← Chapters

အခန်း ၁၀၄၂

Vol. 70 Ch. 1042

အခန်း ၁၀၄၂

Vol. 70 Ch. 1042

1042 01

အခန်း ( ၁၀၄၂ ) လက်စားချေဖို့ အခွင့်အလမ်းကောင်း။

လင်းရှောင်ချီးက အနည်းငယ် မျက်လွှာချထားပြီး နှုတ်ဆိတ်နေခဲ့သော်လည်း သူမရဲ့ စိတ်ယိမ်းယိုင်လာတာကို သိသော စုယန်ယန်က အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။ “ အဒေါ်လီနဲ့ နင်က အဲ့ဒီလူကြောင့် အရမ်း ဒုက္ခရောက်ခဲ့ရတာ ၊ နာမည်ဆိုးတွေကိုတောင် ရင်ဆိုင်ခဲ့ရတယ်။ ငါတော့ နင် သူ့ကို နည်းနည်းလေးမှ မမုန်းဘူးဆိုတာ မယုံဘူး။ ဒါက အခွင့်အလမ်းကောင်းပဲ။ ဒီကိစ္စက နျဉ်စစ်ယွမ်အတွက် ဒုက္ခများလိမ့်မယ်လို့ ထင်မနေနဲ့။ သူက နင့်ချစ်သူပဲ ၊ နင့်ကို ကာကွယ်ပေးတာကမှ သဘာဝကျတာ။ ပြီးတော့ ဒီကိစ္စက သူ့အတွက် အပန်းမကြီးပါဘူး။ ”

လင်းရှောင်ချီးရဲ့ အပေါစား အဖေမှာ မိသားစုအဆက်အသွယ် တချို့ ရှိပေမဲ့ နျဉ်မိသားစု ၊ ချီမိသားစုတို့နှင့် ယှဉ်လျှင်တော့ ပမွှားပင်။

နျဉ်စစ်ယွမ်သာ သူ့ကို အမှန်တကယ် ဒုက္ခပေးချင်လျှင် သူတို့ရဲ့ ကုမ္ပဏီက သူ့လက်ထဲကို အနှေးနှင့် အမြန် ကျရောက်သွားလိမ့်မည်။

“ ရန်သူကို ကရုဏာသက်တာက ကိုယ့်ကိုယ်ကိုယ် ညှင်းပန်းနှိပ်စက်တာနဲ့ အတူတူပဲ။ ”

လင်းရှောင်ချီးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “ ငါ နားလည်ပါပြီ။ ငါ သေချာ စဉ်းစားကြည့်လိုက်ပါ့မယ်။ ”

“ ကောင်းတယ် ၊ နင် နျဉ်စစ်ယွမ်ကို အဲ့ဒီလူကို အာရုံစိုက်ဖို့ ပြောရင်းနဲ့ သူ့မိန်းမကို မျက်စိဒေါက်ထောက် စောင့်ကြည့်ထားဖို့လည်း မမေ့နဲ့။ ဘာမှ ဆုံးရှုံးစရာ သိပ်မရှိတော့တဲ့ လူက တိရစ္ဆာန်ရိုင်းတစ်ကောင်ထက်တောင် ပိုအန္တရာယ်များတယ်။ ”

လင်းရှောင်ချီးသည် စုယန်ယန်ရဲ့ သတိပေးစကားကို ကြားတော့မှ ထိုလူ့မှာ ဇနီးတစ်ယောက် ရှိပြီး သူ့အတွက် သားတစ်ယောက်တောင် မွေးပေးထားတာကို သတိရသွားလေသည်။ ဒါပေမဲ့ သူတို့ရဲ့ သားက ကားအက်ဆီးဒင့်နှင့် သေဆုံးသွားပြီး သူမကလည်း ကလေးထပ်မမွေးနိုင်တော့တာမို့ ချင်ဖန်သဲ့က လင်းရှောင်ချီးကို လာရှာတာ ဖြစ်သည်။

လင်းရှောင်ချီးက တစ်ခါမှ ကလေးမမွေးဖူးသော်လည်း ထိုအမျိုးသမီးရဲ့ နေရာမှာ ဝင်ရောက် ခံစားကြည့်ပေးနိုင်ပါသည်။

တကယ်လို့သာ သူမရဲ့ သားက အက်ဆီးဒင့်ဖြစ်ပြီး ‌သေဆုံးသွားတာ ဘယ်လောက်မှ မကြာသေးဘဲ သူမရဲ့ ယောက်ျားက တခြား အမျိုးသမီးတစ်ယောက်နှင့် ရထားတဲ့ ကလေးကို သွေးသားရင်းအဖြစ် တရားဝင် အသိအမှတ်ပြုကာ သူမရဲ့ သားနှင့် သက်ဆိုင်ခဲ့သော ပိုင်ဆိုင်မှုတွေကို လာလုယူချင်နေလျှင် သူမ ချက်ချင်းပဲ ရူးသွပ်သွားလောက်သည်။

ချင်ဖန်သဲ့ရဲ့ ပထမဇနီးနှင့် လင်းရှောင်ချီး မဆုံဖူးသောကြောင့် ထိုပထမဇနီးမှာ ဘယ်လို စိတ်နေစိတ်ထား ရှိသလဲ ဆိုတာကိုတော့ မသိပါ။ ထိုအမျိုးသမီးမှာ သူများကို ထိခိုက်နစ်နာစေချင်တဲ့ ရည်ရွယ်ချက် မရှိနိုင်လောက်ပေမဲ့ သူမအနေဖြင့် နည်းနည်းတော့ သတိထားရလိမ့်မည်။

“ အင်း … ငါ သူ့ကို ပြောပြလိုက်ပါ့မယ်။ ”

စုယန်ယန်က နျဉ်စစ်ယွမ်နှင့် အရမ်းကြီး မရင်းနှီးသော်လည်း လင်းရှောင်ချီးကို ကာကွယ်ပေးခဲ့ပုံနှင့် သူ့အရည်အချင်းကို အတော်လေး အကောင်းမြင်စိတ်ရှိသည်။ ထို့ကြောင့် လင်းရှောင်ချီး ပြန်သွားသောအခါ သူမ ထိုကိစ္စကို သိပ်အာရုံမစိုက်ဖြစ်တော့ပါ။

စုယန်ယန်တို့ အိမ်ပြန်ရောက်လာပြီး သုံးရက်မြောက်နေ့မှာတော့ လီမိသားစုက သူတို့ရဲ့ အိမ်တံခါးဝသို့ အပြေးအလွှား ရောက်လာခဲ့ကြသည်။

တရားနည်းလမ်းကျကျ ပြောရလျှင် စုန့်ယွမ်ယွမ်ရဲ့ ကိစ္စက လူကြီးနှစ်ယောက်နှင့် သိပ်မဆိုင်သော်လည်း စုန့်ယွမ်ယွမ်က သူတို့နာမည်ကို အသုံးပြုပြီး တခြားလူတွေကို ခြိမ်းခြောက်ခဲ့တဲ့အတွက် အကျိုးဆက်တွေက သူတို့နှင့် အနည်းအများ သက်ဆိုင်ပါသည်။

စုယန်ယန်အပေါ် အပြစ်မကင်းစိတ် အနည်းငယ် ခံစားနေရသော လူကြီးနှစ်ယောက်သည် လီမိသားစုက စုယန်ယန်ထံ သွားလည်တော့မည် ဟူသော သတင်းကို ကြားချိန်မှာ သူမဆီ အလျင်အမြန် လိုက်လာပြီး လက်ဆောင်တွေ တပွေ့တပိုက် ယူဆောင်လာခဲ့သည်။

စုယန်ယန်သည် အပေါ်ထပ်ကနေ ဆင်းလာရုံပဲရှိသေး ၊ အောက်ထပ်မှာ ရောက်နေသော လူအုပ်ကြီးကြောင့် ထိတ်လန့်သွားသည်။ “ ဦးလေးတို့ ရောက်လာတာ ဝမ်းသာစရာပဲ။ ဘာလို့ လက်ဆောင်တွေ အများကြီး ယူလာတာလဲ။ ”

“ ညီမတို့မိသားစုက အစ်မကို ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အနေနဲ့ လက်ဆောင်ပေးတာပါ။ ” လီအန်းနန်က ခေါင်းပေါ်မှာ ဦးထုပ်ဆောင်ပြီး မျက်နှာမှာ Mask တပ်ထားတာက လွဲလို့ လက်တွေ ၊ ခြေထောက်တွေကို အရင်အတိုင်း တင်းကြပ်စွာ ရစ်ပတ်ဖုံးအုပ်ထားဆဲ ဖြစ်သည်။

1042 02

လုံလုံခြုံခြုံ ဖုံးအုပ်ထားတယ် ဆိုပေမဲ့လည်း အနည်းဆုံးတော့ မျက်နှာအစိတ်အပိုင်းတွေက လွဲလို့ သူမရဲ့ အသားအရေကို ထုတ်ဖော်ပြသချင်စိတ် ရှိနေသေးတာက တိုးတက်မှုကြီး တစ်ရပ်ပင်။

ဒီတစ်ခေါက်တော့ အဘိုးလီနှင့် အဘွားလီအပြင် လီအန်းနန်ရဲ့ မိဘတွေလည်း သူမနှင့်အတူ လိုက်ပါလာသည်။ အမျိုးသမီးလီက ကျက်သရေရှိသော အသွင်အပြင်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက် ဖြစ်ကာ သမီးဖြစ်သူရဲ့ အဖြစ်ဆိုးကြောင့်လား မပြောတတ်ဘဲ ညိုးငယ်သော အငွေ့အသက် ဖျော့ဖျော့က သူမကို လွှမ်းခြုံထားသည်။

သို့သော်လည်း သမီးဖြစ်သူရဲ့ စကားကို ကြားသည်နှင့် သူမရဲ့ အမူအရာက အများကြီး သက်ဝင်ရွှင်ပျလာကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ နန်နန် ပြောတာ အမှန်ပါပဲ။ မိန်းကလေးစုရဲ့ အမာရွတ်ပျောက်လိမ်းဆေးက အရမ်း ထိရောက်တယ်လို့ အ‌ဒေါ့်ရဲ့ မိသားစုက ပြောတယ်။ အရင်တုန်းကဆို နန်နန်က … ”

+++++

All Chapters