အခန်း ၂၂၇
Vol. 16 Ch. 227
အပိုင်း ( 227 )
လုံးဝအရှုံးမပေးဘူး
ဟွာရှုနယ်ပယ် စွမ်းအား ပေါက်ထွက်လာခဲ့ကာ သူ၏အနောက်ဘက်တွင် ရွှေရောင်သမ်းနေသည့် ပုံရိပ်တစ်ခု တည်ရှိနေခဲ့သည် ……. ၎င်းက ဗုဒ္ဓတစ်ပါးပင် ဖြစ်သည်။
၎င်းက အစောပိုင်း အချိန်များအတွင်းက ဝူရို့၏ အနောက်တွင် ရှိနေခဲ့သည့် ဓမ္မပုံရိပ်နှင့် တူညီနေလျက်ရှိ၏။
ရှောင်ဟေးမှာ အလွန်တရာ လေးနက်သွားခဲ့သည် မွေးရာပါ ဝိညာဥ်နှင့် ဟွာရှုနယ်ပယ်ကို ချောက်နက်တစ်ခုက ပိုင်းခြားထားပြီး ၎င်းတို့အကြားတွင် ရှိနေသည့် စွမ်းအားက အရည်အသွေးပိုင်း ကွာခြားချက်ဖြစ်သောကြောင့် ကွာဟမှုအား မည်ကဲ့သို့ ကျော်ဖြတ်ရမလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“ လုချန်ရှန်း သွားတော့ “
သူ၏ အသံက အော်ဟစ်ဟိန်းဟောက်မှုအလား ဖြစ်နေခဲ့ကာ လုချန်ရှန်းက ထွက်သွားရန် တိုက်တွန်းနေခဲ့၏။
“ ဟားဟားဟား “
ယဲ့မော်မှာ တဟားဟား အော်ရယ်နေတော့သည် သူ၏မျက်နှာက ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အပြုံးတစ်ခုအဖြစ် အသွင်ပြောင်းကာ လှံကို ကိုင်ဆောင်ထားပြီး သူ၏နဖူးထက်မှ သွေးများ အဆက်မပြတ် စီးကျနေခဲ့ကာ သတ်ဖြတ်လိုစိတ်ကို ဆက်တိုက်ထုတ်လွှတ်နေခဲ့၏။
“ ရောက်လာခဲ့ပြီဆိုမှတော့ ထွက်သွားဖို့ မစဥ်းစားနဲ့ “ ယဲ့မော်သည် စကားပြောနေရင်းဖြင့် တစ်လှမ်းချင်းစီ လျှောက်လှမ်းလာခဲ့သည်။
ခြေလှမ်းတိုင်းတွင် သူ၏အရှိန်အဝါ ပြောင်းလဲသွားခဲ့သည်။
တစ်ပြိုင်နက်ဆိုသလိုပင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် လုချန်ရှန်းက စကားစပြောလာခဲ့သည် “ ငါရောက်လာကတည်းက ထွက်သွားဖို့ မစီစဥ်ထားခဲ့ဘူး “
“ အို့။ သေတဲ့ထိ တိုက်မလို့လား မင်းက ငါ့ညီလေးအပေါ်မှာ တကယ်ကောင်းတာပဲ “
ယဲ့မော်၏ လေသံမှာ စိတ်မနှံ့သည့် အရူးတစ်ဦးအလား ဖြစ်နေခဲ့သည်။
သူက ဤတိုက်ပွဲအတွက် အလုံးစုံပြင်ဆင်ထားခဲ့ပြီး အနောက်ပိုင်းဒေသ၏ ဂိုဏ်းတစ်ခုနှင့် သဘောတူညီမှုတစ်ခု ပြုလုပ်ကာ သူ၏ ခန္ဓာကိုယ်အတွင်းမှာပင် ဗုဒ္ဓတာအို သစ်သီးတစ်လုံးကို ချိတ်ပိတ်ထားခဲ့သည်။
လုချန်ရှန်းက သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများတွင် ဒဏ်ရာများရရှိသွားသောကြောင့် ရှောင်ဟေးမှာ အမှန်ပင် အံ့ဩတုန်လှုပ်သွားခဲ့သည် သူသည် လုချန်ရှန်းက ထိုမျှလောက်အထိ တွန်းအားပေးခံလိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ ဟွာရှုနယ်ပယ် တာအိုသစ်သီး မရှိဘူးဆိုပါက ယဲ့မော်က လုချန်ရှန်းကို မည်သို့မျှ သတ်နိုင်လိမ့်မည် မဟုတ်ပေ။
ချက်ချင်းဆိုသလိုပင် ကောင်းကင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည် လေထုအတွင်းတွင် ရောင်ခြည်များ လင်းထိန်နေလျက်ရှိ၏။ လုချန်ရှန်း၏ မျက်နှာပေါ်တွင် မည်သည့်ထိတ်လန့်မှုမှ ရှိမနေခဲ့ပေ သူသည် ယဲ့မော်နှင့် ပထမဦးဆုံးအကြိမ်အဖြစ် ဆုံတွေ့ခဲ့ရစဥ်အချိန်က သူခံစားခဲ့ရသည့် စွမ်းအင်လှိုင်းက မည်သည့်အရာဖြစ်လဲဆိုသည်ကို နားလည်သွားခဲ့သည်။
“ မင်းနောက်ဆုံးအနေနဲ့ ပြောချင်တဲ့ စကားရှိလား “
ယဲ့မော်သည် လှံကို အလျားလိုက် ကိုင်ဆောင်ထားကာ ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့ပြီး အောက်ဘက်သို့ တိုက်ခိုက်လာခဲ့၏။
လုချန်ရှန်းက တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်သည် “ တကယ်လို့ မင်းက ယဇ်ပုလ္လင်ပေါ်ကနေ မဆင်းလာဘူးဆိုရင် ငါ့ဆီမှာ ဘာနည်းလမ်းမှ မရှိဘူး ဒါပင်မဲ့ မင်းက ဆင်းလာပြီဆိုမှတော့ မင်းပြောခဲ့တဲ့ စကားကို ထည့်မတွက်တော့ဘူး “
“ အို့။ အဲ့လိုလား “
ယဲ့မော်က စကားပြောနေရင်းဖြင့် တိုက်ခိုက်လာခဲ့ပြီဖြစ်သည် သူက ရှောင်ဟေးထပ် များစွာပိုမိုသိရှိနေခဲ့ပြီး ရှောင်ဟေးမပိုင်ဆိုင်ထားသည့် နည်းလမ်းများကိုပါ ပိုင်ဆိုင်ထားကာ စည်းမျဥ်းစည်းကမ်းအားလုံးကို နားလည်ထားခဲ့သည်။
လုချန်ရှန်းက ၎င်းကို ငေးကြည့်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး သူ့လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်ထွက်လာခဲ့သည် ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအနှံ့သို့ အေးစက်စက် အလင်းတန်းတစ်ခု ပျံ့လွင့်သွားကာ အဆုံးမဲ့ ဓားချီများ ပေါ်ထွက်လာခဲ့၏။
လူနှစ်ဦး ထိပ်တိုက်ရင်ဆိုင်နေလျက်ရှိကာ တောင်တန်းတစ်ခုလုံး လှုပ်ရမ်းသွားခဲ့သည်။
ကောင်းကင်ကိုပင် လှုပ်ခါသွားစေသည့် တိုက်ကွက်တစ်ခုက အရပ်မျက်နှာရှစ်ခုစလုံးကို ဖရိုဖရဲ ဖြစ်သွားခဲ့သည် အလင်းတန်းများ ငြိမ်းသတ်ခံလိုက်ရကာ ပျောက်ကွယ်သွားခဲ့သည်။
ယဲ့မော်ထင်ထားသည့်အတိုင်း မဖြစ်ပေါ်လာခဲ့ဘဲ လုချန်ရှန်းမှာ သူ၏ဓားကို ကိုင်ဆောင်ကာ တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှောင်ဟေးသည် လုချန်ရှန်း၏ မျက်ဝန်းများအတွင်းတွင် တစ်ကြိမ်တစ်ခါမမြင်တွေ့ခဲ့ရဖူးသည့် လေးနက်မှုများ ကိန်းအောင်းနေသည်ကို မြင်တွေ့သွားခဲ့သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အားကောင်းသော အရှိန်အဝါတစ်ခုနှင့်အတူ ရွေ့လျားနေခဲ့၏။
“ ကြည့်ရတာတော့ မင်းရဲ့ ဟွာရှုနယ်ပယ် တာအိုသစ်သီးက ငါ့ကို မသတ်နိုင်တဲ့ပုံပဲ “
လုချန်ရှန်းက တဟားဟား ရယ်မောနေတော့သည်။
ယဲ့မော်၏ အမူအရာ မည်းမှောင်သွားကာ ပြန်ပြောလာခဲ့သည် “ ငါမင်းနဲ့ ထပ်မကစားတော့ဘူး တကယ်လို့ မင်းက ကြောက်ခမမ်းလိလိ ပါရမီကောင်းနေပြီး ဓားဆန္ဒ ဖြစ်တည်ခြင်းကို ရထားမယ်ဆိုရင်တောင်မှ မွေးရာပါ ဝိညာဥ်နယ်ပယ်က ငါ့အတွက် ကလေးကစားစရာတစ်ခုသာသာပဲ “
တစ်ပြိုင်နက်ဆိုသလိုပင် သူ့လက်ထဲတွင် ရှိနေသည့် လှံတံက ကျယ်လောင်သော အသံတစ်သံကို ထုတ်လွှတ်လာခဲ့ပြီး သူ၏အကြည့်များအောက်မှာပင် အလင်းတန်းများ လိမ်ယှက်လာကာ ရွှေရောင်ပုံရိပ်တစ်ခုက အဆုံးမဲ့ စွမ်းအားများကို စုစည်းနေသည့်အလား ဖြစ်နေခဲ့သည်။
လှုပ်ရှားမှုတိုင်းက စီးဆင်းနေသည့် တိမ်တိုက်များကို လှုပ်ခတ်သွားစေခဲ့ပြီး အားကောင်းသော အရှိန်အဝါတစ်ခု ဖြစ်တည်လာကာ ဟွာရှုနယ်ပယ် အရှိန်အဝါတစ်ခု အဆက်မပြတ် ပျံ့လွင့်နေခဲ့၏။
ရှောင်ဟေး လှုပ်ရှားလာခဲ့ပြီး သူ၏ စိတ်နှလုံးသားမှာ အဆက်မပြတ် လှုပ်ရမ်းနေလျက်ရှိ၏ သူ၏လေသံမှာ တုန်တုန်ရင်ရင် ဖြစ်နေခဲ့ပြီး သူသည် လုချန်ရှန်းကို သူကြောင့် မသေဆုံးသွားစေလိုပေ။
သို့သော် အရာအားလုံး နောက်ကျနေခဲ့ပြီဖြစ်သည် ယဲ့မော်က တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အရှေ့သို့ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လာခဲ့သည်။
လုချန်ရှန်းကမူ သူ၏ဓားနှင့်အတူ ရွေ့လျားလာခဲ့သည် သူ၏ ဓားဆန္ဒက သူအလိုရှိသည့်အတိုင်း ရွေ့လျားနေခဲ့ပြီး ကောင်းကင်ထက်သို့ ထောင်နှင့်ချီသော ဓားချီများ ထောင်တက်သွားခဲ့သည် သူသည် ဓားဆန္ဒကို ဖွဲ့တည်လိုက်သော်လည်း အပြင်သို့ ထုတ်မပြဘဲ ဓားချက်တစ်တည်းဖြင့် ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံကို ခါရမ်းသွားစေသည့် အသံတစ်သံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့၏။
အလင်းတန်းများ ပေါက်ထွက်လာကာ မှော်စွမ်းအားများ ဆုတ်ဖြဲခံလိုက်ရသည် ထိုနေရာက ဟင်းလင်းပြင်အလား ဖြစ်နေခဲ့ပြီး အရာအားလုံး ပြိုကွဲသွားကာ မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်တွေ့ရစေဘဲ လူတိုင်းကို အမြင်ကွယ်သွားစေခဲ့သည်။
ရှောင်ဟေးသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့ပြီး မတ်တပ်ထရပ်ရန် ရုန်းကန်နေခဲ့ရသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ထိန်းချုပ်၍မရလောက်သည်အထိ တုန်ရင်နေလျက်ရှိပြီး သူ၏ မျက်ဝန်းများမှာလည်း ထိုနေရာသို့ ငေးကြည့်နေရင်းဖြင့် အဆက်မပြတ် လှုပ်ရမ်းနေခဲ့ကာ အဆုံးမဲ့ ဆုံးဖြတ်ခြင်း စွမ်းအားတစ်ခုကိုသာ ခံစားနေခဲ့ရ၏။
တိုက်ကွက်တစ်ခုတည်းဖြင့် ဆူညံသံများ ဖြိုခွင်းခံလိုက်ရကာ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အရပ်မျက်နှာရှစ်ခုစလုံးရှိ ဖရိုဖရဲဖြစ်နေမှုများ ပျောက်ကွယ်သွားသည့် အချိန်၌ ထိုနေရာတွင် ပုံရိပ်နှစ်ခု မတ်တပ်ရပ်နေခဲ့၏ ယဲ့မော်က သူ၏လှံကို ကိုင်ဆောင်၍ အရှေ့သို့ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။
လုချန်ရှန်းကမူ သူ၏ အရှေ့တွင် မတ်တပ်ရပ်နေလျက်ရှိသည် သို့သော် သူ၏ဓားက ကျိုးပဲ့ပျက်စီးနေခဲ့ပြီဖြစ်သည်။
“ လုချန်ရှန်း …….. “
ရှောင်ဟေးသည် တုန်တုန်ရင်ရင်ဖြင့် အနားသို့ ကပ်သွားရန် ရုန်းကန်နေတော့သည်။
သို့သော် ထိုစဥ် လုချန်ရှန်းက စကားပြန်ပြောလာခဲ့၏ “ မင်းက ဘာကိစ္စ အော်ကြီးဟစ်ကျယ် ငိုနေရတာတုန်း။ မင်းက ဘယ်အချိန်တုန်းက ဒီလောက်တောင် စိတ်နုသွားရတာလဲ “
“ အဲ့တာ ………. “
ရှောင်ဟေး မှင်သက်သွားခဲ့သည် ဟွာရှုနယ်ပယ် ပညာရှင်၏ အင်အားအပြည့် တိုက်ကွက်တစ်ခုကို ခံယူခဲ့ရပြီးသည့်နောက်မှာပင် လုချန်ရှန်းက အသက်ရှင်နေသေးသည်။
ထို့အစား ယဲ့မော်က မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ဘဲ စကားဝင်ပြောလာခဲ့သည် “ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက အများဆုံးအနေနဲ့မှ မွေးရာပါ ဝိညာဥ် အဆင့်၇မှာပဲ ရှိနေသေးတာလေ မွေးရာပါ ဝိညာဥ် အဆင့်၇က ဟွာရှုနယ်ပယ်ကို ဘယ်လိုလုပ် တားဆီးနိုင်ရတာလဲ “
“ ဘာဖြစ်တယ် “ ရှောင်ဟေးမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းက ဘယ်လို ဟွာရှုနယ်ပယ်မျိုးလဲ။ အဲ့တာက တစ်ခြားလူတစ်ယောက်ရဲ့ တာအိုသစ်သီးလေ မင်းဟာမှ မဟုတ်တာ။ လက်တွေ့ကျစမ်းပါ လူငယ်လေးရာ ကျင့်ကြံရေးဆိုတာက ကိုယ့်ကိုကိုယ် လေ့ကျင့်ရတဲ့ အရာတစ်ခုကွ။ တစ်ခြားလူဆီက ငှားလိုက်တဲ့ အရာက ဘယ်လိုလုပ် ကိုယ်ပိုင်ဟာလောက်ကောင်းနေမှာလဲ “
“ မဟုတ်ဘူး မဖြစ်နိုင်ဘူး …… “
ဖူးးးး
ယဲ့မော်သည် ဘုတ်ဟူသောအသံနှင့်အတူ ဒူးထောက်ကျသွားခဲ့ပြီး ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရ၏။ သူ၏ရင်ဘတ်ပေါ်တွင် ဓားရာတစ်ခု ပေါ်ထွက်လာခဲ့ကာ သွေးများ အဆက်မပြတ် စီးထွက်လာခဲ့ပြီး သူ့အနောက်တွင် ရှိနေသည့် ရွှေရောင်ပုံရိပ်ကြီးမှာလည်း အက်ကွဲကြောင်းများ ပြသလာခဲ့ကာ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့သည်။
သူ၏အရှိန်အဝါမှာလည်း ကျဆင်းသွားခဲ့ကာ ယခင်ကလောက် အားကောင်းမနေတော့ပေ။
လုချန်ရှန်းကမူ စကားပြောရမည်ကိုပင် အလွန်တရာ ပျင်းရိနေခဲ့သည် သူ၏ ကျင့်ကြံရေးက မွေးရာပါ ဝိညာဥ် အဆင့်၇သို့ ရောက်ရှိနေခဲ့ပြီဖြစ်သောကြောင့် အဆိုပါ ဓားဆန္ဒ ဖြစ်တည်ခြင်းက မည်ကဲ့သို့ ပျော့ညံ့နေမည်နည်း။ သတ်ဖြတ်လိုစိတ်၏ ဓားချက်တစ်ချက်ဖြင့် အစစ်အမှန် ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးကိုပင် သတ်ဖြတ်နိုင်ပေသည်။
ထိုအခိုက်အတန့်တွင် ရှောင်ဟေးမှာ လုံးဝအံ့အားသင့်သွားခဲ့သည် တိုက်ပွဲကြီးတွင် လုချန်ရှန်းက အနိုင်ရသွားကာ ဟွာရှုနယ်ပယ် တာအိုသဟ်သီးကို ပိုင်ဆိုင်ထားသည့် ယဲ့မော်က ရှုံးနိမ့်သွားခဲ့သည်။
အရာအားလုံးက မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။
လုချန်ရှန်းကမူ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည် ယဲ့မော်ထံတွင် ဟွာရှုနယ်ပယ် တာအိုသစ်သီးရှိသော်လည်း သူက အစစ်အမှန် ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦး မဟုတ်ပေ ကွာဟချက်တစ်ခု ရှိနေသေးပြီး အကယ်၍ သူက ဟွာရှုနယ်ပယ် အဆင့်၁တွင် ရှိနေမည်ဆိုလျှင်တောင်မှ တိုက်ခိုက်ရန် ဖြစ်နိုင်ပေ၏။
ထိုစဥ် လုချန်ရှန်းက သူ၏လက်ကို မြှောက်ကာ ယဲ့မော်လက်ထဲမှ လှံတံကို ဆွဲယူလိုက်သည် ထိုကဲ့သို့သော ပစ္စည်းမျိုးက ကလေးများ ကစားရန် အလွန်တရာ အန္တရာယ်များလှသောကြောင့် ၎င်းကို သူသိမ်းထားခြင်းကသာလျှင် ပိုကောင်းနေပေလိမ့်မည်။
ထို့နောက်တွင် သူသည် ရှောင်ဟေးကို ကြည့်ကာ စကားပြောလိုက်သည် “ သူ့ကို စတေးလိုက်တော့ “
ရှောင်ဟေးက ခေါင်းငြိမ့်ပြလိုက်ကာ လှုပ်ရှားရန် ပြင်လိုက်သည် သို့သော် ယဲ့မော်က ဟိန်းဟောက်လာခဲ့၏။
“ အိမ်မက်မက်နေတာပဲ “
ဟမ်
သူတို့နှစ်ဦးက လှမ်းကြည့်လိုက်ရာ ယဲ့မော်၏ အကြည့်များက ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေကာ ခြောက်ခြားဖွယ်ကောင်းနေခဲ့၏။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူက ထပ်မံ၍ ဟိန်းဟောက်လာခဲ့ရာ မှော်စွမ်းအားများ မြင့်တက်လာခဲ့ပြီး ၎င်းက သူ့အပေါ်သို့ ကျဆင်းလာသကဲ့သို့ တုန်ရင်သွားခဲ့သည်။
လုချန်ရှန်းကပင် သူဘာလုပ်နေလဲဆိုသည်ကို နားမလည်သောကြောင့် ကိုယ့်ကိုကိုယ် ကာကွယ်ရုံသာ ပြုလုပ်နေတော့သည်။
သူသည် ယဲ့မော်က တစ်ခြားသောလှည့်ကွက်တစ်ခု သုံးလာတော့မည်ဟု ထင်နေခဲ့သည် သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ ခန္ဓာကိုယ်မှ သွေးချီများ ရုတ်တရက် ပေါက်ထွက်လာခဲ့၏။
ကောင်းကင်ထက်သို့ သွေးအလင်းတန်းတစ်ခု မြင့်တက်သွားကာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
အရာအားလုံး ပျောက်ကွယ်သွားသည့် အချိန်တွင် သူသည် မြေပြင်ထက်သို့ အားအင်ချိနဲ့စွာ လဲကျသွားပြီး သူ၏မျက်နှာမှာလည်း ဖြူဖျော့နေခဲ့သည်။
“ မင်းက မင်းရဲ့ သွေးမျိုးဆက်ကို ဖြတ်လိုက်တယ်ပေါ့ “
ရှောင်ဟေးမှာ အံ့ဩမှင်သက်သွားခဲ့သည်။
“ ဟားဟားဟား “ ယဲ့မော်သည် တဟားဟား ရယ်မောကာ ရှောင်ဟေးကို ကြည့်၍ ပြန်ပြောလာခဲ့သည် “ ငါက နှစ်နဲ့ချီပြီးတော့ စီစဥ်ခဲ့ရတာ မျိုးနွယ်စုရဲ့ စည်းမျဥ်းစည်းကမ်းတွေကိုတောင် ဖောက်ဖျက်ပြီးတော့ အနောက်ပိုင်းဂိုဏ်းနဲ့ ပူးပေါင်းပြီး ကြီးမားတဲ့ တန်ကြေးတစ်ခုကို ပေးဆပ်ခဲ့ရတယ် ဒါပင်မဲ့ သူ့ကြောင့် အရာအားလုံး အချည်းနှီး ဖြစ်သွားရပြီ “
သူလေသံက တုန်ရင်ကာ မလိုလားမှုတို့ဖြင့် ပြည့်နှက်နေခဲ့၏ အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ဦးက ကောင်းကင်ဘုံကို ဆန့်ကျင်နေသည့် ထိုကဲ့သို့သောစွမ်းအားမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
မွေးရာပါ ဝိညာဥ် အဆင့်၇ ဓားဆန္ဒ ဖြစ်တည်ခြင်း ဟွာရှုနယ်ပယ်ကို တိုက်ခိုက်နိုင်ခြင်း …………… အရာအားလုံးက အိမ်မက်အလား ဖြစ်နေခဲ့သည် ထိုကဲ့သို့သော လူမျိုးက ကမ္ဘာပေါ်တွင် အမှန်တကယ် တည်ရှိနေခဲ့သည်။
လုချန်ရှန်းသည် စောင့်ကြည့်နေရင်းဖြင့် အတော်လေး နားမလည်နိုင် ဖြစ်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ယဲ့မော်က သူ၏လက်ကို မြှောက်လိုက်ပြီး ယဇ်ပုလ္လင်မှာ တောက်ပလာခဲ့သည်။ ကောင်းကင်နှင့် ချိတ်ဆက်လိုက်သည့်အလား ဖြစ်နေခဲ့သည့် အလင်းတိုင်တစ်ခု ကောင်းကင်ထက်မှ ရုတ်တရက် ဆင်းသက်လာခဲ့သည်။
လုချန်ရှန်းကမူ နားမလည်နိုင် ဖြစ်နေသေးသည်။
သို့ရာတွင် ယဲ့မော်က ရယ်ရယ်မောမောဖြင့် စကားထပ်ပြောလာခဲ့၏ ” ယဲ့မီထျန်း ဒီနေ့မှာ ငါရှုံးသွားခဲ့တယ် ဒါပင်မဲ့ မင်းကလည်း အနိုင်ရမှာ မဟုတ်ဘူး။ ငါ့ရဲ့ သွေးမျိုးဆက်ကို ဖြတ်တောက်လိုက်ပြီ အဲ့တာကြောင့် ငါ့ကို စတေးလို့ မရတော့ဘူး ဒါပင်မဲ့ ယဇ်ပုလ္လင်ကို ဖွင့်ပြီးသွားပြီ တစ်စုံတစ်ယောက်ကို စတေးဖို့ လိုအပ်နေတုန်းပဲ။ မင်းနိုင်ပါတယ် ဒါပင်မဲ့ မင်းလွတ်မြောက်နိုင်မှာ မဟုတ်ဘူး မင်းကိုယ်မင်း စတေးရဦးမှာပဲ ဟားဟားဟား “
သူ၏ရယ်မောသံက အလွန်တရာ ကျယ်လောင်နေကာ အရူးတစ်ယောက်အလား ဖြစ်နေခဲ့သည်။
ရှောင်ဟေးသည် မျက်မှောင်ကြုတ်သွားပြီး ကောင်းကင်ထက်သို့ မော့ကြည့်နေတော့သည် စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့၏။
လုချန်ရှန်းသည် ၎င်းတို့အားလုံးကို နားထောင်နေရင်းဖြင့် တအံ့တဩ ဖြစ်သွားခဲ့သည် သူသည် ယဲ့မော်ကို ငေးကြည့်ကာ မနေနိုင်တော့ဘဲ စကားပြောလိုက်သည် “ အဲ့လောက်တောင် ရက်စက်တာလား။ မင်းက အဆင့်အတန်းတစ်ခု ရှိတဲ့လူလေ အရှုံးမခံနိုင်ဘူးလား “
+-
……………………………………………………………………………………………………………………………………