အခန်း ၁၀၄၁
Vol. 70 Ch. 1041
1041 01
အခန်း ( ၁၀၄၁ ) နင် ယူကို ယူရမယ်။
စုယန်ယန်သည် လင်းရှောင်ချီ စကားပြောနေချိန်မှာ သူမရဲ့ မျက်နှာအမူအရာကို သေချာ စူးစမ်းနေခဲ့သည်။ ထိုလူ့အကြောင်း ပြောချိန်မှာ သူမကိုယ်သူမ အတင်းအကြပ် ဖိအားပေးမနေတာ သေချာတော့မှ ထိုလူ့ကို သူမရဲ့ စိတ်ထဲက လွှတ်ချလိုက်ပြီဆိုတာ သိလိုက်ကာ စုယန်ယန် စိတ်သက်သာရာရသွားလေသည်။
“ အေးပါ အေးပါ ၊ နင်က အရွယ်ရောက်နေပါပြီ။ ကလေး မဟုတ်တော့ပါဘူး။ ကလေးဆိုရင် ဘယ်လိုလုပ် ယောက်ျား တစ်ယောက်နဲ့ ချစ်မိမှာလဲ။ ငါ မှားသွားတယ်။ ငါ နင့်ကို မပြောပြခဲ့တာက နင် စိတ်လိုက်မာန်ပါနဲ့ မကောင်းတာ တစ်ခုခု လုပ်မှာ စိုးလို့ပါ။ ပြောရရင် နင်က မိန်းကလေးတစ်ယောက်ပဲလေ။ အဲ့လူတွေက ချမ်းသာပြီး အာဏာကြီးတယ် ၊ သူတို့ရဲ့ ရည်မှန်းချက်ကို ရဖို့ဆို ဘာမဆို လုပ်လိမ့်မယ်။ ဘယ်သူ သိမှာလဲ … သူတို့က အတူတူ ပူးပေါင်းပြီး ယုတ်မာတဲ့ လုပ်ရပ်ကို လုပ်နိုင်တယ်။ ဒါပေမဲ့ အခုတော့ မတူတော့ဘူး။ နင့်မှာ နင့်ကို ကာကွယ်ပေးမယိ့ လူတစ်ယောက် ရှိနေပြီ။ နင့်ကိုယ်နင်လည်း လုံလုံလောက်လောက် ယုံကြည်မှုရှိနေပြီမို့လို့ ငါ စိတ်ပူပေးစရာ မလိုတော့ဘူး။ အခု အားလုံး အဆင်ပြေသွားပြီ။ ”
လင်းရှောင်ချီးသည် အကြာကြီး ဆွံ့အနေပြီးမှ စုယန်ယန် သူမကို စနောက်နေတာကို နားလည်သွား၏။ သူမရဲ့ မျက်နှာက နီမြန်းသွားသော်လည်း အဆုံးသတ်မှာတော့ ခွန်းတုံ့မပြန်ခဲ့ပေ။ နျဉ်စစ်ယွမ်က ဒီကိစ္စမှာ သူမကို အမှန်တကယ်ပဲ များစွာ ကူညီပေးခဲ့ပါသည်။
စုယန်ယန် ပြုံးလိုက်ပေမဲ့ အရေးကြီးသော ကိစ္စတွေအကြောင်း တွေးနေဆဲ ဖြစ်သည်။ “ ဒီကိစ္စရဲ့ လှည့်ကွက်တွေ ၊ အချိုးအကွေ့တွေကို နင် သိနေပြီဆိုတော့ … နင် လုပ်ချင်တဲ့ အရာကို စပြီး ပြင်ဆင်ထားတာ မကောင်းဘူးလား။ ”
ဒီပြဿနာရဲ့ အဓိက တရားခံက သူမကို သွေးဆောင်ဖြားယောင်းဖို့ ကြိုးစားတဲ့လူ မဟုတ်ဘဲ အရှုံးပေးဖို့ ငြင်းဆန်ကာ သူမကို ရုပ်သေးရုပ်အဖြစ် ခေါ်ဆောင်ချင်နေတဲ့ လင်းရှောင်ချီးရဲ့ နှမြောတွန့်တိုတတ်သော အဖေ ဖြစ်သည်။
အရင်တုန်းက ထိုလူ ပေါ်လာတုန်းက စုယန်ယန်က လှည့်ကွက်လေးကို သုံးပြီး သူ့ကို မူလနေရာ ပြန်ရောက်သွားအောင် မောင်းထုတ်ကာ သူ့ကိုယ်သူ ဂရုမစိုက်နိုင်အောင်နှင့် လင်းရှောင်ချီးကို ပြဿနာမရှာနိုင်တော့အောင် လုပ်ခဲ့သည်။
ဒါပေမဲ့ အဲ့ဒါက ရေရှည် ဖြေရှင်းနည်း မဟုတ်ပါ။ သူမ ထိုလူကို အပြီးတိုင် ရှင်းထုတ်ပစ်ချင်လျှင် တခြား နည်းလမ်းတွေကို စဉ်းစားရလိမ့်မည်။
“ တကယ်တော့ စစ်ယွမ်က ငါနဲ့ အဲ့ကိစ္စကို ဆွေးနွေးခဲ့တယ်။ ”
“ သူ ဘာပြောလဲ။ ”
“ ငါ ဆန္ဒရှိရင် သူတို့မိသားစုကို ဖျက်ဆီးနိုင်အောင် ကူညီပေးပြီး သူတို့ရဲ့ လုပ်ငန်းကို သူ့နာမည်အောက် ရောက်အောင် လုပ်ပေးမယ်တဲ့။ ပြီးရင် …. ”
“ ပြီးရင် ဘာလုပ်မှာလဲ။ ”
လင်းရှောင်ချီးက စုယန်ယန်ရဲ့ အကြည့်ကို ရှောင်လွှဲပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။ “ ပြီးရင် လက်ဖွဲ့ပစ္စည်း တင်တောင်းတဲ့အနေနဲ့ ငါ့ကို ပေးမယ်တဲ့။ ”
“ လက်ဖွဲ့ပစ္စည်းအနေနဲ့ တင်တောင်းမှာ … ” စုယန်ယန်သည် လင်းရှောင်ချီးက သူမကို ကြွားလုံးထုတ်နေသည်ဟု ခံစားလိုက်ရပြီး သူမရဲ့ အမူအရာက နူးညံ့သွားသည်။ “ ဒါဆို သူက လက်ထပ်ခွင့်တောင်းဖို့ ပြင်နေတာလား။ ”
လင်းရှောင်ချီးက ဘယ်လို ပြန်ဖြေရမှန်း မသိဘဲ ခဏလောက် ကြောင်အသွားသည်။
စုယန်ယန်သည် လင်းရှောင်ချီးရဲ့ အမူအရာကို ကြည့်ပြီး စုံတွဲလေးရဲ့ အကြောင်းကိစ္စမှာပဲ အချိန်ကုန်ခံမနေတော့ဘဲ “ ဒါဆို နင်ကရော ဘယ်လို တွေးထားလဲ။ ” ဟု မေးလိုက်သည်။
လင်းရှောင်ချီးက နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး စက္ကန့်ပိုင်းလောက် နှုတ်ဆိတ်သွားပြီးမှ “ တကယ်တော့ ငါ … အဲ့ဒါတွေကို မယူချင်ဘူး။ ” ဟု ပြန်ပြောသည်။
“ နင် မယူချင်လို့ မရဘူး … ယူကို ယူရမှာ။ ”
“ ယန်ယန် … ” လင်းရှောင်ချီးက စုယန်ယန်ကို စိတ်ရှုပ်ထွေးစွာ ၊ အံ့ဩစွာ ကြည့်လိုက်သည်။
“ အဲ့ဒါက သူ့စိတ်ရင်းကို ဖော်ပြနေတာပဲ ၊ ပြီးတော့ နင်နဲ့လည်း ထိုက်တန်တယ်။ ” စုယန်ယန်က လင်းရှောင်ချီးရဲ့ လက်ကို ဆုပ်ကိုင်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ “ နင်ကိုယ်တိုင် အဖြေရှာမှ ရမယ်။ မဟုတ်ရင် အဲ့ဒီလူက နင့်ကို သူ့အိမ်ကို အတင်းအကြပ် ခေါ်သွားပြီး သူ့သမီးအဖြစ် စာချုပ်စာတမ်းတွေနဲ့ တရားဝင် အသိအမှတ်ပြုလိမ့်မယ် ၊ ပြီးရင် သူ သားမက်တော်ချင်တဲ့ လူနဲ့ နင့်ကို ပေးစားပြီး သူ့မိသားစုပိုင်ဆိုင်မှုတွေကို အမွေဆက်ခံဖို့အတွက် သူ့သွေးသား အမွေဆက်ခံသူ မြေးတစ်ယောက်ကို မွေးခိုင်းလိမ့်မယ်။ အဲ့ဒါက နင့်ချစ်သူက သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး နင့်ကို တင်တောင်းတဲ့ အဖြစ်နဲ့ မိုးနဲ့မြေပဲ။ ”
“ ပထမတစ်ခုက အတင်းအကြပ် ဖိအားပေးတာ ၊ အနိုင်ကျင့်တာ ၊ ဖိနှိပ်ချုပ်ခြယ်တာပဲ။ တခြားလူတွေရဲ့ သဘောဆန္ဒက အခရာ ဖြစ်နေတာ။ နင်က သူတို့ ထိန်းချုပ်တာ ခံရမှာ။ ဒုတိယတစ်ခုကတော့ နင့်သဘာဆန္ဒက အခရာပဲ။ နင်သာ ဆန္ဒရှိရင် ဘယ်သူကမှ နင့်ကို ဖိအားမပေးနိုင်ဘူး။ တကယ်တော့ နင် လုပ်ချင်ရင် နင်နဲ့ အဒေါ်လင်းကို စွန့်ပစ်ခဲ့တဲ့ လူတွေကို ပြန်ပေးဆပ်ရအောင် လုပ်လို့တောင် ရတယ်။ ”
လင်းရှောင်ချီးက မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။ “ နင် ပြောချင်တာက … ”
1041 02
“ အဲ့ဒီလူက ဘာလို့ အစကတည်းက နင့်အမေကို စွန့်ပစ်ခဲ့သေးလဲ။ သူ့ကိုယ်သူ ပိုကောင်းတဲ့ ဘဝနဲ့ ထိုက်တန်တယ်လို့ ထင်လို့ ၊ သူ့ရဲ့ စည်းစိမ်ဥစ္စာ ရာထူးဂုဏ်ဝါတွေကို လက်မလွှတ်ချင်လို့ မဟုတ်ဘူးလား။ လူအရေပြားတောင် မရှိတဲ့ လူယုတ်မာကောင်။ အဲ့ဒီ ပစ္စည်းဥစ္စာတွေ မရှိဘဲနဲ့ သူ အခုလက်ရှိ နေထိုင်နေတဲ့ ပုံစံအတိုင်း နေနိုင်လိမ့်ဦးမယ်လို့ နင် ထင်လား။ ”
+++++