ချူနိုင်ငံမှ ထွက်ခွာခြင်း
Vol. 006 Ch. 260
ထို့နောက် ဝမ်လင်းက သူ့နတ်ဘုရား အာရုံဖြင့် တိမ်ကောင်းကင် ကလန် တစ်ခုလုံးကို ဖြန့်ကြက် လိုက်သည်။ သူက စုန်ချင်နှင့် အခြားဘိုးဘေး လေးယောက်ကို တွေ့လိုက်သည့်အခါ သူက အခုဒီနေရာမှာ လာရောက် စုဝေးရန် အကြောင်းကြားလိုက်၏။
အခုချိန်တွင် တိမ်ကောင်းကင်ကလန်က ဝမ်လင်း လက်ခုပ်ထဲ ရောက်ရှိနေပြီ ဖြစ်သည်။ သူက အတွေးတစ်ချက်ဖြင့် ထိုစဦးစိတ်ဝိညာဉ် အဆင့်အားလုံးကို သတ်ပစ်နိုင်စွမ်း ရှိပေသည်။ အကြောင်းမှာ သူက သူတို့ စိတ်ဝိညာဉ် သွေးများကို ရယူထားပြီး ဖြစ်သောကြောင့်ပင်။
ထိုလူများ ရောက်လာသည်နှင့် ဝမ်လင်းက သူတို့ရှေ့တွင် စိတ်ဝိညာဉ် သွေးများကို ထုတ်ယူလိုက်ပြီး လီမူဝမ် လက်ထဲသို့ ကမ်းပေးလိုက်၏။
ဘိုးဘေး လေးယောက်၏ အမူအရာက အံ့ဩလို့ သွားသည်။ သူတို့က လီမူဝမ်ကို လှမ်းကြည့် လိုက်သောလည်း စကားတစ်လုံးမှ မပြောကြပေ။ စုန်ချင်နှင့် အခြား အကြီးအကဲများက စိတ်သက်သာရ ရသွားလေ၏။ ဝမ်လင်းနှင့် ယှဉ်လျင် သူတို့က လီမူဝမ် လက်ထဲကနေ လွတ်မြောက်ရန် ပို၍လွယ်ကူ လေသည်။
လီမူဝမ်က စိတ်ဝိညာဉ် သွေးစက်များကို လက်ခံလိုက်ပြီး အကြီးအကဲများကို ကြည့်၍ နူးညံ့စွာ ပြောလိုက်သည်။
“ကျွန်မက ကျွန်မယောက်ျားရဲ့ ကိုယ်စား ဒီကလန်ကို စောင့်ရှောက် ပေးမှာပါ။ စီနီယာတွေကလည်း ကျမကို ဂရုစိုက် ပေးမယ်လို့ မျှော်လင့်မိပါတယ်။ နှစ်ပေါင်းငါးရာ ကြာရင် ကျွန်မက စီနီယာတို့ရဲ့ စိတ်ဝိညာဉ် သွေးတွေ ယူထားတဲ့အတွက် ပြန်ပေးဆပ်မှာပါ။ ဘိုးဘေးတွေလည်း စိတ်မရှိဖို့ မျှော်လင့်မိပါတယ်။ တောင်းပန်တဲ့ အနေနဲ့ ကျွန်မက ဘိုးဘေးတို့ရဲ့ သက်တမ်းကို တိုးမြှင့်ပေးနိုင်တဲ့ ဆေးလုံးတွေကို ပြုလုပ်ပေးမှာပါ။ ဆေးလုံးက ဖော်စပ်ဖို့ ခက်ပေမဲ့ အားလုံးအတွက် နှစ်ငါးဆယ်ကြာတိုင်း တစ်လုံးပေးမှာပါ။ ဒီဆေးလုံး တစ်လုံးက သက်တမ်းကို နှစ်ငါးဆယ်လောက် တိုးမြှင့် ပေးနိုင်ပါတယ် ...”
မိန်းမလျာနှင့် တူသော လူအိုကြီး၏ အသွင်က ပြောင်းလဲသွားသည်။ သူက လေးနက်စွာ မေးလိုက်သည်။
“သက်တမ်း တိုးမြှင့်ခြင်းလား ...”
အခြားဘိုးဘေး သုံးယောက်ကလည်း မျက်ခုံးပင့်မိ သွားသည်။ သက်တမ်း တိုးမြှင့်ခြင်းက သူတို့အတွက် အလွန် အရေးပါလှသည်။ ကျင့်ကြံမှု လောကတွင် သက်တမ်းတိုးမြှင့် မေးနိုင်သော ဆေးလုံးများက အဆင့်ခြောက် ဆေးလုံးများ ဖြစ်ကြပြီး ၎င်းတို့၏ တန်ကြေးကလည်း ကြီးမားလှပေသည်။
“ငါ့မှာ အခုငါးလုံး ရှိတယ်။ ဘိုးဘေး လေးယောက် လာစစ်ကြည့်လိုက်ပါ ...”
လီမူဝမ်က ပြုံး၍ ပုလင်းထဲက ဆေးလုံးအချို့ကို ထုတ်ကာ သူတို့ကို လှမ်းပေးလိုက်သည်။
ဘိုးဘေး ယန်ထျန်ဇီက ဆေးလုံးများကို ကြည့်၍ မေးလိုက်သည်။
“ဒီဆေးလုံးတွေကို နင်ကိုယ်တိုင် လုပ်ခဲ့တာလား ...”
လီမူဝမ်က ပြုံး၍ ဖြေလိုက်သည်။
“ဆေးလုံးတွေကို သန့်စင်တာကတော့ ငါပါ။ ဒါပေမဲ့ လိုအပ်တဲ့ ဆေးအမယ်တွေကို ထောက်ပံ့ပေးတဲ့ လူကတော့ ငါ့ယောက်ကျားပဲ ...”
သည်ဆေးလုံးတွေက စိတ်ဝိညာဉ် အရည်တွေကနေ သန့်စင်ထားခြင်း ဖြစ်လေသည်။
ယန်ထျန်ဇီက အနည်းငယ် စဉ်းစားလိုက်သည်။ သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ ကောင်းပြီ သင်က ငါတို့ စိတ်ဝိညာဉ် သွေးတွေကို အကြီးအကဲ လီမူဝမ်ကို ပေးခဲ့တဲ့အတွက် သင်က ထွက်ခွာသွားတော့မယ် ဆိုလိုတယ်မလား။ ငါတို့က ဒီဆေးလုံးတွေကို ရနေသရွေ့ ငါတို့က နှစ်ပေါင်းငါးရာထိ သူမ လုံခြုံဖို့ ကတိပေးတယ် ...”
ဝမ်လင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အရမ်းကောင်းတယ် ...”
လီမူဝမ်က လှပသော အကြည့်က စုန်ချင်နှင့် လိုင်ဖန်တို့ အပေါ်သို့ ကျရောက် သွားသည်။ သူမက ပြုံး၍ ပြောလိုက်သည်။
“ဘာလို့ စီနီယာအစ်ကို ချူယောင်ဇိက ဒီမှာ ရှိမနေတာလဲ ...”
စုန်ချင်က ဝမ်လင်းကို ကြည့်၍ အလျင်အမြန် ပြောပြလိုက်သည်။
“သူက အခု ဆေးတစ်လုံးကို သန့်စင်နေတာ။ သူက ပြောလိုက်တဲ့ သူ့ စွန့်လွှတ် သန့်စင်ခြင်းနည်းမှာ အသုံးပြုဖို့အတွက် အဆင့်ငါး ဆေးလုံးတွေ ပေးမယ်ဆိုရင် သူက သူ့ စိတ်ဝိညာဉ်သွေးကို ထုတ်ပေးမယ်တဲ့ ...”
လီမူဝမ်က တခစ်ခစ် ရယ်မောကာ ပြန်ပြောလိုက်သည်။
“အစ်ကိုချူယောင်ဇီက ငါ့လို အဆင့်ငါး ဆေးပညာရှင်တွေပဲ။ သူက ဒီဆေးတွေကို လိုချင်တယ် ဆိုရင် ရှိစေရမှာပေါ့။ ဒါက အဆင့်ငါး ဆေးလုံးလေးတွေ သာသာပဲကို ...”
ထိုသို့ ပြောပြီးနောက် လီမူဝမ်က ဝမ်လင်းကို ကြည့်၍ ရှင်းပြလိုက်သည်။
“တိမ်ကောင်းကင် ကလန်မှာ ဝမ်အာ အပါအဝင် အဆင့်ငါး ဆေးပညာရှင် သုံးယောက်ရှိတယ်။ ကျန်တဲ့နှစ်ယောက်က ချူယောင်ဇီနဲ့ ယန်ထျန်ဇီ ...”
ဝမ်လင်းက ခေါင်းညိတ် ပြလိုက်သည်။ သူက လီမူဝမ် လုပ်ဆောင်သမျှ အားလုံးကို ဘေးမှ ကြည့်ရုံသာ ကြည့်နေလေသည်။
လီမူဝမ်က တိမ်ကောင်းကင်ကလန်နှင့် ပတ်သက်လို့ ဗဟုသုတများစွာ ရှိသဖြင့် စဦးစိတ်ဝိညာဉ် များကိုလည်း ကျေနပ်အောင် စီမံခန့်ခွဲ နိုင်ခဲ့လေသည်။ ထိုသို့ ပြုလုပ်နိုင်သော အကြောင်းမှာ သူမလက်ထဲ၌ သူတို့၏ စဦးစိတ်ဝိညာဉ်များ ရှိနေသော အကြောင်းကြောင့် ဖြစ်လေ၏။
ထို့နောက် လူတိုင်းက ပြန်ထွက်ခွာ သွားကြလေသည်။
အခြားလူများ အားလုံး ထွက်ခွာ သွားပြီးနောက် ဝမ်လင်းက ပြောလိုက်သည်။ ထိုင်ပြီး လေ့ကျင့်လိုက်ပါ။
“အတိတ်တုန်းက ညီမရဲ့ အဆီအနှစ်က ပျက်စီးသွားခဲ့တဲ့ အတွက် စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ဖို့ မဖြစ်နိုင်တော့ဘူး။အခု အစ်ကိုက ညီမကို ကူညီပေးချင်တယ် ...”
လီမူဝမ်က အောက်နှုတ်ခမ်းလေးကို ကိုက်၍ ခေါင်းညိတ် လိုက်သည်။ သူက ဝမ်လင်းရှေ့တွင် ခြေချိတ်၍ လေ့ကျင့်လိုက်သည်။ ဝမ်လင်းက သိုလှောင်အိတ်ထဲက ကျန်နေသေးသော စိတ်ဝိညာဉ် အရည်ခြောက် ပုလင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ဝမ်လင်းက ပုလင်းထဲက စိတ်ဝိညာဉ် အရည်တွေကို လီမူဝမ်နဖူးမှ တစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စီးဆင်းစေလိုက်သည်။ ထို့နောက် ဝမ်လင်းက သူ့စဦးစိတ်ဝိညာဉ်ကို အသုံးပြု၍ အတိတ်တုန်းက ရခဲ့သော လီမူဝမ် ဒဏ်ရာကို ကူညီ ကုသပေးလိုက်သည်။
နှစ်နာရီလောက် ကြာသည့်အခါ ဝမ်လင်းက ပြုလုပ်ပြီးသွားပြီ ဖြစ်သည်။
သူက တိမ်ကောင်းကင် ကလန်မှာ လအနည်းငယ်ကြာ နေထိုင်ပြီးနောက် ဝမ်လင်းက စိတ်ဝိညာဉ် အရည်တွေကို စုဆောင်းလိုက်သည်။ သူက သူ့အတွက် အနည်းငယ် သိမ်းထားလိုက်ပြီး အချို့ကို လီမူဝမ်အတွက် ထားလိုက်၏။
ထို့ပြင်သူက ချန်ဘိုင်လန်၏ ခရမ်းရောင် မှင်အင်းဆက်များကို သိုလှောင်အိတ်၌ ထည့်ထားပြီး ဖြစ်သည်။ သူက ၎င်းတို့ကို နောင်တစ်ချိန်တွင် အသုံးပြုရန် လိုချင်လိုလာပေမည်။
သူက လီမူဝမ်ကို အတားအဆီး အလံပေးခဲ့သောကြောင့် ကျန်နေသေးသော မှင်ကျောက်တုံး နှစ်ခုဖြင့် နောက်ထပ် တစ်ခုပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် အတားအဆီး အလံပြုလုပ်ရခြင်းက အချိန်အတော်ယူ ရလေသည်။ သူက မတူညီသော အတားအဆီးများကို အလံပေါ်တွင် ပြုလုပ် ရသောကြောင့်ပင်။
ခုနှစ်လခန့် ကြာပြီးနောက် အတားအဆီအလံက ပြီးပြည့်စုံလုနီး ဖြစ်လာခဲ့သည်။ သူက နောက်ဆုံး အတားအဆီး တစ်ခုသာ ပြုလပ်ရန် လိုတော့သည်။ သို့သော် သူက ထိုနောက်ဆုံး ကျန်နေသေးသော အတားအဆီးကို ပြုလုပ်လိုက်လျှင် နတ်ဘုရား ပြစ်ဒဏ် ကျရောက် လာမည်ကို စိုးရိမ်မိလေသည်။ ထို့ကြောင့် သူက မလုပ်တော့ဘဲ ရပ်တန့်လိုက်သည်။ သို့သော် အတားအဆီး အလံအသစ်က အဆင့်တစ်ဆင့် လိုသွားသော်လည်း စွမ်းအား ကောင်းတုန်းပင်။ သူအခု အတားအဆီးအလံက ပထမတစ်ခုထက်တော့ အနည်းငယ် အားနည်းမှုတော့ ရှိလေသည်။
မနက်ခင်း တစ်ခု၌ ဝမ်လင်းက လေထဲတွင် လမ်းလျှောက်လျက် ရှိသည်။ သူက လီမူဝမ်ပေးခဲ့သော ဆေးလုံးများကို သိုလှောင်အိတ်ထဲ၌ ထည့်လာခဲ့လိုက်သည်။ သူက တိမ်ကောင်းကင် ကလန်မှ ထွက်ခွာပြီ ဖြစ်သည်။ တောင်ထိပ်တစ်ခု အပေါ်တွင် အမျိုးသမီး တစ်ယောက်က မတ်တတ် ရပ်လျက်ရှိသည်။ သူမက ကြင်နာရိပ်သန်းသော မျက်ဝန်းများဖြင့် ဝမ်လင်း ပျောက်ကွယ် သွားသည့်အထိ ငေးကြည့်လို့ နေလေသည်။
သူမက ဝမ်လင်းနှင့် လပေါင်း၊ နှစ်ပေါင်း မည်မျှကြာမှ ပြန်တွေ့ရမည်ကို မသိပေ။ ပုံမှန်အားဖြင့် သူမက ဝမ်လင်းနှင့် အတူလိုက်ချင်ခဲ့သည်။ သို့သော် သူမက အလွန် ထောက်ထားတတ်သော မိန်းမတစ်ယောက် ဖြစ်သည်။ သူကမ ဝမ်လင်း အနားမှာ ရှိနေခဲ့လျှင် သူ့အတွက် အမှိုက် ဖြစ်နေမည်ကို သိ၏။ ထို့ကြောင့်သူမက တိမ်ကောင်းကင် ကလန်တွင် နေ၍ ဆေးပညာကို လေ့ကျင့်ရန် ဆုံးဖြတ်ချက် ချခဲ့ပေသည်။ ထို့အတွက်လည်း သူမက သူ့စိတ်ထဲတွင် နေရာပို၍ ယူလာမည် ဖြစ်၏။
***