← Chapters

အခန်း ၁၀၂၈

Vol. 69 Ch. 1028

အခန်း ၁၀၂၈

Vol. 69 Ch. 1028

1028 01

အခန်း ( ၁၀၂၈ ) တော်တယ်။

သူမ ထင်ထားတဲ့အတိုင်းပဲ ထိုကိစ္စမှာ ချန်ဖန့်လန် ပါဝင်ပတ်သက်နေပါသည်။ ချန်ကျွင်းဟောက်ရဲ့ ကုမ္ပဏီမှာ အမှန်တကယ်ပဲ သစ္စာဖောက်တစ်ယောက် ရှိနေသည်။

သို့သော် ချန်ဖန့်လန်က ကုမ္ပဏီထဲကို မဝင်ရောက်နိုင်ခဲ့သလို အမှုဆောင်အရာရှိလည်း ဖြစ်မလာခဲ့သောကြောင့် သူ ဆက်သွယ်နိုင်တဲ့ စီနီယာ အမှုဆောင်အရာရှိတွေက အနည်းအကျဉ်းသာ ရှိသည်။ သူ ရှာနေတဲ့ သူလျှိုဟာ ကုမ္ပဏီထဲက ဌာနတစ်ခုရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်သည်။

ကုမ္ပဏီကို အတွင်းကျကျ စီမံခန့်ခွဲနိုင်စွမ်းရှိသူတွေနှင့် မဆက်သွယ်နိုင်လျှင် သူ့အရင်ဘဝတုန်းကလိုမျိုး သက်သေအတုတွေ လုပ်ကြံဖန်တီး၍ ချန်ကျွင်းဟောက်ရဲ့ ကုမ္ပဏီကို ပြိုလဲသွားအောင် လုပ်ဖို့ ပိုလို့တောင် မဖြစ်နိုင်ပေ။

စုယန်ယန်နှင့် ကျန်လူတွေကို အံ့အားသင့်စေတာက ဒီကိစ္စနောက်ကွယ်က တရားခံက ချန်ဖန့်လန် တစ်ယောက်တည်း မဟုတ်ဘဲ သူမတို့ရဲ့ အသိအကျွမ်းဟောင်းကြီး တစ်ယောက်ပါ ပါဝင်နေတာကြောင့်ပဲ ဖြစ်လေသည်။

“ စုန့်ယွမ်ယွမ် … ဟုတ်လား။ ဘယ်လိုလုပ်ပြီး သူ ဖြစ်နေရတာလဲ။ ”

ကျန်လူတွေက စုယန်ယန်ရဲ့ စကားကို ကြားသောအခါ ချက်ချင်းပဲ ခေါင်းမော့လာပြီး သူမကို ဝိုင်းကြည့်နေကြသည်။

“ နင် သူ့ကို သိနေတာလား ယန်ယန်။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်းကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ ဟောက်ချန်ဟွမ်းကလည်း ထိုနာမည်ကို ကြားချိန်မှာ အံ့အားသင့်သွားပုံပေါ်ပြီး အချိန်အတော်ကြာမှ “ သူက စုန့်မိသားစုရဲ့ သမီးပါ။ ” ဟု ဩရှသော အသံဖြင့် ပြောသည်။

“ စုန့်မိသားစု … ။ ဘယ်က စုန့်မိသားစုလဲ။ ”

သူ ထိုအကြောင်းကို ပြောပြဖိုဘ အရမ်း ရှက်ရွံ့နေမယ် ဆိုတာ စုယန်ယန် သိတာမို့ နှာခေါင်းတစ်ချက်ရှုံ့ပြီး သူ့ကိုယ်စား ရှင်းပြလိုက်သည်။ “ ဘယ်က စုန့်မိသားစုလဲတဲ့လား။ သူက ရှင့်ကို အသည်းအသန် လိုက်ပိုးပန်းခဲ့ဖူးတယ်လို့ ရှင် ဘာလို့ မပြောတာလဲ။ ”

“ ဘယ်လို။ ”

လူကြီးတွေက ထိုစကားကို ကြားသောအခါ သူတို့မျက်လုံးတွေက ဟောက်ချန်ဟွမ်းကို ဆလိုက်မီးတွေ ချိန်ရွယ်ထားသလို ဝိုင်းကြည့်ခဲ့ကြသည်။ အကြည့်တွေက ဖြစ်နိုင်ရင် သူ့ကို အခုချက်ချင်း ဆန်ကာနှင့် ခြစ်ချချင်နေသလိုမျိုးပါပဲ။

ဟောက်ချန်ဟွမ်းက သူတို့ကြောင့် အလွန် စိတ်ဖိစီးသွားကာ ကိုယ့်ကိုယ်ကိုယ် သတ္တိစုစည်း၍ ပြောလိုက်သည်။ “ ကျွန်တော့်ဘက်က သူ့ကို သဘောလည်းမကျဘူး ၊ တစ်ခါမှလည်း ကောင်းကောင်း မဆက်ဆံပေးခဲ့ပါဘူး။ ကျွန်တော့်စကားတွေကို သက်သေပြပေးနိုင်ပါတယ်။ ”

…….

ချန်ရှို့ချင်က မျက်ခုံးပင့်ပြီး သမီးဖြစ်သူကို ကြည့်လိုက်သည်။ “ တကယ်လား။ ”

“ အင်း။ သူက ဟောက်မိသားစုမှာ မတော်တဆမှုတွေ မဖြစ်ခင်တုန်းက ဟောက်ချန်ဟွမ်းနဲ့ လက်ထပ်ချင်လို့ သူ့နောက်ကို တကောက်ကောက် လိုက်ပြီး နှောင့်ယှက်နေခဲ့တာ။ အဲ့ဒီနောက်ပိုင်း ဟောက်မိသားစုမှာ မတော်တဆမှုတွေ ဖြစ်သွားသလို ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်ကလည်း ထိခိုက်သွားတယ်။ သူလည်း ဟောက်ချန်ဟွမ်းဘေးကနေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး သူတို့တစ်မိသားစုလုံး နိုင်ငံခြားကို ပြောင်းရွှေ့သွားကြတယ်။ ”

စုယွီရွှမ်းက မျက်လုံးကြုတ်လိုက်ပြီး သူ့ညီမရဲ့ စကားထဲက ဟာကွက်ကို ချက်ချင်း သတိပြုမိသွားသည်။ “ အဲ့မိန်းမက မတော်တဆမှုမဖြစ်ခင်မှာ ဟောက်ချန်ဟွမ်းကို လိုက်နှောင့်ယှက်ခဲ့တယ်လို့ နင် ပြောလိုက်တာလား ၊ ဒါပေမဲ့ နင်က အဲ့အချိန်တုန်းက ဟောက်ချန်ဟွမ်းနဲ့မှ မသိတာ။ နင် အဲ့အကြောင်းတွေကို ဘယ်လို သိနေတာလဲ။ ”

“ အမ် … အဲ့ဒါက … ” စုယန်ယန်က ခင်ပွန်းဖြစ်သူကို ကူကယ်ရာမဲ့နေသော အကြည့်ဖြင့် လှည့်ကြည့်လိုက်လျှင် ဟောက်ချန်ဟွမ်းသည် သက်ပြင်းရှိုက်ပြီး အမှန်အတိုင်း ပြောလိုက်ရပါတော့သည်။

“ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက အဲ့မိန်းမ ပြန်ရောက်လာတယ်။ ယန်ယန် ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်မှာ သူက သံသယဖြစ်စရာကောင်းတဲ့ ပစ္စည်းတစ်ခုကို ပို့ပြီး ကျွန်တော်တို့လင်မယားကြား ကုန်းတိုက်ခဲ့တယ်။ ”

ဟောက်ချန်ဟွမ်းရဲ့ စကားကို ကြားလျှင် ဧည့်ခန်းထဲက လူတွေရဲ့ မျက်နှာအမူအရာက နောက်တစ်ကြိမ် ပြောင်းလဲသွားလေသည်။

ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်‌တွေ လှုပ်ရှားလို့ မရတာ အချိန်အတော်ကြာခဲ့ပါပြီ။ ဟောက်ချန်ဟွမ်း မတော်တဆမှု ဖြစ်ပွားချိန်မှာ မိန်းကလေးစုန့်က ယုန်တစ်ကောင်ထက်တောင် လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။ သူမရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး မဖြစ်မနေ မလိုအပ်ဘဲ ဒီနိုင်ငံကို ပြန်လာဖို့ ရည်ရွယ်ချက်မရှိတာ သိသာထင်ရှားသည်။

1028 02

သို့သော်လည်း လက်တွေ့မှာတော့ သူမက ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားသော လွန်ခဲ့တဲ့တစ်နှစ်တုန်းက ပြန်လာခဲ့သည်။ သုမက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ မတည်ငြိမ်သော စိတ်အခြေအနေကို အခွင့်ကောင်းယူပြီး စုယန်ယန် ကိုယ်ဝန်ရှိနေတုန်း ပြဿနာဖြစ်အောင် လှုံ့ဆော်၍ သူတို့လင်မယားကြား သပ်လျှိုသွင်းဖို့တောင် အကွက်ကျကျ ကြံစည်ခဲ့သည်။

သူမ ပြန်လာရတဲ့ ရည်ရွယ်ချက်ကို လူတိုင်း သိသည်ဟု ပြောလို့ ရသည်။

“ ငါ ဘာလို့ အဲ့သတင်းကို မကြားခဲ့တာလဲ။ ”

စုယန်ယန်က မလုံမလဲနှင့် နှာခေါင်းပွတ်လိုက်သည်။ “ ထွေထွေထူးထူး ပြဿနာ မဟုတ်လို့ပါ။ ညီမလည်း အဲ့ကိစ္စကို စိတ်ထဲ သိပ်မထည့်ခဲ့ဘူး။ ချန်ဟွမ်းက သူ့လက်ချက် ဆိုတာ သိတာနဲ့ အဲ့ကိစ္စကို ချက်ချင်း ဖြေရှင်းပေးခဲ့တယ်လေ။ အဲ့ဒါကြောင့် ညီမ ဘာမှ ပြောမပြခဲ့တာပါ။ ”

“ ဘယ်လို ဖြေရှင်းပေးတာလဲ။ ”

“ ကျွန်တော့်လူတွေကို သူ နေတဲ့ နေရာကို စုံစမ်းခိုင်းပြီး သူ့ကို ပြန်ပေးဆွဲခိုင်းလိုက်တာပါ ၊ ပြီးတော့ လေယာဉ်ပေါ် တင်ပြီး လာရာလမ်းအတိုင်း နိုင်ငံခြားကို ပြန်ပို့ပေးလိုက်တယ်။ ”

ဟောက်ချန်ဟွမ်းက ထိုသို့ ပြောလိုက်သောအခါ အားလုံးရဲ့ သူ့ကို ကြည့်သော အကြည့်တွေက ထပ်မံ ပြောင်းလဲသွားပြန်၏။ ခုနတုန်းကလောက် မအေးစက်တော့ဘဲ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားသော အကြည့်ပင်။

ဟောက်ချန်ဟွမ်း အဲ့ဒီလို လုပ်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားပုံပေါ်သည်။ သူမကို ကြိုးနှင့် ချည်ပြီး လေယာဉ်ပေါ် တင်ပေးကာ ပြန်လွှတ်လိုက်ခြင်းက ရက်စက်ရာကျသည်။

ဒါပေမဲ့ ထိုအမျိုးသမီးက စုယန်ယန်ရဲ့ မိသားစုဘဝကို ဖျက်ဆီးဖို့ ကြိုးစားခဲ့သူဖြစ်ကြောင်း သတိရသွားချိန်မှာတော့ သူတို့အားလုံး ဟောက်ချန်ဟွမ်းအား “ တော်တယ်။ ” ဟု တညီတညွှတ် ပြောလိုက်ကြသည်။

+++++

All Chapters