← Chapters

လျှို့ဝှက်ရောင်းဝယ်မှု

Vol. 006 Ch. 267

လျှို့ဝှက်ရောင်းဝယ်မှု

Vol. 006 Ch. 267

ဝမ်လင်းက မြို့ထဲတွင် သုံးရက်ကြာ နေထိုင်ခဲ့သည်။ ထိုနေထိုင်သည့် အတောအတွင်း လူများစွာက သူ့ရှိ လာလည်ခဲ့ကြ၏။

စဦးစိတ်ဝိညာဉ် များစွာက သည်မြို့က မဟုတ်ကြချေ။ သူတို့က လျှို့ဝှက် ရောင်းဝယ်မှုအတွက် လာရောက် ခဲ့ကြခြင်း ဖြစ်သည်။ ဝမ်လင်းနှင့် ထိပ်ပြောင် လူကြီး၏ တိုက်ပွဲက သူတို့၏ အာရုံကို စွဲဆောင် ခဲ့ပေသည်။ တကယ်တော့ ခွန်အားသာ အဓိက အရာဖြစ်၍ ဝမ်လင်းကလည်း ထိပ်ပြောင် လူကြီးကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိခဲ့၏။ သူပြသခဲ့သော ခွန်အားကြောင့် သည်စဦး စိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ များက လာရောက် လည်ပတ်ကြခြင်း ဖြစ်သည်။

သုံးရက်တာ ကုန်ဆုံးသွား ပြီးနောက် လျှို့ဝှက် ရောင်းဝယ်ရေး နေ့သို့ ရောက်လာခဲ့သည်။ သည်မနက်မှာပင် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က ဝမ်လင်းထံသို့ ရောက်လာခဲ့ပြီး ဖိတ်စာ တစ်စောင်ကို ယဉ်ကျေးစွာ လာရောက် ပေးခဲ့၏။ ထို့နောက် အမြုတေ ဖွဲ့တည်ခြင်း ကျင့်ကြံသူက ဝမ်လင်းကို လျှိုဝှက် ရောင်းဝယ်ရေး ဆိုင်သို့ ခေါ်ဆိုင်သွား လေ၏။

လူအိုကြီးက ဝမ်လင်းက မြင်လိုက်သည့် အခါ သူက တလေးတစားဖြင့် အလျင်အမြန် လာရောက် နှုတ်ဆက် လေသည်။ သူက ဝမ်လင်းကို ဂရုတစိုက် နံရံနားသို့ ခေါ်ဆောင် သွားပြီးနောက် အကြိမ် အနည်းငယ် ထိုနံရံကို ခေါက်လိုက်၏။ ထို့နောက် နံရံက လှိုင်းများ ထွက်ပေါ်လာ ခဲ့သည်။

သူက ထိုသို့ ပြုလုပ်ပြီးနောက် သူက ဝတ်စုံတစ်စုံကို ထုတ်၍ ဝမ်လင်းကို ပေးလိုက်၏။

ဝမ်လင်းက မတ်တတ် ရပ်လျက်ပဲ ရှိနေပြီး ရှေ့သို့ ဆက်သွားခြင်း မရှိပေ။ သူက နတ်ဘုရားအာရုံဖြင့် အထဲသို့ စစ်ဆေး လိုက်သည်။ သူက အထဲတွင် ကျယ်ဝန်း လှပသော နေရာတစ်ခု ရှိကြောင်း တွေ့လိုက်ရ၏။ သူက တူညီဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက် ကိုလည်း တွေ့လိုက်ရသည်။ အချို့က ထိုင်နေပြီး တချို့ကတော့ စကားစမြည် ပြောလို့နေကြသည်။

ဝမ်လင်းက သူ့နတ်ဘုရား အာရုံကို ပို့လွှတ်လိုက်သည့် အချိန်တွင် သက်လတ်ပိုင်း အရွယ်ရှိသည့် ပညာရှိပုံစံလူကြီး တစ်ယောက်က မျက်လုံး မှိတ်ထားရာမှ ဖွင့်လိုက်သည်။ ကျန်သည့်သူများ ကတော့ သူ့နတ်ဘုရား အာရုံကို သတိပြုမိ လိုက်ကြခြင်း မရှိပေ။ သည်ပညာရှိပုံစံ လူကြီး တစ်ယောက်သာ တူညီသော ဝတ်စုံကို ဝတ်ဆင်မထားဘဲ ရှိနေ၏။

သည်လူကြီး၏ အသွင်က ပုံမှန်အတိုင်း မပြောင်းမလဲ ရှိနေသော်လည်း အံ့ဩမှု အရိပ်အယောင် လေးကတော့ သူ့မျက်လုံးထဲတွင် ဖြတ်ပြေး သွားခဲ့၏။

ဝမ်လင်းကလည်း ထိတ်လန့် သွားမိသည်။ သူက နတ်ဘုရား အာရုံဖြင့် လူတိုင်းကို စစ်ကြည့် လိုက်သည့်အခါ သည်ပညာရှိ လူကြီးကလွဲလို့ ကျန်သည့်လူ အားလုံးက အစောပိုင်း စဦးဝိညာဉ် အဆင့်များသာ ဖြစ်ကြောင်း သိလိုက်၏။ သည်လူကြီးက အစောပိုင်း စဦးစိတ်ဝိညာဉ်လို့ ထင်ရသော်လည်း အမှန်တော့ စဦးစိတ်ဝိညာဉ် နောက်ဆုံး အထွတ်အထိတ် အဆင့် ဖြစ်နေသည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန်လည်း တစ်ဆင့်သာ လိုတော့၏။

ဝမ်လင်းက ထိုလူကြီး လေ့ကျင့်သော နည်းစနစ်ကို မသိချေ။ သို့သော် သည်လူကြီး၏ နတ်ဘုရား စိတ်ဝိညာဉ်က သူ့ကိုပင် ထောက်လှန်း နိုင်အောင် စွမ်းအား ကောင်းလှသည်။

ဝမ်လင်းက နတ်ဘုရားအာရုံကို ပြန်ရုပ်သိမ်း လိုက်ပြီး လူအိုကြီး ပေးသော ဝတ်စုံကို ဝတ်ဆင်လိုက်၏။ ထို့နောက် စာကားတစ်လုံးမှ မပြောတော့ဘဲ နံရံထဲသို့ ဝင်လိုက်သည်။ သူက အထဲသို့ ရောက်သွားသည်နှင့် သူ့အတွက် သတ်မှတ်ထားသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး မျက်လုံးမှိတ်ထား လိုက်တော့သည်။

သူသည် အပြုအမူက သူ့ကို စကားပြောမလို လုပ်နေသော ကျင့်ကြံသူ အနည်းငယ်၏ စိတ်ကို တစ်မျိုး ဖြစ်သွားစေ၏။

ဝမ်လင်းက မျက်လုံးမှိတ် ထားသော်လည်း သူ့နတ်ဘုရား အာရုံကတော့ ပညာရှိပုံစံ ပေါက်သောလူကြီး၏ လမ်းကြောင်းတွင် နီးကပ်စွာ ထားရှိထား၏။ သူက အခန်းထဲသို့ ဝင်လာသည်နှင့် သည်လူကြီးက သူ့ကို စူးစိုက်ကြည့်နေခြင်း ဖြစ်သည်။

အချိန်အနည်းငယ် ကြာလာသည်နှင့် ပိုများသော ကျင့်ကြံသူများ ရောက်လာကြ၏။ သူတို့အားလုံး ကလည်း တူညီသော ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကိုလည်း ဖုန်းကွယ် ထားကြ၏။

ဒါကို ကြည့်ခြင်းအားဖြင့် ဝမ်လင်းက သည်လူတွေသည် အခြားလူများက သူတို့ကို မသိစေချင်ကြောင်း သဘောပေါက် လိုက်သည်။ သူတို့က သူတို့ကိုယ်သူတို့ ဖော်ပြခဲ့လျှင် သူတို့ ရတနာများကို ပြသသည့်အခါ နောင်တွင် ပြဿနာများစွာ တက်လာနိုင် သောကြောင့်ပင် ဖြစ်သည်။

သို့ရာတွင် ကျင့်ကြံသူ အများစုက သူတို့၏ မျက်နှာကို ဖုံးကွယ်ထားခြင်း မရှိကြချေ။ သူတို့က သူတို့ကိုယ်သူတို့ ယုံကြည်မှု ရှိသဖြင့် သူတို့ပုံရိပ်ကို ဖော်ထုတ်ပြသဖို့ ကြောက်ရွံ့ကြခြင်း မရှိပေ။

သို့သော် ဝမ်လင်းက သူ့စိတ်ထဲတွင် သံသယများ ရှိနေသေးသည်။ လျန်မိုမြို့ထဲရှိ သေးငယ်သော ဆိုင်လေးတွင် အခုလို များပြားသော စဦးစိတ်ဝိညာဉ် အဆင့်များကို မည်သို့စုဝေး နိုင်ခဲ့သနည်း။

သူက တိတ်တဆိတ် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ စားပွဲ (၃၀) ထက် ပိုသည်ကို တွေ့လိုက်ရသည်။ အခုလျှို့ဝှက် ရောင်းဝယ်ရေးတွင် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ (၃၀) ကျော် ပါဝင်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သူက သူ့စိတ်ထဲတွင် သံသယ ရှိနေသော်လည်း သူ့အပြင်ပိုင်း အသွင်ကတော့ တည်ငြိမ်လျက်ပင်။

ဝမ်လင်းက နောက်ထပ် အချိန်အနည်းငယ် ထပ်စောင့် လိုက်ရသည်။ အချိန်တချို့ ကုန်သွားပြီး ဖြစ်သော်လည်း နောက်ထပ် ကျင့်ကြံသူများ ထပ်ရောက်လာခြင်း မရှိတော့ပေ။ ရှေ့တွင် ထိုင်နေသော လူအိုကြီး တစ်ယောက်က မတ်တတ် ရပ်လိုက်သည်။ သူက ချောင်းဟန့်၍ ပြောလိုက်သည်။

“ဒီလျှို့ဝှက် အရောင်းအဝယ်က မြို့သုံးမြို့ပေါင်းပြီး ဦးစီးတာပဲ။ ဒါကြောင့် ဒီနေရာမှာ သာမန်ထက်သာတဲ့ လူတွေ ရှိနေကြတယ်။ ဒါပေမဲ့ လူတိုင်းက ဒီကို ရောက်လာတယ် ဆိုကတည်းက တစ်စုံတစ်ခုကို ရှာတွေ့ချင်လို့၊ လိုချင်လို့ ဆိုတာ ငါယုံပါတယ်။ ပထမဆုံးအနေနဲ့ ငါစလိုက်မယ် ... ”

ထိုသို့ ပြောပြီးနောက် သူက သိုလှောင်အိတ်ထဲက အမြုတေ များစွာနှင့် ထူးဆန်း ရတနာများကို ထုတ်ယူလိုက်၏။ ထိုရတနာများထံမှ စိတ်ဝိညာဉ် စွမ်းအင်များစွာ ထွက်ပေါ်နေသဖြင့် သည်အရာများက မည်မျှစွမ်းအား ရှိကြောင်း ပြသလို့နေသည်။

သူက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“ဒီအမြုတေတွေက အလယ်အလတ် အဆင့် စိတ်ဝိညာဉ်အဆင့် သားရဲတွေရဲ့ ဟာပဲ။ ဒီသားရဲတွေက စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူတွေရဲ့ ခွန်အားနဲ့ တူတူပဲ။ ဒီထူးဆန်း ရတနာကတော့ အလယ်အဆင့် စိတ်ဝိညာဉ် သားရဲတွေရဲ့ အရိုးကနေ ပြုလုပ်ထားတာပဲ။ အထူးသဖြင့် ဒီခေါင်းလောင်းပေါ့။ ငါက ဒီအရာတွေကို စိတ်ဝိညာဉ် ကျောက်တုံးတွေနဲ့ လဲလှယ်ချင်တယ် ... ”

သည်ရတနာများနှင့် အမြုတေများက လူအိုကြီးရှေ့တွင် မြောလွင့်လို့ နေသည်။ တစ်စုံတစ်ယောက်က သည်အရာများကို စိတ်ဝင်စားသည် ဆိုလျှင် လက်မြှောက် လိုက်ရုံနှင့် သူလိုချင်သည့် ပစ္စည်းက သူ့လက်ထဲသို့ ‌ ချက်ချင်း ပျံသန်းရောက် လာလိမ့်မည် ဖြစ်သည်။ မည်သူကမျှ ဒီလျှို့ဝှက် အရောင်းအဝယ်ထဲရှိ အရာများကို ခိုးယူမည်ကို စိုးရိမ်ခြင်း မရှိပေ။ တကယ်တော့ ဒီအခန်းကိုက စွမ်းအားကောင်းသော အတားအဆီးများ ရှိလို့နေသည်။ တစ်ယောက်ယောက်က ရတနာတစ်ခုခုကို ခိုးပြီးထွက်ပြေးမည် ဆိုပါက သူ့သေလမ်း သူရှာသလိုသာ ဖြစ်ပေလိမ့်မည်။

ဝမ်လင်းက သည်လျှို့ဝှက်ခန်းမနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို လွန်ခဲ့သော သုံးရက် ကတည်းက သူ့ဆီလာလည်သော လူများပြောပြထား ခဲ့သဖြင့် သိရှိခဲ့ပြီး ဖြစ်သည်။ သည် ရောင်းဝယ်မှုကို မြို့သုံးမြို့က ဦးဆောင် ကျင်းပသည်လို့ ကြားကတည်းက သူက ဒီနေရာသည် အထူးနေရာ တစ်ခု ဖြစ်ကြောင်း နားလည်လိုက်ပြီး ဖြစ်သည်။

ထို့ကြောင့် သည်ရောင်းဝယ်ရေးတွင် ပါဝင်သူများ၏ လုံခြုံရေးကိုလည်း အာမခံနိုင် ပေသည်။

အချိန်တစ်ခု ကြာသွားပြီး နောက်မှာတော့ ကျင့်ကြံသူ တစ်ယောက်က ခေါင်းလောင်းကို စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် လဲလှယ်လိုက်သည်။ သိပ်မကြာခင်မှာ နောက်တစ်ယောက် အလှည့်သို့ ရောက်လာခဲ့၏။

တဖြည်းဖြည်းဖြင့် များစွာသော ရတနာများ၊ ဆေးလုံးများနှင့် မှော်စာလိပ်များကို ခင်းကျင်းပြသ လာခဲ့သည်။ သည်အရာများ အားလုံးကလည်း တန်ဖိုးမြင့်ကြ လေသည်။

သည်အရာများ အားလုံးက အပြင်ဘက်တွင် ရတနာသန့်စင်ခြင်း ခန်းမ၏ အမြင့်ဆုံးထပ်တွင် ရောင်းချနိုင်သော အရာများ ဖြစ်ကြသည်။ ၎င်းတို့ စျေးနှုန်းများ ကလည်း ကြောက်စရာ လန့်စရာ ကောင်းလှ၏။ အများစုကတော့ ဆေးလုံးများနှင့် ရတနာပစ္စည်းများ ဖြစ်ကြသည်။ တကယ်တော့ ဆေးလုံးနှင့် ရတနာများက ပို၍ ပြည့်စုံလေလေ ‌စျေးပိုကောင်း လေလေ ဖြစ်သည်။ သည်အရာများကို စိတ်ဝိညာဉ် ကျောက်တုံးများ အသုံးပြု၍ လဲလှယ်ကြ လေသည်။

နတ်ဆိုး ပင်လယ်တွင် ဝန်းရံနေ‌သော မြူများ ပျောက်ကွယ်သွား ကတည်းက စိတ်ဝိညာဉ် ကျောက်တုံးများကို များစွာ အသုံးပြုခြင်း မရှိကြတော့ပေ။ စိတ်ဝိညာဉ် ကျောက်တုံးများ၏ တန်ဖိုးက နိမ့်သွားသော်လည်း တစ်ခါတစ်ရံတော့ ကျင့်ကြံမှုအတွက် လိုအပ်တုန်းသာ ဖြစ်သည်။

မြူများပျောက်ကွယ် သွားပြီးနောက် သားရဲများက နတ်ဆိုးပင်လယ်ကို စတင် လွှမ်းမိုးလာ ကြသည်။ ထို့ကြောင့် လူအများကလည်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ပို၍ပို၍ သုံးလာခဲ့ကြ တော့သည်။

တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်နှစ်ခု ရှိလေသည်။ တစ်ခုက ရှေးဟောင်း ကျင့်ကြံသူများ ပြုလုပ်ခဲ့သော ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်များ ဖြစ်ကြသည်။ သည်ရှေးဟောင်း အစီအရင်များက အနည်းငယ်သာ ကျန်ရှိတော့ပြီး အများစုကတော့ ပျက်စီးကုန်ကြပြီ ဖြစ်သည်။ အလွန် နည်းပါးလှ‌သော ပမာဏကိုသာ အသုံးပြုနိုင် တော့ပေ၏။ စိတ်ဝိညာဉ် ကျောက်တုံး မည်မျှသုံးသည် ပေါ်မူတည်၍ ရှေးဟောင်း အစီအရင်များက ကီလိုမီတာ တစ်သန်းထိ အနည်းဆုံး ပို့ဆောင်ပေး နိုင်လေသည်။ သို့ရာတွင် နတ်ဆိုး ပင်လယ်တွင် ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးများ ကိုတော့ မည်သူမျှ အသုံးပြုနိုင်ခြင်း မရှိကြတော့ပေ။

တကယ်တော့ ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးများက ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုကျောက်တုံးကို ရှိနေခဲ့သည် ဆိုလျှင်တောင် တည်နေရာ ရွှေ့ပြောင်းခြင်းကို အသုံးပြုလိုသော လူအနည်းငယ် တွင်သာ ရှိပေလိမ့်မည်။

နောက်တစ်မျိုး ကတော့ သာမန်တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ဖြစ်သည်။ သည်အစီအရင် ကတော့ ရိုးရှင်းလေသည်။ ၎င်းတို့ကို အသုံးပြုဖို့အတွက် ကတော့ အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး ဆယ်တုံးခန့်သာ လိုပေသည်။ အများဆုံးမှ ကျောက်တုံး အလယ်အလတ် အဆင့် ကျောက်တုံး တစ်ရာသာ ဖြစ်သည်။ ၎င်းသာမန် အစီအရင်များက အများဆုံးမှ ကီလိုမီတာ တစ်ရာကျော်သာ ပို့ဆောင်ပေး နိုင်သည်။ သည်အစီအရင်များက ကုန်ကျ သလောက်လည်း အကျိုးရှိသဖြင့် ကျင့်ကြံသူ အများစုက သည်နည်းလမ်းဖြင့် ခရီးသွားလာ ကြပေသည်။ ထို့ကြောင့် စိတ်ဝိညာဉ် ကျောက်တုံး အသုံးပြုမှုက တန်ဖိုးရှိနေတုန်းပင်။

ရောင်းဝယ်မှုအချို့ ပြီးသွားပြီးနောက် မိုးကာ ဝတ်ထားသော လူတစ်ယောက်၏ အလှည့်သို့ ရောက်လာခဲ့သည်။ သူက ခေါင်းအနည်းငယ် ငုံ့ကာ အေးစက်စက် အသံနှင့် ပြောလိုက်သည်။

“ငါ့မှာတော့ ရောင်းစရာ များများစားစား မရှိဘူး။ ရှေးဟောင်း စာသားအချို့ပဲ ရှိတယ်။ ရောင်းရင်း ကျင့်ကြံသူတွေက စိတ်ဝင်စားမယ် ဆိုရင်တော့ မင်းတို့က ရောင်းဝယ်မှု ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစာသားတွေရဲ့ သဘာဝကြောင့် ရောင်ရင်းတို့ကို အနီးကပ် ကြည့်ဖို့ ခွင့်မပြုနိုင်ဘူး ... ”

ထိုသို့ ပြောပြီးနောက် သူက သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြား ခုနစ်ခု၊ ရှစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းတို့က လွင့်မြောလို့ သွား၏။

သည်ကျောက်စိမ်းပြား များ၏ အရောင်က အလွန် ဖျော့တော့လှသည်။ အချို့ဆိုလျှင် အက်ကွဲရာများပင် ရှိသည်။ ၎င်းတို့ထံမှ ရှေးဟောင်း အော်ရာများ ထုတ်လွှတ်လျက် ရှိသဖြင့် မည်မျှသက်တမ်း ရင့်နေကြောင်း ပြသလို့နေလေ၏။

သည်ကျောက်စိမ်းပြား များကို အစိမ်းရောင် အလင်းတချို့က ဝန်းရံထား လေသည်။ သည်အလင်းက ကျောက်စိမ်းပြား အထဲသို့ စစ်ကြည့်မည်ကို ကာကွယ်ထားသော နည်းစနစ်တစ်ခု ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။

“ဒါက ရှေးဟောင်း ကျင့်ကြံမှုကမ္ဘာရဲ့ လျှို့ဝှက်စာသားပဲ။ ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း ပြုလုပ်ဖို့ အညွှန်းတွေ ပါတယ်။ ဒါကို ငါက အလယ်အဆင့် စိတ်ဝိညာဉ် သားရဲရဲ့ အမြုတေများနဲ့ လဲလှယ်ချင်တယ်။ စာသားတစ်ခု အတွက် အမြုတေငါးခု ... ”

ထိုသို့ ပြောပြီးနောက် သူက ထိုစာသားများကို လိုချင်သော သူများကို စောင့်နေလိုက်၏။

အခန်းထဲတွင် ရှိသောလူ အားလုံးက မျက်မှောင်ကြုတ် မိသွားသည်။ သည်ကျောက်စိမ်းပြား ငါးခုအတွက် အလယ်အဆင့် စိတ်ဝိညာဉ် သားရဲ၏ အမြုတေတစ်ခု ဆိုလျှင်တောင် မထိုက်တန်ပေ။ အမှန်တရားက မည်သို့ ပြောင်းပြန် ဖြစ်သွားရသနည်း။

လက်တွေ့တွင် မိုးကာနှင့် လူကြီးကလည်း သက်ပြင်း ချလိုက်မိသည်။ သူ့တွင်လည်း သည်ရှေးဟောင်း စာသားများ ပါဝင်သော ကျောက်စိမ်းပြား များက လွဲ၍ ရောင်းချရန် အခြားဘာတစ်ခုမှ မရှိပေ။ သူက သည်ကျောက်စိမ်းပြား များကို ရှေးဟောင်း ကျင့်ကြံသူ တစ်ယောက်၏ ဂူထဲတွင် တွေ့ခဲ့ရခြင်း ဖြစ်သည်။ ရှေးဟောင်း ကျင့်ကြံသူက အလွန်ဆင်းရဲပုံ ရ၏။ သူ့တွင် သည်ကျော်စိမ်းပြားက လွဲ၍ အခြားဘာမျှ ရှိမနေခဲ့ချေ။

ပထမဆုံးအနေဖြင့် လူကြီးက သည်အရာများကို ရောင်းချရန် ကြိုးစား ကြည့်တုန်းက တန်ဖိုးအများကြီး မသတ်မှတ်ခဲ့ပေ။ သို့သော် အခြား ရောင်းဝယ်မှု များစွာတွင် တန်ဖိုးနည်းစွာ ရောင်းချခဲ့တုန်းက လျစ်လျူရှု ခံခဲ့ရသောကြောင့် အခုတစ်ခေါက်တွင် သူက မိုးထိမြင့်သော စျေးကို ခေါ်ရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်၏။သူက တွေးလိုက်သည်။ သည်ကျောက်စိမ်းပြား များသည် လူအများစုအတွက် အသုံးဝင်ခြင်း မရှိပေ။ သို့သော် အသုံးဝင်မည့်လူ အတွက်ကတော့ တန်ဖိုးများသည် နည်းသည် ထည့်တွက်ခြင်း မရှိဘဲ ဝယ်ယူပေလိမ့်မည်။

လက်တွေ့တွင်လည်း သူ့ထင်မြင်ချက်က မှန်သွားခဲ့လေ၏။

ဝမ်လင်းက ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင် ပြုလုပ်ရန် အညွှန်းပါသည့် ကျောက်စိမ်းပြားလို့ ကြားလိုက်ရသည့်နှင့် စိတ်ထဲတွင် တဒုန်းဒုန်း ခုန်သွား၏။ သူက သူခက်ခက်ခဲခဲ ရှာဖွေနေခဲ့သော အခုလို ကျောက်စိမ်းပြားကို တွေ့လိုက်ရမည်ဟု မျှော်လင့်ထား ခဲ့မိခြင်း မရှိပေ။

သူက စကားတစ်လုံးမှ မပြောတော့ဘဲ လက်ဝှေ့ယမ်း၍ ကျောက်စိမ်းပြားကို ကာရံထားသော အကာအကွယ်ကို ဖျက်ဆီးလိုက်၍ ၎င်း ကျောက်စိမ်းပြားကို ယူလိုက်လေသည်။

မိုးကာဝတ်ထားသော လူကြီးက တုန်လှုပ်သွားပြီး သူ့မျက်နှာ ကလည်း ရုတ်တရက် ရုပ်ဆိုးလို့သွား၏။ သူက အစိမ်းရောင် အလင်းက များစွာအားမကောင်း လှသော်လည်း အလွယ်တကူ ချိုးဖျက် နိုင်သည့်အရာ မဟုတ်မှန်းတော့ သိသည်။ သူက အလယ်အဆင့် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ယောက်ပင် လွယ်ကူစွာ ချိုးဖျက် နိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် သည်လူက စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် တစ်ယောက် ဖြစ်ရပေမည်။

ဝမ်လင်းက ကျောက်စိမ်းပြားကို ယူလိုက်ပြီးနောက် နတ်ဘုရား အာရုံဖြင့် စစ်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ သူက အလယ်အဆင့် စိတ်ဝိညာဉ် သားရဲများ၏ အမြုတေငါးခုကို ထုတ်ပေးလိုက်၏။

မိုးကာနှင့် လူကြီးက အမြုတေများ သူ့လက်ထဲ ရောက်လာမှသာ သက်ပြင်း ချနိုင်တော့သည်။

ဝမ်လင်း လုပ်ဆောင်ချက်က အခြားကျင့်ကြံသူ သုံးယောက်၏ အာရုံကို စွဲဆောင်သွားသည်။ သူတို့ထဲတွင် ပညာရှိပုံစံ လူကြီးလည်းပါ၏။ အခြား နှစ်ယောက်တော့ သူတို့ကိုယ်သူတို့ ဖော်ပြထားခြင်း မရှိပေ။ သူတို့ မျက်လုံးများက မြင့်တက်သွားပြီး ခေါင်းမော့ကာ ကြည့်လိုက် ကြသည်။

ခဏတာ တိတ်ဆိတ် သွားပြီးနောက် အခြားကျင့်ကြံသူ တစ်ယောက်က သူ့ပစ္စည်းကို ပြသရန် လျှောက်လာ ခဲ့သည်။

ထို့နောက် သိပ်မကြာခင် မှာတော့ ဝမ်လင်းအလှည့်သို့ ရောက်လာခဲ့သည်။ ထိုခဏတွင် လူတိုင်းက တိတ်ဆိတ်သွားပြီး သူ့ကို ကြည့်လိုက် ကြသည်။ ဝမ်လင်း၏ လုပ်ဆောင်ချက် များကြောင့် သူ့ကျင့်ကြံမှု အဆင့်ကလည်း မရိုးရှင်းနိုင်ပေ။ သည်ကျင့်ကြံ သူများက ဝမ်လင်း ဘာရောင်းမလဲကို သိချင်နေကြပြီ ဖြစ်၏။

***

All Chapters