အခန်း ၂၂၈
Vol. 16 Ch. 228
အပိုင်း ( 228 )
ဘာမှမကျန်စေရဘူး
ယဲ့မော်၏ လုပ်ရပ်များက လူတိုင်းကို အငိုက်မိသွားစေခဲ့၏။
အကယ်၍ သူက ပြိုင်ပွဲကို ရှုံးနိမ့်သွားခဲ့မည်ဆိုလျှင်တောင်မှ သူက သူ၏သွေးမျိုးဆက်ကို ဖြတ်တောက်ကာ ရှောင်ဟေးကို သူနှင့်အတူ ဆွဲချရန် ကြံရွယ်ထားခဲ့သည် ၎င်းက မည်မျှရက်စက်လိုက်သနည်း။
သွေးမျိုးဆက် ဖြတ်တောက်လိုက်ခြင်းမှာ စတေးခံရရန် မလိုအပ်တော့ဘူးဟု ဆိုလိုနေခြင်းပင်ဖြစ်သည် ၎င်းက ရှောင်ဟေး မသိသော ကိစ္စတစ်ခုဖြစ်ပြီး ရှောင်ဟေးက သားအရင်း မဟုတ်သည့်အတွက် မည်သည့်အရာကိုမှ မပြောပြခဲ့သည့်အလား ဖြစ်နေခဲ့သည်။
“ ကျွတ် ကျွတ် ကျွတ် မင်းက တော်တော်ရက်စက်တဲ့ လူတစ်ယောက်ပဲ “ လုချန်ရှန်းမှာ စုတ်တသပ်သပ် ဖြစ်သွားခဲ့၏။
ယဲ့မော်က လှောင်ပြောင်လာခဲ့သည် “ လုချန်ရှန်း ငါက မင်းလောက်မတော်ဘူး သက်တူရွယ်တူထဲမှာ ဘယ်သူကမှ မင်းကို ယှဥ်နိုင်မှာ မဟုတ်ဘူး ဒါပင်မဲ့ ယဲ့မီထျန်းကတော့ စတေးခံနေရဦးမှာပဲ။ မင်းက သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး “
ထိုလူက ရူးသွပ်သွားပုံရသည်။
ရှောင်ဟေး၏ အမူအရာမှာလည်း အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။
ရယ်မောသံများကြားတွင် အသံတစ်သံ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
“ အဲ့လိုကြီးလည်း မဟုတ်လောက်ပါဘူး “
“ မင်းဘာပြောလိုက်တာလဲ “ ယဲ့မော်၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းက စတေးတာကို မလုပ်နိုင်ဘူးဆိုပင်မဲ့ တစ်ခြားတစ်ယောက်ယောက်ကို စတေးလိုက်ရင် အလုပ်ဖြစ်သွားမှာ မဟုတ်ဘူးလား “
သူ၏ စကားသံ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်း၏ လက်အတွင်းတွင် မီးဖိုတစ်လုံး ပေါ်ထွက်လာခဲ့၏ ထို့နောက်တွင် သူသည် ပုံရိပ်တစ်ခုကို မီးဖိုအတွင်းမှ ဆွဲထုတ်လိုက်သည်။
“ ဘာဖြစ်တယ် “
ယဲ့မော်၏ အမူအရာ ပြောင်းလဲသွားသည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းညီလေးကို စတေးဖို့အတွက် သုံးလိုက်မယ်ဆိုရင် အဆင်ပြေတယ်မလား “
“ မင်း …………….. “
ယဲ့မော်သည် မတောင့်ထားနိုင်တော့ဘဲ ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရ၏ လုချန်ရှန်း၏ လက်အတွင်းတွင် ရှိနေသည့်လူမှာ သူ၏ညီငယ် ယဲ့လန်ပင် ဖြစ်နေခဲ့သည်။ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
သူက ထိုမျှလောက်အထိ ကြိုးစားအားထုတ်ကာ ရှုံးနိမ့်နေသည့် အချိန်မှာပင် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့၏ သို့သော် အရာအားလုံး အလဟာသသာ ဖြစ်သွားခဲ့ရသည်။ တစ်ဖက်လူက သူ၏ညီငယ်ကိုပင် သယ်ဆောင်လာခဲ့သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက အကယ်၍ သူနှင့် ရှောင်ဟေးတို့ကသာ စတေးခံလိုက်ရမည်ဆိုလျှင်တောင်မှ အကယ်၍ မျိုးနွယ်စုကသာ ယဲ့လန်ကို ရှာတွေ့သရွေ့ သူ၏ညီငယ်ဖြစ်သူက အမွေခံဖြစ်လာကာ အာဏာကို ဆုပ်ကိုင်နိုင်လိမ့်မည် ဖြစ်သည်။ အဆုံးတွင် သူသည်သာလျှင် အနိုင်ရသွားမည် ဖြစ်သည်။
သို့သော် တစ်ဖက်လူက ဓားစာခံခေါ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
လုချန်ရှန်းကမူ ဘာမှ မပြောဘဲ ယဲ့လန်ကိုသာ ယဇ်ပုလ္လင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်၏။
ရှောင်ဟေးသည် ၎င်းကို ငေးကြည့်နေခဲ့ပြီး ယဲ့လန်ကို အလင်းတိုင်အတွင်းသို့ တိုက်ရိုက်ပို့လွှတ်လိုက်၏။ အစပိုင်းတွင် သူနှင့်ယှဥ်ပြိုင်လာမည်ကို တားဆီးရန်အတွက် ဖမ်းထားခဲ့သည့်လူက သူ့အသက်ကို ကယ်တင်ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယဲ့လန်က ကောင်းကင်ထက်သို့ မြင့်တက်သွားသည်ကို မြင်လိုက်ရသောအခါတွင် ယဲ့မော်က အော်ဟစ်လာခဲ့သည်။
“ မင်းတို့အားလုံး သေသင့်တယ် သေသင့်တယ် “
ယဲ့မော်၏ လေသံမှာ မလိုလားမှုများနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေခဲ့၏ သို့သော် အရာအားလုံးက အချည်းနှီးသာ ဖြစ်နေခဲ့သည်။
“ တော်လိုက်ပြီ မင်းကိုပါ ပို့ပေးမယ် “
လုချန်ရှန်းက သူ၏လက်ကို မြှောက်လိုက်ရာ ဓားအလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး အရှေ့သို့ ပိုင်းဖြတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ယဲ့မော်က ဒေါသတကြီး ဟိန်းဟောက်လာခဲ့ပြီး တိမ်သားတိမ်စိုင်များကို လှုပ်ရမ်းသွားစေခဲ့၏။
“ ကောင်းကင်ဘုံ ပွင့်ထွက်လာပြီး လမ်းကြောင်းပေါ်လာပြီ။ မင်းတို့အားလုံး ငရဲကို သွားလိုက်တော့ “
ဓားအလင်းတန်း မကျဆင်းလာသေးခင် အချိန်မှာပင် သူ၏ခန္ဓာကိုယ်က ပြိုကွဲသွားကာ ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
လုချန်ရှန်းက သူ၏တိုက်ကွက်များကို တားဆီးပိတ်ဆို့ရန် ပြင်ဆင်ကာ သတိတကြီး စောင့်ကြည့်နေခဲ့၏ သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း ကောင်းကင်ထက်သို့ အလင်းတန်းတစ်ခု ထောင်တက်သွားကာ ပျောက်ကွယ်သွားခြင်းမှတစ်ပါး မည်သည့်အရာမှ မဖြစ်ပေါ်လာခဲ့ပေ။
“ သူက ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာလားဟ “ လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ ရှောင်ဟေးကို ငေးကြည့်နေတော့သည်။
လုချန်ရှန်းက ခေါင်းခါပြလိုက်သည် သူကိုယ်တိုင်မှာလည်း ယဲ့မော်က မည်သည့်အရာများ ပြုလုပ်နေလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည် ပတ်ဝန်းကျင်ရှိ အရာအားလုံးက ပုံမှန်အလား ဖြစ်နေခဲ့သည်။
သူတို့နှစ်ဦးက တစ်ခဏခန့် စောင့်ဆိုင်းနေခဲ့သော်လည်း မည်သည့်အပြောင်းအလဲမှ မဖြစ်ပေါ်လာခဲ့ပေ။
ထို့နောက်တွင် လုချန်ရှန်းက ယဲ့မော်ချန်ထားခဲ့သည့် ပစ္စည်းများကို စတင်၍ ကောက်ယူနေတော့သည်။ အသုံးမဝင်သော အရာတစ်ခုမှတစ်ပါး သူသည် နက်မှောင်နေသည့် အနက်ရောင် တံဆိပ်ပြားတစ်ခုကို ရှောင်ဟေးထံသို့ ပစ်ပေးလိုက်ပြီး ကျန်ရှိနေသည့် အရာအားလုံးကို သိမ်းယူလိုက်သည်။
ထိုအခိုက်အတန့်တွင် တိတ်ဆိတ်ငြိမ်သက်မှုက ပြန်လည်ကြီးစိုးလာခဲ့ပြီး ရှောင်ဟေးသည် သူ၏ဒဏ်ရာများကို တည်ငြိမ်သွားစေရန်အတွက် ဆေးလုံးအနည်းငယ်ကို သောက်သုံးနေတော့၏။
ထို့နောက်တွင် သူသည် လုချန်ရှန်းကို ထပ်မံ၍ ငေးကြည့်နေတော့သည် သူ၏မျက်ဝန်းများအတွင်းတွင် လေးစားမှုများ ကိန်းအောင်းနေခဲ့သည်။
“ ဘယ်လောက်ကြာသေးလို့လဲ။ မင်းက မွေးရာပါ ဝိညာဥ် အဆင့်၇ကိုတောင် ရောက်နေပြီပဲ “
“ အေးဆေးပါ “
လုချန်ရှန်းက လက်ဝေ့ရမ်းပြလိုက်သည် ထိုကဲ့သို့သော အသေးစား အောင်မြင်မှုလေးက စကားထဲတည့်ပြောနေရန် မထိုက်တန်လှပေ။ အကယ်၍ ဝိညာဥ်ကျောက်တုံးများသာ ပြတ်လပ်မနေခဲ့ဘူးဆိုပါက သူ၏ ကျင့်ကြံရေးက ယခုလက်ရှိအဆင့်ထပ်ပင် ပိုမိုမြင့်မားနေနိုင်ပေသည်။
သို့ရာတွင် ရှောင်ဟေးကမူ စိတ်တည်ငြိမ်သွားစေရန် အခက်တွေ့နေခဲ့သည်။ ကန်းယွင်ဂိုဏ်း၏ အပြင်ဘက် လုချန်ရှန်းကို ပထမဦးဆုံးအကြိမ်အဖြစ် စတွေ့ခဲ့ရစဥ်အချိန်က ထိုအကောင်မှာ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ခါစသာ ရှိသေးသည်။ နတ်ဘုရား မြုပ်နှံခြင်း တောင်တန်း ခရီးစဥ်တွင်လည်း အဆင့်၅သို့ပင် မရောက်ရှိခဲ့ပေ။ ယခု ထပ်မံ၍ ဆုံတွေ့ရသည့် အချိန်တွင်မူ မွေးရာပါ ဝိညာဥ် အဆင့်၇အထိပင် ရောက်ရှိနေခဲ့၏။
ထိုကဲ့သို့သော အမြန်နှုန်းမှာ အံ့ဖွယ်ကောင်းလှသည် ထိုလူက ဟွာရှုနယ်ပယ် ပညာရှင်နှင့်ပင် တိုက်ခိုက်နေနိုင်ခဲ့သည်။
ထိုလူက မည်ကဲ့သို့သော တည်ရှိမှုမျိုးလဲဆိုသည်နှင့် နောင်အနာဂတ်တွင် မည်ကဲ့သို့သော အနေအထားမျိုးအထိ ရောက်ရှိသွားမလဲဆိုသည်တို့မှာ အမှန်ပင် ခန့်မှန်းရခက်လှပေသည်။ သူ၏ဓားတာအို တစ်ခုတည်းဖြင့်ပင် ပြိုင်ဘက်ကင်းနိုင်ပေသည်။
“ သွားကြစို့ ငါ့ကို ဝိညာဥ်ကျောက် သွေးကြောဆီကို ခေါ်သွားပေး။ မင်းနဲ့ အဲ့ကိစ္စကို သဘောတူညီချက် ရအောင်လုပ်ဖို့ဆိုတာက ငါ့အတွက် မလွယ်ကူခဲ့ဘူး။ ငါဘယ်လောက်တောင် ဆုံးရှုံးသွားရပြီလဲ မသိဘူး “ လုချန်ရှန်းသည် ခေါင်းတခါခါဖြင့် သက်ပြင်းချနေတော့သည်။
ရှောင်ဟေးက ပြန်ပြောလိုက်သည် “ ရှာနေဖို့ မလိုပါဘူး။ အဲ့တာက ဘယ်မှာလဲဆိုတာကို ငါသိတယ် “
“ အရင်တုန်းက မင်းငါ့ကို လိမ်ခဲ့တာလား “
“ အဲ့တာက ဒီတံဆိပ်ပြားလေ ဒီဟာက မျိုးနွယ်စုရဲ့ ကိစ္စတော်တော်များများကို မှတ်တမ်းတင်ထားတယ် အဲ့တာတွေထဲမှာ ဝိညာဥ်ကျောက် သွေးကြောလည်း ပါတာပေါ့ “
ရှောင်ဟေးက တံဆိပ်ပြားကို ငေးကြည့်နေမိတော့သည်။ ၎င်းက လူငယ်မျိုးနွယ်စုခေါင်းဆောင်၏ ပိုင်ဆိုင်မှု ဖြစ်သင့်ပေသည် သို့သော် ရလဒ်ကို မဆုံးဖြတ်ရသေးခင် အချိန်မှာပင် ထိုလူများက ၎င်းကို ယဲ့မော်ဆီသို့ ပေးအပ်လိုက်ကြသည် ထိုလူများက သူ့ကို မျက်လုံးထဲထည့်ထားပုံ မရချေ။
ထို့ကြောင့်ပင် ယဲ့မော်က ကိစ္စတော်တော်များများကို သိနေခဲ့ရခြင်း ဖြစ်သည်။
လူနှစ်ဦးက စတင်၍ ရွေ့လျားကာ ဝိညာဥ်ကျောက်သွေးကြော ရှိရာဘက်သို့ ဦးတည်သွား၏။
လမ်းတွင် ရှောင်ဟေးက လုချန်ရှန်းကို ငေးကြည့်နေခဲ့ပြီး သူသည် ထိုလူငယ်လေးက နားလည်ရ ခက်လာသည်ဟု ပိုမိုခံစားနေခဲ့ရသည်။
လုချန်ရှန်းက စကားပြောလာခဲ့သည် “ ဘာကိစ္စက ငါ့ကို စိုက်ကြည့်နေရတာတုန်း။ ငါ့မျက်နှာပေါ်မှာ ပန်းတွေ ပွင့်နေလို့လား “
“ ငါမင်းကို မေးချင်တာ တစ်ခုရှိတယ် “
“ ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူး ကျေးဇူးပဲ “
“ … “
ရှောင်ဟေးမှာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်မှ စကားထပ်ပြောလိုက်သည် “ မင်းက သေခြင်းရှင်ခြင်း နည်းစနစ်မျိုး ထုတ်သုံးတာကို ငါတစ်ခါမှ မမြင်ဖူးဘူး။ အရင်တုန်းက မင်းမှ မရှိခဲ့ဘူးဆိုတာက နးလည်ပေးလို့ရတယ် ဒါပင်မဲ့ စစ်ပွဲဘုရင်နဲ့ တွေ့ခဲ့ပြီးတဲ့နောက်မှာတောင်မှ မင်းက ဘာကိုမှ မသင်ရသေးဘူးလား “
“ ဓားတစ်လက်က အရာအားလုံးကိ ဖြိုခွင်းနိုင်တယ်။ ဘာကိစ္စနည်းစနစ်တွေနဲ့ အလုပ်ရှုပ်ခံနေရမှာတုန်း “
လုချန်ရှန်းသည် မျက်တောင်ပင် မခတ်ဘဲ ယုံကြည်မှုအပြည့်ဖြင့် တုံ့ပြန်လိုက်သည် သူက ထိုနည်းစနစ်များကို အထင်သေးနေပုံရသည်။
သို့ရာတွင် ရှောင်ဟေးကမူ သူနှင့်ငြင်းခုန်မနေဘဲ ထူးထူးဆန်းဆန်း ခေါင်းငြိမ့်ပြလာခဲ့၏။ သူသည် ထိုစကားက မှန်ကန်သည်ဟု ခံစားနေခဲ့ရသည် သူ၏ ဓားတာအိုနှင့်သာဆိုပါက သေခြင်းရှင်ခြင်း နည်းစနစ် အမြောက်အများကို အမှန်ပင် ဖိနှိပ်နိုင်ပေသည်။
ထိုစဥ် လုချန်ရှန်းက စကားထပ်ပြောနေခဲ့သည် “ နေစမ်းပါဦး ရှောင်ဟေး ငါမင်းနဲ့ မရှင်းရသေးတဲ့ ကိစ္စတစ်ခု ရှိနေသေးတယ် “
“ ဘာကြီးလဲ “
“ ငါက လူတွေရဲ့ ခံစားချက်ကို ဆော့ကစားတယ်ဆိုပြီးတော့ မင်းဖြန့်တဲ့ ကောလဟာလရယ် ပြီးတော့ လက်ထက်ပွဲက ထွက်ပြေးတယ်ဆိုတာရယ် ငါမှတ်မိတယ် “
ရှောင်ဟေး မှင်သက်သွားခဲ့သည် သူက ထိုကိစ္စကို မေ့သွားခဲ့ပြီဖြစ်သည်။
သို့ရာတွင် သူတိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စကားထပ်ပြောနေခဲ့၏ “ ငြင်းဖို့ကို စဥ်းတောင်မစဥ်းစားလိုက်နဲ့ ငါ့ဆီမှာ မျက်မြင်သက်သေရှိတယ်။ မင်းရဲ့ လုပ်ရပ်တွေက ငါ့ရဲ့ ဂုဏ်သိက္ခာကို ပျက်စီးစေတယ်။ ငါက လူယုတ်မာလို့ လူတိုင်းက ထင်နေကြပြီ အဲ့တာက နောင်တစ်ချိန်မှာ ဇနီးတစ်ယောက်ရှာမဲ့ ငါ့ရဲ့ ရည်ရွယ်ချက်ကို ကြီးကြီးမားမား ထိခိုက်စေတယ် “
“ မင်းဆီမှာ ဂုဏ်သိက္ခာရှိတာလား “ ရှောင်ဟေးသည် ဆွံ့အသွားကာ အချိန်အတော်ကြာ တွေးတောစဥ်းစားနေတော့၏။ ကောင်းမွန်သော ဂုဏ်သတင်းကို မဆိုထားနှင့် အပြုသဘောဆောင်သည့် အကဲဖြတ်မှုများကပင် အလွန်တရာ နည်းပါးနေခဲ့၏။
သို့ရာတွင် လုချန်ရှန်းကမူ တည်တည်ငြိမ်ငြိမ်ဖြင့် တုံ့ပြန်လိုက်သည် “ ဟက် အဲ့တာတင်ပဲ မဟုတ်ဘူး ဝမ်ထျန်တောင်တန်းက ကိစ္စကိုပါ ငါသိတယ်။ မင်းက ငါ့ရဲ့ စရိုက်ကို သံသယဝင်ခဲ့ပြီးတော့ ငါ့ကိုတောင် စမ်းသပ်ခဲ့သေးတယ် မင်းက ငါ့ကို တကယ်ကြီးကို မယုံဘူးပဲ။ ငါက ဘယ်လိုလူမျိုးလဲဆိုတာကို မင်းမသိဘူးလား။ အဲ့တာက ငါ့ရဲ့နှလုံးသားကို နာကျင်စေတယ် “
“ တကယ်လို့ ငါမသိဘူးဆိုရင် ငါမင်းကို စမ်းသပ်ခဲ့မှာ မဟုတ်ဘူး “
“ မင်း တော်တော်လွန်နေပြီ “
လုချန်ရှန်းမှာ မကျေမနပ်ဖြစ်သွားတော့သည်။
ရှောင်ဟေးမှာလည်း ၎င်းက မှားယွင်းနေသည်ဟု ခံစားနေခဲ့ရကာ တုံ့ပြန်လာခဲ့၏ ” ငါမင်းကို တောင်းပန်ပါတယ် တကယ်လို့ မင်းက မိန်းမမရှာနိုင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ် ငါမင်းအတွက် ရှာပေးမယ်။ ငါ့ဆီမှာ တော်တော်ကြီးကိုလှတဲ့ ညီမတစ်ယောက်ရှိတယ် အလှတရားက လကိုတောင် လောင်းရိပ်မိသွားစေခဲ့ပြီးတော့ ပန်းပွင့်တွေကိုပါ ရှက်ရွံ့သွားစေလောက်တယ်။ သူမကလည်း မင်းကို တော်တော်လေး လေးစားနေတာ ငါထင်တယ် ……… “
ရုတ်တရက်ဆိုသလိုပင် လုချန်ရှန်းက ရုတ်တရက် လှည့်ကြည့်ကာ တအံ့တဩဖြင့် တုံ့ပြန်လိုက်သည် “ မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား။ မင်းညီမနဲ့ ငါ့ကို လက်ထပ်ပေးဖို့အတွက် ငါ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးခဲ့တာလား။ မင်းက အဲ့လိုရွံ့စရာ နည်းလမ်းမျိုးကိုတောင် သုံးခဲ့တယ်ပေါ့ “
“ အဲ့တာက ……… “
ရှောင်ဟေးသည် ဆွံ့အကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ မင်းလှည့်စားတာကို ခံခဲ့ရတာက ငါ့အတွက် တကယ်ကိုခက်ခဲခဲ့တယ်။ ငါ့ရဲ့ စိတ်နှလုံးသားက မငြိမ်မသက်ဖြစ်နေတယ်ဆိုပင်မဲ့ မင်းက ငါ့ရဲ့ သူငယ်ချင်းနဲ့ မိသားစု ဖြစ်တာကြောင့် အဲ့ကိစ္စကို ထပ်ပြောမနေတော့ဘူး “
ရှောင်ဟေးသည် အံ့အားသင့်သွားကာ သက်ပြင်းချရန် ပြင်လိုက်သည်။
ထိုစဥ် လုချန်ရှန်းက စကားဆက်ပြောလာခဲ့၏ “ မင်းငါ့ကို ပေးခဲ့တဲ့ အကြွေးစာချုပ်ကိုတော့ ပြန်မပေးဘူး “
ရှောင်ဟေးမှာ ဆွံ့အသွားတော့သည်။ ငါအတွေးလွန်နေခဲ့တာလေ အဲ့တာက လုချန်ရှန်းလေ
မကြာခင် အချိန်မှာပင် သူနှစ်ဦးက သူတို့၏ အဖွဲ့ဝင်များနှင့် ဆုံတွေ့ခဲ့ရပြီး အခြေအနေကို ရှင်းပြလိုက်သည်။ ရှောင်ဟေး အဆင်ပြေနေသည်ကို မြင်လိုက်ရသောအခါတွင် ပန်အမျိုးသမီးမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ပန်ဘုရင်လေးနှင့်အတူ ထွက်သွားခဲ့သည်။
ရှင်းယွင်မှာလည်း ဘိုးဘွားနယ်မြေမှ ထွက်သွားခဲ့သည်။ ယဲ့မော် သေဆုံးသွားခဲ့ပြီဖြစ်သောကြောင့် ဤမျိုးနွယ်စုက အနောက်ဒေသကို ထပ်မံ၍ မှီခိုနေတော့မည် မဟုတ်ပေ။
ထို့နောက်တွင် လူနှစ်ဦးမှာ တောင်တန်းတစ်ခု၏ အရှေ့သို့ ရောက်ရှိလာခဲ့သည် ၎င်း၏အလွန်တွင် ရှောင်ဟေးပြောခဲ့သည့် ဝိညာဥ်ကျောက် သွေးကြောတစ်ခု ရှိနေခဲ့၏။
ရှောင်ဟေးက စကားထပ်ပြောလာခဲ့သည် “ ဒီကောင့်ကို တူးဖော်ခဲ့တာ နှစ်ပေါက်နေပြီ အများကြီး မကျန်လောက်တော့ဘူးဆိုပင်မဲ့ ဝိညာဥ်ကျောက် သန်းတစ်ရာလောက်တော့ ရှိနေဦးမှာပဲ။ မင်းက အဲ့တာတွေကို ဝါးမျိုလို့ရတယ် ကျန်တာတွေကို ယူသွားပေါ့ “
“ စိတ်မပူပါနဲ့ ဘာမှ မကျန်စေရဘူး “
လုချန်ရှန်းသည် တလက်လက် တောက်ပနေသော အကြည့်များဖြင့် ငေးကြည့်နေခဲ့ပြီး ရှောင်ဟေး၏ စကားကို နားထောင်ခဲ့ပြီးသည့်နောက်တွင် တပြုံးပြုံး ဖြစ်သွားခဲ့သည်။
သို့သော် ကောင်းကင်ထက်တွင် အပြောင်းအလဲများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်ဘုံ အလင်းတန်း ဆင်းသက်လာခဲ့ပြီး ဘက်ပေါင်းစုံတွင် ရှိနေသည့် သက်ရှိသတ္တဝါအားလုံးထံသို့ တိတ်တဆိတ် ကျဆင်းလာခဲ့၏။
+-
………………………………………………………………………………………………………………………………….