← Chapters

အခန်း ၁၀၂၆

Vol. 69 Ch. 1026

အခန်း ၁၀၂၆

Vol. 69 Ch. 1026

1026 01

အခန်း ( ၁၀၂၆ ) ကောင်းမွန်သော တုံ့ပြန်မှု။

မူလတုန်းကတော့ ရှောင်ခိုင်သည် အမာရွတ်ပျောက်လိမ်းဆေးကို နေ့စဉ်နှင့်အမျှ စမ်းသပ်အသုံးပြုနေရင်း ဘာမှ မခံစားခဲ့ရသော်လည်း အခုတော့ မျှော်လင့်မထားစွာပဲ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက အခြေအနေနှင့် နှိုင်းယှဉ်မိနေပြီ ဖြစ်သည်။ ဒီရက်ပိုင်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ ကြည့်ရှုသူတွေသာမက ရှောင်ခိုင်ကိုယ်တိုင်ပင်လျှင် ပုံမှန်မဟုတ်သော တစ်စုံတစ်ခုကို သတိပြုမိသည်။

သူမရဲ့ အသားအရေက အမှန်တကယ်ပဲ အများကြီး တိုးတက်ကောင်းမွန်လာပုံပေါ်၏။ အဲ့ဒါကို တခြားလူတွေသာ မသိရင် မသိမည် ၊ ကာယကံရှင်ဖြစ်တဲ့ ရှောင်ခိုင်က သေချာ သိသည်။ အသားအရေထိန်းသိမ်းရေးပစ္စည်း တချို့ကိုတော့ အသုံးပြုဖြစ်သော််လည်း ထိုပစ္စည်းတွေကိုပဲ တစ်နှစ်ပတ်လုံး သုံးလာခဲ့တာမို့ ထိုပစ္စည်းတွေရဲ့ ထိရောက်မှုကို သူမ ကောင်းကောင်း သိသည်။

ဒီတစ်ပတ် သူမ သုံးနေကျ အသားအရေထိန်းသိမ်းရေး ပစ္စည်းတွေထဲမှာ အသစ်တိုးလာတာဆိုလို့ အမာရွတ်ပျောက်လိမ်းဆေးဘူးပဲ ရှိသည်။

ထိုရှာဖွေတွေ့ရှိမှုက ရှောင်ခိုင်အား အံ့အားသင့်သွားစေသည်။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ လူများစွာက ထိုအ‌ကြောင်း မေးလာသောအခါ သူမကလည်း ဖုံးကွယ်မထားခဲ့ပါ။ များစွာသော ကြည့်ရှုသူတွေရှေ့မှာပဲ အမာရွတ်ပျောက်လိမ်းဆေးအပေါ် သူမရဲ့ အရှိအတိုင်း သုံးသပ်ချက်ကို ပြောပြလိုက်သည်။

ရလဒ်ကတော့ ဘာဖြစ်မလဲ ဆိုတာ ကြိုတင်ခန့်မှန်းလို့ ရသည်။ မူလတုန်းက စုယန်ယန်ရဲ့ စားသောက်ဆိုင်မှာ သိပ်ရောင်းအားမကောင်းတဲ့ အမာရွတ်ပျောက်လိမ်းဆေးဘူးတွေက ခဏချင်းအတွင်း ရောင်းကုန်သွားခဲ့သည်။

ရှောင်ခိုင်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက ဆန့်ကျင်မုန်းတီးသူ တချို့က ရှောင်ခိုင်အား နာမည်မရှိသော ၊ လုံခြုံမှုအာမခံချက်မရှိသော အမည်မသိ ကုန်ပစ္စည်းကို လိမ်ညာကြေညာပြီး မသမာသော နည်းလမ်းဖြင့် ပိုက်ဆံရှာနေသည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။

သို့သော်လည်း လွန်ခဲ့တဲ့ တစ်ပတ်အတွင်း သူမရဲ့ အမာရွတ်တွေရဲ့ ပြောင်းလဲမှုက မျက်မြင်ထင်ရှား ဖြစ်သလို သူမရဲ့ ပရိသတ်တွေ ပြုလုပ်ထားသော နှိုင်းယှဉ်ဖော်ပြချက်စာရင်းကလည်း မျက်မြင်ထင်ရှားပဲ ဖြစ်သည်။ အချက်အလက်တွေက ပါးစပ်ပြောထက် အများကြီး ပိုပြီး သက်ရောက်မှုရှိသည်။

ထို့ပြင် လူတချို့အတွက်တော့ လှချင်ပချင်တဲ့ ဆန္ဒက တခြား ဆန္ဒတွေထက် ကြီးမားသည်။

မိတ်ကပ်ကုမ္ပဏီတချို့က ရုတ်ရုတ်သဲသဲ အခြေအနေတွေကို အမြော်အမြင်ရှိရှိ တားဆီးခဲ့လျှင်တောင် ထိုလူတွေအား စုယန်ယန်ရဲ့ အမာရွတ်ပျောက်လိမ်းဆေးကို မဝယ်ယူအောင် မတားဆီးနိုင်ပေ။

စုယန်ယန်သည် သူမရဲ့ လိမ်းဆေးကို ချီးကျူးထားသော တင်ဆက်သူ မိန်းမလှလေးရဲ့ ဗီဒီယိုကို ကြည့်နေမိသည်။ သူမရဲ့ စိတ်ထဲမှာ ဒါက သူမရဲ့ လုပ်ငန်းကို ကျရှုံးစေချင်နေတဲ့ တစ်ဖက်ကုမ္ပဏီရဲ့ အကွက်ရွေ့မှု အသစ်ပဲလို့တောင် ခဏ သံသယဝင်သွားမိသည်။

နောက်ဆုံးမှာ လီအန်းနန်ဘက်က တုံ့ပြန်မှုကို ကြားတော့မှ စုယန်ယန်ရဲ့ သံသယတွေ လွင့်ပြယ်သွားတော့သည်။ စုယန်ယန်က ဒီလိမ်းဆေးကို စားသောက်ဆိုင်မှာ မရောင်းချခင်ကတည်းက လီအန်းနန်ထံ ဆေးဘူးတချို့ ပို့ပေးထားခဲ့သည်။

......

ဒါပေမဲ့ လီအန်းနန်ရဲ့ ခန္ဓာကိုယ်ပေါ်က မီးလောင်ဒဏ်ရာတွေက ပြင်းထန်သည်။ ရှောင်ခိုင်ရဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေက သူမရဲ့ အမာရွတ်တွေနှင့် ယှဉ်လိုက်လျှင် ဘာမှ မဟုတ်တာမို့ အာနိသင်ပြတာ အလွန် နှေးသည်။

စုယန်ယန်သည် လီမိသားစုရဲ့ ဖုန်းကောလ်ကို လက်ခံရရှိချိန်မှာ မိန်းမတစ်ယောက်ရဲ့ “ မိန်းကလေးစုလားဟင်။ ” ဆိုတဲ့ ငိုကြီးချက်မအသံကို အရင်ဆုံး ကြားရသည်။

1026 02

စုယန်ယန်က ဒီအခြေအနေကြောင့် ဆွံ့အသွားကာ စက္ကန့်ပိုင်းလောက် ကြာတော့မှ “ ဟုတ်ပါတယ်။ ကျွန်မပါ။ အခု ပြောနေတာ ဘယ်သူလဲလို့ မေးလို့ ရမလား။ ” ဟု ပြန်ပြောလိုက်သည်။

“ မင်္ဂလာပါ မိန်းကလေးစု။ ကျွန်မက အန်းနန်ရဲ့ အမေပါ … ”

စုယန်ယန် မျက်ခုံးပင့်သွားရသည်။ “ မင်္ဂလာပါ အမျိုးသမီးလီ။ မိန်းကလေးလီမှာ ပြဿနာတစ်ခုခု ရှိလို့လား။ ကျွန်မ ဟိုရက်တုန်းက ပို့ပေးထားတဲ့ လိမ်းဆေးက အလုပ်မဖြစ်လို့လား။ ”

“ မဟုတ်ပါဘူး မဟုတ်ပါဘူး။ မိန်းကလေးစု ပို့လိုက်တဲ့ လိမ်းဆေးက အသုံးဝင်ပါတယ်။ အရမ်းကို အသုံးဝင်ပါတယ်။ ” အမျိုးသမီးလီက ဖုန်းပြောနေရင်း ထပ်ငိုနေပြန်ပုံဖြင့် ဘာမှ မရှင်းပြဘဲ အကြာကြီး အသံတိတ်သွားလျှင် စုယန်ယန် စိတ်ရှုပ်ထွေးသွားရသည်။

အသုံးဝင်တယ်ဆိုလည်း သူက ဘာလို့ ငိုနေတာလဲ … ။ မိန်းကလေးလီရဲ့ အမေက သူ့သမီးကို မြန်မြန် သက်သာပြီး ပုံမှန်ဘဝမှာ မနေစေချင်တာလား … ။

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က ဖုန်းကို လွှဲပြောင်းယူလိုက်သောကြောင့် စုယန်ယန်တစ်ယောက် ဆက်တွေးခွင့်မရလိုက်ပါ။

“ မိန်းကလေးလီ။ ”

စုယန်ယန်က ထိုအသံဟာ လီအန်းနန်ရဲ့ အသံဖြစ်ကြောင်း တန်းမှတ်မိသည်။ “ ပြောပါ။ ”

“ ညီမရဲ့ အမေက အရမ်း စိတ်လှုပ်ရှားပြီး ခံစားချက်တွေကို မထိန်းနိုင်တော့လို့ ဘာပြောရမှန်း မသိတော့တာပါ။ အမေ့ကြောင့် အစ်မ စိတ်အနှောင့်အယှက်မဖြစ်ဖို့ မျှော်လင့်ပါတယ်။ ”

“ နင်က ယဉ်ကျေးလွန်းနေပါပြီ။ အမျိုးသမီးလီကြောင့် ငါ နည်းနည်းလေးမှ စိတ်အနှောင့်အယှက်မဖြစ်ပါဘူး။ နင်နဲ့ အမျိုးသမီးလီက ငါ့ကို ရုတ်တရက်ကြီး ဖုန်းဆက်လိုက်လို့ အံ့ဩသွားတာပါ။ ပြဿနာတစ်ခုခု ရှိလို့လား။ ”

“ တကယ်တော့ ဘာပြဿနာမှ မရှိပါဘူး။ အစ်မ ပို့ပေးထားတဲ့ လိမ်းဆေးကို ညီမ သုံးကြည့်ပြီးပြီ။ အာနိသင်က ညီမ ထင်ထားတာထက် ပိုထိရောက်မှုရှိတယ်။ အစ်မကို ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ အစ်မ အကြံပေးထားတဲ့အတိုင်း ပလတ်စတစ်ဆာဂျရီလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ညီမ ဆာဂျရီလုပ်ပြီးသွားရင်လည်း ညီမကို ရှေ့လျှောက် ဆက်ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။ အဲ့လိုဆို ညီမ အရမ်း ကျေးဇူးတင်မိမှာပါ။ ”

++++++

All Chapters