အခန်း ၁၀၂၅
Vol. 69 Ch. 1025
1025 01
အခန်း ( ၁၀၂၅ ) အဲ့လို အာနိသင်ရှိတာလား။
စုယန်ယန်သည် သူမရဲ့ စားသောက်ဆိုင်မှာ ရောင်းချနေတဲ့ အမာရွတ်ပျောက်လိမ်းဆေးကို တ်ိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှယ ကြေညာပြီးနောက် ထိုကိစ္စကို ခေါင်းထဲက ခဏ ဖယ်ထုတ်ထားခဲ့သည်။
နောက် သုံး ၊ လေးရက်အကြာမှာတော့ စုယန်ယန်ကို စားသောက်ဆိုင်က လူတစ်ယောက်က စားသောက်ဆိုင်မှာ ရှိသမျှ အမာရွတ်ပျောက်လိမ်းဆေးတွေ ရောင်းထွက်သွားကြောင်း ရုတ်တရက် ဖုန်းဆက်၍ လှမ်းပြောကာ အခုချက်ချင်း ပစ္စည်းပြန်ဖြည့်မလား ၊ နည်းနည်းလောက် စောင့်မလားဟု မေးသည်။
စုယန်ယန်က ထိုစကားကို ကြားတော့ အနည်းငယ် အံ့ဩသွားသည်။ အရင်တုန်းက သူမက မြေစမ်းခရမ်းပျိုးသည့်အနေဖြင့်သာ ဆေးဘူးတွေကို စားသောက်ဆိုင်မှာ တင်ထားတာ ဖြစ်ပြီး များများစားစား ထုတ်လုပ်မထားပါ။
ပြီးတော့ အလှကုန်ပစ္စည်း ကုမ္ပဏီတချို့က စုယန်ယန်ဟာ အလှကုန်ပစ္စည်းတွေကို ထုတ်လုပ်ဖို့ စတင် စိတ်ဝင်စားလာတာကို သဘောပေါက်သွားပြီး သူတို့အတွက် အရေးပေါ် အခြေအနေကို ရောက်လာပြီဟု ခံစားခဲ့ကြရသည်။ ထို့ကြောင့် အွန်လိုင်းရေတပ်တွေကို ငှားရမ်းကာ အင်တာနက်ပေါ်မှာ သူမကို စော်ကားပြောဆိုစေခဲ့သည်။ သူတို့က စားသောက်ဆိုင်မှာ ရောင်းအားကောင်းနေသော ပစ္စည်း တချို့ကိုပါ လျှို့ဝှက်စွာ အသရေဖျက်လာခဲ့ကြပြီပဲ ဖြစ်သည်။
စုယန်ယန်က အဲ့ဒီကိစ္စတွေကို မသိတာ မဟုတ်ဘဲ အခုတလော လူတိုင်းရဲ့ စိတ်အာရုံက ချန်မိသားစုမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေဆီ အာရုံရောက်နေတာကြောင့် လောလောဆယ်မှာ ထိုလူတွေကို ဖြေရှင်းဖို့ အချိန်မရှိသေးတာပါ။
နောက်ဆုံးမှာတော့ သူမက ထိုလူတွေကို တန်ပြန် ထိုးနှက်စရာတောင် မလိုဘဲ ပြဿနာက သူ့ဘာသာသူ ပြေလည်သွားသည်တဲ့လား။
ဇဝေဇဝါဖြစ်နေသော စုယန်ယန်သည် သူမရဲ့ အကောင့်ထဲကို ဝင်ကြည့်လိုက်လျှင် ရေပန်းစားမှုစာရင်းမှာ ထိပ်ဆုံးရောက်နေသော #အံ့ဖွယ်ဆန်းကြယ်အမာရွတ်ပျောက်လိမ်းဆေး ဟူသည့် ခေါင်းစဉ်ကို မြင်လိုက်ရလေသည်။
ထိုခေါင်းစဉ်ကို နှိပ်ကြည့်လိုက်တော့ အလှအပရေးရာ ဘလော့ဂါတစ်ယောက်က သူမရဲ့ စားသောက်ဆိုင်မှာ ရောင်းချနေတဲ့ အမာရွတ်ပျောက်လိမ်းဆေးကို ဝယ်ယူအသုံးပြုကာ အမာရွတ်တိုးတက်မှု အခြေအနေအဆင့်ဆင့်ကိုပင် တိုက်ရိုက် ထုတ်လွှင့်ထားကြောင်း တွေ့ရသည်။
အရေးကြီးဆုံး အရာကတော့ ထိုဘလော့ဂါဟာ အမာရွတ်ပျောက်လိမ်းဆေးကို အသုံးပြုပြီးနောက်မှာ အမာရွတ်တွေ မှိန်ဖျော့သွားရုံသာမက အသားအရေပါ အရင်ကထက် ကြည်လင်ချောမွတ်လာတာပင်။
စုယန်ယန် : “ ??? ” ငါ့လိမ်းဆေးမှာ အဲ့လို အာနိသင်ရှိမှန်းတောင် မသိခဲ့ရပါလား … ။
အမာရွတ်ပျောက်လိမ်းဆေးကို စမ်းသပ် အသုံးပြုနေသော ရှောင်ခိုင်သည်လည်း ဒီလို အံ့ဩစရာ အဖြစ်အပျက်ကို မျှော်လင့်မထားခဲ့ပါ။ ဆန့်ကျင်မုန်းတီးသူတွေရဲ့ ထေ့ငေါ့စကားတွေကို သုံးရက်ကြာ တောင့်ခံပြီးနောက်မှာ မျက်နှာပေါ်က ဝက်ခြံအမာရွတ်များသည် သိသိသာသာ ပြောင်းလဲသွားပြီး များစွာ မှိန်ဖျော့လာခဲ့သည်။
သူမရဲ့ လက်မောင်းပေါ်က အမာရွတ်ကတော့ ဝက်ခြံအမာရွတ် သေးသေးလေးတွေထက် အနည်းငယ် ပိုပြင်းထန်သော်လည်း ပထမနေ့တုန်းက ဓာတ်ပုံတွေနှင့် ယှဉ်လိုက်လျှင် မူလတုန်းက ပြင်းထန်ခဲ့သော အမာရွတ်တွေဟာ အရင်ကထက် အရောင်ဖျော့လာပြီး အမာရွတ်ဘေးက အသားအရောင်နှင့် တဖြည်းဖြည်း နီးစပ်လာတာကို သိနိုင်သည်။
လက်နှင့် မျက်နှာပေါ်က အမာရွတ်တွေ ပြောင်းလဲလာတာကို မြင်ချိန်မှာ ရှောင်ခိုင်တစ်ယောက် ဝမ်းသာသွားသည်။ သူမကို အားပေးထောက်ခံသည့် ပရိသတ်တွေကိုလည်း ကျေးဇူးတင်မိကာ ဒီလိမ်းဆေးကို ပို၍ စစ်မှန်လက်တွေ့ကျသော ရီဗျူးပေးနိုင်ရန်အတွက် အများကြီး ပိုကြိုးစားခဲ့သည်။
......
သို့သော်လည်း သူမက အစပိုင်းမှာ အမာရွတ်တွေ ဖယ်ရှားဖို့ကိုပဲ အာရုံရောက်နေတာမို့ တခြားအကြောင်းတွေကို မတွေးမိခဲ့ပေ။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်အပြီး ရှစ်ရက်မြောက်နေ့မှာတော့ ရှောင်ခိုင်ရဲ့ အမေက “ နင် အခုတလော ညဘက်တွေ နောက်ကျတဲ့အထိ မနေလို့ ထင်တယ်။ နင့်အသားအရေက အရင်ကထက် ကြည်တောက်ရှင်းလာတယ်။ ” ဟု ဘာရယ်မဟုတ် ပြောခဲ့သည်။
ရှောင်ခိုင်လည်း အမေဖြစ်သူရဲ့ စကားကို ကြားချိန်မှာ ဆွံ့အသွားပြီး သူမရဲ့ မျက်နှာကို ကိုင်ကြည့်မိသည်။ စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေကြောင့်လား မသိပေမဲ့ သူမရဲ့ မျက်နှာအသားအရေက အမှန်တကယ်ပဲ နည်းနည်းလေး ပိုကောင်းလာသလို ခံစားရသည်။
သူမက နေ့ဘက်မှာ အလုပ်သွားပြီး ညဘက်မှာလည်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ရသေးတာမို့ နာရီနှင့်ချီပြီး မိတ်ကပ်လိမ်းထားရလေ့ရှိသည်။ ထို့ကြောင့် သူမရဲ့ အသားအရေက မထူးဆန်းစွာပဲ တဖြည်းဖြည်း ကြမ်းလာခဲ့သည်။ သူမ မိတ်ကပ်လိမ်းမထားတဲ့အချိန် အဝေးကနေ ကြည့်လျှင် မသိသာသော်လည်း အနီးကပ် ကြည့်လျှင်တော့ ဆိုးဝါးလှပါသည်။
ဒါကလည်း ဆန့်ကျင်မုန်းတီးသူတွေ သူမကို ဝေဖန်တိုက်ခိုက်တဲ့ အကြောင်းပြချက်တွေထဲက တစ်ချက် ဖြစ်သည်။ မိန်းကလေးတစ်ယောက်အဖို့ လှပသော အသားအရေ မရှိဘဲ အလှအပရေးရာ ဘလော့ဂါလုပ်ဖို့ မလွယ်ကူပါ။
1025 02
ရှောင်ခိုင်က ပထမတုန်းကတော့ အဲ့ဒါကို သိပ်အာရုံမစိုက်ဘဲ နေခဲ့သည်။ သူမရဲ့ မျက်နှာပေါ်က အမာရွတ်တွေ အရောင်မှိန်သွားပြီး အရင်ကလောက် ဖောင်းကြွမနေတော့တာမို့ မျက်နှာအသားအရေက ပိုကြည့်ကောင်းလာတာပါလို့သာ တွေးခဲ့သည်။
အမာရွတ်ပျောက်လိမ်းဆေးကို ပထမဆုံးအကြိမ် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်၍ လိမ်းပြပြီးနောက် ရက်အနည်းငယ်အကြာမှာတော့ ကြည့်ရှုသူတွေက ထိုအချက်ကို တဖြည်းဖြည်း သဘောပေါက်လာသလို သူမရဲ့ အသားအရေကောင်းလာခြင်းကို ဆွေးနွေးမှုတွေလည်း ရုတ်တရက် ပိုများလာ၏။
ရှောင်ခိုင်ရဲ့ အမာခံ ပရိသတ် တချို့သည် ဒီတစ်ပတ် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုမှာ သူမရဲ့ အသားအရေအခြေအနေကို အတူတကွ ပူးပေါင်း၍ စခရင်ရှော့တွေ ရိုက်ထားခဲ့ကြသည်။
++++