← Chapters

အခန်း ၄၅၇

Vol. 24 Ch. 457

အခန်း ၄၅၇

Vol. 24 Ch. 457

အခန်း (၄၅၇)ရှောင်ပိုင်

ချင်ယွမ်ဖုန်းသည် မြေနက်မြေမှ ထွက်ခွာလာပြီးနောက် ဝမ်တောင်တန်းကို ဖြတ်ကျော်ကာ မြောက်ဘက်သို့ ခရီးနှင်ခဲ့ရာ ယန်ရုအင်ပါယာသို့ ဆိုက်ရောက်လာခဲ့ချေသည်။

ဤအချိန်၌ ယန်ရုအင်ပါယာ၏ အခြေအနေမှာ လွန်ခဲ့သော လအနည်းငယ်ခန့်ကထက် များစွာ ပြောင်းလဲနေပြီ ဖြစ်ပေသည်။

မန်တာသည် နယ်မြေအများစုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ပုယန်သည် သူ၏ သံမဏိစစ်သည်များနှင့်အတူ နယ်မြေတစ်ခုတည်းသို့ ဆုတ်ခွာသွားရကာ ရှုံးနိမ့်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အချို့သော မျိုးနွယ်စုများက ပြောဆိုနေကြလေသည်။

ချင်ယွမ်ဖုန်းသည်လည်း မန်တာနှင့် နာရင်ထူးယားတို့အတွက် စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်မိပေသည်။ ယခုအကြိမ် အဝေးဆုံးမြောက်ဘက်ဒေသသို့ သွားမည့်ခရီးတွင် ၎င်းတို့နှင့် ပြန်လည်ဆုံတွေ့နိုင်ကောင်း ဆုံတွေ့နိုင်ပေသည်။

သို့သော် ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းသည် အမျိုးသမီးတစ်ဦးကို ရုတ်တရက် မြင်တွေ့လိုက်ရလေသည်။

ထိုအမျိုးသမီးသည် သာမန်ယန်ရုအင်ပါယာ ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း တစ်ချက်ကြည့်ရုံမျှဖြင့် ယန်ရုအင်ပါယာသူ မဟုတ်ကြောင်း ထင်ရှားလှပေသည်။

သူမထံတွင် ယန်ရုအင်ပါယာ လူမျိုးများ၏ ရိုးရှင်းကြမ်းတမ်းသော ဟန်ပန်မျိုး မရှိဘဲ အလယ်ပိုင်းဒေသ လူမျိုးများ၏ သိမ်မွေ့နက်ရှိုင်းပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်မျိုး ရှိနေချေသည်။

ချင်ယွမ်ဖုန်းက ထိုအရာကို များစွာ အာရုံမစိုက်မိသော်လည်း ထိုအမျိုးသမီးက သူ၏ လမ်းကို ပိတ်ဆို့ထားလိုက်လေသည်။

"မိန်းကလေး.. တစ်ခုခု အကူအညီလိုလို့လား" ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

ထိုအမျိုးသမီးသည် စကားဖြင့် ဖော်ပြရန်ခက်ခဲသော ထူးဆန်းသည့် မျက်ဝန်းများဖြင့် ချင်ယွမ်ဖုန်းကို စိုက်ကြည့်နေပြီး "ရှင်က ကျွန်မ ရှာနေတဲ့သူပဲ" ဟု ထူးဆန်းသော စကားတစ်ခွန်းကို ဆိုလေသည်။

"ငါ့ကို ရှာနေတာ။ ဘာကိစ္စများ ရှိလို့လဲ" ချင်ယွမ်ဖုန်းသည် သံသယများ ပြည့်နှက်နေလျက် ထိုအမျိုးသမီးကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူသည် ထိုကဲ့သို့သော အမျိုးသမီးမျိုးကို တစ်ခါမျှ မမြင်ဖူးကြောင်း သေချာလှပေသည်။

ဆံပင်ဖြူဖြူနှင့် ဤမျှ လှပလွန်းသူတစ်ဦးကို မြင်ဖူးခဲ့ပါက သူ၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း မှတ်မိနေမည် ဖြစ်ပေသည်။

ထိုအမျိုးသမီးကမူ အခြား မည်သည့်စကားမျှ မဆိုဘဲ ချင်ယွမ်ဖုန်းကိုသာ စိုက်ကြည့်နေသဖြင့် ချင်ယွမ်ဖုန်းမှာ ပို၍ပင် ထူးဆန်းအံ့ဩ သွားရလေသည်။

သို့သော် အကြောင်းရင်းကို မသိရဘဲ သူသည် ဤအမျိုးသမီးအပေါ် မည်သည့် ရန်လိုမှုကိုမျှ မခံစားရပေ။

ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းသည် လောကကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားသည့်အလား မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားလေတော့သည်။

ချင်ယွမ်ဖုန်းမှာ ထိတ်လန့်သွားပြီး ဝမ်ချိုင်၏ ကျောပေါ်မှ ချက်ချင်း ခုန်ဆင်းကာ လဲကျတော့မည့် ထိုအမျိုးသမီးကို လှမ်း၍ ဖမ်းထိန်းလိုက်ရချေသည်။

"ဟေ့... အဆင်ပြေရဲ့လား" ချင်ယွမ်ဖုန်းက အလျင်အမြန် မေးလိုက်သည်။

ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသည့်တိုင် ထိုအမျိုးသမီး၏ မျက်ဝန်းများမှာ လေလွင့်နေဆဲ ဖြစ်ပြီး မည်သည့်စကားမျှ မဆိုဘဲ ကျနလှပသော ရုပ်သေးရုပ်တစ်ခုကဲ့သို့ ရှိနေပေသည်။

ထိုမြေငလျင် တုန်ခါမှုမှာ အတန်ကြာအောင် ဆက်လက်ဖြစ်ပွားနေပြီးမှ ဖြည်းညင်းစွာ ရပ်တန့်သွားရာ ကြီးမားသော ပျက်စီးဆုံးရှုံးမှုမျိုး ဖြစ်ပေါ်ခဲ့ဟန် မတူပေ။

သို့သော် နောက်တစ်ကျပ်တွင် ချင်ယွမ်ဖုန်းမှာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်မိပြီး ဦးခေါင်းကို ချက်ချင်း ဖိဆုပ်ထားလိုက်ရလေတော့သည်။

ဤအခိုက်အတန့်တွင် သူ၏ စိတ်အာရုံထဲသို့ ပုံရိပ်အမြောက်အမြား တိုးဝှေ့ဝင်ရောက်လာခဲ့ချေပြီ။

ပင်လယ်ပြင်ထက်တွင် လွင့်မျောနေသော ပင်လယ်ကျွန်းငယ်တစ်ခု၊ ထိုကျွန်းထက်ရှိ ဆန်းကြယ်ပြီး ခမ်းနားထည်ဝါလှသော နန်းတော်ကြီးများ၊ နန်းတော်အတွင်းရှိ နို့ရည်ကဲ့သို့ ဖြူဖွေးနေသော အရာဝတ္ထုများ စသည်တို့ ဖြစ်ပေသည်။

ထိုပုံရိပ်များသည် ချင်ယွမ်ဖုန်း၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသဖြင့် ဦးခေါင်းတစ်ခုလုံး ကွဲအက်မတတ် နာကျင်သွားရပြီး အတန်ကြာမှသာ နာကျင်မှုမှာ လျော့ပါးသွားရလေသည်။

"ဒါက ဘာလဲ..." ချင်ယွမ်ဖုန်းသည် အမောတကော အသက်ကို နှစ်ကြိမ်မျှ ပြင်းပြင်းရှူသွင်းလိုက်ပြီး မြေပြင်မှ ဖြည်းညင်းစွာ ထရပ်လိုက်ရာ ထိုဆန်းကြယ်သောအမျိုးသမီးမှာ သတိလစ် မေ့မြောသွားခဲ့ပြီဖြစ်ကြောင်း တွေ့လိုက်ရပေသည်။

"အဆင်ပြေရဲ့လား" ချင်ယွမ်ဖုန်းက ထိုအမျိုးသမီးကို အမြန်တွဲထူပေးလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ကိုယ်တွင်းစွမ်းအင်များကို ထည့်သွင်းပေးလိုက်ရာ ထိုအမျိုးသမီးမှာ အန္တရာယ်မရှိဘဲ သတိလစ်သွားရုံမျှသာ ဖြစ်ကြောင်း သိလိုက်ရပေသည်။

"ထူးဆန်းလိုက်တာ... မင်းလည်း အဲဒီအသိပေးချက်ကို ရလိုက်တာလား" ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။

ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို မြင်ရသဖြင့် ချင်ယွမ်ဖုန်းသည် ထိုအမျိုးသမီးကို ထားပစ်ခဲ့ရန် စိတ်မရက်သဖြင့် သူမကို ဝမ်ချိုင်၏ ကျောပေါ်သို့ တင်ဆောင်ကာ ရှေ့သို့ ဆက်လက်ထွက်ခွာခဲ့လေသည်။

ရှေ့တွင် ဂီရီလီတာနာမြစ် ရှိနေပေသည်။ ချင်ယွမ်ဖုန်းသည် ထိုနေရာ၌ ခရီးတစ်ထောက်နားပြီး ထိုအမျိုးသမီး၏ နောက်ကြောင်းကိုလည်း စုံစမ်းရန် ကြံရွယ်ထားပေသည်။

ရုတ်တရက် လှုပ်ခတ်သွားသော မြေငလျင်နှင့် စိတ်ထဲသို့ ဝင်ရောက်လာသော ပုံရိပ်များကြောင့် ချင်ယွမ်ဖုန်းမှာ အနည်းငယ် တွေဝေမိသော်လည်း ထိုပုံရိပ်များသည် စွမ်းအင်တစ်ခုခုကို ဖော်ပြနေခြင်း ဖြစ်ရပေမည်။

မကြာမီမှာပင် ချင်ယွမ်ဖုန်းသည် ဂီရီလီတာနာမြစ်နားသို့ ရောက်ရှိသွားပြီး တဲတစ်လုံး ဆောက်လုပ်ကာ ထိုဆံပင်ဖြူအမျိုးသမီးကို တဲအထဲတွင် လှဲလျောင်းစေခဲ့သည်။

ထိုအမျိုးသမီးမှာ နိုးလာမည့် အရိပ်အယောင် မရှိသေးသဖြင့် ချင်ယွမ်ဖုန်းမှာ ခုနက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ပြန်လည်စဉ်းစားရန် အချိန်ရသွားချေသည်။

သူ၏ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသော ပုံရိပ်များမှာ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးနှင့် ကြီးမားလှသော ပင်လယ်ကျွန်းကြီးတစ်ခု ဖြစ်ပြီး ထိုကျွန်းထက်တွင် ရှေးဟောင်းပြီး ခန့်ညားထည်ဝါလှသော နန်းတော်ကြီးတစ်ခု ရှိနေပေသည်။

နောက်ပေါ်လာသော ပုံရိပ်မှာမူ နန်းတော်၏ အတွင်းပိုင်းဖြစ်ပုံရပြီး ထိုနေရာ၌ နို့ရည်ကဲ့သို့ ဖြူဖွေးနေသော အရာဝတ္ထုတစ်ခု ရှိနေကာ တစ်စုံတစ်ရာသော ရတနာဖြစ်ဟန် တူပေသည်။

ကျန်ရှိသော ပုံရိပ်များမှာမူ ထိုပင်လယ်ကျွန်း၏ ရှုခင်းများသာ ဖြစ်ပေသည်။

"ဒီနန်းတော်က ပင်လယ်ပြင်ပေါ်မှာ တကယ်ပဲ ပေါ်လာတာလား။ နတ်ဘုရားသောင်းချီနယ်မြေလိုမျိုးလား" ချင်ယွမ်ဖုန်းက မျက်မှောင်ကုတ်လျက် စဉ်းစားနေမိသည်။

သို့သော် ချင်ယွမ်ဖုန်းသည် နတ်ဘုရားသောင်းချီနယ်မြေကို စက်ဆုပ်လှပေသည်။ ထိုနေရာသို့ သူ နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ဖူးသော်လည်း ကောင်းမွန်သော အထင်အမြင်မျိုး မကျန်ရစ်ခဲ့ပေ ထို့ကြောင့် နန်းတော်ထဲရှိ ဖြူဖွေးသောအရာမှာ ရတနာတစ်ခုဖြစ်ကြောင်း သိနေသော်လည်း ချင်ယွမ်ဖုန်းမှာ မသွားချင်တော့ပေ။

"ထားလိုက်ပါတော့လေ... ဒီပုံရိပ်တွေက လူတိုင်းရဲ့ စိတ်ထဲမှာ ပေါ်လာတာလည်း ဖြစ်နိုင်တာပဲ။ ငါကတော့ သွားပြီး လူရှုပ်မခံချင်တော့ပါဘူး" ချင်ယွမ်ဖုန်းက စိတ်ထဲမပါဘဲ ပြောလိုက်လေသည်။

ထိုစဉ်မှာပင် တဲအဝကန့်လန့်ကာကို ရုတ်တရက် ဆွဲဖွင့်လိုက်ပြီး ထိုအမျိုးသမီးသည် တဲထဲမှ ဖြည်းဖြည်းချင်း လျှောက်ထွက်လာကာ ချင်ယွမ်ဖုန်းကို စိုက်ကြည့်နေပြန်သည်။

ချင်ယွမ်ဖုန်းမှာ အနည်းငယ် နေရခက်သွားပြီး ".. မင်းက တကယ်ပဲ ဘယ်သူလဲ။ ဘယ်ကလာတာလဲ။ လမ်းပျောက်နေတာလား" ဟု မေးလိုက်သည်။

ထိုအမျိုးသမီးက ချင်ယွမ်ဖုန်းကို ကြည့်ကာ ဦးခေါင်းကို ခါယမ်းလိုက်ပြီး "ပင်လယ်ကိုမသွားနဲ့... အားလုံးက အတုတွေ" ဟု ဆိုလေသည်။

"ပင်လယ်ကို မသွားနဲ့။ အတုတွေ။ ဘာကို ဆိုလိုတာလဲ" ချင်ယွမ်ဖုန်း၏ ရင်မှာ ထိတ်ခနဲ ဖြစ်သွားပြီး အလျင်အမြန် ထရပ်ကာ မေးမြန်းလိုက်တော့သည်။

ဤအမျိုးသမီး ပြောဆိုနေသောအရာသည် သူ၏ စိတ်ထဲတွင် ပေါ်လာသော ပင်လယ်ကျွန်းကို ရည်ညွှန်းနေခြင်း ဖြစ်နိုင်သဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် ရှင်းရှင်းလင်းလင်း သိရှိလိုလှပေသည်။

အရာအားလုံးမှာ မြူနှင်းများ ဖုံးလွှမ်းနေဆဲ ဖြစ်သဖြင့် သဲသဲကွဲကွဲ မရှိသေးပေ။

ထိုအမျိုးသမီးသည် ရုတ်တရက် ဦးခေါင်းကို ဖိဆုပ်ကာ ပြင်းထန်စွာ နာကျင်နေသည့်အလား မြေပြင်ပေါ်သို့ လဲကျသွားပြီး "ကျွန်မမသိဘူး... ကျွန်မ ဘာမှမသိဘူး..." ဟု ပြောရှာသည်။

ချင်ယွမ်ဖုန်းက ထိုအမျိုးသမီးကို အမြန်ပွေ့ထူလိုက်ပြီး စိုးရိမ်တကြီးဖြင့် "ဒါဆို မင်း ဘာကို သိလဲ" ဟု မေးလိုက်သည်။

ထိုအမျိုးသမီးက ချင်ယွမ်ဖုန်းကို ကြောင်တောင်တောင် ကြည့်ကာ ဦးခေါင်းကို ခါယမ်းပြန်သည်။

ချင်ယွမ်ဖုန်းသည် အကျိုးအကြောင်းကို တွေးဆမိကာ ခေါင်းညိတ်လိုက်ပေသည်။ သူမသည် တစ်စုံတစ်ခုသော ကြီးမားသည့် ထိခိုက်မှုကြောင့် မှတ်ဉာဏ်များ ပျောက်ဆုံးသွားခြင်း ဖြစ်တန်ရာသည်။

"ကဲပါ... မလောပါနဲ့ဦး။ အရင်ဆုံး ဖြည်းဖြည်းချင်း ထပါဦး" ချင်ယွမ်ဖုန်းက အမျိုးသမီးကို တွဲထူပေးလိုက်ပြီး "မင်းနာမည် ဘယ်လိုခေါ်လဲ သိလား" ဟု ဆက်မေးသည်။

ထိုအမျိုးသမီးက ချင်ယွမ်ဖုန်းကို ကြည့်လိုက်ရာ 'နာမည်' ဟူသော စကားလုံး၏ အဓိပ္ပာယ်ကိုပင် နားမလည်သည့်အလား ရှိနေပေသည်။

"မင်းရဲ့ အခြေအနေက တော်တော်လေး ဆိုးနေတာပဲ" ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်ပြီး "နာမည်ဆိုတာ ငါ မင်းကို ခေါ်ဖို့အတွက်လေ။ မင်းကို ဘယ်လို ခေါ်ရမလဲ" ဟု ရှင်းပြသည်။

"ကျွန်မမသိဘူး" ဟု အမျိုးသမီးက ခေါင်းခါလျက် ဆိုသည်။

"ကောင်းပါပြီ... အခုလောလောဆယ်တော့ မင်းကို ရှောင်ပိုင်လို့ပဲ ခေါ်မယ်။ မင်းရဲ့ ဆံပင်တွေကလည်း ဖြူနေပြီး အသားအရေကလည်း ဖြူဝင်းနေလို့ပဲ။ အဆင်ပြေရဲ့လား" ချင်ယွမ်ဖုန်းက မေးလိုက်သည်။

ထိုအမျိုးသမီးသည် ချင်ယွမ်ဖုန်းကို ကြည့်ကာ 'ရှောင်ပိုင်' ဟူသော နာမည်ကို ထပ်ခါတလဲလဲ တိုးတိုးရေရွတ်နေလေသည်။

"ကဲ... ရှောင်ပိုင်... သေချာ ပြန်စဉ်းစားကြည့်ပါဦး။ မင်း ဘယ်ကလာတာလဲ။ မင်းကို အိမ်ပြန်ပို့ပေးလို့ ရမလား" ချင်ယွမ်ဖုန်းက ဆက်၍ မေးမြန်းသည်။

ရှောင်ပိုင်က ခေါင်းကို ထပ်မံခါယမ်းလိုက်ရာ သူမ၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာပြီး "ရေတွေ... အားလုံးက ရေတွေချည်းပဲ... ကျွန်မ မသိဘူး..." ဟု ဆိုရှာသည်။

"အင်း... 'မသိဘူး' ဆိုတာကြီးက ပြန်လာပြန်ပြီ" ချင်ယွမ်ဖုန်းက စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သော်လည်း ရှောင်ပိုင်က 'အားလုံးက ရေတွေချည်းပဲ' ဟု ပြောသဖြင့် သူမသည် ပင်လယ်ပြင်ဘက်မှ လာခြင်း ဖြစ်နိုင်ပေသည်။

"ကဲ... မင်းက ဘာမှမသိဘူးဆိုတော့ ခက်ပြီ။ မင်းရဲ့ အိမ်က ဘယ်မှာလဲဆိုတာလည်း ငါမသိဘူး" ချင်ယွမ်ဖုန်းက သူ၏ ဦးခေါင်းကို ကုတ်လိုက်ပြီး "ဒါဆိုရင် ငါနဲ့အတူ အဝေးဆုံးမြောက်ဘက်ဒေသကို လိုက်ခဲ့မလား။ အကယ်ဒမီက ဆရာတွေကို ကူညီခိုင်းရတာပေါ့။ မင်းရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာအောင် သူတို့ လုပ်ပေးနိုင်ရင် လုပ်ပေးနိုင်မှာပါ" ဟု ဆိုလေသည်။

All Chapters