အခန်း ၁၀၄၈
Vol. 70 Ch. 1048
1048 01
အခန်း ( ၁၀၄၈ ) လုံးဝ မဖြစ်နိုင်ဘူး။
စနစ်က စုယန်ယန်ရဲ့ စကားကြောင့် ရှူးရှူးရှားရှား ဒေါသထွက်သွားပြီး ချက်ချင်းပဲ ပါးစပ်ပိတ်သွားတော့သည်။
အသာစီးရနေချိန်မှာ အလျှော့ပေးရမယ် ဆိုတာ နားလည်တဲ့ စုယန်ယန်က သူမရဲ့ စိတ်အာရုံကို ဝမ်ကျင့်ဖျင်ထံ အမြန် ပြန်ပြောင်းလိုက်သည်။
[ ဒါပေမဲ့ တကယ် ထူးဆန်းတယ်။ ဝမ်ကျင့်ဖျင်မှာ အဲ့လို ပစ္စည်းကောင်း ရှိနေရက်သားနဲ့ ဘာလို့ ဒီလောက်ထိ အခြေအနေဆိုးနေတာလဲ။ ]
ဝမ်ကျင့်ဖျင် အခုလို အဆုံးသတ်ရခြင်းအတွက် စုယန်ယန်မှာ အတိုင်းအတာတစ်ခုထိ တာဝန်ရှိသော်လည်း အတွင်းကျကျ စူးစမ်းလေ့လာကြည့်ပါက စုယန်ယန် လုပ်ခဲ့တဲ့ လုပ်ရပ် အများစုက တန်ပြန် တိုက်ခိုက်ခြင်းသာ ဖြစ်သည်။ ဝမ်ကျင့်ဖျင် ဒီလို အခြေအနေဆိုးနှင့် ဇာတ်သိမ်းသွားရတာက အဓိကအားဖြင့် သူမကိုယ်တိုင်ကြောင့်ပဲ ဖြစ်သည်။
[ ဒါမှမဟုတ် သူ့ရဲ့ အထောက်အပံ့တွေက လက်တွေ့ဘဝမှာ သူနဲ့ ထိတွေ့ဆက်ဆံဖူးသူတွေအပေါ်မှာပဲ အသုံးဝင်တာလား။ အင်တာနက်ပေါ်က လူတွေက သူနဲ့ မထိတွေ့ မဆက်ဆံနိုင်လို့ အကျိုးသက်ရောက်မှု မရှိတာလား။ ]
စုယန်ယန်ရဲ့ စကားကို ကြားသောအခါ စနစ်က ဘာစကားမှ မပြောမိအောင် သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။
[ ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တကယ်ပဲ စနစ်ရဲ့ သဲလွန်စတွေ ရှိရင် စနစ်က သူနဲ့ Host ရဲ့ ဓာတ်ပုံကို ရှာတွေ့မှာပါ။ ]
စုယန်ယန် အနည်းငယ် အံ့အားသင့်သွားမိသည်။
[ နင် ပြောချင်တဲ့ အဓိပ္ပာယ်က အရင်တုန်းက ငါနဲ့ ဝမ်ကျင့်ဖျင်နဲ့ တွေ့တုန်းက နင် သူ့ခန္ဓာကိုယ်ပေါ်မှာ တခြား စနစ်တစ်ခုကို ရှာမတွေ့ခဲ့ဘူးပေါ့။ သူ့ခန္ဓာကိုယ်ပေါ်က စနစ်က နင့်ထက် ပိုတော်လို့ နင် သူ့ကို သတိမထားမိခဲ့တာလား။ ]
[ အဲ့ဒါကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ ]
စနစ်ရဲ့ ဒေါသတကြီး ခွန်းတုံ့ပြန်စကားက စုယန်ယန်ကို ရယ်မောအောင် လုပ်နိုင်ခဲ့သည်။
[ ဒီလို မဟုတ်ဘူး ဆိုရင်တော့ ဖြစ်နိုင်ချေတစ်ခုတည်းပဲ ကျန်တော့တယ်။ ]
......
ဝမ်ကျင့်ဖျင်ရဲ့ စနစ်က သူမနှင့် နောက်ဆုံးအကြိမ် တွေ့ဆုံမှုအပြီးမှာ ဖြစ်ပေါ်တည်ရှိလာခဲ့တာ ဖြစ်သည်။ စုယန်ယန်သည် အချိန်အတိအကျကို မခန့်မှန်းနိုင်သော်လည်း ဝမ်ကျင့်ဖျင်ကို ဝန်းရံနေတဲ့ ယောက်ျားတွေရဲ့ သဘောထားကို ခန့်မှန်းရသလောက် သူမနှင့် တင်းကြွယ်စစ်နှင့် မတွေ့ခင် ၊ သို့်မဟုတ် အဲ့ဒီထက် ပိုစောစီးသော အချိန်တစ်ခုမှာ ဖြစ်လိမ့်မည်။
“ မိန်းကလေးစု … မိန်းကလေးစု … ”
လျှို့ဝှက်ချက်ကြီးကို ရုတ်တရက် ရှာဖွေတွေ့ရှိသွား၍ အတွေးထဲ နစ်မြုပ်နေသော စုယန်ယန်အား သူမကို အာရုံစိုက်နေသော လီမိသားစုဝင်တွေက သတိမထားမိဘဲ မနေပါ။
“ ဘာမှ မဟုတ်ပါဘူး။ ” စုယန်ယန်သည် အိပ်မက်က လန့်နိုးလာပုံပေါ်ကာ ဝမ်ကျင့်ဖျင်ရဲ့ စနစ်အကြောင်းကို သူမရဲ့ စနစ်နှင့် ဆက်မဆွေးနွေးတော့ဘဲ လီအန်းနန်ကို အာရုံပြန်စိုက်လိုက်သည်။
“ ခွဲစိတ်မှုလုပ်မယ့် အချိန်ကို ရွေးပြီးပြီလား။ ”
“ ဟုတ်ကဲ့ ၊ ဒီတစ်ပတ်ထဲမှာပါ။ ”
“ အဲ့ဒါဆို ဒီအတောအတွင်း ဒီအမာရွတ်ပျောက်လိမ်းဆေးကို လိမ်းပြီး နင့်မျက်နှာအပြင် တခြားနေရာပေါ်က အမာရွတ်တွေကို လျှော့ချထားလို့ ရတယ်။ ကျန်တာကတော့ နင် ခွဲစိတ်ပြီးသွားတော့မှ နင့်ရဲ့ သက်သာမှု အခြေအနေပေါ် မူတည်ပြီး ဆေးညွှန်းကို ညှိသင့်တာ ညှိတာပေါ့။ ”
လီမိသားစုက စုယန်ယန်ရဲ့ အကြံဉာဏ်ကို နားထောင်ဖို့ ဒီနေ့ ဒီကို လာခဲ့ကြတာမို့ စုယန်ယန် အကြံပေးတာကို ကြားလိုက်ရသောအခါ အများကြီး စိတ်အေးသွားခဲ့ကြသည်။
မူလတုန်းက သူတို့က ကျေးဇူးတင်ကြောင်းဖော်ပြဖို့သာ လာခဲ့ကြတာ ဖြစ်သော်လည်း ညစာစားချိန်ရောက်လုနီးပါး ဖြစ်နေတာကို သတိထားမိသောအခါ စုယန်ယန်ကို ဆက်နှောင့်ယှက်ဖို့ အလွန် အားနာသွားခဲ့သည်။ ပြီးတော့ သူတို့မှာ အတွေးကိုယ်စီ ရှိနေတာမို့ ဟောက်အိမ်တော်မှာ ခပ်ကြာကြာ မနေချင်တော့ဘဲ ပြန်ဖို့ အချိန်ကျပြီဟု ဆုံးဖြတ်ခဲ့ကြသည်။
စုယန်ယန်က စနစ်ကို အဖြေရှာရင်း အလုပ်ရှုပ်နေတာမို့ သူတို့ကို လိုက်မပို့လိုက်ရပါ။ ထို့ကြောင့် ဟောက်အိမ်တော်ကနေ သူတို့ ထွက်ခွာသွားပြီးနောက်မှာ အဘိုးလီနှင့် အဘွားလီက လော့ပေါင်ကမ်းတို့ဇနီးမောင်နှံကို သူတို့ကားထဲ ဖိတ်ခေါ်ခဲ့ပြီး ပထမတုန်းက သူတို့နှင့်အတူတူ ကားတစ်စီးထဲ စီးဖို့ လုပ်ထားသော အငယ်နှစ်ယောက်ကတော့ တခြား ကားတစ်စီးနှင့် ထွက်သွားတာကို သူမ မသိခဲ့ပါ။
1048 02
“ မင်းနဲ့ မိန်းကလေးစု ပြောနေတဲ့ ကျစ်ဟုန်ရဲ့ ရုပ်ရှင်အဖွဲ့မှ ဘာတွေ ဖြစ်ခဲ့တာလဲ အဘိုးလော့။ အဲ့အကြောင်းကို ပြောနေတုန်းက မင်းတို့ပုံစံက ပုံမှန်မဟုတ်ဘူးလို့ ငါ ဘာလို့ ခံစားရတာပါလိမ့်။ ”
လော့ပေါင်ကမ်းက သူငယ်ချင်းဟောင်းကြီးကို ခဏကြာကြာ ကြည့်နေပြီးမှ ပြောလိုက်သည်။ “ တကယ်တော့ ထွေထွေထူးထူး ပြဿနာရယ်တော့လည်း မဟုတ်ပါဘူး။ စုလေးနဲ့ ဟောက်မိသားစုက ဟိုကောင်လေးက စုလေး အိမ်ထောင်မကျခင်တုန်းက စေ့စပ်ဖူးတယ်။ မင်းတို့လည်း အဲ့သတင်းကို ကြားဖူးတယ်မလား။ ”
“ ကျွန်မ သိတယ်။ ” အဘွားလီက ချက်ချင်းပဲ စကားဝိုင်းထဲကို ဝင်ပြောလိုက်သည်။
စုယန်ယန်နှင့် ဟောက်ရှောက်ဖုန်းရဲ့ တစ်ချိန်တုန်းက စေ့စပ်ပွဲအကြောင်း သိတဲ့လူ များများစားစား မရှိပါ။ သို့သော်လည်း စေ့စပ်ပွဲ ပျက်သွားပြီး အုတ်အော်သောင်းတင်း ပြဿနာတွေ တက်ကာ ထိုသို့ စေ့စပ်ပွဲပျက်ရခြင်းကလည်း ဟောက်ရှောက်ဖုန်းမှာ တိတ်တိတ်ပုန်းချစ်သူ ရှိနေလို့ ဆိုတဲ့ ဒရာမာဆန်ဆန် အရှုပ်တော်ပုံတွေ ပါဝင်လာသောကြောင့် သူတို့နှစ်ယောက်ကြားက အထမမြောက်ခဲ့သော ပါးစပ်ပြော စေ့စပ်ပွဲဟာ အထက်တန်းလွှာ အတော်များများအတွက် ရယ်စရာ ကုန်ကြမ်းတစ်ခု ဖြစ်သွားခဲ့သည်။
+++++