← Chapters

အခန်း ၅၅-၅၆

Vol. 6 Ch. 55-56

အခန်း ၅၅-၅၆

Vol. 6 Ch. 55-56

Chapter 55+56

~

အခန်း ၅၅+၅၆ : စည်းမျဥ်းများ ချိုးဖောက်ခြင်း..

~

နားမကြားသော အဘွားအိုက အသက်လုရှူနေရ၏ ။ ထို့နောက် ဒေါသထွက်စွာဖြင့် ယန်ကျီဝမ်ကို လက်ညိုးထိုးလိုက်ပြီး..

" ယန်လောင်အာ... သားရဲလေး.. လူကြီးတွေကို လေးစားရကောင်းမှန်း မသိဘူးလား ..ဒီ ဘိုးဘေးက ရိုက်ချင်တာကို နင်က ရှောင်ရဲတယ်လား.. နင် ကျောင်းတက်တာ အလကားပဲ..ဟူးး.."

ယန်ကျီဝမ်က ခပ်တိုးတိုး ရယ်လိုက်ပြီး...

" ဟဟ... ဟေး အဘွားကြီး ..ခင်ဗျားက ဘယ်သူ့ ဘိုးဘေးလဲ.. ကျုပ်တို့ မိသားစုမှာတော့ ဘိုးဘေးတွေ ကွယ်လွန်ကုန်ပြီနော် ..အကုန်လုံး မြေကြီးထဲမှာ မြုပ်ထားပြီးပြီ.. ခင်ဗျား သူတို့ကို တွေ့ချင်ရင်တော့ ကိုယ်တိုင် လိုက်သွားမှရမယ်.. "

ယန်ဖူကွေ့သည် ၁၉၄၀ ပြည့်လွန်နှစ်များမှ ပေကျင်းသို့ ပြောင်းလာသူ ဖြစ်၍ ဤနေရာ၌ ဆွေမျိုး မရှိချေ ။ ယန်ဖူကွေ့၏ အဆိုအရ ဇာတိ၌လည်း ဆွေမျိုး မကျန်ခဲ့ချေ ။

" နင်..နင်.. တိရစ္ဆာန် ကောင်.. "

ထိုစကားကို ကြားလျှင် နားမကြားသော အဘွားအို ဒေါသထွက်သွား၏ ။ သူမ သာ မြန်မြန်လှုပ်ရှားနိုင်လျှင် ရိုက်သတ်မိပေမည် ။

ဘိုးဘေးများအား သွားတွေ့ရမည်လော ။ ဤသည်က သူမအား သေရန် ကျိန်ဆဲနေခြင်းပင် ။ သူမ မည်သို့လျှင် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း ။

ထိုအခိုက် ယီကျုံးဟိုင်က ဝင်ငံသည် ။

" ယန်ကျီဝမ်.. မင်း ငါတို့ ဘိုးဘေးကို နည်းနည်းလေးတောင် လေးစားမှု မရှိဘူးလား.. သူရိုက်ချင်ရင် အရိုက်ခံလိုက်ပေါ့ကွ.. ဘာလို့ ရှောင်နေတာလဲ.. ဘိုးဘေးကို ဒေါသထွက်အောင် တမင်လုပ်နေတာလား.. "

ယန်ကျီဝမ်က ရယ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်၏ ။

" ဟမ့်.. ယီကျုံးဟိုင် သူက ခင်ဗျားရဲ့ ဘိုးဘေးလေ ကျုပ်ဘိုးဘေးမှ မဟုတ်တာ.. သူရိုက်တာ ခံရအောင် ကျုပ်က ကျပ်မပြည့်တဲ့သူလား.. ခင်ဗျား အရိုက်ခံချင်ရင်လာလေ ကျုပ် ကူညီပေးမယ်.. "

" ယန်ကျီဝမ်....."

ယီကျုံးဟိုင်က ဒေါသတကြီး အော်လိုက်ပြီး ...

" ငါတို့ ဘိုးဘေးက ခြံဝင်းတစ်ခုလုံးရဲ့ ဘိုးဘေးပဲ.. သူက အဋ္ဌမလမ်းကြောင်း တပ်မတော်( ဂျပန်တွေကို တိုက်ဖို့ ကူမင်တန်နဲ့ ပေါင်းခဲ့တဲ့ ကွန်မြူနစ်တွေရဲ့တပ်.. နောက်ပိုင်း PLA ဖြစ်လာ ) အတွက် ကောက်ရိုးဖိနပ်တွေ ယက်ပေးခဲ့တဲ့ အာဇာနည် မိသားစုဝင်နော် ..မင်း ဘိုးဘေးကို ဘယ်လိုလုပ်ပြီး ရိုင်းစိုင်းရဲတာလဲ.. မင်းက နိုင်ငံကို ဆန့်ကျင်ချင်တာလား.. "

' ဒီကောင်က ငါ့ကို ဦးလေးတောင် တပ်မခေါ်တော့ဘူး ရိုင်းလိုက်တဲ့ကောင်.. '

ထိုစကားကို ကြားလျှင် နားမကြားသော အဘွားကြီးက ဂုဏ်ယူဟန်ဖြင့် မျက်နှာကိုချီထား၏ ။

သူမ၏ ဤလက်နက်ကို ထုတ်သုံးလိုက်သည်နှင့် တစ်ဘက်လူ လက်နက်ချ အရှုံးပေးရန်သာ ရှိတော့သည် ။ အာဇာနည် မိသားစုများအား စော်ကားသည်ကို မပြောနှင့် ကြမ်းတမ်းသော စကားများ ပြောမိရုံဖြင့်ပင် စုံစမ်းစစ်ဆေးခံရမည်ဖြစ်ပြီး ပြင်းထန်သည့် ရာဇဝတ်မှု ဖြစ်သွားနိုင်သည် ။

သူမ၏ အသက်အရွယ်နှင့် အာဇာနည် နောက်ခံကို ပေါင်းစပ်လိုက်လျှင် မည်သူမှ ဆန့်ကျင်ရဲခြင်း မရှိပေ ။

မဟုတ်လျှင် ခြံဝင်းထဲရှိ သူများမှာ အစားကောင်းချက်လျှင် နားမကြားသောအဘွားကြီးအတွက် တစ်ပန်းကန်လာပေးမည်မဟုတ်ချေ ။

ပထမအဆင့်.. ယီကျုံးဟိုင်၏ ကိုယ်ကျင့်တရား လမ်းညွှန်ချက် ရှိပြီး သူ မနိုင်လျှင် ဒုတိယအဆင့်.. နားမကြားသော အဘွားကြီး၏ အာဇာနည်အဆင့်အတန်းကို ထုတ်သုံးပေမည် ။

" ဝိုး..ဝိုးး..ဝိုးး... ဒီ အုပ်ထုပ်က အကြီးကြီးပဲ.. ကျုပ်လက်မခံရဲပါဘူး.. "

ယန်ကျီဝမ်က နှာ​ခေါင်းရှုံ့လိုက်ပြီး...

" သူက အာဇာနည် မိသားစုဝင် ဖြစ်တာနဲ့ပဲ တစ်ခြားသူတွေကို အကြောင်းပြချက်မရှိ လိုက်ရိုက်လို့ မရဘူးလေ.. "

" တိရစ္ဆာန် လေး.. ငါ နင့်ကို ရိုက်သတ်မယ်.. "

နားမကြားသော အဘွားကြီးက နှာခေါင်းရှုံ့လိုက်ပြီး...

" နင်က ငါ့မြေးကို ရိုက်ထားတာ ငါလက်စားချေတာ ဘာမှားလို့လဲ.. "

" အိုးး.."

ယန်ကျီဝမ်က မသိချင်ယောင်ဆောင်၍ မေးလိုက်၏ ။

" ကျုပ် သိသလောက်​တော့ အဘွားက တစ်ယောက်ထဲ မဟုတ်ဘူးလား.. ဘယ်ကနေ မြေးရလာတာလဲ.. "

အဘွားကြီးက နှာ​ခေါင်းရှုံ့လိုက်ပြီး...

" ကျူးဇီ ( ရှာကျူးရဲ့ အိမ်နာမည်... ရှာကျူးဆိုတာ ငတုံးကျူး.. အရူးကျူး.. ပတ်ဝန်းကျင်က ပေးထားတဲ့ နာမည်ပြောင်.. ) က ငါ့ရဲ့ မြေးကြီးပဲ.. နင် သူ့ကို ရိုက်ရင် ငါနင့်ကို ရိုက်မယ်.. နင်တို့အိမ်က ပြတင်းပေါက်တွေကို နေ့တိုင်း လာရိုက်ခွဲမယ်.. "

ထိုစကားကို ကြားလျှင် ယန်ဖူကွေ့၏ မျက်နှာက ခါးသီးစွာ ရှုံ့မဲ့သွား၏ ။

ဤသို့ဆိုလျှင် ယန်မိသားစုသည် ငြိမ်းချမ်းစွာ နေနိုင်မည် မဟုတ်ချေ ။

အဓိက ပြဿနာမှာ နားမကြားသော အဘွားကြီး၏ အသက်က အိုမင်းနေပြီဖြစ်၍ လက်ဖျားနှင့်ပင် မတို့ရဲကြပေ ။

ယန်ဖူကွေ့က သူတို့၏ ကံကြမ္မာကို လက်ခံရန် စိတ်ပြင်ဆင်လိုက်သည် ။ ဤသို့ ဖြစ်သည်က ပထမဆုံးအကြိမ်မဟုတ် ။ ယခင်က ပြဿနာတက်တိုင်း နားမကြားသော အဘွားကြီးက ဤသို့သာ လုပ်လေ့ရှိသည် ။

သူမအား ဤခြံဝင်း၏ အာဏာအရှိဆုံးဟု ပြောလျှင် မှားမည်မထင် ။

" အိုး.. အဲ့တာ ရှာကျူးပေါ့.. "

ယန်ကျီဝမ်က ရယ်လိုက်ပြီး...

" သူက အရိုက်ခံထိုက်တယ်လေ ..သူနဲ့ မဆိုင်တာကို ဘာလို့ ဝင်ပါလဲ.. ကျားကျန်းရှီက သူ့အမေလား.. ချင်ဟွိုင်ရုက သူ့မိန်းမလား.. သူ့ကိုယ်သူ ကိုယ်ထင်ပြဖို့ ဘာလို့ ဒီလောက် စိတ်အားထက်သန်နေတာလဲ.. မသိတဲ့ သူတွေက ကျားဒုံရွှီ သေပြီလို့ ထင်ကြလိမ့်မယ်.. "

" ဟားဟားဟားဟားးး..."

အဘွားကြီး၏ ဆူညံသံကြောင့် ထွက်လာကြသော အိမ်နီးချင်းများက ထိုစကားကို ကြားလျှင် ဝိုင်းရယ်လိုက်ကြသည် ။

ယန်လောင်အာက ရက်စက်လွန်းလှ၏ ။ လူတစ်ယောက်ကို မျက်နှာခြင်းဆိုင်ပြီး ကျိန်ဆဲနေသည် ။

ထိုစကားကို ကြားလျှင် ကျားဒုံရွှီ၏ မျက်နှာက နီရဲသွားပြီး ယန်ကျီဝမ်ကို ဝါးစားမတက် စိုက်ကြည့်လိုက်သည် ။

သို့သော်လည်း ယန်ကျီဝမ် ဟူသည်က ရှာကျူးကို တစ်ချက်တည်း အလဲထိုးခဲ့သူဖြစ်၍ သူ ရှေ့မတိုးရဲချေ ။

ယီကျုံးဟိုင် အနည်းငယ် စိတ်ပျက်သွားသည် ။ သူ၏ တပည့်ဖြစ်သူသည် မိဘကို သိတက်သော်လည်း အနည်းငယ်ကြောက်နေ၏ ။

ယခု မျက်နှာခြင်းဆိုင် ကျိန်ဆဲ ခံနေရသည်ကိုပင် ဒေါသကို မျိုချရန်သာ ဆုံးဖြတ်ထားပုံရသည် ။

ဤသို့သော အခြေအနေ မျိုးတွင် ခေါင်းငုံ့ ခံမနေဘဲ ပြတ်ပြတ်သားသား ပြန်လည် တုန့်ပြန်သင့်သည် ။

နားမကြားသော အဘွားကြီး ဘေးနားတွင် ရှိနေ၍ ယန်လောင်အာ အလွန်အကျွံ လုပ်ရဲမည် မဟုတ်ချေ ။

သို့သော်လည်း ကျားဒုံရွှီ၏ စိတ်ထဲတွင် သူ၏ ပုံရိပ် မြင့်တက်စေရန် ဤသည်က ဝင်ကူညီရန် အချိန်ကောင်းပင် ။

ယီကျုုံးဟိုင်က...

" ယန်ကျီဝမ်.. မင်း ပေါက်လွတ်ပဲစား မပြောနဲ့.. ဒီသတင်းသာ ပြန့်သွားရင် ဟွိုင်ရုနဲ့ ရှာကျူးတို့ လူကြားထဲ ဘယ်လို မျက်နှာ ပြရမလဲ.. "

"ဟားဟားဟား.. ခင်ဗျားတို့က အရင်လာပြီး ပြဿနာ ရှာနေတာ မဟုတ်ဘူးလား .."

ယန်ကျီဝမ်က ရယ်၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး..

" အဘွားကြီး.. မှန်တွေ ခွဲချင်ရင် လာရိုက်ခွဲ ..ကျုပ် ကန့်ကွက်စရာမရှိဘူး.. "

" ဒုတိယသား.. မင်းး.."

ယန်ဖူကွေ့ ချက်ချင်းပင် စိုးရိမ်သွား၏ ။ ဒုတိယသားသည် မိသားစုကို တာဝန်ယူထားသူ မဟုတ်၍ ထင်းနှင့် ဆန်၏ တန်ကြေးကို မသိချေ ။ မှန်တစ်ကန့်လျှင် အနည်းဆုံး ၅၀ ဆင့် တန်ကြေးရှိ၏ ။

. တစ်အိမ်လုံး၏ မှန်များ ရိုက်ခွဲခံလိုက်ရပါက သူရင်ကွဲ၍ သေဆုံးသွားနိုင်သည် ။

ယန်ဖူကွေ့က ထပ်ပြောရန် ပြင်လိုက်သော်လည်း ယန်ကျီဝမ်က တားလိုက်ပြီး..

" ဒါပေမဲ့ ကျုပ်က ဇတူ ပြန်ယူရမှ ကျေနပ်တဲ့ သူနော် ..ခင်ဗျားက ကျုပ်အိမ်က မှန်ကို ရိုက်ခွဲရင် ကျုပ်က ရှာကျူးအိမ်က မှန်ကို ရိုက်ခွဲမယ်.. သူ့ကိုပါ ရိုက်ခွဲပစ်မယ် .."

ထိုစကားကို ကြားလျှင် ယန်ဖူကွေ့၏ မျက်လုံးများ တောက်ပသွားသည် ။ ဒုတိယသား၏ ကစားကွက်က အံ့မခန်းပင် ။

နားမကြားသော အဘွားကြီးက အိုမင်းလွန်းနေ၍ လက်ဖျားနှင့် မတို့ရဲသော်လည်း ရှာကျူးကို သွားရိုက်၍ ရ၏ ။ နားမကြားသော အဘွားကြီးက ရှာကျူးအား မြေးအရင်းသဖွယ် ချစ်ခင်ပေသည် ။

ထို့ကြောင့် သူမ၏ ခြိမ်းခြောက်မှုကို ရှာကျူးနှင့် တန်ပြန်ရပေမည် ။

သို့သော်လည်း ဤလှည့်ကွက်ကို ယန်ကျီဝမ် တစ်ယောက်သာ သုံးနိုင်သည် ။ ရှာကျူးအား လက်ရုံးခြင်းယှဥ်၍ အနိုင်ယူနိုင်သည်က ယန်ကျီဝမ် တစ်ယောက်သာ ရှိပေသည် ။

နားမကြားသော အဘွားကြီးက ဤစကားကို ကြားလျှင် ဒေါသထွက်သွားသည် ။

" နင် လုပ်ရဲလား... နင် ရှာကျူးကို တစ်ခုခု လုပ်လိုက်တာနဲ့ ငါ နင့်အိမ်တံခါးဝမှာ ကြိုးဆွဲချ သေပြမယ်.. "

ဤသည်က သူမ၏ နောက်ဆုံး ဝှက်ဖဲဖြစ်သည် ။ ဤအကွက်ကို ထုတ်သုံးလိုက်လျှင် လူတိုင်းကြောက်ကြ၏ ။

နားမကြားသော အဘွားကြီးက အိုမင်းလွန်းနေ၍ အသက်ရှင်ရန် အချိန်သိပ်မကျန်တော့ပေ ။ ထို့ကြောင့် မည်သူမှ သူမနှင့် ယှဥ်၍ မငြင်းခုံရဲကြ ။

သူမ သာတစ်ခုခု ဖြစ်သွားလျှင် ငါးပါးမှောက်ကုန်ပေလိမ့်မည် ။

" တကယ်ကြီးလား.. ကျုပ်တော့ မယုံဘူး... "

ယန်ကျီဝမ်က အဘွားကြီးအား စပ်စုချင်သလို ကြည့်၍...

" အဖေ.. ကြိုးမရှိဘူးလား.. သားတို့ အဘွားကြီးကို ကူပြီး ချီပေးရအောင်.. "

ထိုစကားကို ကြားလျှင် ယန်ဖူကွေ့၏ မျက်နှာက ရဲရဲနီ သွား၏ ။ သူ အလွန်ရယ်ချင်နေသော်လည်း အချိန်ကောင်း မဟုတ်၍ ​အောင့်ထားရသည် ။

ဤကလေးက အဘွားကြီးမလုပ်ရဲမည်ကို အပိုင်တွက်ထားသည် ။

အဆင်ပြေပြေ နေရသော ဘဝရှိလျှင် မည်သူကများ သေချင်ပါမည်နည်း ။

နားမကြားသော အဘွားကြီးက ခြောက်လှန့်နေသည်ကို လူတိုင်းက သိကြသော်လည်း မည်သူမှ မစမ်းသပ်ရဲကြချေ ။

ဤသည်က ခြောက်လုံး တစ်ခုသာ ဖြစ်သော်လည်း တစ်နေ့နေ့တွင် သူမ စိတ်ဓာတ်ကျပြီး သတ်သေမည်မဟုတ်ဟု မည်သူ ပြောနိုင်ပါမည်နည်း ။

သို့သော်လည်း စိတ်တိုတက်သော ယန်လောင်အာနဲ့ တွေ့သည်အခါ ဤလှည့်ကွက်က အသုံးမဝင်တော့ပေ ။ ခေါင်းမာသော သူများသည် ရက်စက်ကြမ်းကြုတ်သော သူများအား ကြောက်ကြပေသည် ။

နားမကြားသော အဘွားကြီးသည် ယန်ဖူကွေ့ တကယ်ကြီး ကြိုးသွားရှာမည်ကိုပင် ထိတ်လန့်နေချေသည် ။

သူမ တကယ်ပဲ ကြိုးဆွဲချရမည်လော။ မေ့လဲ၍ ထွက်သွားရမည်လော ။

ဤ လူဆိုးလေး ယန်လောင်အာက စည်းမျဥ်းများ အတိုင်း မကစားချေ ။

All Chapters