← Chapters

အခန်း ၁၀၃၉

Vol. 70 Ch. 1039

အခန်း ၁၀၃၉

Vol. 70 Ch. 1039

အခန်း ( ၁၀၃၉ ) လိုအင်ရမ္မက်ကြီးသူ။

လင်းရှောင်ချီးသည် လွန်ခဲ့တဲ့ လဝက်တုန်းက ထူးဆန်းသော အမျိုးသားတစ်ယောက်နှင့် အချိန် ၊ နေရာ အမျိုးမျိုးမှာ စတင် ဆုံတွေ့ခဲ့ရသည်။

ပထမတုန်းကတော့ သူမလည်း သိပ်အာရုံမစိုက်မိပါ။ ဘာပဲပြောပြော ထိုလူက သူမနှင့် ဘာအဆက်အသွယ်မှ မရှိတဲ့ သူစိမ်းတစ်ယောက်မို့ သူမအနေဖြင့် သူ့အပေါ် ဘာထင်မြင်ချက်မှ မရှိတာ မထူးဆန်းပါ။

သို့သော်လည်း ထိုဆုံတွေ့မှုနောက်ပိုင်းမှာ အကြိမ်ရေစိပ်လာသော တိုက်ဆိုင်မှုလေးတွေက လင်းရှောင်ချီအား ပုံမှန်မဟုတ်သော တစ်စုံတစ်ရာကို အာရုံရစေခဲ့သည်။

လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက စ၍ ထိုလူဟာ အမှတ်မထင် တွေ့ဆုံမှုလေးတွေလောက်နှင့် မကျေနပ်နိုင်တော့ပုံဖြင့် သူမနှင့် စကားပြောဖို့တောင် ကြိုးစားလာခဲ့သည်။

လင်းရှောင်ချီးက အစပိုင်းမှာ နားလည်မှုနှေးကွေးခဲ့သော်လည်း ငတုံး မဟုတ်ပါ။ သုံး ၊ လေးကြိမ်လောက် ဆက်တိုက်ဆိုသလို အမှတ်မထင် တွေ့ဆုံမှုလေးတွေ ဖြစ်လာပြီးနောက်ပိုင်း ထိုလူမှာ သူမအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာကို သူမက မသိဘဲ နေမတဲ့လား … ။

ရည်းစားရှိတဲ့ မိန်းကလေးတစ်ယောက်အနေဖြင့် လင်းရှောင်ချီးသည် တစ်ခုခု မူမမှန်တာကို အာရုံခံမိသည်နှင့်တစ်ပြိုင်နက် နျဉ်စစ်ယွမ်အား ထိုအဖြစ်အပျက်ကို ပြောပြခဲ့သည်။

နျဉ်စစ်ယွမ်ကလည်း ထိုကိစ္စကို လေးလေးနက်နက် သဘောထားခဲ့ပါသည်။ ထိုလူက လင်းရှောင်ချီးကို အမှန်တကယ် သဘောကျပြီး သူမကို သူ့ဆီက ခိုးယူချင်နေတာ ဟုတ်,ဟုတ် ၊ မဟုတ်,ဟုတ် ထိုလူ့မှာ ရည်ရွယ်ချက်တစ်ခုခု ရှိနေသည်။

ထိုရည်ရွယ်ချက်က ပိုက်ဆံ ၊ လိင်မှုကိစ္စ ၊ ဒါမှမဟုတ် တခြားတစ်ခုပဲဖြစ်ဖြစ် လင်းရှောင်ချီးကတော့ အဲ့ဒီလို လူမျိုးကို သေချာပေါက် အနိုင်ယူနိုင်မှာ မဟုတ်ပေ။

သူမသာ တစ်ခုခု ဖြစ်သွားရင် ဘယ်သူက သူ့ကို ဇနီးမယား အလျော်ပေးမှာလဲ … ။

နျဉ်စစ်ယွမ်သည် ချက်ချင်းပဲ ဆုံးဖြတ်ချက်ချကာ လင်းရှောင်ချီးအား ဘယ်တော့မှ တစ်‌ယောက်တည်း ရှိနေခွင့်မပေးဘဲ တစ်ရက်ကို ( ၂၄ ) နာရီလုံး ကာကွယ်ပေးဖို့အတွက် ကိုယ်ရံတော် အနည်းငယ် နေရာချထားပေးခဲ့သည်။

ထို့အပြင် သူ့ကောင်မလေးကို ရာရာစစ နှောင့်ယှက်ရဲတဲ့ ထိုလူ့ရဲ့ သရုပ်မှန်ကိုလည်း စုံစမ်းခိုင်းခဲ့သည်။ မျှော်လင့်မထားစွာဖြင့် ထိုစုံစမ်းမှုမှာ စိတ်ဝင်စားစရာကောင်းသော တစ်စုံတစ်ခုကို သူ ရှာတွေ့သွားခဲ့သည်။

“ သူက ငါ့ကို အဲ့ဒီလူကြောင့် လာရှာတာ … ”

စုယန်ယန်က မျက်မှောင်ကြုတ်လိုက်သည်။ “ နင် ဘာကို ဆိုလိုချင်တာလဲ။ ”

“ သူတို့ကုမ္ပဏီရဲ့ ဥက္ကဌက … အဲ့ဒီလူနဲ့ သူငယ်ချင်းတွေပဲ။ သူက သူတို့ဥက္ကဌနဲ့ အဲ့ဒီလူနဲ့ ဖုန်းပြောနေတာကို အမှတ်မထင် ကြားသွားပြီးတော့ ငါ့ကို အဲ့ဒီလူရဲ့ … ” လင်းရှောင်ချီးက ထိုကိစ္စကို ဝန်မခံချင်ပုံဖြင့် စကားတစ်ဝက်မှာ ရပ်လိုက်သည်။

“ ဒီကမ္ဘာပေါ်မှာ ငါက အဲ့ဒီလူရဲ့ တစ်ဦးတည်းသော မျိုးဆက် ဆိုတာ သူ သိသွားတယ် ၊ အဲ့ဒီလူက ကုမ္ပဏီကို ငါ့ကို အမွေဆက်ခံသူအဖြစ် လွှဲပြောင်းပေးဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းကိုလည်း သူ ကြားသွားပြီး သူ့စိတ်ထဲကို မကောင်းတဲ့ အတွေးတွေ ဝင်လာခဲ့တာ။ အဲ့ဒီလူက ငါ့လက်ထဲကို ကုမ္ပဏီ လွှဲပြောင်းမပေးသေးခင် သူက လက်ဦးမှုရယူချင်ခဲ့တာ … ”

စုယန်ယန်က လင်းရှောင်ချီရဲ့ စကားမဆုံးခင်ကတည်းက အဲ့ဒီအထွေထွေမန်နေဂျာရဲ့ ကောက်ကျစ်ယုတ်မာသော အတွေးတွေကို ရိပ်စားမိပြီးသား ဖြစ်သည်။ “ သူက ကုမ္ပဏီကို နင့်နာမည်နဲ့ လွှဲပြောင်းမပေးသေးခင် နင့်ကို သွေးဆောင်ဖြားယောင်းပြီး နင့်နှလုံးသားကို အရယူချင်ခဲ့တာ ၊ အဲ့ဒါမှ နင် တရားဝင် ဆက်ခံသူဖြစ်သွားတာနဲ့ နင်နဲ့ လက်ထပ်လို့ ရအောင်လို့လေ။ ဟုတ်တယ်မလား။ ”

“ … အင်း။ ”

စုယန်ယန်သည်‌‌ ဒေါသလည်းထွက် ၊ ရွံလည်း ရွံရှာစက်ဆုပ်ကာ လှောင်ရယ်လိုက်သည်။ “ အဲ့ဒီလူက လိုအင်ရမ္မက်ကြီးလိုက်တာ။ ”

လင်းရှောင်ချီးလည်း ထိုလူ့ကို ရွံရှာစက်ဆုပ်မိသော်လည်း အဲ့ဒါထက် အကြေင်းအရင်းကို ပိုလို့ နားမလည်နိုင်ပါ။

“ သူ ဘာတွေ တွေးနေတယ်လို့ နင် ထင်လဲ။ အနည်းဆုံးတော့ မိန်းကလေးတွေကို သွေးမဆောင် မဖြားယောင်းခင် လုပ်ငန်းခွင် လူ့ကျင့်ဝတ်လေးတော့ ရှိသင့်တယ်။ သူ အဲ့ဒါကိုတောင် မသိတာ ရူးမိုက်ရာကျတာပဲ။ ငါ့မှာ ရည်းစားရှိပြီးသားကို အသည်းအသန် လိုက်ပိုးပန်းနေတယ် ဆိုတော့ သူက ငါနဲ့ တိတ်တိတ်ပုန်း ဖောက်ပြန်ချင်နေတာလား။ ”

“ နင်က တချို့လူတွေရဲ့ ကိုယ်ကျင့်သိက္ခာကို လျှော့တွက်နေတာပဲ။ တိတ်တိတ်ပုန်း ဖောက်ပြန်တော့ရော ဘာဖြစ်လို့လဲ။ တိတ်တိတ်ပုန်း ဖောက်ပြန်တာက မပင်ပန်းဘဲနဲ့ ပိုက်ဆံတွေ အများကြီး ရမယ်ဆိုရင် သူတို့က လူသတ်တာတို့ ၊ မီးရှို့တာတို့တောင် လုပ်လိမ့်မယ်။ သူတို့အတွက်တော့ တိတ်တိတ်ပုန်း ဖောက်ပြန်ရလည်း ကိစ္စမရှိဘူး။ နင်သာ ဟိုလူရဲ့ ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံလိုက်ရင် နင် လက်တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ နင့်ရဲ့ တိတ်တိတ်ပုန်း နံပါတ်သုံး ၊ တိတ်တိတ်ပုန်း နံပါတ်လေး ၊ တိတ်တိတ်ပုန်း နံပါတ်ငါး ဖြစ်ချင်တဲ့ လူတွေ အများကြီး ရှိလိမ့်မယ် ဆိုတာ ယုံလား။ ”

လင်းရှောင်ချီးသည် စုယန်ယန်ရဲ့ ယူဆချက်ကြောင့် ခန္ဓာ‌ကိုယ်လေး တုန်ယင်သွားတဲ့ထိ စိတ်ပျက်ရွံရှာသွားမိသည်။ “ ငါ ဘယ်သူနဲ့မှ တိတ်တိတ်ပုန်း မဖောက်ပြန်ချင်ဘူး။ ရည်းစား တစ်ယောက်နဲ့တင် လုံလောက်နေပြီ။ အများကြီးကိုလည်း ငါ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါ အဲ့ဒီလူရဲ့ နံစော်နေတဲ့ ပိုက်ဆံတွေကို ဂရုမစိုက်ပါဘူး။ သူ့ပစ္စည်းတွေကို ငါ ကိုင်မိရင်တောင် ရွံရှာမိတယ်။ ”

“ နင်က အဲ့လို တွေးပေမဲ့ တခြား လူတွေကတော့ အဲ့လို တွေးချင်မှ တွေးမှာလေ။ ”

All Chapters