← Chapters

အခန်း ၁၀၃၀

Vol. 69 Ch. 1030

အခန်း ၁၀၃၀

Vol. 69 Ch. 1030

1030 01

အခန်း ( ၁၀၃၀ ) အတူတကွ ပူပေါင်းကြံစည်နေသော အမှိုက်နှစ်ကောင်။

“ ဒါဆို သူက ဘယ်လိုလုပ် အဒေါ်စုန့်ရဲ့ အဆက်အသွယ်တွေကို အသုံးပြုပြီး ဒီကိစ္စတွေ လုပ်နိုင်တာလဲ။ ”

ဟောက်ချန်ဟွမ်းက မျက်လုံးတွေကို ကျဉ်းမြောင်းပြီး လှောင်ရယ်လိုက်သည်။ “ သူ ဒီကိစ္စတွေကို အဒေါ်စုန့်ရဲ့ နောက်ကွယ်မှာ မသိအောင် လုပ်ခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဒေါ်စုန့် သိသည်ဖြစ်စေ ၊ မသိသည်ဖြစ်စေ သူ့ကို အသိပေးလိုက်တာ အကောင်းဆုံးပဲ။ ”

စုယန်ယန်မှာ ထိုကိစ္စကို ကန့်ကွက်စရာမရှိပါ။ သူမက လော့ပေါင်ကမ်းတို့ဇနီးမောင်နှံကို အမြင်ကြည်လင်ပြီးသား ဖြစ်ပြီး သူတို့မိသားစုက စုန့်မိသားစုနှင့် ဆက်ဆံရေးမပြေလည်ဘူး ဆိုတာလည်း သိသည်။ ထို့ကြောင့် ဒီကိစ္စကို သူတို့ မသိနိုင်ချေ ပိုများသည်ဟု ခံစားရသည်။

ဘေးက နားထောင်နေတဲ့ စုယွီရွှမ်းက အခြေအနေတွေကို အကြမ်းဖျင်း နားလည်သွားကာ တစ်ချိန်တည်းမှာ ဒေါသလည်းထွက် ၊ ရယ်လည်း ရယ်ချင်သွားသည်။ “ ဒါဆို နင့်ကို ကြိုက်နေတဲ့ အမှိုက်ကောင်နဲ့ နင့်ယောက်ျားကို ကြိုက်နေတဲ့ အမှိုက်ကောင်မက ဒီတစ်လျှောက်လုံး တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ပေါင်းကြံခဲ့ကြတာပေါ့။ သူတို့က နင်တို့နှစ်ယောက်ကို အိမ်ထောင်ရေးပြိုကွဲအောင် လုပ်ဖို့ ကြိုးစားနေတာလား။ ”

ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်တို့ ဆွံ့အသွားကြသည်။ သူတို့ကို အိမ်ထောင်ရေးပြိုကွဲအောင် လုပ်ဖို့ ကြိုးစားနေတယ်တဲ့လား … ။

ဒီပြဿနာရဲ့ ကာယကံရှင်နှစ်ယောက်လုံး ဆွံ့အသွားရုံသာမက ကျန်လူတွေပါ သူ့စကားကြောင့် ထိတ်လန့်သွား၏။

အခန်းထဲမှာ ရုတ်တရက် တိတ်ဆိတ်ငြိမ်ကျသွားပြီး နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က မအောင့်နိုင်တော့ပုံဖြင့် ထရယ်ခဲ့သည်။ အဲ့ဒီတော့မှ ကျနိလူတွေလည်း သတိဝင်လာပြီး စတင်ရယ်မောခဲ့ကြသည်။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက စိတ်ပျက်လက်ပျက် မျက်နှာလေးတွေနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပေမဲ့ သူတို့မှာ ခွန်းတုံ့ပြန်နိုင်စွမ်း မရှိပေ။

ထိုညမှာပဲ ဟောက်ချန်ဟွမ်းက လော့ပေါင်ကမ်းကို ဖုန်းဆက်ပြီး အကြောင်းစုံကို ပြောပြလိုက်လျှင် သူတို့နှစ်ယောက်လုံး အံ့ဩသွားလေသည်။ အထူးသဖြင့် စုန့်လင်ဟွာပဲ ဖြစ်သည်။

“ သူ ပြန်လာတယ် ဆိုကတည်းက မကောင်းတာ တစ်ခုခု ဖြစ်တော့မယ် ဆိုတာ ငါ သိတယ်။ ”

စုန့်လင်ဟွာက သူမရဲ့ မိသားစုကို သဘောမကျသော်လည်း သူမက လူကြီးတစ်ယောက် ဖြစ်နေဆဲမို့ အငယ်တွေနှင့် ရန်ဖြစ်ရတာ သဘောထားသေးသိမ်ရာကျပါလိမ့်မည်။

ထို့ကြောင့် စုန့်ယွမ်ယွမ် ပြန်ရောက်လာတာကို သိပ်ဂရုမစိုက်ခဲ့တာ ဖြစ်သည်။ ထိုကောင်မလေး ဘာပြဿနာမှ မရှာသရွေ့ ထူးဆန်းသော ဒီဆွေမျိုးကို သူမ မျက်ကွယ်ပြုထားပေးနိုင်သည်။

......

စုန့်လင်ဟွာက ထိုကောင်မလေးကို လျစ်လျူရှုထားလိမ့်မည်လို့ ဘယ်သူက တွေးမိမှာလဲ … ။ ထိုကောင်မလေးက သူမရဲ့ မိသားစုကို အစွမ်းကုန် ကြိုးစား၍ ပြဿနာရှာခဲ့ပြီး သူမတို့လင်မယားရဲ့ အိမ်ထောင်ရေးကိုပင် ပြိုကွဲသွားစေလုနီးပါး ဖြစ်ခဲ့ရသည်။

“ ချန်ဟွမ်းနဲ့ ယန်ယန် … ဒီပြဿနာက တကယ်ပဲ ငါတို့ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်သွားတာပါ။ ငါ လုံးဝ ထင်မထားခဲ့ … ”

စုယန်ယန်သည် စုန့်လင်ဟွာရဲ့ စကားထဲက အပြစ်ရှိစိတ်ကို ခံစားနိုင်သည်။ “ ကျွန်မ သိပါတယ်။ အဒေါ်နဲ့ ဒါရိုက်တာလော့ရဲ့ စရိုက်ကို ကျွန်မ သိပါတယ်။ မဟုတ်ရင် ဒီအကြောင်းကို သိသိချင်း အဒေါ်တို့ကို ဖုန်းဆက်ခဲ့မှာ မဟုတ်ဘူး။ အနာဂတ်မှာ မလိုအပ်တဲ့ နားလည်မှုလွဲတာတွေ မဖြစ်စေချင်လို့ အဒေါ်တို့ကို ဇာတ်လမ်းတစ်ခုလုံးကို အသိပေးတာပါ။ ”

“ ဒါပေါ့ … ဟုတ်ပါတယ်။ ” စုန့်လင်ဟွာက စုယန်ယန်ရဲ့ စကားကို ကြားတော့မှ စိတ်သက်သာရာရသွားသည်။ စုယန်ယန်အား လီမိသားစုရဲ့ မြေးမလေးကို ဆေးကုသပေးဖို့ အားနာနာနှင့် အကူအညီတောင်းခဲ့တာ ရက်ပိုင်းပဲ ရှိပါသေးသည်။ အခု သူမရဲ့ ဆွေမျိုးတွေက စုယန်ယန်ရဲ့ အမေတို့မိသားစုကို နောက်ကျောဓားနှင့်ထိုးနေပြန်သည်။

စုန့်လင်ဟွာတို့ဇနီးမောင်နှံသည် ထိုသို့ တွေးမိတိုင်း စိတ်ထဲမှာ ရှက်ရွံ့အားနာကာ တောင်းတောင်းပန်ပန် ပြောလိုက်သည်။ “ ဒီကိစ္စကို ငါ မသိခဲ့ပေမဲ့ သူက ငါတို့ရဲ့ နာမည်နဲ့ လုပ်သွားတာဆိုတော့ နင်နဲ့ နင့်အဘိုးကို ငါတို့ စိတ်ပျက်အောင် လုပ်မိပြီ … ”

“ ကျေးဇူးပြုပြီး အဲ့လို မပြောပါနဲ့ အဒေါ်စုန့်ရယ်။ ဒီကိစ္စက အဒေါ်နဲ့မှ မဆိုင်တာကို ကျွန်မတို့က ဘယ်လိုလုပ်ပြီး သူများအပြစ်ကို အဒေါ့်ကို တာဝန်ယူခိုင်းရမှာလဲ။ အဒေါ့်ကို ဒီနေ့ ဖုန်းဆက်လိုက်ရတဲ့ အဓိက အကြောင်းအရင်းက အခု ဖြစ်ပျက်နေတဲ့ အခြေအနေကို လူတိုင်း ကောင်းကောင်း နားလည်အောင်လို့ပါ။ ဒုတိယ အကြောင်းပြချက်ကတော့ သူ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် သူ့ကို တာဝန်ယူခိုင်းချင်လို့ပါ။ အဲ့ဒီတော့ အဒေါ်နဲ့ ဒါရိုက်တာ‌လော့တို့ … ”

1030 02

စုန့်လင်ဟွာက ဉာဏ်မဝေးတာမို့ စုယန်ယန် ပြောချင်တဲ့ အဓိပ္ပာယ်ကို တန်းသိသည်။ “ အဲ့ဒါကိုတော့ တွေးပူမနေပါနဲ့။ ငါတို့က ဆွေမျိုးတွေဆိုပေမဲ့ အဆက်အဆံမရှိတော့တာ ကြာလှပြီ။ ဒီပြဿနာကို နင့်စိတ်တိုင်းကျ ကိုယ်တွယ်ဖြေရှင်းလိုက်ပါ။ ငါတို့ကို စိတ်မပူနဲ့။ ”

+++++

All Chapters