← Chapters

အခန်း ၁၀၂၉

Vol. 69 Ch. 1029

အခန်း ၁၀၂၉

Vol. 69 Ch. 1029

1029 01

အခန်း ( ၁၀၂၉ ) ရန်သူနှင့်တူသော ဆွေမျိုးများ။

ဟောက်ချန်ဟွမ်းသည် သူတို့ရဲ့ မျက်နှာကြည်လင်လာတာကို မြင်တော့မှ သူ ဘေးဒုက္ခဆိုးထဲကနေ လွတ်မြောက်သွားကြောင်း နားလည်သွားကာ စိတ်သက်သာရာရသွားသော သက်ပြင်းမောလေး ချလိုက်မိသည်။

သူ တစ်ဖက်ကို လှည့်ကြည့်လိုက်တော့ စုယန်ယန်ရဲ့ ပြုံးရိပ်သမ်း‌နေသော မျက်လုံးတို့နှင့် ရင်ဆိုင်ရသည်။ သူ တစ်ချိန်တည်းမှာပဲ စိတ်လည်းညစ် ၊ ရယ်လည်းရယ်ချင်သွားမိပါသည်။

“ ကျွန်တော် သူ့ကို နိုင်ငံခြားကို ပြန်လွှတ်လိုက်တုန်းက ကျွန်တော့်ရဲ့ လူတစ်ယောက်ကိုတောင် သူ့ကို မက်ဆေ့ခ်ျပို့ခိုင်းလိုက်သေးတယ်။ သူက ကျွန်တော့်မက်ဆေ့ခ်ျကို အလေးအနက်မထားဘဲ ပြန်လာရဲတာပဲ။ ”

ဟောက်ချန်ဟွမ်းရဲ့ စကားကို ကြားတော့ စုယွီရွှမ်းက အေးစက်စွာ လှောင်ရယ်လိုက်သည်။ “ သူက အစာကျွေးတဲ့ လက်ကိုတောင် ပြန်ကိုက်ရဲတယ်ဆိုတော့ စိတ်ပူနေစရာ ဘာရှိလဲ။ ဒါပေမဲ့ မင်းတို့နှစ်ယောက် စိတ်ပြင်ဆင်ထားလို့ ရအောင် ပြောရမယ့် စကားတော့ ရှိတယ်။ ”

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး “ ဘာအကြောင်းလဲ။ ” ဟု စူးစူးစမ်းစမ်း မေးလိုက်ကြသည်။

“ ငါ စုံစမ်းထားသလောက်တော့ မိန်းကလေးစုန့် ဒီနိုင်ငံကို ပြန်လာပြီး ဒီကိစ္စမှာ ပါဝင်ပတ်သက်နိုင်တာက သူ့ဆွေမျိုးတစ်ယောက်ရဲ့ အဆက်အသွယ်တွေကို ယူသုံးခဲ့လို့ပဲ။ ”

“ ဆွေမျိုး … ဟုတ်လား။ ” ဟောက်ချန်ဟွမ်းရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ “ မဟုတ်မှလွဲရော … ”

သူ့စကားကို ကြားသည်နှင့် စုယန်ယန်က သူ တစ်ခုခုကို သိထားမှန်း သဘောပေါက်သွားကာ စစ်ဆေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဟောက်ချန်ဟွမ်းက ဘာကိုမှ ဖုံးကွယ်မထားတော့ပါ။ “ အဒေါ်စုန့်ပဲ ဖြစ်ရမယ်။ ”

“ အဒေါ်စုန့် … ” စုယန်ယန် ထိတ်လန့်သွားသည်။ အဒေါ်စုန့်ရဲ့ မျိုးရိုးနာမည်ကလည်း စုန့် ဖြစ်သော်လည်း အဒေါ်စုန့်မှာ မိန်းကလေးစုန့်နှင့် ပတ်သက်မှုရှိနေလိမ့်မည်ဟု လုံးဝ မထင်ခဲ့ပါ။

“ သူက မိန်းကလေးစုန့်နဲ့ ဆွေမျိုးတော်တာလား။ ”

“ အင်း ၊ ဒါပေမဲ့ သွေးဝေးတဲ့ ဆွေမျိုးတွေပါ။ ” ဟောက်ချန်ဟွမ်းက စကားခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။ “ စုန့်မိသားစုက အမြဲတမ်း … အင်အားကြီးခဲ့တယ်။ ”

ဥပမာပေးရလျှင် စုန့်ယွမ်ယွမ် ဟောက်ချန်ဟွမ်းကို သဘောကျရတဲ့ အကြောင်းအရင်းက သူ့ရုပ်ရည် တစ်ခုတည်းကြောင့် မဟုတ်ဘဲ ဟောက်မိသားစုရဲ့ သခင်လေး ၊ ဟောက်ကော်ပိုရေးရှင်းရဲ့ အနာဂတ်ဆက်ခံသူ ဆိုတဲ့ သူ့နေရာကြောင့်လည်း ပါသည်။ သူမနှင့် ဟောက်ချန်ဟွမ်းနှင့် လက်ထပ်ပြီး အမြင့်ကို တက်လှမ်းချင်ခဲ့တာပင်။

......

“ အဒေါ်စုန့်ရဲ့ အဖေက သာမန် မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့လို့ စုန့်မိသားစုနဲ့ ဆွေမျိုးခန်းပြတ်သွားတာ။ စုန့်ယွမ်ယွမ် ကိုယ့်ကို လိုက်ပိုးပန်းနေတဲ့အချိန်မှာ ကိုယ့်မိဘတွေက အဒေါ်စုန့်နဲ့ အဆက်အသွယ်မရှိတာ ကြာပြီ။ ဒါပေမဲ့ သူတို့က အဒေါ်စုန့်နဲ့ ကိုယ့်မိဘတွေနဲ့ ရင်းနှီးတယ် ဆိုတဲ့ သတင်းကို တစ်နေရာရာကနေ ကြားသွားတယ်။ အဲ့ဒါနဲ့ အဒေါ်စုန့်အိမ်ကို နေ့တိုင်း တပူပူ တကျီကျီ သွားလုပ်ပြီး အဒေါ်စုန့်ကို ကိုယ့်အမေဆီ ဖုန်းဆက်ခိုင်းတယ်။ စုန့်ယွမ်ယွမ်နဲ့ ကိုယ်နဲ့ လက်ထပ်နိုင်အောင်လို့ စုန့်ယွမ်ယွမ်ဘက်ကနေ အကောာင်းပြောပေးခိုင်းတာပေါ့။ ”

စုယန်ယန် မျက်လုံးပြူးသွားရ၏။ ဒီဇာတ်လမ်းနောက်ကွယ်မှာ အဲ့ဒီလို သမိုင်းကြောင်း ရှိနေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

“ ဒါဆို အဒေါ်စုန့်က … ”

“ အဒေါ်စုန့်ကတော့ ရှုပ်ရှုပ်ယှက်ယှက်တွေကို သဘောမကျဘူး။ သူက ကိုယ့်အမေကို ကိုယ့်အမေကို စုန့်ယွမ်ယွမ်နဲ့ ပတ်သက်ပြီး အကောင်းပြောမပေးရုံသာမက စုန့်မိသားစုရဲ့ သူ့ရဲ့ သမိုင်းကြောင်းကိုပါ ရှင်းပြခဲ့တယ်။ ပြီးတော့ ဦးလေးလော့နဲ့ အိမ်ပြောင်းသွားခဲ့တယ်။ ”

“ ခွီး … ” စုယန်ယန်တစ်ယောက် ရယ်ချင်စိတ်ကို ထိန်းချုပ်မရတော့ဘဲ ရယ်ချလိုက်မိသည်။ “ စုန့်မိသားစုက ဘယ်လောက်တောင် ဆိုးဝါးတဲ့ မကောင်းဆိုးဝါးမိသားစုမို့လို့ အဒေါ်စုန့်က သူတို့ကြောင့် အိမ်ပါ ပြောင်းသွားရတာလဲ။ ”

ဟောက်ချန်ဟွမ်းက သူမရဲ့ ရယ်သံကို ကြားသောအခါ ပြုံးလိုက်သည်။ “ သူတို့က မကောင်းဆိုးဝါးတွေပဲ မဟုတ်လား။ လူတစ်ယောက်ကို သူတို့ မလိုအပ်တော့ရင် လှည့်တောင် မကြည့်ဘူး။ သူတို့ လိုအပ်ရင်တော့ ကော်လို ကပ်နေလိမ့်မယ်။ သူတို့က သွေးစုပ်ဖုတ်ကောင်တွေထက်တောင် ပိုကြောက်စရာကောင်းတယ်။ အဒေါ်စုန့်က စိတ်ရှုပ်ရတာတွေကို သည်းမခံနိုင်လို့ အိမ်ပြောင်းပြေးသွားတာ ထင်တယ်။ ”

“ အဲ့ဒီနောက်ပိုင်း ဘာဆက်ဖြစ်လဲ။ ”

1029 02

“ တခြား ရှိဦးမလား။ ကိုယ့်မိဘတွေက အစတုန်းက စုန့်ယွမ်ယွမ်ကို အမြင်ကြည်ပေမဲ့ အရမ်းကြီး သဘောကျတာတော့ မဟုတ်ဘူး။ သူတို့က မိန်းကလေးဘက်ကနေ ကိုယ့်ကို လိုက်ပိုးပန်းတာ တော်တော်လေး ချီးကျူးစရာကောင်းတယ်လို့ ထင်လို့ စုန့်ယွမ်ယွမ်ကို ဘာမှ မပြောခဲ့တာ။ အဲ့အချိန်မှာ ကိုယ်က သူ့ကို သဘောမကျဘူးဆိုတဲ့ အကြောင်းကို ကိုယ့်မိဘတွေ သိအောင် ရှင်းရှင်းလင်းလင်း ပြောပြလိုက်တယ်။ သူတို့မိသားစုက အဲ့လိုမျိုး ပြဿနာရှာနေတော့ စုန့်ယွမ်ယွမ်အပေါ် အမြင်ကြည်ခဲ့တဲ့ ကိုယ့်မိဘတွေလည်း စိတ်ပျက်သွားတယ်။ ”

စုယန်ယန်နှင့် ကျန်လူများသည် ထိုစကားကို ကြားလျှင် သက်ပြင်းရှိုက်လိုက်ကြသည်။ ဆိုးဝါးသော အဖြစ်အပျက်နှစ်ခုဟာ တစ်ချိန်တည်းမှာ ဖြစ်ပေါ်လာပြီး ကိစ္စတွေက ဟောက်ချန်ဟွမ်းတို့မိသားစုအတွက် ပိုလို့တောင် အခက်တွေ့ခဲ့ရသည်ဟု ပြောလို့ ရသည်။

“ ရှင် ပြောတဲ့အတိုင်းဆို အဒေါ်စုန့်နဲ့ စုန့်မိသားစုရဲ့ ဆက်ဆံရေးက မပြေလည်တဲ့ပုံပဲ။ ” စုန့်မိသားစုသည် ဆွေမျိုးတော်စပ်မှုတွေအကြောင်းတွေပါ ထည့်ပြောတဲ့အထိ တစ်ဖက်လူရဲ့ နောက်ခံကို လွန်ကြူးစွာ ဖော်ထုတ်ခဲ့လေသည်။ သူတို့က ဆွေမျိုးဆိုတာထက် ရန်သူတွေနှင့် ပိုတူသည်။

+++++

All Chapters