့မှာဆိုပြီး ကျိန်ဆဲသေးတာလား။ အဲ့လို လူမျိုးက ငါတို့နဲ့ မိသားစုနာမည် တစ်ခုတည်းအောက်က ဆွေမျိုးတဲ့။ အကြောင်းမသိတဲ့ လူတွေဆို ငါတို့က သူတို့ဘိုးဘေးတွေရဲ့ အုတ်ဂူတွေကို တူးဖော်ထားလို့ ငါတို့ကို ဒီလောက် မုန်းနေတာလို့ ထင်လိမ့်မယ်။ ”

စုယွီရွှမ်းက မျက်လုံးလှိမ့်ပြီး သတိပေးလိုက်သည်။ “ အတိအကျ ပြောရရင် သူတို့ဘိုးဘေးတွေရဲ့ အုတ်ဂူတွေကလည်း ကျွန်တော်တို့ဘိုးဘေးတွေရဲ့ အုတ်ဂူတွေပဲလေ ဦးလေး။ ”

ချန်ကျွင်းဟောက်က လည်ချောင်းနင်သွားကာ သူ့အကြီးဆုံးတူကို ရှက်ရှက်နှင့် မျက်စောင်းခဲလိုက်သည်။ ဒီလို အချိန်မျိုးမှာ သူတို့က ဘုံရန်သူတစ်ယောက်ကို ပူးပေါင်းဆန့်ကျင်ရမှာ မဟုတ်ဘူးလား … ။ ဘာလို့ အမှားလိုက်ထောက်နေတာလဲ … ။

စုယွီရွှမ်း : “ … ” အမှန်တရားအတိုင်း ပြောတာ ဘာမှားလို့လဲ … ။

သခင်ကြီးချန်က သားဖြစ်သူကို ကြည့်ကာ သူလည်း အလွန် ဒေါသထွက်သွားသည်။ “ ကျွင်းဟောက်နဲ့ ရွှယ်ရူ ကလေးမရတာ ဝဋ်ကြွေးကြောင့်လို့ သူတို့က ထင်နေတာလား။ ငါတို့မိသားစုက ဒီလို ဝဋ်ကြွေးမျိုးနဲ့ ထိုက်တန်ရအောင် ဘယ်လို ယုတ်မာကောက်ကျစ်တဲ့ လုပ်ရပ်တွေ လုပ်ထားလို့လဲ။ အနည်းဆုံးတော့ ငါတို့မိသားစုက အဲ့လို ဝဋ်ကြွေးခံရရင်တောင် သူတို့ ဘာမှ ပြောနေစရာ အကြောင်းမရှိဘူး။ ”

“ အဖေက အဲ့လို ထင်ပေမဲ့ တခြားလူတွေက အဲ့လို ထင်ချင်မှ ထင်မှာကိုး။ ” ချင်ရွှယ်ရူက ခပ်မဲ့မဲ့ ပြုံးလိုက်သည်။ “ အဖေ ယန်ယန် ပြောတဲ့ စကားကို မကြားဘူးလား။ သူက သမီးတို့မိသားစုမှာ ဆက်ခံသူတစ်ယောက်မှ မရှိစေဖို့နဲ့ သမီးတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လမ်းဘေးက လူတွေဆီ ရောက်သွားပါစေလို့ မျှော်လင့်နေတာ။ သူတို့ကရော လမ်းဘေးခွေး ၊ လမ်းဘေးကြောင်တွေပဲ မဟုတ်ဘူးလား။ သူတို့မိသားစု သမီးတို့ဆီကို အရှက်မရှိ ရောက်လာပြီး အခွင့်ကောင်းယူတဲ့ အချိန်ကို အဖေ မေ့သွားပြီလား။ ”

ချန်ရှို့ချင်ရဲ့ သတိပေးစကားကြောင့် သခင်ကြီးချန်ရဲ့ မျက်နှာ မည်းမှောင်သွားခြင်းနှင့်အတူ သူ့လက်ထဲက တုတ်ကောက်ကို နှစ်ချက်ဆင့် ဆောင့်ချလိုက်သည်။ မှတ်ဉာဏ်ဟောင်းတွေကြောင့် သူ့စိတ်ထဲမှာ စိတ်ပျက်ရွံရှာသွားတာ သိသာသည်။

ချန်ကျွင်းဟောက်နှင့် တခြားလူတွေကလည်း ရုတ်တရက် သဘောပေါက် နားလည်သွားသည်။ ထိုမိသားစုက ဒီအချိန်တစ်လျှောက်လုံး သူတို့မိသားစုကို မနာလိုစွာ ကျိန်ဆဲနေခဲ့တာပင်။ သူတို့မိသားစုရဲ့ စည်းစိမ်ဥစ္စာတွေကို မျက်စိကျနေပြီး သူတို့ကို သတ်ကာ သူတို့နေရာကို အချိန်မရွေး ဝင်ယူနေချင်ခဲ့သည်။

1018 02

ဒီဇာတ်လမ်းအရ သူတို့ဟာ ပြစ်မှုကျူးလွန်ဖို့ လုံလောက်တဲ့ တွန်းအားတစ်ခု ရှိနေခဲ့တာပါပဲ။

ဟောက်ချန်ဟွမ်းက သူတို့ရဲ့ စကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေခဲ့ကာ ခဏလောက် စဉ်းစားပြီးနောက် “ တကယ်တော့ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဆန်ပြုတ်လေးရဲ့ တစ်လပြည့်‌မွေးနေ့ပွဲအပြီးမှာ မိန်းမတစ်ယောက်က ကိုယ့်ကို ကုမ္ပဏီတွင်း အီးမေးလ်အကောင့်က‌နေ တစ်ခုခု ပို့ခဲ့တယ်။ ” ဟု အေးစက်စွာ ပြောလိုက်သည်။

++++++

All Chapters