အခန်း ၂၂၆
Vol. 16 Ch. 226
အပိုင်း ( 226 )
ဗုဒ္ဓတာအို သစ်သီး
ထိုအခိုက်အတန့်တွင် ယဲ့မော်က ကြောက်လန့်တကြား ဖြစ်သွားခဲ့သည် လုချန်ရှန်း၏ လှုပ်ရှားမှုက မထင်မှတ်ထားသော အရာဖြစ်နေခဲ့သည်။
ရှောင်ဟေး၏ မျက်လုံးများအတွင်းတွင် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။
ယဇ်ပုလ္လင်ထံတွင် သွေးမျိုးဆက် တားမြစ်ချက်တစ်ခု ရှိနေခဲ့ကာ အပြင်လူများက ဤနေရာပေါ်သို့ ခြေမချလာနိုင်အောင် တားမြစ်ထားခဲ့၏ အကယ်၍ လူတစ်ဦး၏ သွေးမျိုးဆက်က မသန့်စင်ဘဲ လုံလုံလောက်လောက် အားကောင်းမနေဘူးဆိုလျှင်တောင်မှ မျိုးနွယ်တူ အဖွဲ့ဝင်တစ်ဦးကပင် ထိုပုလ္လင်ပေါ်သို့ တက်နိုင်လိမ့်မည် မဟုတ်ပေ။
ယဇ်ပုလ္လင်၏ အပြင်ဘက်တွင် အကာအကွယ် စွမ်းအင်တစ်ခု ရှိနေခဲ့သည် သို့သော် လုချန်ရှန်းက အဆိုပါ တားမြစ်ချက်ကို ရိုက်ချိုးခဲ့လေသည်။
သူသည် ယဇ်ပုလ္လင်ပေါ်တွင် အေးအေးလူလူ မတ်တပ်ရပ်နေလျက်ရှိ၏။
ယဲ့မော်သည် ယခုလေးတင် ပေါ်ထွက်လာခဲ့သည့် တိုက်ကွက်ကို ခံစားနေရင်းဖြင့် ထိတ်လန့်တကြား ဖြစ်နေခဲ့သည်။ သူက ဓားတာအိုကို မကျင့်ကြံထားသော်လည်း ထိုတိုက်ကွက်က မည်သည့်အရာကို ကိုယ်စားပြုလဲဆိုသည်ကို ကောင်းစွာသိရှိနေခဲ့သည်။
( ရွှေရောင်သမ်းနေသည့် စိမ်းနက်ရောင်ငှက်ကို ပြောတာပါ )
“ မင်းက ဓားချီ အသွင်ပြောင်းခြင်းအထိ တကယ်ကြီး ကျင့်ကြံထားနိုင်ခဲ့တာပဲ “ ယဲ့မော်က အံ့ဩတကြီး ပြောဆိုလာခဲ့သည်။
လုချန်ရှန်းက ခေါင်းခါပြကာ ပြန်ပြောလိုက်သည် “ မင်းက ငါ့ကို နားမလည်တဲ့အတွက် ငါမင်းကို အပြစ်တင်မှာ မဟုတ်ဘူး ဒါပင်မဲ့ အဲ့တာက ငါ့ရဲ့ ဓားဆန္ဒပါဟ “
“ ဘာဖြစ်တယ် “
ချက်ချင်းဆိုသလိုပင် ယဲ့မော်၏ အမူအရာမှာ ထပ်မံ၍ ပြောင်းလဲသွားကာ မယုံကြည်နိုင် ဖြစ်နေသော အမူအရာမျိုးဖြင့် လုချန်ရှန်းကို ငေးကြည့်နေမိပြန်သည်။
အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦး၏ ဓားတာအို ကျင့်ကြံရေးက ဓားဆန္ဒ ဖြစ်တည်ခြင်းသို့ ရောက်ရှိနေခဲ့သည် ……… ၎င်းက ယုံနိုင်ဖွယ်ရာ မရှိသော ကိစ္စတစ်ခု ဖြစ်သည်။ ဒေသလေးခုလုံးကို မဆိုထားနှင့် လွန်ခဲ့သော နှစ်သောင်းဂဏန်းအတွင်းမှာပင် ထိုကဲ့သို့သော ပါရမီရှင်တစ်ဦး မပေါ်ထွက်လာခဲ့ဖူးချေ။
အဆိုပါ စွမ်းရည်က အလွန်တရာ ကြောက်မက်ဖွယ်ကောင်းကာ ကြောက်ခမမ်းလိလိ အစွမ်းထက်နေခဲ့၏။
ထို့အပြင် ထိုလူ၏ ကျင့်ကြံရေးက အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်ကို ကျော်လွန်နေလျက်ရှိ၏။
ယဲ့မော်သည် ရုတ်တရက် နားလည်သွားကာ ဝူရို့ သေဆုံးသွားပြီဆိုသည်ကို ယုံကြည်သွားခဲ့ပြီဖြစ်သည်။
သို့သော် သူသည် နားမလည်နိုင်ဖြစ်နေသေးကာ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ မင်းက တကယ်ကို အံ့ဩဖို့ကောင်းပါတယ် ဒါပင်မဲ့ မင်းဆီမှာ ဓားဆန္ဒ ဖြစ်တည်ခြင်း ရှိနေမယ်ဆိုရင်တောင်မှ ဘိုးဘွားယဇ်ပုလ္လင်ရဲ့ တားမြစ်ချက်ကို ဘယ်လိုလုပ် ချိုးဖျက်နိုင်ခဲ့တာလဲ “
“ မင်းက ဓားဆန္ဒ ဖြစ်တည်ခြင်းအကြောင်းလေးကိုပဲ သိတာပါကွာ တကယ်လို့ ငါမင်းကို ပြောပြလိုက်မယ်ဆိုရင်တောင်မှ မင်းနားလည်မှာ မဟုတ်ဘူး။ ကောင်းကင်ဆီကို သွားလိုက်တော့ “
လုချန်ရှန်းသည် စကားပြောနေရင်းဖြင့် သူ၏လက်ကို မြှောက်ကာ အဆုံမဲ့ ဓားဆန္ဒကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းက ကောင်းကင်ဝါးမျို ငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားကာ ယဇ်ပုလ္လင်ထံသို့ ထပ်မံ၍ ပျံသန်းလာခဲ့ပြန်သည်။
တစ်ချိန်တည်းမှာပင် အစစ်အမှန် ကောင်းကင်ဝါးမျိုငှက် ပေါ်ထွက်လာသည့်ပမာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ကာ ယဲ့မော်ကို တိုက်ခိုက်နေတော့သည်။
“ မဟုတ်ဘူး “
ယဲ့မော်က အော်ဟစ်ဟိန်းဟောက်ကာ တိုက်ခိုက်ရန်အတွက် သူ၏လက်ကို မြှောက်လိုက်သည်။ ဝုန်းဟူသော အသံနှင့်အတူ ယဇ်ပုလ္လင်တစ်ခုလုံး ခါရမ်းသွားခဲ့သည်။
သူလှည့်ကွက်သုံးခြင်းမှ ကာကွယ်တားဆီးရန်အတွက် ကောင်းကင်ဝါးမျိုငှက်တစ်ကောင်က ရှောင်ဟေးကို ကာကွယ်ပေးနေခဲ့သည်။
ညီအစ်ကိုနှစ်ဦးစလုံးသည် လုချန်ရှန်းက ယဇ်ပုလ္လင်ကိုကျော်ဖြတ်၍ တိုက်ခိုက်နိုင်သည့်အတွက် စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားကြသည်။
လုချန်ရှန်းကမူ အလွန်တရာ တည်ငြိမ်နေလျက်ရှိသည်။ ရှောင်ဟေးကို ဓားနှလုံးသား သန့်စင်မှုနယ်ပယ်သို့ ရောက်ရှိအောင် ကူညီပေးခဲ့သည့် အချိန်က သူသည် ရှောင်ဟေး၏ ရုပ်ခန္ဓာကို စူးစမ်းလေ့လာခဲ့သည် ထို့ကြောင့် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ မူလအရင်းအမြစ်ကို နားလည်နေခဲ့၏။
ထို့ကြောင့်ပင် ဓားဆန္ဒကို အသုံးပြုကာ ကောင်းကင်ဝါးမျိုငှက်တစ်ကောင်ကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် ဓားချီအသွင်ပြောင်းခြင်းက ပုံရိပ်(သို့) ပုံသဏ္ဍာန်တစ်ခုကိုသာ ဖန်တီးပေးနိုင်ပေသည် ၎င်း၏ စွမ်းအားကမူ ဓားတာအို၏ စွမ်းအားသာ ဖြစ်နေခဲ့သည်။
သို့သော် ဓားဆန္ဒ ဖြစ်တည်ခြင်းကမူ အရာအားလုံးကို ဖန်တီးနိုင်ပြီး အတွင်းအပြင်နှစ်ခုလုံးကို တုပနိုင်ပေသည် အထူးသဖြင့် အဆိုပါ မျိုးနွယ်စု၏ မူလအရင်းအမြစ်ကို နားလည်ထားသည့် အခြေအနေမျိုးတွင် ဖြစ်သည်။ ၎င်းက ဓားတာအိုစွမ်းအားကိုသာလျှင် မဟုတ်ဘဲ အဆိုပါ မျိုးနွယ်စု၏ မွေးရာပါ စွမ်းအားကိုပါ ပိုင်ဆိုင်ထားခဲ့လေသည်။
အစပိုင်းတွင် လုချန်ရှန်းထံတွင် ထိုအကြံသာလျှင် ရှိခဲ့သည် ၎င်းက အလုပ်ဖြစ် မဖြစ်ဆိုသည်ကိုမူ လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်နေသေးသည်။
အကယ်၍ အလုပ်ဖြစ်မည်ဆိုပါက အရာအားလုံး အဆင်ပြေနေမည်ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ရှောင်ဟေးက ယဇ်ပူဇော်ခြင်းခံနေရသည်ကိုသာ စောင့်ကြည့်နေရမည် ဖြစ်သည်။
သူ၏အတွေးများ ငြိမ်သက်သွားကာ ယဇ်ပုလ္လင်ထက်သို့ ငေးကြည့်နေတော့သည် မီးခိုးနှင့် ဖုန်မှုန့်များ ရှင်းလင်းသွားသည့်နောက်တွင် ဒူးတစ်ဖက်ထောက်ကျနေကြသည့် ယဲ့မော်၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။ သူ့အရှေ့တွင် ချပ်ဝတ်တန်ဆာ၏ အပိုင်းအစကဲ့သို့သော အစအနများ စုပုံနေလျက်ရှိ၏။
“ မင်းမသေသေးဘူးလား။ မင်းက တကယ်ကို မာတာပဲ “
လုချန်ရှန်းမှာ တအံ့တဩ ဖြစ်သွားခဲ့သည်။ ယဲ့မော်က မွေးရာပါ ဝိညာဥ်အဆင့်၆တွင် ရှိနေသော်လည်း ထိုတိုက်ကွက်ကို မခုခံနိုင်သင့်ပေ။
ချပ်ဝတ်တန်ဆာ၏ ကာကွယ်မှု ရှိနေမည်ဆိုလျှင်တောင်မှ ဖိအားတစ်ခုတည်းဖြင့်ပင် သူ၏ရုပ်ခန္ဓာကို ပြိုကွဲသွားစေသင့်ပေသည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ယဲ့မော်က မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ချပ်ဝတ်တန်ဆာကို ငေးကြည့်နေခဲ့ပြီး သူ၏မျက်ဝန်းများအတွင်းတွင် ထူးဆန်းသော အရိပ်အငွေ့တို့ဖြင့် ပြည့်နှက်ကာ တုန်ရင်နေလျက်ရှိပြီး သတ်ဖြတ်လိုစိတ်တစ်ခုသာလျှင် ကျန်ရှိနေခဲ့၏။
“ ဓားဆန္ဒ ဖြစ်တည်ခြင်း ဘာဓားဆန္ဒ ဖြစ်တည်ခြင်း တကယ်လို့ ငါမင်းကို အရင်မသတ်ဘူးဆိုရင် မင်းက အန္တရာယ်တစ်ခု ဖြစ်လာမှာပဲ “ ယဲ့မော်၏ အသံ ပေါ်ထွက်လာခဲ့ကာ သူသည် မှောင်မိုက်သော အရှိန်အဝါတို့၏ ဖုံးလွှမ်းခြင်းကို ခံနေခဲ့ရသည်။
လုချန်ရှန်း စိုက်ကြည့်နေခဲ့ပြီး ရှောင်ဟေးက စကားဝင်ပြောလာခဲ့၏ “ ဂရုစိုက် “
ယခင်က တိုက်ပွဲအတွင်းတွင် သူသည် ယဲ့မော်၏ ခန္ဓာကိုယ်အတွင်းတွင် နောက်ထပ်စွမ်းအင်တစ်မျိုး ရှိနေသည်ဟု ခံစားခဲ့ရ၏။ သူ၏ခွန်အားကို အကုန်အစင် အသုံးပြု၍ တိုက်ခိုက်ခဲ့သော်လည်း ထိုလူ့ကို မည်သို့မျှ မယှဥ်နိုင်ခဲ့ပေ သို့သော် ၎င်းက အချည်းနှီး ကြိုးပမ်းမှုဟုသာ ခံစားနေခဲ့ရသည်။
သူက ထိုလူ့ကို ဒဏ်ရာရသွားစေခဲ့သော်လည်း အခြေခံအုတ်မြစ်ကို မလှုပ်ခါနိုင်ခဲ့ပေ။
ယဲ့မော်မှာလည်း အဆိုပါ တိုက်ကွက်ကို ခံစားမိနေခဲ့သည်။ သူသည် လုချန်ရှန်း၏ စွမ်းအားက သူ့အထက်တွင် ရှိနေသည်ဆိုသည်ကို သိနေခဲ့သည်။ သူအံ့အားသင့်သွားခဲ့သော်လည်း ၎င်းကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။
ထိုစဥ် သူ၏မျက်ခုံးများအကြားတွင် မှိန်ဖျော့သော ရွှေရောင် ရုန်းတစ်ခု လင်းလက်လာခဲ့ပြီး အလင်းတန်းတစ်ခုက သူ့ကို ဖုံးလွှမ်းလာမှုနှင့်အတူ သူ၏ အရှိန်အဝါ မြင့်တက်လာကာ မွေးရာပါ ဝိညာဥ် အဆင့်၉သို့ တန်းရောက်သွားခဲ့သည်။
ကောင်းကင်ထက်တွင် မျောလွင့်နေသည့် အလင်းတန်းမှာလည်း ရွေ့လျားသွားခဲ့သည်။ အစက ရှိနေခဲ့သည့် စိမ်းနက်ရောင် ရောင်ခြည်များ လွင့်ပျယ်သွားကာ ရွှေရောင်အလင်းတန်းက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့ပြီး စကားတို့ဖြင့် ဖော်ပြ၍ မရသော အရှိန်အဝါတစ်ခုပါ ပျံ့လွင့်လာခဲ့၏။
“ဗုဒ္ဓတာအို သစ်သီး “ ထိုအခိုက်အတန့်တွင် ရှောင်ဟေးထံမှ အာမေဋိတ်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။
လုချန်ရှန်းက ထိုမြင်ကွင်းကို စိုက်ကြည့်နေခဲ့ပြီး အဆိုပါ စွမ်းအားကို ခံစားမိနေခဲ့ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ ၎င်းက ဗုဒ္ဓတာအို၏ စွမ်းအားဖြစ်သည် ၎င်းက ယဲ့မော်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာခြင်းမှာ မထင်မှတ်ထားသော ကိစ္စတစ်ခု ဖြစ်သည်။
“ ဆိုတော့ မင်းရဲ့ ယုံကြည်မှုက အဲ့တာပေါ့ “
သူသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေကာ နားလည်သွားခဲ့သည်။ ဓားနှလုံးသား သန့်စင်မှုကတောင် တုန်လှုပ်သွားတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ ဒီကောင်က ဗုဒ္ဓတာအို သစ်သီးကို ပိုင်ဆိုင်ထားတာကိုး။
၎င်းက သူ၏ကိုယ်ပိုင်စွမ်းအားထပ် သာလွန်သည့် စွမ်းအားကို ထောက်ပံ့ပေးနိုင်ပေသည်။
ဓားနှလုံးသား သန့်စင်မှုက အားကောင်းသော်လည်း ရှောင်ဟေးက ထိုနယ်ပယ်သို့ ရောက်ခါစသာ ရှိနေသေးကာ ၎င်းကို အပြည့်အဝ နားမလည်သေးပေ။
မွေးရာပါ ဝိညာဥ်နယ်ပယ်တွင် အဆင့်လေးဆင့်ကျော်တိုက်ခြင်းက လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပေ သို့သော် ရှောင်ဟေးက ယဲ့မော်ကို အချိန်အတော်ကြာ တိုက်ခိုက်နိုင်ခဲ့ခြင်းကပင် သူ၏ထူးခြားသော စွမ်းရည်ကို သက်သေပြရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
“ တကယ်လို့ မင်းမလာခဲ့ဘူးဆိုရင် မင်းက ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ခဲ့မှာ ဒါပင်မဲ့ ရောက်လာခဲ့ပြီဆိုမှတော့ သူနဲ့အတူတူ သွားလိုက်တော့ “
ယဲ့မော်၏ စကားသံ ပြီးဆုံးသွားသည့်နောက်တွင် အဆုံးမဲ့ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့သည်။
ရှောင်ဟေး၏ အမူအရာမှာ ထပ်မံ၍ ပြောင်းလဲသွားခဲ့ပြန်သည် “ လုချန်ရှန်း ပြေးတော့ “
သူသည် ယခုလက်ရှိအချိန်တွင် မည်သည့်အရာကိုမှ မတွေးတောမစဥ်းစားနိုင်တော့ပေ။ သူတို့နှစ်ဦးကြားရှိနယ်ပယ် ကွာဟမှုက အလွန်တရာ ကြီးမားနေခဲ့၏ ထို့အပြင် သူသည် ယဲ့မော်ထံတွင် တစ်ခြားသော နည်းလမ်းများ ရှိနေမည်ကို စိုးထိတ်နေခဲ့၏။
သို့ရာတွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မွေးရာပါ ဝိညာဥ် အဆင့်၉လေးပဲ မဟုတ်ဘူးလား။ သူဘယ်လောက်တောင် မောက်မာနေလဲဆိုတာကို ကြည့်လိုက်ဦး မသိရင် သူက ဟွာရှုနယ်ပယ်ကို ရောက်သွားတယ်လို့တောင် လူတွေက ထင်သွားကြဦးမယ် “
ဝှစ်
ထိုအခိုက်အတန့်တွင် အဆုံးမဲ့ ဓားချီများက သူ့ကို ဝိုင်းရံလာခဲ့ပြီး ဓားဆန္ဒက သူ၏ပတ်ပတ်လည်တွင် ရွေ့လျားနေကာ ထိုနေရာကို ပြည့်နှက်သွားစေခဲ့၏။ ထို့နောက်တွင် ကောင်းကင်ဝါးမျိုငှက်တစ်ကောင်က ယဇ်ပုလ္လင်ဆီသို့ ပြေးဝင်သွားတော့သည်။
အဆုံးမဲ့ ဟိန်းဟောက်သံများ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြီး မျက်စိတစ်ဆုံးမြင်နိုင်သမျှတွင် အရာအားလုံး ပွင့်လန်းလာကာ ယဇ်ပုလ္လင်က ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် မှင်ကဲ့သို့ မည်းနက်နေသည့် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
လုချန်ရှန်းက ၎င်းကို လုံးဝလျစ်လျူရှုထားခဲ့သည် သူက မွေးရာပါ ဝိညာဥ် အဆင့်၉ကို မည်သို့မျှ မကြောက်ရွံ့ပေ။
ရှောင်ဟေးသည် ယဇ်ပုလ္လင်ထံမှ စွမ်းအင်လှိုင်းကို ခံစားမိသွားခဲ့ကာ လုချန်ရှန်း၏ စွမ်းအားကို အံ့အားသင့်သွားခဲ့သည် ဓားဆန္ဒဖြစ်တည်ခြင်းက ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းလှသည်။
ထိုအခိုက်အတန့်တွင် ဖုန်မှုန့်များ မီးခိုးများနှင့် အလင်းတန်းများ လိမ်ယှက်၍ ဖရိုဖရဲဖြစ်ကာ မည်သည့်အရာကိုမှ မမြင်ခဲ့ရပေ။
လုချန်ရှန်းသည် ထိုမြင်ကွင်းကို ငေးကြည့်နေရင်းဖြင့် ရှောင်ဟေးကို ခေါ်ရန်ပြင်လိုက်သည် သို့သော် သူသည် တစ်စုံတစ်ခုကို ခံစားမိသွားကာ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။ ယဲ့မော်က ထိုနေရာတွင် ပေါ်လာခဲ့ပြီး လှံတစ်လက်ကို အလျားလိုက် ကိုင်ဆောင်ထားကာ သူတို့ကို ခုတ်ပိုင်းလာခဲ့၏။
ရှောင်ဟေး၏ အမူအရာ ပြောင်းလဲသွားသည်။
လုချန်ရှန်းကမူ မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေဘဲ သူ၏လက်ကို မြှောက်ကာ တားဆီးပိတ်ဆို့လိုက်၏။
သူ၏ လက်မောင်းက လှံနှင့်တိုက်မိသွားကာ ထိတ်လန့်ဖွယ်ကောင်းသော အသံတစ်သံကို ထုတ်လွှတ်လာခဲ့သည်။ သတ်ဖြတ်လိုစိတ် ပေါက်ထွက်လာခဲ့ကာ သူ၏ရုပ်ခန္ဓာကို တိုက်ရိုက်ထိခတ်လာခဲ့သည်။ အားကောင်းသော မှော်စွမ်းအားတစ်ခု ဆင်းသက်လာခဲ့ကာ ပတ်ဝန်းကျင်ရှိ ဓားချီများ ချက်ချင်းပြိုကွဲသွားပြီး လုချန်ရှန်းကို လွင့်ထွက်သွားစေခဲ့၏။
လုချန်ရှန်းသည် တစ်လှမ်းပြီးတစ်လှမ်းနောက်ဆုတ်သွားခဲ့ရကာ မြေထုအတွင်းသို့ ခြေရာများနစ်ဝင်သွားခဲ့သည်။ သူ၏လက်မောင်းပေါ်တွင် သွေးစွန်းသော ဒဏ်ရာတစ်ခု ပေါ်လာခဲ့ကာ သူ၏ အသားများ ပွင့်ထွက်သွားခဲ့သည်။
သူရပ်တန့်သွားသည့် အချိန်တွင် ရှောင်ဟေး လှုပ်ရှားလာခဲ့သည်။ ရှောင်ဟေးသည် လုချန်ရှန်းက ဆုံးရှုံးမှုကို ခံစားလိုက်ရကာ ဒဏ်ရာရရှိသွားသည်ကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည် ယဲ့မော်ထံမှ ပေါ်ထွက်နေသည့် အရှိန်အဝါက စိတ်ပျက်အားလျော့မှုကို ဖြစ်ပေါ်စေခဲ့၏။
“ ဟားဟား “
ယဲ့မော်မှ လှောင်ပြောင်သရော်လာခဲ့သည် သူ၏မျက်ဝန်းများအတွင်းတွင် ခက်ထန်ကာ ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်တို့သာ ကိန်းအောင်းနေခဲ့၏။ လုချန်ရှန်းကို ကြည့်လိုက်သည့် အချိန်တွင် သူ၏သတ်ဖြတ်လိုစိတ်များ အပြည့်အဝ ဖြစ်တည်လာခဲ့ပြီး ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။
“ ငါက မွေးရာပါ ဝိညာဥ် အဆင့်၉မှာလို့ ဘယ်တုန်းက ပြောခဲ့မိလို့လဲ “
ကောင်းကင်အထက်တွင် တိမ်တိုက်များ လွင့်ပျယ်သွားခဲ့သည်။ ယဲ့မော်သည် ရွှေရောင်အလင်းတန်း၏ ဖုံးလွှမ်းခြင်းကို ခံထားရပြီး ဗုဒ္ဓတစ်ပါးပမာဖြစ်နေခဲ့၏ သို့သော် မည်သည့်ကရုဏာမှ ရှိမနေခဲ့ပေ။ သူ၏ခန္ဓာကိုယ်မှ ပေါ်ထွက်နေသည့် အရှိန်အဝါက မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ကျော်လွန်နေခဲ့၏။
သူပိုင်ဆိုင်ထားသည့် အရာက ဟွာရှုနယ်ပယ်( အသွင်ပြောင်းခြင်းနယ်ပယ်) တာအိုသစ်သီးပင် ဖြစ်သည်။
+-
………………………………………………………………………………………………………………………………………..