← Chapters

အခန်း ၁၀၃၈

Vol. 70 Ch. 1038

အခန်း ၁၀၃၈

Vol. 70 Ch. 1038

အခန်း ( ၁၀၃၈ ) ကလဲ့စား။

ချန်ဖန့်လန်ရဲ့ အမေ ပြန်နိုးလာသောအခါ လူနာဆောင်ထဲက အဖြူရောင် မျက်နှာကျက်ကို အကြာကြီး စိုက်ကြည့်နေမိသည်။

ချန်ကျွင်းဟောက်တို့ ဇနီးမောင်နှံမှာ ကလေးမရှိခဲ့တဲ့ အချိန်ကို သူ ပြန်လည် သတိရသည်။ ထိုအချိန်တုန်းက သူ့ဇနီးသာ အဆင်မပြေမှု တစ်စုံတစ်ရာ ကြုံတိုင်း သူတို့အပေါ်မှာ ဒေါသဖြေဖျောက်လေ့ရှိသည်။ ထိုမိသားစုကို ရစရာမရှိအောင် ပြောဆိုပြီး သူတို့ဟာ မကောင်းမှုတွေ အများကြီး လုပ်ထားသည့်အတွက် ကလေးမရခြင်းနှင့် ထိုက်တန်သည်ဟု ပြောသည်။

သို့သော်လည်း အခုအချိန်မှာတော့ သူတို့ရဲ့ ဘဝတွေက တဖြည်းဖြည်း အဆင်ပြေ ချောမွေ့လာခဲ့ပြီး သားသမီးလည်း မရှိ ၊ မြေးလည်း မရှိတော့သူက သူသာပင်။ ဖြစ်နိုင်တာကတော့ … ဒါက ကံ ကံ၏ အကျိုးပဲ ဖြစ်မည် ထင်သည်။

စုန့်ယွမ်ယွမ်နှင့် ချန်ဖန့်လန်သည် မီဒီယာ အဖွဲ့အစည်း များစွာကို အစကတည်းက စီစဉ်ထားသော်လည်း ချန်မိသားစုရဲ့ ကုမ္ပဏီနှင့် သခင်ကြီးချန်တို့ စွပ်စွဲတိုင်ကြားခံရသော ပြဿနာတွေကို လျင်လျင်မြန်မြန်ပဲ ဖြေရှင်းနိုင်ခဲ့ပါသည်။ ရလဒ်အနေဖြင့် ချန်မိသားစုဟာ လူချမ်းသာတွေကို သက်သက်မဲ့ မုန်းတီးနေသော လူဆင်းရဲ တချို့ဆီမှာ ရက်အနည်းငယ်ကြာ အနိုင်ကျင့်ခံခဲ့ရသော သတင်းတွေသာ ထွက်ပေါ်လာခဲ့လေသည်။

နောက်ပိုင်းမှာ ချန်မိသားစုက သက်သေတွေ ထုတ်ပြလာသည့်အတွက် အစတုန်းက ဝေဖန်ပြောဆိုနေကြသူ အများစု နှုတ်ပိတ်သွားကြသည်။ အနည်းစုကတော့ တောင်းပန်ဖို့ ရွေးချယ်ခဲ့ပြီး လက်တစ်ဆုပ်စာတောင် မရှိသော လူတချို့ကတော့ သူတို့ အမှားလုပ်မိတာကို ဝန်မခံချင်ပေ။ သူတို့ဟာ ထင်ယောင်ထင်မှား ရောဂါဝေဒနာကို ခံစားနေရသလိုမျိုး ဒီကိစ္စဟာ ပူးပေါင်းကြံစည်မှု တစ်ခု ဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

ဒါပေမဲ့ သက်သေ ၊ အထောက်အထားတွေက ခိုင်မာနေတာမို့ ထိုလူတွေလည်း ပြဿနာမရှာနိုင်တော့ပေ။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းသည် အရာအားလုံး အခြေကျသွားတဲ့ထိ ချန်အိမ်တော်မှာ နေထိုင်ပြီးမှ အိမ်ပြန်ခဲ့သည်။ သူတို့ အိမ်ပြန်ရောက်လာချိန်မှာတော့ လင်းရှောင်ချီးက သူတို့နှစ်ယောက်ကို အဆင်သင့် စောင့်ကြိုနေတာကို တွေ့လိုက်ရသည်။

“ နင်တို့ အဆင်ပြေရဲ့လား။ အိမ်မှာရော အကုန်လုံး အဆင်ပြေရဲ့လား။ နင့်အဘိုးတို့မိသားစုရဲ့ သတင်းတွေကို ငါ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကမှ သိတာ။ နင့်ဘက်မှာ အခြေအနေတွေ ဘယ်လို ဖြစ်နေမှန်း မသိတာနဲ့ စိတ်ပူနေတာ။ ”

“ ပြေပါတယ် … ပြဿနာတွေအားလုံး ပြီးသွားပြီ။ ”

လင်းရှောင်ချီးက စိတ်သက်သာရာရသွားသော သက်ပြင်းမောလေး မှုတ်ထုတ်ကာ “ တော်သေးတယ်။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။

စုယန်ယန်က အနည်းငယ် မျက်တွင်းချောင်ကျနေပုံပေါ်သော သူမကို ကြည့်ကာ တစ်စုံတစ်ခုကို တွေးမိသွားသည်။ သူမတို့မိသားစုရဲ့ ပြဿနာတွေကို လင်းရှောင်ချီးတစ်ယောက် လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက သိထားခဲ့လျှင် သူမကို ဖုန်းမဆက်စရာ အကြောင်းမရှိ။ မဟုတ်မှလွဲရော …

“ ဒီရက်ပိုင်း နင် ကိစ္စတစ်ခုခု ဖြစ်ထားတာလား။ နင် ပြဿနာတွေ ကြုံနေရတာလား။ ”

လင်းရှောင်ချီးက ခဏလောက် ဆွံ့အနေပြီးမှ သူမရဲ့ မျက်လုံးတွေက ဝေ့လည်ကြောင်ပတ် ဖြစ်သွား၏။ “ ဟင့်အင်း … ငါ ဘာမှ ဖြစ်မထားပါဘူး။ ”

စုယန်ယန်ကတော့ လင်းရှောင်ချီးရဲ့ မလုံမလဲ အမူအရာကို ကြည့်ကာ သူမရဲ့ ထင်မြင်ချက် မှန်ကန်ကြောင်း ပိုလို့တောင် သေချာသွားပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “ ဘာမှ ဖြစ်မထားဘူး … ဟုတ်လား။ အဲ့ဒါဆို နင် ဘာလို့ ငါ့ကို မကြည့်ရဲတာလဲ။ ငါ့မျက်လုံးတွေကို သေချာ ကြည့်ပြီး ပြောစမ်းပါ။ နင် ဒီရက်ပိုင်း ပြဿနာတစ်ခုခု ကြုံနေရတာမလား။ ”

လင်းရှောင်ချီးရဲ့ အမူအရာက အနည်းငယ် တောင့်တင်းသွားသည်။ သူမ စုယန်ယန်ကို ဖုံးကွယ်ထားလို့ မရမှန်း သိနေတာမို့ အမှန်အတိုင်းပဲ ပြောလိုက်တော့သည်။ “ ငါ ပြဿနာတချို့ ကြုံခဲ့ရပေမဲ့ အခု ပြီးသွားပါပြီ။ ”

“ ဘာပြဿနာလဲ။ ” စုယန်ယန်ရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ပြိုးပြက်သွားသည်။ “ မဟုတ်မှလွဲရော … ဟိုလူနဲ့ ပတ်သက်နေတာလား။ ”

သူမရဲ့ စကားအဆုံးမှာ လင်းရှောင်ချီးရဲ့ အမူအရာ ပြောင်းလဲသွားလျှင် စုယန်ယန်သည် သူမရဲ့ ထင်မြင်ချက် မှန်ကန်ကြောင်း သေချာသွားသည်။ သူမရဲ့ မျက်လုံးထဲမှာ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး လူသတ်ချင်သော အငွေ့အသက်တွေလည်း ခပ်ပါးပါး ထွက်ပေါ်လာခဲ့သည်။

သူမရဲ့ အရင်တုန်းက လူတွေကို ကိုင်တွယ်ဖြေရှင်းနည်းတွေက အတော်လေး ပျော့ညံ့လွန်းခဲ့ဟန်တူသည်။ ထိုမိသားစုက လင်းရှောင်ချီဆီ နောက်တစ်ခေါက် ပြန်လာပြီး ပြဿနာရှာရဲတယ် ဆိုတော့ သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာပဲ … ။

“ သူ နင့်ကို ထပ်လာရှာတာလား။ ”

လင်းရှောင်ချီးက ခေါင်းခါယမ်းပြသည်။ “ သူ မဟုတ်ဘူး … တခြားတစ်ယောက်ပါ။ ”

“ တခြားတစ်ယောက် … ဘယ်သူလဲ … ”

“ ငါ နင့်ကို အရင်တုန်းက ပြောခဲ့တာကို မှတ်မိသေးလား ယန်ယန်။ ငါ ချီယန်အုပ်စုမှာ အလုပ်ရခဲ့တယ် ဆိုတာလေ။ အဲ့အချိန်တုန်းက နင်တောင် ငါ့ကို အဲ့ကုမ္ပဏီက အထွေထွေမန်နေဂျာက နာမည်ပျက်ရှိလို့ အဲ့ကုမ္ပဏီမှာ အလုပ်မလုပ်ဖို့ ပြောခဲ့တယ်လေ။ ”

စုယန်ယန် ဆွံ့အသွားသည်။ လင်းရှောင်ချီး ဆိုလိုချင်သော အဓိပ္ပာယ်ကို နားလည်သွားချိန်မှာတော့ သူမရဲ့ မျက်နှာက လုံးဝ မည်းမှောင်သွားသည်။ “ ချီယန်အုပ်စုရဲ့ အထွေထွေမန်နေဂျာက နင့်ကို လာရှာတယ်လို့ နင် ပြောချင်တာလား။ သူက နင့်ကို ဘာလို့ လာရှာတာလဲ။ သူ နင့်ကို မကောင်းတာ တစ်ခုခု လုပ်သွားသေးလား။ ”

လင်းရှောင်ချီးသည် လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက အဖြစ်အပျက်ကို ပြန်သတိရသွားပုံဖြင့် သူမရဲ့ အမူအရာက အနည်းငယ် ဒေါသထွက်သွားသည်။ “ သူ လုပ်ချင်ပေမဲ့ အခွင့်အရေးမရခဲ့ပါဘူး။ ”

All Chapters