← Chapters

အခန်း ၁၀၄၀

Vol. 70 Ch. 1040

အခန်း ၁၀၄၀

Vol. 70 Ch. 1040

အခန်း ( ၁၀၄၀ ) ငါ့အတွက်တော့ အရေမးပါဘူး။

“ နင့်ကို လိုက်နှောင့်ယှက်နေတဲ့ အထွေထွေမန်နေဂျာက အိမ်ထောင်ရှိပြီးသား လူတစ်ယောက်ပဲ။ သူ့မိန်းမက ချီယန်အုပ်စုက ဘုတ်အဖွဲ့ဝင်တစ်ယောက်ရဲ့ သမီးလေ။ ”

လင်းရှောင်ချီးက အနည်းငယ် အံ့အားသင့်သွားသည်။ နျဉ်စစ်ယွမ်က သူမကို ဒီအကြောင်း မပြောပြထားပါ။ “ ဒါဆို သူက အိမ်ထောင်ရှိရက်နဲ့ ဘာလို့ … ”

“ သူက အစကတည်းက ကိုယ်ကျင့်သိက္ခာမကောင်းတဲ့ လူမို့လို့ ‌နေမှာပေါ့။ သူက အမြင့်ကိုသာ တက်လှမ်းချင်တာ ၊ တခြားလူတွေဆီမှာ အောက်ကျို့မခံချင်ဘူး။ ဒါပေမဲ့ သူ့ယောက္ခမက ချီယန်အုပ်စုရဲ့ ဒါရိုက်တာလေးတစ်ယောက်ပဲ ၊ ဥက္ကဌတောင် မဟုတ်ဘူး။ သူတို့ကုမ္ပဏီရဲ့ ဥက္ကဌက ဟိုလူနဲ့ သူငယ်ချင်းတွေ ဆိုတော့ သူတို့က အနေအထားတူတယ်။ ဟိုလူက သူ့ယောက္ခမထက် ပိုချမ်းသာတယ်လို့ ပြောလို့ ရတယ်။ ”

“ လူတွေက အမြင့်ကို တစ်ဆင့်ချင်း တက်လှမ်းရတာ။ သူလည်း အမြင့်ကို တက်လှမ်းချင်ရင် အမြန်ဆုံး ဖြတ်လမ်းက သူ့လက်ရှိမိန်းမထက် သာတဲ့ မိန်းကလေး တစ်ယောက်နဲ့ ငြိစွန်းအောင် လုပ်ပြီး သူ့အတွက် တောက်ပတဲ့ အနာဂတ်ကို ယူဆောင်လာဖို့ပဲ ရှိတယ်။ အဲ့ဒီ မိန်းကလေးကတော့ နင်ပဲ။ ”

လင်းရှောင်ချီးရဲ့ မျက်နှာက မည်းမှောင်သွားသည်။ သူမကိုယ်မသူ တခြားလူတွေ အမြင့်ကို တက်လှမ်းနိုင်မယ့် အသုံးချခံပစ္စည်း ဖြစ်နေသည့်အတွက် မကျေမနပ် စိတ်ပျက်ရွံရှာနေတာလည်း သိသာသည်။

“ တချို့ လူတွေက သူများတွေကိုလည်း သူတို့စိတ်နဲ့ နှိုင်းတတ်ကြတယ် ဆိုတဲ့ စကားပုံကို ကြားဖူးလား။ သူတို့က သူများတွေကိုလည်း သူတို့ တွေးခေါ်သလိုပဲ တွေးခေါ်လိမ့်မယ်လို့ ထင်နေတာ။ သူ့အမြင်မှာ နင်က ပိုက်ဆံမရှိ ၊ အာဏာမရှိ ၊ မှီခိုအားထားစရာ လူတစ်ယောက်မှ မရှိတဲ့ ဆင်းရဲသား မိန်းကလေးတစ်ယောက်ပဲ။ နင်က မိသားစုရဲ့ နွေးထွေးမှုကို တောင့်တနေလိမ့်မယ် ၊ သူ့လိုပဲ ပိုက်ဆံမက်လိမ့်မယ် ၊ အမြင့်ကို တက်လှမ်းပြီး လူတိုင်း အားကျရတဲ့ လူချမ်းသာ ဒုတိယမျိုးဆက် သခင်မလေးတစ်ယောက် ဖြစ်ချင်လိမ့်မယ်လို့ သူ ထင်မှာပေါ့။ သူ့အမြင်မှာ နင်က အဲ့ဒီလို အခွင့်အရေးကောင်းတစ်ခုကို ငြင်းဆန်စရာ အကြောင်းပြချက် မရှိဘူးလေ။ ”

လင်းရှောင်ချီးက နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ “ ဒါပေမဲ့ ငါက သူ့ကို ငြင်းဆန်မှာပဲ။ သူက ငါ့ဆီမှာ ရွံရှာငြင်းဆန်ခံရဖို့ ကံကြမ္မာသတ်မှတ်ခံရပြီးသားပဲ။ ”

စုယန်ယန်က သူမကို စောင်းငဲ့ကြည့်ပြီး တမင် စနောက်လိုက်သည်။ “ နင့်နှလုံးသားက ပြောင်းလဲသွားပြီး တခြားတစ်ယောက်ကို ထပ်ချစ်ဖို့လည်း ဖြစ်နိုင်ချေရှိတယ် မဟုတ်ဘူးလား။ နင် အဲ့ဒီ အလားအလာကောင်းတဲ့ သခင်လေးနျဉ်ကို စွန့်ပစ်ပြီး သူ့လိုလူကို ရူးသွပ်စွာနဲ့ ကြည့်ရင်လည်း ကြည့်နိုင်တာပဲလေ။ ”

လင်းရှောင်ချီးက ဆွံ့အသွားသည်။ စုယန်ယန် သူမကို တမင်သက်သက် စနောက်နေမှန်း သိသွားတော့မှ မျက်စောင်းခဲလိုက်ပြီး တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် မရဲတရဲ မေးလိုက်သည်။ “ ယန်ယန် … ချီယန်အုပ်စုက အဲ့ဒီလူနဲ့ ပတ်သက်နေတယ်ဆိုတာကို နင် အရင်ကတည်းက သိနေတာလား။ ”

တကယ်တော့ နျဉ်စစ်ယွမ် ထိုလူ့ရဲ့ နောက်ခံကို စုံစမ်းပြီး သူမအား ဇာတ်လမ်းတစ်ခုလုံးကို ပြောပြကတည်းက သူမရဲ့ စိတ်ထဲမှာ သံသယ တစ်စွန်းတစ်စ ရှိနေတာ ဖြစ်သည်။

သူမ နိုင်ငံခြားကနေ ပြန်ရောက်တော့ ကုမ္ပဏီတွေ အများကြီးမှာ အင်တာဗျူးဖြေခဲ့ပြီးနောက် အဘက်ဘက်က သာလွန်နေသည့် ချီယန်အုပ်စုမှာ အလုပ်ဝင်ဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း စုယန်ယန်က သူမ ချီယန်အုပ်စုမှာ အလုပ်မလျှောက်ရသေးခင်မှာပဲ တုန်ချမ်းမှာ အတင်းအကြပ် အလုပ်,လုပ်ခိုင်းခဲ့သည်။

ထိုအချိန်တုန်းကတော့ သူမ သိပ်မတွေးခဲ့မိပါ။ စုယန်ယန်က သူမကို တခြား ကုမ္ပဏီတွေမှာ အနိုင်ကျင့်ခံရမှာ စိုး၍ တုန်ချမ်းမှာ အလုပ်,လုပ်စေချင်တာလို့သာ တွေးခဲ့သည်။ အဲ့ဒါမှ တစ်ခုခုဆို သူမကို ဂရုစိုက်ပေးဖို့ လွယ်မည်လေ။

အခုမှ သေချာ ပြန်တွေးကြည့်လိုက်တော့ သူမ ချီယန်အုပ်စုမှာ အလုပ်ဝင်တော့မည်ဟု ပြောချိန်မှာ စုယန်ယန်ရဲ့ တုံ့ပြန်မှုက ပုံမှန် သိပ်မဟုတ်ဘူးလို့ ခံစားရသည်။ စုယန်ယန်က သူမ ထိုကုမ္ပဏီမှာ အလုပ်,လုပ်လျှင် ဆုံးရှုံးနစ်နာမှုတွေကို ကြုံတွေ့ရလိမ့်မည် ဆိုတာ ကြိုသိနေသကဲ့သို့ပင်။

အဲ့ဒီတုန်းကတော့ လင်း‌ရှောင်ချီးသည် စုယန်ယန်ဟာ သူမ ထိုလူ့ဆီမှာ ထိပါးနှောင့်ယှက်ခံရမှာနှင့် စီးပွားရေးလောကထဲက စကားဖြင့် ဖော်ပြမထားသော စည်းမျဉ်းတွေကြောင့် ထိခိုက်နစ်နာမှာကို စိုးရိမ်နေခဲ့သည်ဟုသာ ထင်ခဲ့သော်လည်း အခုတော့ စုယန်ယန်က သူမ ချီယန်အုပ်စုမှာ အလုပ်ဝင်လျှင် ထိုလူနှင့် ပတ်သက်ရမှာကို ဟိုးအရင်ကတည်းက သိနှင့်နေခဲ့သည်ဟု ခံစားရသည်။ သူမ ထိုလူနှင့် ပတ်သက်ဆက်ဆံရတဲ့အခါ ထိခိုက်နစ်နာမှုတွေကို ကြုံတွေ့ရမည်က မြေကြီးလက်ခတ်မလွဲပင်။

စုယန်ယန်က လင်းရှောင်ချီး ရိပ်စားမိသွားတာကို မြင်သောအခါ ဆက်ဖုံးကွယ်မထားတော့ဘဲ သက်ပြင်းရှိုက်၍ “ နင် ငါ့ကို စိတ်ဆိုးနေတာလား။ ” ဟု ဂရုတစိုက် မေးလိုက်သည်။

“ စိတ်မဆိုးပါဘူး။ ဒါပေမဲ့ နောက်တစ်ခေါက်ဆို ဒီလို ကိစ္စမျိုးကို နင် ငါ့ကို ကြိုပြောပြထားလိမ့်မယ်လို့ မျှော်လင့်တယ်။ ဘာပဲပြောပြော ငါက ကာယကံရှင်လေ။ နင်က ငါ့ကောင်းကျိုးအတွက် လုပ်ပေးတာကို သိပေမဲ့ ဒီလို ကိစ္စမျိုးကို အသိမပေးဘဲ နေတာက သိပ်အဆင်မပြေဘူး။ ပြီးတော့ ငါက အရွယ်ရောက်နေပြီ ၊ အဲ့ဒါကြောင့် ငါ့ကို နုနယ်တဲ့ ကလေးမလေး တစ်ယောက်လို ဆက်ဆံနေတာတွေ တော်လိုက်တော့။ ငါ အဲ့ဒီလူကို မုန်းတယ် ဆိုရင်တောင် သူက ငါ့အတွက် အရေးမပါဘူး။ ”

++++++

All Chapters