← Chapters

အခန်း ၁၀၃၇

Vol. 70 Ch. 1037

အခန်း ၁၀၃၇

Vol. 70 Ch. 1037

အခန်း ( ၁၀၃၇ ) မင်းသဘော။

ချန်ဖန့်လန်ရဲ့ မျက်နှာက မည်းမှောင်သွားပြီး လှောင်ရယ်လိုက်သည်။ “ ဒါဆို ဒါကလည်း မင်း ပြောခဲ့တဲ့ ငယ်ဘဝချစ်သူ ဆိုတာလား။ သူ မင်းနာမည်ကိုတောင် မမှတ်မိမှာ စိုးရိမ်ရတယ်။ ငါ မင်းကိုယ်စား ရှက်လိုက်တာ။ ”

“ ရှင် … ”

အရှုံးသမားနှစ်ယောက်ဟာ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကို ဘာမှ မလုပ်နိုင်သောကြောင့် သူတို့ရဲ့ ကျန်ရှိနေတဲ့ သက်ဆိုးရှည်သော ဘဝတစ်လျှောက်မှာ သူတို့အချင်းချင်းပဲ တိုက်ခိုက်နေကြတော့သည်။

စုယန်ယန်သည် ဟောက်ချန်ဟွမ်းနှင့်အတူ အပြင်ကို ထွက်လာခဲ့ချိန်ထိ ဒေါသမပြေသေးဘဲ တစ်ယောက်ယောက်ကို ထုနှက်ပစ်ချင်မိသည်။

ဟောက်ချန်ဟွမ်းလည်း အစတုန်းကတော့ အနည်းငယ် ဒေါသထွက်နေပေမဲ့ သူ့ထက် ပိုဆိုးနေတဲ့ စုယန်ယန်ကို မြင်တော့ ပြုံးလိုက်သည်။ “ မင်းပဲ ဒီကို လာချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူး။ အခုမှ ဘာလို့ ဒေါသထွက်နေတာလဲ။ ”

“ ကျွန်မ နောင်တရတယ်။ ” စုယန်ယန်က နှာခေါင်းရှုံ့ပြီး မကျေမနပ် ပြောသည်။ “ ဒီနေရာကို လာပြီး အဲ့ဒီနှစ်ယောက်ကို ဒေါသထွက်အောင် လုပ်နိုင်လိမ့်မယ်လို့ ထင်ထားတာ။ သူတို့က အဲ့လောက် စိတ်ပျက်ရွံရှာစရာကောင်းလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူတို့ကို ဒေါသထွက်အောင် မလုပ်နိုင်ခင် ဒီကို လာမိတဲ့ ကျွန်မကိုယ်ကျွန်မပဲ အရင်ဆုံး ဒေါသထွက်မိတယ်။ ”

သူမ ဒေါသထွက်နေတဲ့အရာကို နားလည်သော ဟောက်ချန်ဟွမ်းက သူမကို နှစ်သိမ့်ပေးလိုက်သည်။ “ ကိစ္စမရှိပါဘူး။ ကိုယ်တို့ သူတို့နဲ့ ထပ်တွေ့ရတော့မှာမှ မဟုတ်တာ။ ”

စုယန်ယန်က ခဏလောက် နှုတ်ဆိတ်သွားပြီးမှ မရေမရာ မေးလိုက်သည်။ “ သူတို့ကို ဘယ်အချိန်ထိ ဒီလိုမျိုး ဖမ်းချုပ်ထားမှာလဲ။ ”

ဟောက်ချန်ဟွမ်းက သူမရဲ့ မေးခွန်းကို မေးခွန်းနှင့်သာ တုံ့ပြန်လိုက်ပါသည်။ “ မင်း သူတို့ကို ဘယ်အချိန်ထိ ဖမ်းချုပ်ခံစေချင်လဲ။ ”

“ ကြာနိုင်သမျှ အကြာဆုံး အချိန်ထိပေါ့။ သူတို့ လွှတ်လာရင် လူတွေကို ထပ်ဒုက္ခပေးလိမ့်မယ်။ ”

“ မင်းဆန္ဒအတိုင်းပဲ ဖြစ်စေရမယ်။ ”

စုယန်ယန်က သူ့ကို သံသယမကင်းသော အကြည့်ဖြင့် မော့ကြည့်လိုက်သော်လည်း ဘာမှ ဆက်မမေးဖြစ်တော့ပါ။

ချန်ဖန့်လန်ရဲ့ သတင်းက တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး ချန်မိသားစုကို ထိုသတင်းကို မဖုံးကွယ်နိုက်သလို ဖုံးလည်း မဖုံးကွယ်ချင်ပါ။

ချန်ကျွင်းဟောက်ရဲ့ ကုမ္ပဏီက သူကိုယ်တိုင် တည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်သော်လည်း လုပ်ငန်းအစပိုင်း ကာလတွေမှာ နီးစပ်သော ဆွေမျိုး ၊ အပေါင်းအသင်း တချို့ဆီက အကူအညီတွေ အများကြီး ရယူခဲ့ဖူးသည်။

ချန်ကျွင်းဟောက်က ကျေးဇူးတရားကို ကျေးဇူးကန်းခြင်းနှင့် တုံ့ပြန်မယ့် လူမျိုး မဟုတ်ပါ။ ကုမ္ပဏီ အောင်မြင်ပြီးနောက်ပိုင်း အတိတ်တုန်းက သူ့ကို ကူညီခဲ့သူတိုင်းကို ကျေးဇူးဆပ်ခဲ့သည်။

အတိုင်းအတာတစ်ခုထိ အရည်အချင်းရှိသူများကို ကုမ္ပဏီမှာ အလုပ်,လုပ်စေပြီး ထိုနယ်ပယ်မှာ အရည်အချင်း သိပ်မရှိသူများကိုတော့ လေးလံသော တာဝန်တွေကို မယူစေဘဲ အတိတ်တုန်းက သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုအပေါ် မူတည်ပြီး နှစ်စဉ် ဘောနပ်စ်တွေ ရယူစေသည်။

ဒီကိစ္စတွေကို အစဉ်အဆက် လုပ်လာခဲ့တဲ့ ချန်ဖန့်လန်ရဲ့ ရည်ရွယ်ချက်က ချန်ကျွင်းဟောက်ရဲ့ ကုမ္ပဏီနှင့် ချန်သားစုကို ဖျက်စီးဖို့ ဖြစ်သည်။ ဒါပေမဲ့ လက်တွေ့ကျကျ ပြောရလျှင် အဲ့ဒါက သူ့ဆွေမျိုးတွေ ၊ အသိမိတ်ဆွေတွေ အများကြီးရဲ့ ထမင်းအိုးကို ရိုက်ခွဲဖို့ လုပ်တာပဲ မဟုတ်လား … ။

တစ်ချိန်တုန်းက သူနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သူတွေက ထိုသတင်းကို ကြားသည်နှင့် သူတို့နှင့် အလျင်အမြန် ဆက်ဆံရေးဖြတ်တောက်ခဲ့ကြသည်။ ဓားတွေကို သွေးပြီး ချန်ဖန့်လန်တို့မိသားစုကို သင်ခန်းစာ ကောင်းကောင်း ပေးချင်နေခဲ့သော်လည်း ချန်ဖန့်လန် ကျရှုံးသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရလေသည်။

ချန်ဖန့်လန်ရဲ့ အမေမှာ အသည်းကင်ဆာ ရှိသလို သူမက ချန်ဖန့်လန်ရဲ့ အဖေနှင့် ကွာရှင်းပြတ်စဲသွားပြီမို့ ကင်ဆာရောဂါကို ကုသစရာ ပိုက်ဆံမရှိတော့ဘဲ ဆေးရုံမှာ ရှင်သန်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။

ချန်ဖန့်လန်ရဲ့ အဖေကလည်း အခြေအနေမကောင်းပါ။ မိသားစုထဲက ဖရိုဖရဲ အခြေအနေတွေကြောင့် သူ့စိတ်အခြေအနေဟာ ဆိုးဝါးနေခဲ့သည်။ ထို့ကြောင့် တစ်ယောက်တည်း အရက်ထွက်သောက်ရင်း ရလဒ်အနေဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ဝင်တိုက်မိကာ သူမကို ကိုယ်ထိလက်ရောက် စော်ကားမိတော့မလို ဖြစ်သွား၏။ ထိုအမျိုးသမီးဟာလည်း ကိုယ်ဝန်ပျက်ကျလုနီးပါးအထိ ကြောက်လန့်တကြား ဖြစ်သွားခဲ့လေသည်။

ထိုကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ယောက်ျားက ထိုအကြောင်းကို သိသွားသောအခါ သဘာဝကျစွာပဲ လက်သင့်မခံနိုင်တော့ပေ။ သူ ချန်ဖန့်လန်ရဲ့ ‌အဖေကို ထိုးနှက်လိုက်သည်မှာ ဆေးရုံတောင် ရောက်သွားခဲ့သည်။

အဆိုးဆုံးကတော့ ထိုအမျိုးသားက သူ့ကို ပြင်းထန်စွာ ထိုးနှက်ခဲ့သောကြောင့် သူ့ယောက်ျားအင်္ဂါကို မတော်တဆ ကန်မိသွားခဲ့သည်။ အရိုးရှင်းဆုံး ပြောရလျှင်တော့ သူ ခန္ဓာကိုယ်ချို့ယွင်းသွားပြီး သူ့ရဲ့ ယောက်ျားအင်္ဂါကို ဆုံးရှုံးသွားခဲ့ပါသည်။

သူ့သားအကြီးဆုံးက ဒီဘဝမှာ ကိစ္စပြတ်သွားပြီပင်။ သူ့တစ်သပ်လုံး ထောင်ထဲကနေ ထွက်မလာနိုင်လောက်သလို အကယ်၍ ထွက်လာခဲ့လျှင်တောင် မျှော်လင့်ချက်မရှိဘူး ဆိုတာကိုတော့ ပြောနေစရာပင် မလို။

အခုအချိန်မှာ သူ့ဇနီးကလည်း အဲ့ဒီလို အခြေအနေကို ရောက်နေပါပြီ။ သူက အစကတည်းက သူမနှင့် ကွာရှင်းကာ သူမကို တမြေ့မြေ့ နာကျင်ခံစားပြီး သေဆုံးသွားရအောင် လုပ်ဖို့ တွေးထားပြီးသား ဖြစ်သည်။ တခြား အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ကာ ကလေး နောက်တစ်ယောက် ထပ်ယူလို့ ရသည်ပေါ့လေ။

ဒါပေမဲ့ အခုတော့ မျှော်လင့်ချက် လုံးဝ မရှိတော့ပါ။

All Chapters