အခန်း ၂၂၉
Vol. 16 Ch. 229
အပိုင်း ( 229 )
ကောင်းကင်ဘုံ လျှို့ဝှက်ချက် ပေါ်ထွက်လာခဲ့ပြီ
ကြီးမားကျယ်ဝန်းလှသော တောင်တန်းဒေသအတွင်းတွင် ဝိညာဥ်ချီတို့ဖြင့် ပြည့်နှက်နေလျက်ရှိပြီး ၎င်းတို့က မြူခိုးများအဖြစ် အသွင်ပြောင်းကာ ကောင်းကင်နှင့်မြေပြင်အကြားတွင် မျောလွင့်နေခဲ့၏။
လုချန်ရှန်းသည် တပြုံးပြုံးဖြစ်နေခဲ့ပြီး တောင်တန်းဒေသအထက်တွင် ရှိနေသည့် ဝိညာဥ်ချီအားလုံးကို ဝါးမြိုနေတော့သည်။
ထို့နောက်တွင် သူသည် စိတ်ကျေနပ်နေသော အကြည့်မျိုးဖြင့် ထိုမြေတစ်ခုလုံးကို ငေးကြည့်ကာ ပုန်းကွယ်နေသည့် ဝိညာဥ်ကျောက်တုံးများ ကျန် မကျန်ဆိုသည်ကို အာရုံခံ စစ်ဆေးနေခဲ့၏။
၎င်းကို တူးဖော် အသုံးပြုနေသည်က နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီဟု ရှောင်ဟေးက ပြောထားခဲ့သော်လည်း သိသာထင်ရှားသော ပမာဏတစ်ခုတော့ ကျန်ရှိနေသေးသည်။
ထိုအချိန်တွင် ရှောင်ဟေးကပါ စကားထပ်ပြောလာခဲ့သည် “ တောင်ပေါ်မှာ တင်ပျဥ်ခွေထိုင်နေလိုက် ဝိညာဥ်ချီတွေကို ငါမင်းအတွက် လမ်းညွှန်ပေးမယ် “
“ ဝိညာဥ်ချီကို လမ်းညွှန်တာလား “ လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ရှောင်ဟေးက ပြန်ပြောလိုက်သည် “ ဒီနေရာက ဝိညာဥ်ကျောက်တုံးတွေမှာရှိတဲ့ ဝိညာဥ်စွမ်းအားကို ကောင်းကင်ဝါးမျိုခြင်း နည်းလမ်းကို သုံးပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းထည့်ပေးမယ်လေ။ အဲ့တာက အမြန်ဆုံး နည်းလမ်းပဲ။ မင်းက သန့်စင်တာကိုပဲ အာရုံစိုက်နေဖို့ လိုအပ်တယ် “
“ ကောင်းတယ် “
လုချန်ရှန်းသည် စကားမပြောလာတော့ဘဲ တောင်ထိပ်ပေါ်သို့သာ တိုက်ရိုက်ပြေးတက်သွားခဲ့သည်။ သူတင်ပျဥ်ခွေထိုင်လိုက်သည့် အချိန်တွင် ရှောင်ဟေးက လေထုအတွင်းသို့ ပျံတက်လာခဲ့၏ သူ၏ ခန္ဓာကိုယ်မှ စိမ်းနက်ရောင် ရောင်ခြည်တစ်ခု ပေါက်ထွက်လာခဲ့ပြီး သူ၏ အစစ်အမှန် ပုံစံအဖြစ် အသွင်ပြောင်းသွားကာ အဆိုပါ တောင်တန်းဒေသကို လှည့်ပတ်နေတော့၏။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ဝါးမျိုးငှက်အဖြစ် အသွင်ပြောင်းသွားသည့် ရှောင်ဟေးထံမှ အားကောင်းသော စွမ်းအားတစ်ခု ဖြတ်သန်းလာကာ ဝါးမြိုခြင်း စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကမ္ဘာမြေက ညင်သာစွာ တုန်ခါလာခဲ့ပြီး အလင်းမှုန် အများအပြား ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့၏။
၎င်းက ဝိညာဥ်ချီ စုစည်းခြင်းဖြစ်ပြီး အရပ်မျက်နှာလေးခုစလုံးမှ ဝိညာဥ်ချီများပါ အဖော်ပြုလိုက်ပါလာခဲ့သည်။
လုချန်ရှန်းကမူ ထိုနေရာတွင် ထိုင်နေကာ ဝိညာဥ်ချီများက ဝဲဂယက်တစ်ခုအဖြစ် ဖွဲ့တည်ကာ သူ့အပေါ်သို့ ကျဆင်းလာသည်ကို စောင့်ကြည့်နေလျက်ရှိ၏။
“ ရှောင်ဟေး မထိန်းထားနဲ့။ ဝိညာဥ်ချီတွေကို ကြမ်းကြမ်းလေး လွှတ်ပေးလိုက် “
ရှောင်ဟေးက ပြန်ပြောလိုက်သည် “ အဆင့်တစ်ဆင့်အတွက် လုံလောက်တဲ့ ဝိညာဥ်ချီကို ထောက်ပံ့ပေးမယ်လို့ ငါပြောခဲ့တယ်လေ ငါ့ကတိကို ပြန်ဖျက်မှာ မဟုတ်ဘူး။ အရမ်းများလွန်းသွားရင် မင်းမကိုင်တွယ်နိုင်မှာကို ငါကြောက်တယ် “
“ ဝိညာဥ်ချီ လမ်းညွှန်ပေးတာကိုပဲ အာရုံစိုက် ကျန်တာတွေ သိပ်မတွေးနဲ့ “
ထိုစဥ် လေထုအတွင်းတွင် အလင်းတန်းတစ်ခု မျောလွင့်နေလျက်ရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ရမ်းသွားခဲ့သည်။ လုချန်ရှန်းက လက်ဟန်တစ်ခု ပြုလိုက်ပြီး ဝိညာဥ်ချီ ဝဲဂယက်က သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာခဲ့သည်။ ထိုအချိန်၌ သူ၏ခန္ဓာကိုယ်အတွင်းတွင် ဝိညာဥ်စွမ်းအားများ စုစည်းလာခဲ့ကာ မှော်စွမ်းအားအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
ရှောင်ဟေးသည် ၎င်းကို ငေးကြည့်နေရင်းဖြင့် ထပ်မံ၍ အံ့အားသင့်သွားခဲ့ပြန်သည်။ သူသည် ထိုဧရိယာတစ်ဝိုက်တွင် အောက်ခြေမရှိသည့် တွင်းပေါက်တစ်ခုရှိနေသည့်ပမာ ခံစားခဲ့ရပြီး ဝိညာဥ်ချီများ လုံးဝပျောက်ကွယ်သွားခဲ့သည် ထိုလူ့အနားသို့ ရောက်သွားသည့် အချိန်တွင် အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။
ထိုအတွေးနှင့်အတူ သူသည် သူ၏တောင်ပံများကို ခတ်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ဝါးမြိုခြင်း စွမ်းအားများ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြီး တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေပုံရ၏။
အဆိုပါ မျိုးနွယ်စု၏ စွမ်းရည်က ကောင်းကင်ဘုံ၏ ချီးမြှောက်မှုပင် ဖြစ်ပေသည် သူတို့က ဝါးမြိုခြင်းစွမ်းအားကို ထိန်းချုပ်နိုင်ကာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမြိုနိုင်သည့်အတွက် ကျော်ကြားလှသည်။
တိတိကျကျပြောရမည်ဆိုပါက အဆိုပါ မျိုးနွယ်စုက ဝိညာဥ်ချီများ မည်သို့မျှ ကင်းမဲ့မနေခဲ့ပေ။ သူတို့က ပတ်ဝန်းကျင်ရှိ ဝိညာဥ်ချီများကို လွတ်လွတ်လပ်လပ် ဝါးမြိုနိုင်သော်လည်း သူတို့၏ ခန္ဓာကိုယ်များတွင် ကန့်သတ်ချက်တစ်ခု ရှိနေခဲ့ကာ ၎င်းကို အဆုံးမဲ့ လက်ခံစုစည်းနိုင်စွမ်း မရှိပေ။
သို့ရာတွင် လုချန်ရှန်းကမူ လုံးဝကွဲပြားနေခဲ့သည်။ သူက ထိုစွမ်းရည်ကို မပိုင်ဆိုင်ထားသော်လည်း ကြီးမားသော ပမာဏတစ်ခုကို ထူးထူးခြားခြား တောင့်ခံနေနိုင်ခဲ့သည်။ သူသည် ထိုလူက ဝိညာဥ်ကျောက် မိုင်းတွင်းတစ်ခုလုံးကို ဝါးမြိုနိုင်စွမ်းရှိသည်ဟု ခံစားနေခဲ့ရသည်။
“ ဝိညာဥ်ကျောက် သန်းတစ်ရာကျော် အဲ့တာက သူ့ကို အဆင့်တစ်ဆင့် တက်သွားစေနို့ မလုံလောက်ဘူးလား “
ရှောင်ဟေးက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့ကာ သူ၏ စွမ်းအား ထုတ်လွှတ်မှုကို ထပ်မံ၍ အရှိန်မြှင့်တင်နေလျက်ရှိပြီး သူ၏ စွမ်းအားကို အမြင့်ဆုံးအခြေအနေမျိုးအထိ မြှင့်တင်၍ အသုံးပြုကာ လုချန်ရှန်းအတွက် ဝိညာဥ်ချီများကို လမ်းညွှန်ပေးနေခဲ့၏။ ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့် ကမ္ဘာမြေ လှုပ်ခါလာခဲ့ပြီး မြေအောက်မိုင်းတွင်း အတွင်းရှိ ဝိညာဥ်ချီမှာလည်း သိသာထင်ရှားသော အမြန်နှုန်းဖြင့် လျော့ကျလာခဲ့သည်။
ဝိညာဥ်ကျောက်တုံး အများအပြားက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး တောင်တန်းဒေသ၏ အစိတ်အပိုင်း တော်တော်များများမှာလည်း ဆက်တိုက်ပြိုကွဲပျက်စီးသွားခဲ့သည်။
ရှောင်ဟေးမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူသည် လုချန်ရှန်းက ဝိညာဥ်ချီ အများအပြား လိုအပ်သည်ကို သိနေခဲ့သော်လည်း ထိုမျှလောက်အထိ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
၎င်းသာလျှင် မဟုတ်ဘဲ ဝိညာဥ်ချီ ပျောက်ကွယ်သွားမှုနှင့်အတူ သူ၏ ကျင့်ကြံရေးပါ ပြောင်းလဲသွားပြီး အဆက်မပြတ် တောက်ပနေခဲ့ကာ နက်နဲရှုပ်ထွေးသော ခံစားချက်တစ်ခု ပေါက်ထွက်လာခဲ့၏။ ပုံရိပ်ယောင်သဖွယ် သဘာဝဖြစ်စဥ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုစဥ် စကြာဝဠာတစ်ခုလုံး လှုပ်ခတ်သွားကာ ကောင်းကင်ထက်တွင် ကောင်းကင်ဘုံ တာအိုပင် ပေါ်ထါက်လာပုံရ၏။ မြေပြင်ပေါ်တွင် ရွှေရောင် အလင်းမှုန်လေးများ ပွင့်လန်းလာခဲ့ပြီး သိသာထင်ရှားသော အမြန်နှုန်းဖြင့် ပေါ်ထွက်လာခဲ့ကာ ၎င်းတို့ထံမှ ရွှေရောင်ကြာပန်းများ ပွင့်လန်းလာခဲ့၏။
“ မြေပြင်ကနေ ရွှေရောင်ကြာပန်းတွေ ပွင့်လာတယ်ပေါ့ အဲ့တာက ဘယ်လိုမွန်းစတားမျိုးလဲ “
ရှောင်ဟေးမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ နတ်ဘုရားတစ်ပါးကပင် ထိုကဲ့သို့သော သဘာဝဖြစ်စဥ်မျိုးကို မမြင်တွေ့နိုင်ခဲ့ပေ သို့သော် ယခုတွင်မူ ၎င်းတို့က လုချန်ရှန်း၏ ပတ်ပတ်လည်တွင် ဖြစ်တည်လာခဲ့သည်။ သူ့ဘက်မှ ရွှေရောင်ကြာပန်းများ ပွင့်လန်းလာကာ ဘက်ပေါင်းစုံသို့ အဆက်မပြတ် ပျံ့လွင့်သွားခဲ့သည်။
ရွှေရောင်ကြာပန်းများက အစုံလိုက်ပွင့်လန်းလာခဲ့ပြီး အဝေးသို့ ပျံ့နှံ့သွားကာ ဟင်းလင်းပြင်အတွင်းတွင် အဆုံးမဲ့နေသည့်အလား ပေါ်ထွက်လာခဲ့သည်။
၎င်းက ဘိုးဘွားနယ်မြေတွင်သာ မဟုတ်ခဲ့ပေ တောင်ပိုင်းဒေသတွင်လည်း မူမမှန်မှုများ ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်ထက်တွင် အပြောင်းအလဲများ ဖြစ်တည်လာခဲ့၏။
တစ်ချိန်တည်းမှာပင် အစွမ်းထက် ပညာရှင် တော်တော်များများက အဆိုပါ အပြောင်းအလဲများကို အာရုံခံမိသွားခဲ့သည်။
“ အရင်က ထျန်းကျီမှာ အပြောင်းအလဲတွေကို အာရုံခံမိခဲ့တယ် အခု သူတို့က ထပ်ပေါ်လာပြန်ပြီ “
“ ဘယ်လို ပုဂ္ဂိုလ်မျိုး ပေါ်ထွက်လာခဲ့တာလဲ။ ပြိုင်ဘက်ကင်း ပညာရှင်လား
(ဒါမှမဟုတ်) တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမဲ့ ပါရမီရှင်မျိုးလား “
“ အဲ့လို သဘာဝဖြစ်စဥ်မျိုးက နိမိတ်ဖတ်ကြည့်ဖို့ ထိုက်တန်တယ် “
တစ်ခြားလူများကပါ စကားဝင်ပြောလာခဲ့သည် “ မြန်မြန်လေး ပြင်ဆင်ကြ။ ကောင်းကင်ဘုံ ကပ်ဘေးရဲ့ စွမ်းအင်လှိုင်းကို ခံစားမိတယ်။ တစ်ယောက်ယောက်က ကပ်ဘေးကို ရင်ဆိုင်တော့မဲ့ပုံပဲ။ ကောင်းကင်ဘုံ ကပ်ဘေးကာလအတွင်းမှာ ခုခံမှုအားလုံးက အားအနည်းဆုံးပဲ အဲ့တာကြောင့် ကံကြမ္မာတွက်ချက်ဖို့အတွက် အကောင်းဆုံးပဲ “
“ ဟုတ်တယ် “
အင်အားစု အမျိုးမျိုး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကာ တောင်ပိုင်းဒေသအနှံ့တွင် အပြောင်းအလဲများ ဖြစ်တည်လာခဲ့သည်။
ထျန်းကျီစံအိမ်က ၎င်းကို အာရုံခံမိသွားသည့် အချိန်တွင် လူတစ်ချို့က နိမိတ်ဖတ်ရန် စတင်နေခဲ့ပြီ ဖြစ်ပြီး အဆိုပါဖြစ်စဥ်ကို ပေါ်ပေါက်စေခဲ့သည့် လူက မည်သူလဲဆိုသည်ကို သိချင်သွားကြသည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းက မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိ၏။ ဝိညာဥ်ချီများ ဆက်တိုက်စီးဝင်လာခဲ့ကာ သူ၏ မှော်စွမ်းအားမှာလည်း ချောက်နက်တစ်ခုအလား ကြီးမားကျယ်ပြန့်လာခဲ့သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေကာ ကြောက်မက်ဖွယ်ရာ စွမ်းအားတို့ဖြင့် ပြည့်နှက်နေခဲ့၏။
၎င်းက အဆုံးမဲ့ မကောင်းမှုများကို တွန်းလှန်နိုင်ပုံရကာ လူများကို နိုးနိုးကြားကြား ဖြစ်သွားစေခဲ့၏။
လုချန်ရှန်းမှာလည်း ပြောင်းလဲမှုများကို အာရုံခံမိသွားခဲ့သည်။ သူက ၎င်းတို့အားလုံးကို ခံစားနေခဲ့ရသော်လည်း မည်သည့်အတွက်ကြောင့် ထိုကဲ့သို့သော လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။
သူ၏နားလည်မှုအရ အကယ်၍ တစ်စုံတစ်ခု ဖြစ်ပျက်လာမည်ဆိုလျှင်တောင်မှ ၎င်းမှာ သူမွေးရာပါ ဝိညာဥ အဆင့်၉(သို့) ဟွာရှုနယ်ပယ်သို့ ရောက်ရှိသွားသည့် အချိန်မှသာ ဖြစ်ပေါ်လာသင့်ပေသည်။ မွေးရာပါ ဝိညာဥ် အဆင့်၈တွင် ထိုကဲ့သို့သော ပြောင်းလဲမှုမျိုးက မည်ကဲ့သို့ ဖြစ်ပေါ်လာရသနည်း။
ရှောင်ဟေးမှာလည်း အံ့ဩတကြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူက ၎င်းကို ပိုမိုတိကျစွာ ခံစားနေခဲ့ရသည် ဝိညာဥ်ကျောက်တုံး သန်းတစ်ရာကျော် ပါဝင်သည့် သွေးကြောတစ်ခုလုံးက အောက်ခြေမဲ့သွားကာ များများစားစား သိပ်မကျန်တော့ပေ။
“ ရပ် မြန်မြန်ရပ်လိုက်တော့ “
ရှောင်ဟေး၏ မျက်နှာပေါ်တွင် စိုးရိမ်တကြီး ဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ သူသည် ကောင်းကင်ထက်ရှိ မူမမှန်မှုများနှင့် အတူယှဥ်တွဲနေသည့် ပြောင်းလဲမှုများကို အာရုံခံမိနေခဲ့ပြီး တစ်စုံတစ်ဦးက နိမိတ်ဖတ်ရန် အခွင့်ကောင်းယူကာ ၎င်းတို့အားလုံးကို ဖော်ထုတ်မည်ဆိုသည်ကို သိနေခဲ့သည်။
သူသည် အသက်အရွယ် သိပ်မကြီးသော်လည်း ထိုကိစ္စများက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို သိနေခဲ့သည်။
သူတို့က ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်းရှိသည့် ထိုကဲ့သို့သော လူမျိုးကို ပေါ်ထွက်လာခွင့်ပြုမည် မဟုတ်ပေ။ တွက်ချက်ကြည့်ရှုခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ကြားဝင်စွက်ဖက်ရန် တားဆီးပိတ်ဆို့ရန်(သို့) သတ်ဖြတ်ဖယ်ရှားရန်အတွက်ပင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလာနိုင်ပေသည်။
ယခင်က ကြယ်အလင်းတန်းပေါင်းများစွာနှင့် မွေးဖွားခဲ့သည့် ရှင်းယွင်ကဲ့သို့ပင် လူအများအပြားက သူ၏တည်ရှိမှုကို တွက်ချက်မိသွားခဲ့ကာ တိတ်တဆိတ် လှုပ်ရှားလာခဲ့ပြီး သူ့ကို ဒဏ်ရာရသွားစေခဲ့ကာ သူ၏မူလ အရင်းအမြစ်ကိုပါ ထိခိုက်သွားစေပြီး သူ၏ မွေးရာပါ အခြေခံအုတ်မြစ်ကို ချို့ယွင်းသွားစေခဲ့၏။
ထျန်းကျီစံအိမ်၏ စုမူယွဲ့မှာလည်း ထိုအတိုင်းပင် ဖြစ်သည် ယခင်က သူမကို တစ်စုံတစ်ဦးက တိုက်ခိုက်ခဲ့ဖူးပြီး သူမ၏ ဂိုဏ်းတစ်ခုလုံးကပင် သူမကို မကာကွယ်ပေးနိုင်ခဲ့ချေ။ သို့ရာတွင် သူမက အတော်ပင် ထူးခြားနေခဲ့ပြီး အဆိုပါ အစိမ်းရောင်လက သူမကို ကာကွယ်ပေးခဲ့၏။
ထိုကဲ့သို့သော ဥပမာ သာဓကများမှာ ရှေးယခင်ကတည်းက ယခုလက်ရှိ အချိန်အထိ အလွန်တရာ များပြားနေခဲ့၏။ သူတို့က လုချန်ရှန်း၏ ကံကြမ္မာကို တစ်ကြိမ်မျှ တွက်ချက်ခဲ့ဖူးသော်လည်း နောက်ဆက်တွဲ အကျိုးအဆက်များက အတော်ပင် အံ့ဖွယ်ကောင်းနေခဲ့၏။
သူက ယခုလက်ရှိ အချိန်တွင် မနာလိုခံနေရသော်လည်း ၎င်းက သည်းခံနိုင်သော ကိစ္စတစ်ရပ် ဖြစ်နေသေးသည်။ သို့သော် ကောင်းကင်ဘုံ တာအိုကိုပင် ခြိမ်းခြောက်နိုင်သည့် မူမမှန်မှုကို ဖြစ်ပေါ်စေခဲ့သည့် လူတစ်ဦးကိုမူ အဆိုပါ အင်အားစုကြီးများက မည်သို့မျှ သည်းခံကြလိမ့်မည် မဟုတ်ချေ။
ကူချန်ကျွင်းက အလွန်တရာ အစွမ်းထက်လှကာ မြင့်မြတ်နယ်မြေတစ်ခုကိုပင် သတိတကြီး ဖြစ်သွားစေလောက်သည်အထိ အားကောင်းလွန်းလှသည်။ သူက မြင့်မြတ်နယ်မြေတစ်ခုကို ထိပ်တိုက်ရင်ဆိုင်နိုင်သော်လည်း ဒေသလေးခုစလုံး၏ အင်အားစုများကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
အင်အားစု တော်တော်များများက သူနှင့်အသေအကြေ မတိုက်ခိုက်လိုကြသော်လည်း အကယ်၍ အင်အားစု အများအပြားက အတူတကွ ပူးပေါင်းလုပ်ဆောင်ကြမည်ဆိုပါက သူတို့က ဆုံးရှုံးမှုကို အနိမ့်ဆုံး အခြေအနေအထိ ရောက်ရှိသွားအောင် လျှော့ချနိုင်လိမ့်မည် ဖြစ်သည်။
ကူချန်ကျွင်းတစ်ဦးတည်ကပင် လူတော်တော်များများကို စိုးရိမ်တကြီး ဖြစ်သွားစေရန် လုံလောက်နေခဲ့သည်။ သူတို့က မျှခြေကို လုံးဝကျိုးပျက်သွားစေနိုင်သည့် ဒုတိယမြောက် စစ်ပွဲဘုရင် ပေါ်ထွက်လာမည်ကို အသာတကြည် ခွင့်ပြုပေးကြလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ရှောင်ဟေးမှာ စိုးရိမ်တကြီး ဖြစ်သွားကာ လုချန်ရှန်းကို လှုပ်နိုးရန် အဆက်မပြတ် စကားပြောနေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဖြစ်တည်လာသည့် မူမမှန်မှုအားလုံး ရုတ်တရက် ပျောက်ကွယ်သွားကာ နေရာအနှံ့ ပျံ့လွင့်နေခဲ့သည့် ရွှေကြာပန်းတို့မှာလည်း မှိန်ဖျော့ကာ လုံးဝပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် နိမိတ်ဖတ်ရန်(သို့) ကံကြမ္မာကို တွက်ချက်ရန် ပြင်ဆင်ထားကြသည့် လူများမှာလည်း အံ့ဩမှင်သက်သွားကြသည်။ အဆက်မပြတ် မြင့်တက်လာသည့် ချီများက ရုတ်တရက် ပျောက်ကွယ်သွားကာ လူတိုင်းကို အငိုက်မိသွားစေခဲ့၏။
“ ဘာတွေ ဖြစ်နေတာလဲဟ “
“ ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်တွေက ဘယ်လိုလုပ် ရုတ်တရက်ကြီး ပျောက်သွားရတာလဲ “
“ … “
အင်အားစုအားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
လုချန်ရှန်းကမူ မျက်လုံးများ ဖြည်းဖြည်းချင်း ဖွင့်ဟ၍ မတ်တပ်ထရပ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။
ရှောင်ဟေးကမူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေလျက်ရှိ၏ “ မင်းရပ်ခဲ့တာ ကံကောင်းတယ်။ အဲ့လိုမှမဟုတ်ဘဲ ကောင်းကင်ဘုံ ကပ်ဘေး ပေါ်လာတာနဲ့ မင်းက ပြဿနာအကြီးကြီး တက်သွားတော့မှာ “
“ တကယ်လို့ ငါမရပ်ချင်ဘူးဆိုရင်တောင်မှ လုပ်လို့မရဘူးလေ ”
“ ဘာဖြစ်လို့လဲ “
“ ဒီနေရာမှာ ဘာချီမှ မရှိတော့ဘူးလေ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည် တောင်တန်းများ တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးသွားကာ တောင်တန်းဒေသတစ်ခုလုံး၏ အသက်စွမ်းအား ဖြတ်တောက်ခံရသည့်အလား ခြောက်ကပ်ကပ်ဖြင့် ယိုယွင်းပျက်စီးနေသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့၏။
ဝါးမြိုခြင်း စွမ်းအား ထပ်မံ၍ မြင့်တက်လာခဲ့ကာ ဝိညာဥ်ချီများကို စုစည်းရန် ကြိုးပမ်းနေတော့သည် သို့သော် သူသည် မြေအောက်တွင် မည်သည့်ဝိညာဥ်ကျောက်တုံးမှ မရှိတော့ဘူးဆိုသည်ကိုသာ မြင်တွေ့လိုက်ရ၏။
ရှောင်ဟေးမှာ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားတော့၏။ ဤနေရာတွင် ဝိညာဥ်ကျောက်တုံး သန်းတစ်ရာကျော် အမှန်တကယ် တည်ရှိခဲ့သည် သို့သော် ၎င်းတို့က ထိုအကောင့်ကို အဆင့်တစ်ဆင့်တက်သွားအောင် ကူညီပေးရန် မလုံလောက်ခဲ့ပေ။
+-
……………………………………………………………………………………………………………………………………