← Chapters

အခန်း ၂၃၀

Vol. 16 Ch. 230

အခန်း ၂၃၀

Vol. 16 Ch. 230

အပိုင်း ( 230 )

နောက်ဆက်တွဲ အကျိုးဆက်များ ရောက်လာပြီ

ထိုအခိုက်အတန့်တွင် လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ငေးကြည့်နေလျက်ရှိပြီး လုချန်ရှန်းမှာ ချောင်ပိတ်ခံနေရသည့်အလား ခံစားနေခဲ့ရ၏။

သို့ရာတွင် ရှောင်ဟေးကမူ မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ သန်းတစ်ရာကျော်သော ဝိညာဥ်ချီများ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း ၎င်းက အဆင့်ထိုးဖောက်ရန် လုံလောက်မနေခဲ့ပေ။

အရင်တုန်းကတောင် သန်းဂဏန်းလောက်ပဲ လိုနေခဲ့တာလေ ဟုတ်တယ်မလား။

နယ်ပယ်မြင့်မားလာမှုနှင့်အတူ လိုအပ်ချက်ပါ မြင့်တက်လာခဲ့၏ ၎င်းက မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်ပါသနည်း။

လုချန်ရှန်းကမူ အရာအားလုံးက သူ၏မှန်းဆထားသည့် အတိုင်းသာ ဖြစ်ပျက်နေသောကြောင့် အတော်ပင် အေးဆေးတည်ငြိမ်နေခဲ့သည်။

သူ၏တွက်ချက်မှုများအရ မွေးရာပါ ဝိညာဥ် အဆင့်၈သို့ ရောက်ရှိရန်အတွက် ဝိညာဥ်ကျောက်တုံး သန်း ၁၂၀မှ ၁၃၀အထိ လိုအပ်မည် ဖြစ်ပြီး ယခုလေးတင် ဝါးမြိုခဲ့သည့် သဘာဝ သတ္ထုသွေးကြောက လုံလောက်လုနီးပါး ဖြစ်ခဲ့၏။

အကယ်၍ သူကသာ အဆင့်တက်ချင်သည်ဆိုပါက နောက်ထပ်သန်းဂဏန်း အနည်းမျှ ထပ်မံ၍ ပေါင်းထည့်ရပေလိမ့်မည်။

သူသည် ရှောင်ဟေးတွေးပူနေသည့် ကိစ္စများကြောင့် ရပ်တန့်သွားခဲ့ခြင်း မဟုတ်ပေ အဓိကအကြောင်းအရင်းမှာ သူ၏ စိတ်အခြေအနေကို အပြည့်အဝ မပြင်ဆင်ထားခဲ့ရသောကြောင့် ဖြစ်သည်။

ယခုလက်ရှိ အချိန်တွင် ကပ်ဘေးကို ရင်ဆိုင်ရခြင်းက ယခင်က ပိုမိုပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည် ဖြစ်သည်။ ၎င်းကို ရင်ဆိုင်ခဲ့ရသည့် အချိန်တိုင်းတွင် သူက ဒဏ်ရာတို့ဖြင့် ဖုံးလွှမ်းသွားကာ သူ၏ရုပ်ခန္ဓာပင် ပြိုကွဲပျက်စီးလုမတတ် ဖြစ်သွားခဲ့ရပြီး အရိုးများ ကျိုးကြေကာ အသားစုတ်ပြဲခြင်းတို့ပင် အဖြစ်များလှသည်။

ရှောင်ဟေး၏ စိုးရိမ်ပူပန်မှုများကမူ သူနှင့် မည်သို့မျှ သက်ဆိုင်မနေခဲ့ပေ သူ့ထံတွင် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ကာကွယ်ပေးနိုင်သည့် ကန်းယွင်ကားချပ်ရှိနေခဲ့ပြီး ၎င်းက အရာရာတိုင်းကို တွက်ချက်ရ ခက်ခဲသွားစေလိမ့်မည် ဖြစ်သည်။

သူ၏ စိတ်အခြေအနေကို ပြင်ဆင်ခဲ့ပြီးကာ လုပ်နိုင်စွမ်းရှိသည်ဟု ထပ်မံ၍ ခံစားရသည်နှင့်တစ်ပြိုင်နက် သူသည် အဆင့်၈သို့ တက်လှမ်းမည် ဖြစ်ပြီး ထို့နောက်တွင် ဝိညာဥ်ကျောက်တုံး သန်းရာနှင့်ချီ၍ လိုအပ်သော အကြပ်အတည်းကို ရင်ဆိုင်ရမည် ဖြစ်သည်။

သူသည် မည်ကဲ့သို့ စလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

ထိုကဲ့သို့သော ပမာဏမျိုးကို အချိန်တိုအတွင်း စုစည်းရန်အလို့ငှာ သူက မြင့်မြင်နယ်မြေတစ်ချို့၏ ရတနာတိုက်များကို ဝင်ရောက်စီးနင်းရပေလိမ့်မည်။

“ ဟူးးး “

လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ ရှောင်ဟေးကို ငေးကြည့်၍ စကားပြောလိုက်သည် “ သွားကြစို့ “

ယခုတွင် သူက တစ်ခြားသော နည်းလမ်းများကို တွေးတောစဥ်းစားနေရုံသာ ပြုလုပ်နိုင်ပေသည်။

သူတို့နှစ်ဦးလုံးက မည်သည့်အရာကိုမှ ထပ်မံ၍ ရှာဖွေမနေတော့ပေ သူသည် ဝါးမြိုခြင်း နိယာမအကြောင်းကိုပင် မစဥ်းစားနိုင်တော့ပေ။

တစ်ကြိမ်လျှင် တစ်ခုသာ လုပ်ဆောင်ခြင်းက ပိုကောင်းပေသည်။

အရေးအကြီးဆုံး အရာမှာ ရှောင်ဟေးက ဤနေရာတွင် ရှိနေခြင်းဖြစ်ပြီး ရှောင်ဟေးမှာ သူက ဝါးမြိုခြင်း နိယာမကို တပ်မက်သွားမည်ကို စိုးထိတ်နေခဲ့သည် အဘယ့်ကြောင့်ဆိုသော် ၎င်းက သူတို့မျိုးနွယ်စု၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

မကြာခင် အချိန်မှာပင် ဘိုးဘွားနယ်မြေ၏ ထွက်ပေါက်သို့ သူတို့နှစ်ဦးစလုံး ရောက်ရှိလာခဲ့ကာ ဤနေရာမှ ထွက်သွားရန် ပြင်ဆင်နေတော့၏။

လူတော်တော်များများက မရောက်လာကြသေးသည့်အပြင် ဝူရို့နှင့် ယဲ့မော်တို့ အသတ်ခံလိုက်ရပြီဆိုသည်ကိုပါ မသိကြသေးပေ သူတို့က အခွင့်အလမ်းများကို ရှာနေကြစဲပင်။

ရှေးဟောင်းမိသားစုကြီးတစ်ခုဖြစ်သည့် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုထံတွင် အချိန်အတော်ကြာ တည်တံ့ခဲ့ကာ ထူးခြားသည့် အမွေအနှစ်တစ်ခု ရှိနေခဲ့သည်။

သူတို့က အဓိက အခွင့်အလမ်းများကို မထိတွေ့နိုင်သော်လည်း သူတို့ကြုံတွေ့ခဲ့ရသည့် အရာရာတိုင်းက လုံလုံလောက်လောက် ကောင်းမွန်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် ရှောင်ဟေးက လုချန်ရှန်းကို ကြည့်ကာ စကားပြောလာခဲ့၏ “ ကောင်းကင်ဘုံ အကယ်ဒမီ ပေါ်လာတော့မယ် သူတို့က မင်းကို ဖိတ်စာပို့လာပြီလား “

“ မပို့ရသေးဘူး “

လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည် သူသည် မကြာသေးခင် အချိန်ကမှ အလွန်တရာ အလုပ်များနေခဲ့ပြီး ထိုလူများက ကျော်ကြားမှုနှင့် ကောင်းကင်ဘုံ အကယ်ဒမီ၏ အာရုံစိုက်မှုကို ရရှိရန်အတွက် သူ့အားလာရောက်တိုက်ခိုက်ကြသည်ဆိုသည်ကို သိနေခဲ့သည်။

သူကိုယ်တိုင်က ကောင်းကင်ဘုံ အကယ်ဒမီမှ လူများနှင့် တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးချေ။

“ သူတို့က ငါ့ကို အထင်သေးနေကြတာများလား “ လုချန်ရှန်းမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။

ရှောင်ဟေးမှာလည်း ဆွံ့အသွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။

သူ၏ အစစ်အမှန် ခွန်အားကို မဆိုထားနှင့် ကမ္ဘာကြီးက မြင်တွေ့ထားခဲ့သည့် သူ၏စွမ်းအားကပင် အတော်ပင် အံ့ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ဘုံ အကယ်ဒမီက မင်းကို အထင်သေးနေတာလား။ လုံးဝမဟုတ်ဘူး

အခုထိ မလှုပ်ရှားလာသေးဘူးဆိုတော့ မင်းရဲ့ စရိုက်မှာ ပြဿနာ ရှိနေတာပဲ ဖြစ်ရမယ်”

“ အင်း “ ၎င်းကို တွေးမိသွားသောအခါတွင် ရှောင်ဟေးက အလိုအလျောက် ခေါင်းငြိမ့်မိသွားကာ ၎င်းက အဓိပ္ပါယ်ရှိသည်ဟု ပိုမိုခံစားသွားခဲ့ရသည်။

လုချန်ရှန်းကမူ ၎င်းကို စောင့်ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားကာ ထိုအကောင်က သူ့မကောင်းကြောင်းကို ပြောနေပြန်ပြီဟု ခံစားသွားခဲ့ရသည်။

သူခေါင်းလှည့်ကြည့်လိုက်သည့် အချိန်မှာပင် သူက တစ်စုံတစ်ခုကို မတော်တဆ တိုက်မိသွားခဲ့သည်။

“ ဘာတုန်းဟ “

လုချန်ရှန်းက ခြေတစ်လှမ်းနောက်ဆုတ်ကာ သူ့လမ်းတွင် အလင်းတန်းမျက်နှာပြင်တစ်ခုက ပိတ်ဆို့နေသည်ကိုသာ မြင်တွေ့လိုက်ရ၏။

သူသည် လက်ဆန့်တန်းကာ ၎င်းကို ထိတွေ့ကိုင်တွယ်နေတော့သည် မမြင်နိုင်သော အားတစ်ခုက နံရံတစ်ခုကို ဖွဲ့စည်းကာ သူ၏လမ်းကြောင်းကို ပိတ်ဆို့တားဆီးနေခဲ့၏။

“ ရှောင်ဟေး ဘာတွေ ဖြစ်နေတာလဲ “ ဟု လုချန်ရှန်း မေးမြန်းလိုက်၏။

ရှောင်ဟေးက ခေါင်းခါပြလိုက်ပြီး သူ့အရှေ့တွင် ရှိနေသည့် မြင်ကွင်းကို ငေးကြည့်ကာ အတွေးများ ရပ်တန့်သွားခဲ့သည်။

လုချန်ရှန်းကမူ အတော်လေး နားမလည်နိုင် ဖြစ်သွားခဲ့ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး ရောင်ခြည်သန်းလာသကဲ့သို့ ကောင်းကင်ပြင်တစ်ခုလုံးမှ အဆုံးမဲ့ ကောင်းကင်ဘုံ အလင်းတန်းများ ကျဆင်းလာခဲ့ကာ တစ်ကမ္ဘာလုံးကို လင်းထိန်သွားစေခဲ့၏။

ထို့နောက်တွင် သူသည် ၎င်းကို စိုက်ကြည့်နေခဲ့ကာ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားထပ်ပြောလိုက်သည် “ အဲ့တာက အခွင့်အလမ်းကြီး တစ်ခုခုများလား “

သူ၏ စကားသံ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် တိတ်ဆိတ်နေခဲ့သည့် ရှောင်ဟေးက ရုတ်တရက် စကားပြောလာခဲ့၏ “ အဲ့တာက အခွင့်အလမ်းကြီး မဟုတ်ဘဲ ပြဿနာကြီးဖြစ်နေမှာကို ငါကြောက်မိတယ် “

လုချန်ရှန်းသည် ဘေးနှစ်ဖက်သို့ လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး ရှောင်ဟေးက ယဲ့မော်ထံမှ သူရရှိခဲ့သည့် တံဆိပ်ပြားကို ကိုင်ဆောင်ထားသည်ကိုသာ မြင်တွေ့လိုက်ရ၏။

၎င်းက အဆိုပါ မျိုးနွယ်စု၏ လျှို့ဝှက်ချက် တော်တော်များများကို သယ်ဆောင်ထားပြီး ရှောင်ဟေးက တစ်ထိုင်တည်း နားလည်ရန်အတွက်ပင် အလွန်တရာ များပြားနေခဲ့သည်။

သို့ရာတွင် အလင်းတန်းမျက်နှာပြင် ပေါ်ထွက်လာမှုနှင့်အတူ သူက ဤနေရာရှိ အချက်အလက်များကို စစ်ဆေးခဲ့ပြီး ကိစ္စတစ်ချို့ကို သိရှိခဲ့ပြီးသည့်နောက်တွင် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

“ အဲ့တာက ဘယ်လို အမူအရာမျိုးကြီးလဲ။ သရဲတွေ့လိုက်ရတာလား “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။

ရှောင်ဟေးက ပြန်ပြောလာခဲ့သည် “ ယဲ့မော်က သူမသေခင် အချိန်မှာ ဘာလုပ်သွားခဲ့လဲဆိုတာကို ငါသိသွားပြီ “

“ သူဘာလုပ်ခဲ့တာလဲ “

“ ဝူဝမ်ပင်လယ်ထိပေါက်တဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်ခဲ့တာ။ ဝူဝမ်ပင်လယ်က မြောက်ပိုင်းဒေသမှာ ရှိတယ် စကားလုံးတွေနဲ့ ဖော်ပြလို့ မရတဲ့ ကြောက်မက်ဖွယ်ရာ တည်ရှိမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဆင်းရဲဒုက္ခ ပင်လယ်ပြင်တစ်ခုဖြစ်တယ်လို့ မှတ်တမ်းတွေက ပြောထားတယ်။ အဲ့ပင်လယ်ထဲကို ရောက်သွားတာနဲ့ အပြန်လမ်းကို ခက်ခက်ခဲခဲ ရှာရတတ်တယ်။ အဲ့တာက အစွမ်းထက် ရန်သူတွေကို ရင်ဆိုင်ဖို့အတွက် ငါတို့မျိုးနွယ်စုက အသုံးပြုတဲ့ နည်းလမ်းတစ်ခုပဲ “ ဟု ရှောင်‌ဟေးက ပြောပြလာခဲ့၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အဲ့တော့ ဘာဖြစ်လဲ “

“ ငါတို့က သူ့ကြောင့် ပြည်နှင်ခံလိုက်ရပြီ ဝူဝမ်ပင်လယ်ထဲကို သွားရတော့မယ် အဲ့မှာပဲ ထာဝရနစ်မြှုပ်ရတော့မယ် ငါတို့က ဝူဝမ်ပင်လယ်ကို မရောက်ခင် အချိန်အထိ တောင့်ခံနိုင်လောက်မှာ မဟုတ်ဘူး “

လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ရှောင်ဟေးက ထိုအချက်အလက်ကို သူ၏ အသိစိတ်အတွင်းသို့ ပေါင်းထည့်ပေးလာခဲ့၏။

ချက်ချင်းဆိုသလိုပင် သူ၏အမူအရာ ပြောင်းလဲသွားခဲ့သည် “ မင်းတို့ ကောင်းကင်ဝါးမျိုငှက်တွေက အရူးတွေချည်းလားပဲ။ မင်းတို့ရဲ့ ဘိုးဘွားနယ်မြေထဲမှာ ဒီလိုဟာမျိုးကိုတောင် ထည့်ထားကြတယ်ပေါ့ မင်းတို့က ဘယ်သူ့ကို လှည့်စားဖို့ ကြိုးစားနေကြတာလဲဟ “

“ ငါ ….. “

“ ငါဆိုတာတွေကို ရပ်လိုက် မြန်မြန်လုပ် ဒါကြီးကို ရိုက်ချိုးမယ် “

“ အသက်သွင်းခဲ့ပြီးတာနဲ့ ဘာမှ ပြောင်းလဲလို့မရတော့ဘူး “

“ အဲ့တာဆိုရင် ပြေး “

လုချန်ရှန်းသည် အပေါ်သို့ မော့ကြည့်လိုက်ပြီး သူ၏မှော်စွမ်းအားကို ချက်ချင်းဖွင့်ထုတ်ကာ အလင်းမျက်နှာပြင်ဆီသို့ ရိုက်ချလိုက်၏။

ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့် ကမ္ဘာမြေ လှုပ်ရမ်းသွားခဲ့ပြီး အလင်းတန်းများ ပေါက်ထွက်လာခဲ့ကာ အဆုံးမဲ့ ဓားချီများ ကျဆင်းလာခဲ့ပြီး လမ်းကြောင်းတစ်ခု ဖောက်လုပ်ရန် ကြိုးပမ်းနေတော့သည်။

ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏ “ အရင်တုန်းက သေသွားခဲ့တဲ့ ဘိုးဘေးတွေက သူတို့ရဲ့နောက်ဆုံးအချိန်မှာ သူတို့ရဲ့ စွမ်းအားတစ်ခုလုံးကို ဘိုးဘွားနယ်မြေနဲ့ ပေါင်းစည်းခဲ့ကြတယ်။ ငါတို့က အဲ့တာကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး “

“ ငါနိုး @#@!$@#% “

လုချန်ရှန်းက ကျိန်ဆဲနေတော့၏ သူ၏ အသုံးအနှုန်းများက အတော်ပင် ညစ်ညမ်းနေခဲ့သည်။

သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ရင်ဆိုင်ခဲ့ရသမျှ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော မုန်တိုင်းများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သည်အထိ ဉာဏ်ကောင်းခဲ့သော်လည်း ဤကဲ့သို့သော မြောင်းငယ်လေးတစ်ခုအတွင်းတွင် နစ်မြုပ်သွားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် သူသည် ၎င်းကို ချိုးဖျက်ရန်အတွက် ကန်းယွင်ကားချပ်ကို ထုတ်ယူလိုက်သည် သို့သော် တစ်ချို့သော အကြောင်းအရင်းများကြောင့် ပုံမှန်အချိန်တွင် မှော်စွမ်းအား အနည်းငယ်မျှ ထိုးသွင်းလိုက်ရုံဖြင့် အမြဲလိုလို တုံ့ပြန်ခဲ့သည့် စာလိပ်က ယနေ့တွင် လုံးဝငြိမ်သက်နေခဲ့သည်။

“ မင်းကပါ သပိတ်မှောက်နေတာလားဟ “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။

ကန်းယွင်ကားချပ်က တဝီဝီအော်မြည်သံတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

သူသည် ၎င်းက ဖိနှိပ်ခံနေရသည်ဟု ထင်သွားခဲ့သည် သို့သော် ၎င်းက မည်သည့်အကြောက်တရားကိုမှ မပြသဘဲ ယခင်ကကဲ့သို့ အေးဆေးတည်ငြိမ်နေကာ လုချန်ရှန်းအား ၎င်းကို အသက်သွင်းခွင့်မပြုခဲ့ပေ။

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများက တွန့်ခေါက်လာကာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည် အားတစ်ခုက သူတို့နှစ်ဦးကို ဆွဲခေါ်သွားကာ အမည်မသိရသော တည်နေရာတစ်ခုဆီသို့ ပို့ဆောင်လိုက်သည်။

သူတို့၏ ပတ်ပတ်လည်တွင် ကောင်းကင်ဘုံ ဓားသွားများက ခုတ်ထစ်နေသကဲ့သို့ လေပြင်းများ ဖုံးလွှမ်းတိုက်ခတ်နေလျက်ရှိ၏။

တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ရှောင်‌ဟေး၏ ရုပ်ခန္ဓာ ဆုတ်ဖြဲခံလိုက်ရကာ ပွင့်ထွက်သွားပြီး သွေးများစီးထွက်လာခဲ့သည်။

လုချန်ရှန်းကပင် ၎င်းကို မခုခံနိုင်ခဲ့ပေ။

“ ဟက် ဒီလိုမျိုး အဆုံးသတ်သွားရလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး ငါနိုင်ခဲ့ပင်မဲ့ ငါသေသွားရဦးမှာလား။ ငါမလိုချင်ဘူး “

ရှောင်ဟေး၏ အကြည့်များ မှိန်ဖျော့သွားခဲ့သည်။

သူက သူ၏နည်းလမ်းအားလုံးကို အသုံးပြုခဲ့သော်လည်း ယဲ့မော်ကို အနိုင်မတိုက်ခဲ့ပေ။

အဆုံးတွင် လုချန်ရှန်းကသာ ထိုလူ့ကို သတ်ဖြတ်ခဲ့ရ၏ သို့သော် ယဲ့မော်၏ လှည့်စားခြင်းကို ခံနေရသေးပြီး မြှုပ်နှံစရာ နေရာမရှိဘဲ သေဆုံးသွားရတော့မည် ဖြစ်သည်။

သူက မည်သည့်အရာကိုမှ မပြောင်းလဲနိုင်ဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း နားလည်နေခဲ့၏ သူ၏ စိတ်နှလုံးသားအတွင်းတွင် ဝမ်းနည်းကြေကွဲမှုများ ကိန်းဝပ်နေလျက်ရှိပြီး သူ၏ မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ခု တည်ရှိနေခဲ့၏။

သူက သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် ပြင်နေသည့် အချိန်မှာပင် ဧရာမ လက်တစ်ဖက် ပေါ်လာခဲ့ကာ သူ့ကို ဂုတ်ဆွဲကာ အနောက်သို့ ဆွဲခေါ်သွားသည်ဟု ခံစားလိုက်ရသည်။

“ မင်းဘိုးအေကြီးကို တနေတာလား ဒီထဲကို ဝင်နေစမ်း “

စကားပြောလာခဲ့သည့်လူမှာ လုချန်ရှန်းဖြစ်ပြီး သူသည် ရှောင်ဟေးကို ကန်းယွင်ကားချပ်အတွင်းသို့ အတင်းထိုးထည့်နေတော့၏။

ရှောင်ဟေးကမူ ဆုပ်ကိုင်ခံထားရမှုကြောင့် အမူအရာ ဖြူဖျော့နေသော်လည်း မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ ကန်းယွင်ကားချပ်အတွင်းသို့သာ ဝင်သွားခဲ့သည်။

ရှောင်ဟေးသည် ကာကွယ်ရေးအတွက် မှော်ပစ္စည်းတစ်ခုကို အစောပိုင်းအချိန်များအတွင်းက ဆင့်ခေါ်ခဲ့ဖူးသည် သို့သော် ၎င်းက ဖုန်မှုန့်များအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့ပြီး ၎င်း၏ ဝိညာဥ်စွမ်းအားပင် အပြတ်ရှင်းခံခဲ့ရလေသည်။

သို့ရာတွင် ကန်းယွင်ကားချပ်ကမူ တလက်လက် တောက်ပနေခဲ့ပြီး ဘက်ပေါင်းစုံမှ စွမ်းအားများကို ရင်ဆိုင်နေရသော်လည်း မလှုပ်မယှက် တည်ငြိမ်နေလျက်ရှိ၏ ၎င်းသည် စွမ်းအင်လှိုင်းတို့၏ စီးဆင်းမှုအတိုင်း တရွတ်တိုက်ပါသွားကာ လုံးဝပျောက်ကွယ်သွားခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

+-

……………………………………………………………………………………………………………………………………….

All Chapters