← Chapters

ကျောက်နိုင်ငံ၏ တည်နေရာ

Vol. 006 Ch. 268

ကျောက်နိုင်ငံ၏ တည်နေရာ

Vol. 006 Ch. 268

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သိုလောင်အိတ် ထဲက အလယ်အဆင့် စိတ်ဝိညာဉ် သားရဲများ၏ အမြုတေများနှင့် သူတစ်ခါမျှ အသုံးမပြုခဲ့သော ရတနာအချို့ကို ထုတ်ယူလိုက်သည်။

ဝမ်လင်းက များသောအားဖြင့် ရှိတတ်သော အရာများကို ထုတ်ယူလိုက်သည့် အတွက် သူ့ကို စောင့်ကြည့်နေ‌သော သူများက စိတ်ပျက် သွားကြသည်။ သို့ရာတွင် သူတို့၏ အပြင်ပန်း အသွင်ကတော့ မပြောင်းလဲကြချေ။ သူတို့အားလုံးက စဦးစိတ်ဝိညာဉ် အဆင့်များ ဖြစ်ကြသဖြင့် ကြာရှည်စွာ ကျင့်ကြံလာခဲ့ကြ ပြီးသူများချည်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ စိတ်ခံစားချက် များကို မျက်နှာပေါ်တွင် မပေါ်အောင် ထိန်းထားနိုင်စွမ်း ရှိကြ၏။

ဝမ်လင်းက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“ငါက ဟင်္သာပြဒါး ဂြိုဟ်ရဲ့ မြေပုံနဲ့ လဲလှယ်ချင် ပါတယ်။ မြေပုံ ပြည့်ပြည့်စုံစုံ ရှိလေ ... ပိုကောင်းလေပဲ ... ”

သူ့စကား ထွက်လာသည်နှင့် အခြားလူများ၏ မျက်နှာ အသွင်များက ထူးဆန်း သွားကြသည်။ အချိန်အတော် ကြာပြီးနောက် တစ်ယောက်က ထပြောလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူ ... ဒီအရာတွေ လောက်နဲ့က မြေပုံတစ်ခုရဖို့ ခက်ခဲလှတယ်။ ဒါတွေနဲ့ဆိုရင် ရောင်ရင်းက နတ်ဆိုးပင်လယ် မြေပုံတောင် ရဖို့ မသေချာလောက်ဘူး ... ”

ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“အို ... ဒါဆိုမြေပုံအတွက် ငါက ဘာတွေနဲ့ လဲလှယ်လို့ရလဲ ... ”

ပညာရှိပုံစံ လူကြီးက နွေးထွေးစွာ ပြုံး၍ ပြောလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူ ... နတ်ဆိုးပင်လယ်ကို အသစ် ရောက်လာတဲ့လူ ဖြစ်ရမယ်။ ဒါ့ကြောင့် ငါနည်းနည်း ရှင်းပြပါရစေ။ နတ်ဆိုးပင်လယ်တင် မဟုတ်ဘဲ အခြား ဘယ်နိုင်ငံမဆို မြေပုံက အလွန်အရေးကြီး လှတယ်။ တကယ်တော့ ဟင်္သာပြဒါး ဂြိုဟ်က ကြီးမားလွန်း လှတယ်။ ရောင်ရင်းမှာ မြေပုံမရှိဘူးဆိုရင် ဘယ်မှ ကောင်းကောင်း သွားလို့မရဘူး ... ”

နတ်ဆိုးပင်လယ်မှာ ဆိုရင် ပိုတောင်မှ အရေးကြီး သေးတယ်။

“နတ်ဆိုးပင်လယ်ရဲ့ မြေပုံအပွား တစ်ခုတောင် အရည်အသွေးမြင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်သိန်း ကျသင့်တယ်။ ဒီတော့ ရောင်းရင်း ကျင့်ကြံသူရဲ့ ရတနာတွေနဲ့ ဆိုရင် မြေပုံအတွက် မလုံလောက်ဘူး ဆိုတာ ရှင်းပါတယ် ... ”

“ဟင်္သာပြဒါး ဂြိုဟ်အတွက် မြေပုံကတော့ တစ်စုံ တစ်ယောက်တည်း မပိုင်ဆိုင်နိုင် လောက်ပါဘူး။ ရောင်းရင်း လိုချင်တယ် ဆိုရင်တော့ ငါ့မှာ နတ်ဆိုး ပင်လယ်ရဲ့ မြေပုံ တစ်ခုရှိတယ်။ ဒါပေမဲ့ ဒါက အဆင့်နိမ့်မြေပုံ တစ်ခုသာ ဖြစ်ပြီး မရှာဖွေ၊ မတွေ့ရှိ သေးတဲ့ နေရာတွေလည်း အများကြီးပဲ ... ”

ဝမ်လင်းက အနည်းငယ် စဉ်းစား၍ ပြောပြလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူမှာ နတ်ဆိုးပင်လယ် ပတ်ဝန်းကျင်မှာ ရှိတဲ့ နိုင်ငံတွေရဲ့ မြေပုံကော ရှိလား ... ”

ပညာရှိပုံစံ လူကြီးက ပြုံးတုံ့တုံ့လုပ်၍ ခေါင်းယမ်းကာ ပြောလိုက်သည်။

“ငါ့မှာတော့ အဲဒီလို မြေပုံ မျိုးမရှိဘူး ... ”

ထောင့်မှာ ထိုင်နေသော ကျင့်ကြံသူ တစ်ယောက်က ရုတ်တရက် ထပြောလိုက်သည်။

“ငါ့မှာ တစ်ခုရှိတယ် ... ”

သည်လူက ဝမ်လင်း အစောပိုင်းက လုပ်ဆောင်မှုများကို မျက်လုံးပင့် ကြည့်ခဲ့သောလူ ဖြစ်၏။

ဝမ်လင်း အကြည့်က ထိုလူပေါ်သို့ ရောက်သွားလေ၏။

ကျင့်ကြံသူက ဖြည်းနှေးစွာ ပြောလိုက်၏။

“နတ်ဆိုး ပင်လယ်ကို ဝန်းရံထားတဲ့ ကုန်းမြေကြီး ရှစ်ခု၊ နိုင်ငံပေါင်း (၁၄၈) ပါဝင်တဲ့ ကောင်းမွန်တဲ့ မြေပုံတစ်ခု ရှိသည်။ အသင်က ဒီမြေပုံအတွက် ဘာတန်ဖိုး ပေးမှာလဲ ... ”

ထိုစကား ပြောလိုက်သည့်အခါ အခြားကျင့်ကြံသူများ အားလုံး၏ မျက်လုံးများက မြင့်တက်သွားသည်။ အရည်အသွေး မြင့်သည့်၊ ကောင်းသည့် မြေပုံက ရှားပါးလွန်း လှပေ၏။ သို့သော် သည်အခုမြေပုံက ပတ်ဝန်းကျင် ကုန်းမြေကြီး လေးခုအပါအဝင် နိုင်ငံပေါင်း (၁၄၈) ခုပင် ပါဝင်လို့ နေသေး၏။ သည်အရာက ဟင်္သာပြဒါး ဂြိုဟ်၏ လေးပုံတစ်ပုံလည်း ဖြစ်သည်။

သည်မြေပုံ၏ တန်ဖိုးက တိုင်းတာ၍ မရအောင် မြင့်မားမည် ဖြစ်သည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ အခုလက်ရှိတွင် သူက မြေပုံနှစ်ခု ပိုင်ဆိုင်ထား ခဲ့သည်။ တစ်ခုက ချူးစစ်ပိုင်ရှိက ရခဲ့သော မြေပုံဖြစ်၍ အခြားတစ်ခု ကတော့ စစ်နတ်ဘုရား ကျောင်းမှ ရခဲ့ခြင်း ဖြစ်သည်။

စစ်နတ်ဘုရား ကျောင်းမှ ရခဲ့သော မြေပုံတွင် နတ်ဆိုးပင်လယ် အပြင်ဘက်တွင် ရှိသော နိုင်ငံများ၏ အချက်အလက်များ ပါဝင်သည်။ ထို့ထက်ပို၍ နတ်ဆိုးပင်လယ် အတွင်းပိုင်း ကတော့ ဝိုးတိုးဝါးတား အချက်အလက် အချို့များသာ ရှိသည်။ အချို့တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် အချို့ကိုပင် မြေပုံမှာ ဖော်ပြထားခြင်း မရှိပေ။

ဝမ်လင်းက သူ့တွင်ရှိသော မြေပုံနှစ်ခုကို အသေးစိတ် လေ့လာကြည့် ပြီးနောက် ကျောက်နိုင်ငံက နတ်ဆိုးပင်လယ် အပြင်ဘက်တွင် ရှိမည်လို့ ယုံကြည်ထား ပေသည်။ သို့သော် ဒါက အကြမ်းဖျင်း ခန့်မှန်းချက် များသာ ဖြစ်သည်။ သူက တည်တည်ကျကျ မသိသေးသ၍ အလျင်စလို လုပ်မည် မဟုတ်ပေ။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်သည်။

“ရောင်းရင်းက ဘာ လိုချင်လို့လဲ ... ”

ထိုကျင့်ကြံသူက ဝမ်လင်းကို နတ်ဘုရား အာရုံဖြင့် လှမ်းပြော လိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူက အလျင်မလိုဘူး ဆိုရင် ငါတို့ ဒီရောင်းဝယ်မှုပြီးမှ ဒီအကြောင်းကို နှစ်ယောက်တည်း ပြောကြမလား ... ”

ဝမ်လင်းက ထိုလူကို ကြည့်၍ ခေါင်းညိတ်ပြ လိုက်သည်။

လူတိုင်းက မည်သို့ ဖြစ်သွားသည်ကို သဘော ပေါက်ကြသည်။ ထို့ကြောင့် သူတို့က သည်ကိစ္စကို ဆက်၍ အာရုံမစိုက် တော့ချေ။ သို့ရာတွင် သူတို့က ဘယ်လို အဖိုးတန်သည့် အရာနှင့် မြေပုံကို လဲလှယ်မည် ဆိုတာကို အလွန်သိချင် နေမိကြသည်။

တစ်နေရာ ကြာပြီးနောက် လျှို့ဝှက် ရောင်းဝယ်မှုက ပြီးဆုံးသွား၍ လူတိုင်းက ထွက်ခွာသွား ကြသည်။ ဝမ်လင်းက အခန်းထဲမှ ထွက်လာခဲ့ပြီး ဝတ်စုံကို ချွတ်လိုက်သည်။ လှပသော အမျိုးသမီး အစေခံ တစ်ယောက်က ထိုနေရာတွင် သူ့ကို စောင့်လျက် ရှိနေသည်။

ဝမ်လင်းကို မြင်လိုက်သည့် အခါ သူမက လေးစားစွာ ပြောလိုက်သည်။ စီနီယာ ... ငါ့ဆရာက စီနီယာနဲ့ ဆွေးနွေးစရာ ရှိတယ်တဲ့။ သူက စီနီယာကို ခေါ်လာခိုင်း လိုက်တယ် ... ”

ဝမ်လင်း စိတ်ထဲတွင် တုန်လှုပ်လို့ သွားသည်။ သူက အခုပို၍ သတိထား လိုက်သည်။ သို့သော် သူ့အပြင်ပုံစံ ကတော့ တည်ငြိမ်လှသည်။ သူက အမျိုးသမီးကို ကြည့်လိုက်သည်။ သူမက အပျိုစစ်စစ် တစ်ယောက် မဟုတ်ဘဲ အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့် တစ်ယောက် ဖြစ်သည်။ သို့သော် သူမစိတ်ဝိညာဉ် စွမ်းအင်ကတော့ အလွန် အားနည်းလှ၏။ သူမက ‌ဆေးလုံးများစွာဖြင့် သည်အဆင့်ကို ရောက်လာသည့်ပုံပင်။

ဝမ်လင်းက စိတ်ထဲမှာ သည်အခြေအနေနှင့် ပတ်သက်၍ ကြိုတင်ခန့်မှန်း ထားချက် အချို့ရှိလေသည်။

အမျိုးသမီး၏ လမ်းညွှန်မှု အောက်မှာ ဝမ်လင်းက မြို့လယ်မှာ ရှိသော မထင်မရှား နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ သူမက တံခါးဝမှာ ရပ်လိုက်ပြီး ပြောလိုက်သည်။

“စီနီယာ ... ကျေးဇူးပြု၍ ဝင်သွားလိုက်ပါ။ ဂျူနီယာက ဒီမှာပဲ ရပ်စောင့်နေပါ့မယ် ... ”

ဝမ်လင်းက မည်သို့မျှ ပြန်ပြောခြင်း မရှိပေ။ သူက အထဲသို့ နတ်ဘုရား အာရုံဖြင့် ပို့လွှတ်ကြည့်ပြီး ဖြစ်သည်။

သူက အထဲတွင် နှာခေါင်း ကောက်ကောက်နှင့် အနီရောင် အင်္ကျီကို ဝတ်ဆင်ထားသော လူအိုကြီး တစ်ယောက်ကို တွေ့လိုက်ရသည်။ သည်လူကြီးက အစိမ်းရောင် ရေနွေးအိုး တစ်အိုးကို သူ့ဘေးတွင် ထားပြီး ထိုင်လျက် ရှိနေသည်။ ဝင်လာခဲ့ပါ… ရောင်းရင်း ဒါက ဟိုဖန်နိုင်ငံရဲ့ အကောင်းစား ရေနွေးကြမ်းနော်။ ငါက ဒီဟာကို မိတ်ဆွေတွေ အတွက် ဧည့်ခံဖို့ တည့်ခင်းထားတာပဲ...”

ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ယှက်၍ နှုတ်ဆက်လိုက်ပြီး လူအိုကြီး၏ မျက်စောင်းထိုးတွင် ထိုင်လိုက်သည်။ သူက ပတ်ဝန်းကျင်ကို စတင်စစ်ဆေး လိုက်၏။ သူက သည်လူအိုကြီးမှာ စဦးစိတ်ဝိညာဉ် အလယ်အဆင့် တစ်ယောက်မှန်း သိလိုက်သည်။

သည်လူအိုကြီးက သူစစ်ဆေး လိုက်သည်ကို စိတ်ထဲမထားပဲ ရေနွေးခွက် နှစ်ခွက် ငှဲ့လိုက်၏။ သူက ရေနွေးတစ်ငုံ သောက်လောက်ပြီး ပြောလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူ နာမည်က ဘယ်လိုခေါ်သလဲ ... ”

ဝမ်လင်းက ပြုံး၍ ပြန်ဖြေလိုက်သည်။

“ဝမ်လင်း ... ”

သည်လူအိုကြီးက ရေနွေးခွက်ကို ပြန်ချလိုက်ပြီး နူးညံ့စွာပြုံး၍ ပြောလိုက်သည်။ ရောင်ရင်း ကျင့်ကြံသူက ဝမ် ... ငါ့နာမည် ကတော့ ကျောက်ဝူပါ ... ”

ဝမ်လင်းက မှင်တက်သွားပြီး သည်လူအိုကြီးကို ကြည့်လိုက်၏။

လူအိုကြီးက ဝမ်လင်းအသွင်ကို တွေ့လိုက်သည့် အခါ သူက မေးလိုက်၏။

“ရောင်းရင်း ဝမ်က ငါ့ကို ကြားဖူးလို့လား ... ”

ဝမ်လင်းက ခေါင်းယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မဟုတ်ပါဘူး ...။ ရောင်းရင်း ကျင့်ကြံသူရဲ့ နာမည်က ငါ့သူငယ်ချင်း တစ်ယောက်နဲ့ တူနေလို့ပါ။ ဒါ့ကြောင့်ငါက ခဏ စိတ်လွတ် သွားတာပါ ... ”

လူအိုကြီးက အားပါးတရ ရယ်မောလိုက်သည်။ သို့သော် သူက ကျိတ်၍ တွေးလိုက်သည်။

“ဒီလူက ဘာကို ဆိုလိုတာလဲ။ သူက တမင်ငါ့ကို နှောင့်ယှက်ချင်လို့ ရယ်ရွယ်ချက်ရှိရှိ အခုလို လုပ်ခဲ့တာလား ... ”

လူအိုကြီးက ဝမ်လင်း အတွေးကို သိအောင် မလုပ်နိုင်ပေ။ သို့သော် သူက ရယ်မောကာ ပြောလိုက်၏။

“ငါ့မှာ အခွင့်အရေး ရှိမယ်ဆိုရင် ငါဒီလူနဲ့ တွေ့ချင်ပါ သေးတယ် ... ”

ထိုသို့ ပြောပြီးနောက် သူက သိုလှောင်အိတ်ကို မွှေနှောက် လောက်ပြီး နောက်ထပ် သိုလှောင်အိတ် တစ်ခုကို ထပ်ထုတ်လိုက်ပြီး ပြောလိုက်သည်။

“ရောင်းရင်းဝမ် ... ငါပြောခဲ့တဲ့ မြေပုံကို ပြမယ်။ မင်းက ဒါကို စစ်ကြည့်လို့ ပြဿနာ မရှိဘူးဆိုရင် ငါတို့ သဘောတူညီမှု အကြောင်း ပြောကြတာပေါ့ ... ”

ကျောက်စိမ်းပြားက အလင်းရောင် တောက်ပလျက်ရှိပြီး လူအိုကြီးက စိတ်ဝိညာဉ် စွမ်းအင် အနည်းငယ်ကို ၎င်းအထဲသို့ ပို့လွှတ်လိုက်၏။ ချက်ချင်းပင် ကျောက်စိမ်းပြားက ဝမ်လင်းရှေ့တွင် ကြီးမားသော မြေပုံကြီးတစ်ခု ဖြစ်ပေါ်လာ၏။

သည်မြေပုံက လုံးဝ ကောင်းမွန် လှပေသည်။ မြေပုံထဲတွင် ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်များ၏ ဆိုးကျိုးများကိုပင် ဖော်ပြလို့ထား၏။ ထို့ပြင် ပတ်ဝန်းကျင် ဧရိယာများ၏ အခြေအနေနှင့် စဦးစိတ်ဝိညာဉ် များနှင့် ကျင့်ကြံမှု မြင့်သူများ၏ နာမည်များပင် ပါဝင်လေသည်။

သို့သော် သည်အရာများက သာမညပင်။ သို့သော် ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း တစ်ခုစီ၏ ချိတ်ဆက် ထားသော နယ်မြေများ အကြောင်းပါ ပါဝင်နေခြင်းပင်။ သည်အရာက မြေပုံ၏ တန်ဖိုးကို အလွန်မြင့်မား သွားစေ၏။

ဝမ်လင်းက ပို၍စိတ်လှုပ်ရှားလို့ လာသည်။ မြေပုံထဲတွင် နိုင်ငံများ၏စွမ်းအင် အချက်အလက် များလည်း ပါဝင်လို့နေခဲ့၏။ ထိုထိုသော အကြောင်းများကြောင့် သည်မြေပုံက တန်ဖိုးလွန်စွာ ကြီးမားလွန်း လှပေ၏။

ထို့ပြင် ‌မြေပုံတွင် ဝမ်လင်းအတွက် အကျိုးကျေးဇူး ရှိလှသော အချက်တစ်ချက်ပါ ပါဝင်လေသည်။ နတ်ဆိုးပင်လယ်ကို ဝန်းရံထားသော ကုန်းမြေကြီး တစ်ခုမှ ထွက်ခွာလျှင် သေးငယ်သော စာလုံးလေးတစ်လုံး ရေးထိုးထားသည့် အရာတစ်ခုကို ဝမ်လမ်းက တွေ့လိုက်၏။ ထိုစာလုံးလေးမှာ ကျောက်နိုင်ငံပင်။

လူအိုကြီးက မြေပုံကို လက်ဖြင့် ညွှန်လိုက်သည်။ မြေပုံက ရုတ်တရက် ပျောက်ကွယ်သွား၏။ သူက ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ပြီး ဝမ်လင်းကို စူးစိုက်ကြည့် လိုက်သည်။

ဝမ်လင်း အကြည့်က တည်ငြိမ်လှသည်။ သူက အစကတည်းက သည်လူကြီးကို သတ်ရန် ရည်ရွယ်ထား၏။ သူက သည်လူကြီးကို သတ်၍ ကျောက်စိမ်းပြားကို ယူလိုက်ပြီး ကျောက်နိုင်ငံသို့ မြန်ဆန်စွာ ပြန်သွားနိုင်၏။

လူအိုကြီးက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ကာ ပြောလိုက်သည်။

“ရောင်းရင်း ... ဒီကျောက်စိမ်းပြားက အလွန် ရှေးကျနေပြီ။ဒီတော့ ပျက်စီးလွယ်နေပြီ။ မပျက်စီးအောင် ငါ့နတ်ဘုရား အာရုံနဲ့ ချိတ်ဆက် ထားရတယ် ... ”

ဝမ်လင်းက တည်ငြိမ်စွာ ကြည့်၍ ဆက်ပြောလိုက်သည်။

“မင်းဘာလိုချင်လဲ ... ”

လူအိုကြီးက အံ့ကြိတ်၍ ပြောလိုက်သည်။

“ရောင်းရင်းက လူတစ်ယောက်ကို သတ်ဖို့ ကူညီပေးမယ်ဆိုရင် ငါ့က ဒီကျောက်စိမ်းပြားကို ပေးမယ် ... ”

ဝမ်လင်း မျက်လုံးများက တောက်ပသွားသည်။ သူက မေးလိုက်၏။

“ကျင့်ကြံမှု အဆင့်က ဘယ်လောက်လဲ ... ”

လူအိုကြီးက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

“စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်ကို ခြေတစ်ဝက် လှမ်းနေပြီ ... ”

ဝမ်လင်းက မတ်တတ် ထရပ်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“အခု ... ငါ့ကို လမ်းပြပါ ... ”

လူအိုကြီးက မှင်တက်သွား၏။ သူက ခဏတာ တုံ့ဆိုင်းသွား သော်လည်း ဆက်ပြောလိုက်၏။

“အင်း ... ရောင်းရင်းဝမ်...ငါ့နောက် လိုက်ခဲ့ပါ ... ”

မျက်စိတစ်မှိတ် အတွင်း လျန်မိုမြို့မှ နှစ်ယောက်သား ထွက်ခွာလာခဲ့၏။ မြို့မှ ကီလိုမီတာ သုံးထောင် အကွာတွင် ချိုင့်ဝှမ်းတစ်ခု ရှိလေသည်။ အချိန်တို အတွင်းတွင် လူနှစ်ယောက်က နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ ဝမ်လင်းက သူ့နတ်ဘုရား အာရုံကို ဖြန့်ကျက်လိုက်ပြီး နှခေါင်းရှုံ့လိုက်၏။ သူက တစ်ခုခု မှားနေသည်ကို သဘောပေါက် လိုက်သည်။ လူအိုကြီးက သူ့အကြောင်း ကောင်းစွာ သိပြီးဖြစ်သည်။ သူက သည်ဖြစ်စဉ်များ နောက်ကွယ်တွင် အကြံအစည်တစ်ခု ရှိကြောင်း တွေးမိပြီး ဖြစ်သည်။

ဝမ်လင်းက ရည်ရွယ်ချက် ရှိစွာ သူ့သူငယ်ချင်းဟောင်း နာမည်နှင့် တူကြောင်း ပြောပြခဲ့ ကတည်းက သူက လူအိုကြီး၏ စိတ်လှုပ်ရှား သွားမှုကို ခံစားမိပေသည်။ အခုအခြေအနေကို ကြည့်၍ သူက သူခန့်မှန်းထား သည်များက မှန်လာခဲ့သည်။

ချိုင့်ဝှမ်း အတွင်းတွင် စဦးစိတ်ဝိညာဉ် အဆင့်လေးယောက် ပုန်းကွယ်နေသာ ဝင်္ကပါတစ်ခု ရှိလို့နေသည်။

နှာခေါင်း ကောက်ကောက်နှင့် လူကြီး၏ အသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုခဏတွင် ဝမ်လင်းက ဂျိနယ်ပယ်ကို လှုပ်ရှားလိုက်သည်။ လူအိုကြီးက ကျောက်စိမ်းပြားကို ဖျက်ဆီးရန် အချိန်မရခင်မှာပင် သူ့ရှေ့တွင် အနီရောင် အလင်းတန်း တစ်ခု ရောက်လာသည်ကို မြင်လိုက်ရ၏။

***

All Chapters