← Chapters

အခန်း ၂၃၁

Vol. 16 Ch. 231

အခန်း ၂၃၁

Vol. 16 Ch. 231

အပိုင်း ( 231 )

ငါ့ကို ဘယ်လိုလူမျိုးလို့ မင်းထင်နေတာလဲ

ကောင်းကင်နှင့် မြေပြင် နှစ်ခုလုံး ဖရိုဖရဲဖြစ်နေခဲ့ကာ အလင်းရောင် ကင်းမဲ့နေခဲ့၏။

ဘိုးဘွားနယ်မြေ ငြိမ်ကျမှုနှင့်အတူ ယခုလေးတင် ပေါ်လာခဲ့သည့် ဟင်းလင်းပြင် စွမ်းအင်လှိုင်းများက သက်ရှိသတ္တဝါအားလုံးကို ခေါ်ဆောင်သွားပုံရ၏။

အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့ပြီးသည့်နောက်တွင် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ တစ်စုံတစ်ဦးက လာရောက်စစ်ဆေးခဲ့သည် သို့သော် ဘိုးဘွားနယ်မြေတစ်ခုလုံးကို ရှာဖွေခဲ့ပြီးသည့်နောက်မှာပင် မည်သူ့ကိုမှ ရှာမတွေ့ခဲ့ပေ။ မည်သူကမှ ဤနေရာတွင် မရှိခဲ့သည့်အလား ဖြစ်နေခဲ့သည်။

“ ဘာတွေ ဖြစ်နေတာလဲဟ “

စုံစမ်းစစ်ဆေးသူ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။

ယဲ့မော်နှင့် ယဲ့မီထျန်းအပါအဝင် လူတိုင်း ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားခဲ့ရသည်။ ဤမျိုးဆက်က မျိုးနွယ်စု ခေါင်းဆောင်အသစ်ကို မွေးထုတ်ပေးရမည်ဖြစ်သည် သို့သော် ယခုတွင်မူ မည်သူကမှ ကျန်မနေခဲ့ပေ။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းမှာ တောင်ထိပ်တစ်လုံးအပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိ၏။ မျက်စိတစ်ဆုံး မြင်နိုင်သမျှတွင် လှပသော ပန်းချီကားတစ်ချပ် ရှိနေခဲ့သည် တိမ်တိုက်များ မျောလွင့်နေကာ ရောင်ခြည်များ ဖြာထွက်နေလျက်ရှိပြီး ၎င်းတို့ကို စကားလုံးတို့ဖြင့် ဖော်ပြ၍မရသော စိတ်ခံစားချက်တစ်ခုက အဖော်ပြုပေးနေခဲ့၏။

အဝေးတစ်နေရာတွင် စိမ်းနက်ရောင် ငှက်တစ်ကောင်က ၎င်း၏ တောင်ပံများကို ဖြန့်ကာ ပျံသန်းနေလျက်ရှိပြီး ဤနေရာသို့ ပြန်ရောက်လာခဲ့သည့်နောက်တွင် လူသားပုံသဏ္ဍာန်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။

“ ဒီဒဏ္ဍာရီလာ ကန်းယွင်ကားချပ်က တကယ်ကို ထူးခြားတာပဲ တာအို နိယာမစည်းမျဥ်း အမျိုးမျိုးတောင် ရှိနေတယ် “

ရှောင်ဟေးက တအံ့တဩဖြင့် မှတ်ချက်ပေးနေခဲ့ကာ စိတ်ထဲတွင် အလွန်တရာ အံ့အားသင့်နေလျက်ရှိ၏။

ဟင်းလင်းပြင် မုန်တိုင်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို သူသိနေခဲ့သည် ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးကပင် ဆုပ်ဖြဲမှုကို တောင့်ခံနိုင်မည် မဟုတ်ပေ ဘုရင်အဆင့် မှော်ပစ္စည်းများကပင် ၎င်းနှင့် ထိတွေ့မိသည့်အချိန်တွင် ဖုန်မှုန့်များအဖြစ် ချက်ချင်းပြိုကွဲသွားရ၏။

သို့သော် ကန်းယွင်ကားချပ်အတွင်းတွင်မူ မည်သည့်လှုပ်ခတ်မှုမှ မရှိခဲ့ပေ။ လုချန်ရှန်းတစ်ဦးတည်းကသာလျှင် သူတို့က ဟင်းလင်းပြင်မုန်တိုင်းအတွင်းတွင် ရှိနေစဲဆိုသည်ကို သိရှိနေခဲ့သည်။ ၎င်းက ထူးခြားသော နည်းလမ်းများနှင့် ကောင်းကင်ဘုံကို ဆန့်ကျင်နေသည့် မှော်စွမ်းအားမျိုး မရှိဘူးဆိုပါက ပြန်လည်ပြင်ဆင်၍ရသော ဖြစ်စဥ်တစ်ခု မဟုတ်ပေ။

မကြာခင် အချိန်မှာပင် လုချန်ရှန်းသည် ကန်းယွင်ကားချပ်က အရာအားလုံးကို ဖုံးလွှမ်းထားသည့် ကျယ်ပြန့်သော မြူခိုးများ တည်ရှိရာ တိတ်ဆိတ်ခြောက်ကပ်နေသော အဆုံးမဲ့ ရေမျက်နှာပြင်ပေါ်သို့ ကျဆင်းသွားသည်ဟု ခံစားလိုက်ရ၏။

၎င်းအမည်အတိုင်းပင် ၎င်းက သန့်စင်ကာ ကံကံ၏ အကျိုးဆက်မှ လွတ်မြောက်နေခဲ့၏။

“ ငါတို့က ပင်လယ်ထဲကို ရောက်လာပြီ “

သူသည် သက်ပြင်းချကာ စကားပြောလိုက်သည်။

ဤကာလအတွင်းတွင် ဝူဝမ်ပင်လယ်က မည်ကဲ့သို့သော တည်ရှိမှုမျိုးလဲဆိုသည်ကို ရှောင်ဟေးက သူ့ကို ရှင်းပြပေးနေခဲ့သည်။

၎င်းအား ရှေးယခင်ကတည်းက ယခုလက်ရှိအချိန်အထိ တားမြစ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်။ တစ်စုံတစ်ဦးက ဤနေရာသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ပျောက်ဆုံးသွားရလိမ့်မည် ဖြစ်သည်။ ဟွာရှုနယ်ပယ် ပညာရှင်ကို မဆိုထားနှင့် နတ်ဘုရားနယ်ပယ် ပညာရှင်များကပင် ဤနေရာသို့ ခြေမချဝံ့ကြပေ။

ပင်လယ်အတွင်းတွင် စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော ထူးဆန်းသည့် သတ္တဝါများ ရှိနေခဲ့သည်။ လူတစ်ဦး၏ ကံတရားက ကောင်းကင်ဘုံကိုဆန့်ကျင်သည်အထိ အားကောင်းနေမည်ဆိုလျှင်တောင်မှ ၎င်းက ထိုကဲ့သို့သော တည်ရှိမှုမျိုးနှင့် မဆုံတွေ့ရရန် လုံလောက်မနေခဲ့ပေ သူတို့က သူတို့၏ ဘဝသက်တမ်းများ ကုန်ဆုံးသွားသည်အထိ ဤနေရာတွင် အခြေချရဦးမည်သာ ဖြစ်သည်။

အဆုံးမဲ့ တိတ်ဆိတ်ခြင်းက ကြောက်စရာအကောင်းဆုံး ပြစ်ဒဏ်ဖြစ်ပြီး ဤနေရာတွင် အသက်စွမ်းအင် ရှေ့ဆက်ရမည့် လမ်းကြောင်း အလင်းရောင်(သို့) မျှော်လင့်ချက် စသည်ဖြင့် ……… မည်သည့်အရာမှ တစ်မှုန်တစ်လေပင် ရှိမနေခဲ့ပေ။

၎င်းကို တားမြစ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားခဲ့သော်လည်း ကြီးမားသော အခွင့်အလမ်းနှင့် ကံကောင်းမှုများလည်း တည်ရှိနေခဲ့သည်။ အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့် အချိန်တိုင်းတွင် လမ်းကြောင်းတစ်ခု ပေါ်လာသည်မှအပ တစ်ခြားသော အချိန်များတွင် ကုန်းမြေဆီသို့ ရောက်ရှိရန် မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ပေးဆပ်ရသည့် တန်ဖိုးက လုံလုံလောက်လောက် များပြားနေကာ ကံတရားက အံ့ဖွယ်ကောင်းနေသရွေ့ လူတစ်ဦးက ဝူဝမ်ပင်လယ်၏ တစ်ခြားတစ်ဖက်သို့ ရောက်ရှိနိုင်သည်ဟု ပြောထားသည့် ဆိုရိုးတစ်ခုလည်း ရှိနေခဲ့သည်။

လုချန်ရှန်းသည် အရာအားလုံးကို တွေးတောစဥ်းစားနေကာ လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် တောင်ထိပ်တစ်လုံးပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိ၏။ သူသည် ဆက်တိုက်သက်ပြင်းချနေသော်လည်း သူ၏မျက်ဝန်းများအတွင်းတွင် မည်သည့်ထိတ်လန့်မှုမှ ရှိမနေခဲ့ပေ။

အခြေအနေ ဆိုးရွားနေခြင်းကြောင့် မည်သို့မျှစိတ်ဖိစီးမနေခဲ့ပေ။

ရှောင်ဟေးကမူ သူတို့က ဟင်းလင်းပြင် မုန်တိုင်းအတွင်းတွင် မသေဆုံးခဲ့သောကြောင့် စိတ်သက်သာရာရနေခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သူတို့က အသက်ရှင်နေသေး၏။ တစ်ခဏခန့် နေရခြင်းမှာလည်း အသက်ရှင်ခြင်းပင် ဖြစ်ပြီး ကန်းယွင်ကားချပ်က ဒဏ္ဍာရီလာ ရတနာတစ်ခုဖြစ်ကာ အသက်စွမ်းအားကိုပင် ယူဆောင်ပေးလာနိုင်ပေသည်။

“ စိတ်မပျက်စမ်းပါနဲ့။ အသက်ရှင်နေသေးသရွေ့ မျှော်လင့်ချက်ဆိုတာက အမြဲရှိတယ် “ ဟု ရှောင်ဟေးက အကြံပေးနေခဲ့၏။

လုချန်ရှန်းက သူ့ကို ငေးကြည့်ကာ တုံ့ပြန်လိုက်သည် “ မင်းက တော်တော်လေးကို အမြင်ကျယ်တာပဲ “

“ ငါက ဘာများလုပ်နိုင်သေးလို့လဲ “

“ ဒါပင်မဲ့ ငါကတော့ အဲ့လိုမျိုး မလုပ်နိုင်ဘူး။ ငါ လုချန်ရှန်းက ငါ့ဘဝတစ်လျှောက်လုံးမှာ အမြဲလိုလို ဉာဏ်အမြော်အမြင်ရှိခဲ့တာကွ။ ငါက တရားမျှတမှုကို အမြဲတမ်းလက်ကိုင်ထားတဲ့ လူတစ်ယောက်ပဲ။ ငါက တစ်ခြားလူတွေ ရန်လုပ်တာကို ခံခဲ့ရပြီးတော့ အဆုံးမှာ ယဲ့မော်ရဲ့ ထောက်ချောက်အတွင်းကို ကျသွားရလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။ ဒီသောက်ကျိုးနည်း ကန်းယွင်ကားချပ်ကလည်း တော်တော်လေး စွမ်းတယ်လို့ ပြောကြပြီးတော့ အရေးကြီးတဲ့ အချိန်မှာတော့ ဘာမှလည်း အသုံးမဝင်ဘူး “

လုချန်ရှန်းက စတင်၍ စောဒကတက်နေတော့၏။ အစတွင် ရှောင်ဟေးသည် သူ့အတွက်ကြောင့်သာ မဟုတ်ဘူးဆိုပါက သူတို့က ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ဘူးဟု ထင်နေခဲ့ကာ အပြစ်ရှိစိတ်ကို ခံစားနေခဲ့ရသည်။ လုချန်ရှန်း၏ စောဒကတက်နေမှုကို ကြာကြာနားထောင်ရလေလေ သူခံစားနေရသည့် အပြစ်ရှိစိတ်က ပိုမိုနည်းပါးလာလေလေပင်။

သို့ရာ၌ လုချန်ရှန်းက ကန်းယွင်ကားချပ်အကြောင်းကို ထုတ်ပြောကာ စောဒကတက်နေသည့် အချိန်တွင် ပန်းချီကားတစ်ချပ်လုံးက ဆန္ဒပြနေသကဲ့သို့ တုန်ခါလာခဲ့၏။

“ ရှောင်ဟေး မင်းက ငါ့ကို အကြွေးအများကြီး တင်နေတယ်လေ။ ဒီဘဝကတော့ ပြီးသွားလောက်ပြီ။ နောက်ဘဝကျရင် ဒီကံကြွေးကို မှတ်မိနေပြီးတော့ ငါ့ကို နွားတစ်ကောင်လို

(ဒါမှမဟုတ်) မြင်းတစ်ကောင်လို အလုပ်အကျွေးပြုပြီးတော့ ပြန်ပေးဆပ်ရမယ် “

ရှောင်ဟေး : “ … “

“ အဲ့အကြောင်းပြောမှပဲ ထူးဆန်းတာတစ်ခုခုကို ငါခံစားမိခဲ့တယ် “

“ ဘာကြီးလဲ “ ဟု ရှောင်ဟေးက မေးမြန်းလိုက်၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းတို့မိသားစုရဲ့ နည်းလမ်းတွေက တကယ်ကြီး ရက်စက်လွန်းတာပဲ လူတွေကို ဒီလိုနေရာမျိုးထဲ လွှင့်ပစ်နေခဲ့ကြတယ်ပေါ့။ ဒါပင်မဲ့ ယဲ့မော် လှုပ်ရှားခဲ့တဲ့ အချိန်တုန်းက အဲ့ဟာက ဘာလို့ အသက်မဝင်ခဲ့ရတာလဲ။ တုံ့ပြန်ဖို့အတွက် ဘာကိစ္စ ဒီလောက်တောင် ကြာနေရတာလဲ။ အဲ့လိုဟာမျိုးတွေက နှောင့်နှေးတတ်တာလား “

ရှောင်ဟေးသည် တစ်ခဏခန့် အတွေးနက်သွားကာ တံဆိပ်ပြားကို ထိတွေ့ကိုင်တွယ်ကာ ထပ်မံ၍ စူးစမ်းလေ့လာနေတော့၏။

လုချန်ရှန်းသည် ထိုမြင်ကွင်းကို မတ်တပ်ရပ်လျက်သားဖြင့် အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး အဆုံးတွင် မည်သို့မျှ မအောင့်ထားနိုင်တော့ဘဲ စကားထပ်ပြောလာခဲ့သည် “ ငါမင်းကို ကူညီပေးမယ်ဆိုရင်ရော ဘယ်လိုလဲ “

“ ဘာကို ကူညီပေးမှာလဲ “

“ မင်းကို ကူကြည့်ပေးမယ်လေ။ ငါ့ရဲ့ နတ်ဝိညာဥ်က ပိုစွမ်းတယ်လေ ငါ့ရဲ့ နားလည်နိုင်စွမ်းက မင်းထပ် သေချာပေါက် ပိုကောင်းတာပေါ့။ ငါတို့က မြန်မြန်ဆန်ဆန်ကြီးကို အဖြေရလာမှာ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှာ ထပ်ခါတလဲလဲ နောက်ဆုတ်သွားကာ သတိအပြည့်ဖြစ်သွားခဲ့ပြီး တံဆိပ်ပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်နေတော့၏။ သူသည် ခေါင်းကို ခါရမ်းကာ ပြန်ပြောလိုက်သည် “ မင်းကို ဒုက္ခပေးနေဖို့ မလိုပါဘူးကွာ “

“ အဲ့တာက ဘယ်လိုအကြည့်မျိုးကြီးလဲ။ မင်းက ငါ့ကို ဘာအတွက် ခေါ်ထားတာလဲ “ လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ ပြန်ပြောနေတော့သည် “ မင်းနဲ့ငါ့ကြားမှာ သေခြင်းရှင်ခြင်း ဆက်ဆံရေး ရှိတယ်လေ။ ငါက မင်းတို့ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်တွေကို တပ်မက်မှာမို့လို့လား။ ငါက ဝါးမြိုခြင်း နိယာမကို လုံးဝစိတ်မဝင်စားဘူး “

ရှောင်ဟေးသည် အဝေးရှိ တောင်တန်းတစ်ခုဆီသို့ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။

“ ဟူးး ငါတို့က သေလုမျောပါး ဖြစ်ခဲ့တာလေ ဒါပင်မဲ့ မင်းက ဖက်တွယ်နေတုန်းပဲပေါ့။ အဲ့လိုလုပ်နေလို့ ဘာထူးမှာမို့လို့လဲ “

လုချန်ရှန်းက စကားထပ်ပြောနေခဲ့ပြီး သက်ပြင်းတချချ ဖြစ်နေကာ သူ့ထံမှ စွမ်းအားကင်းမဲ့နေသည့် ခံစားချက်တစ်ခုကိုပင် ခံစားနေခဲ့ရ၏။

ရှောင်ဟေးမှာလည်း တအံ့တဩ ဖြစ်သွားခဲ့ကာ စိတ်ရှုပ်သွားခဲ့သည်။ တစ်ခဏအကြာတွင် စကားထပ်ပြောလိုက်သည် “ တိတိကျကျ ပြောရမည်ဆိုရင် သူက အဲ့တာကို အသက်သွင်းခဲ့ပြီးတဲ့နောက်မှာ ရှေးလူကြီးတွေရဲ့ စွမ်းအားတွေက ချက်ချင်းပေါက်ထွက်လာပြီးတော့ ဟင်းလင်းပြင် အစားထိုး အစီအရင်ကလည်း အသက်ဝင်လာရပြီးတော့ သက်ရှိတွေကို ဝူဝမ်ပင်လယ်ဆီကို ပို့လိုက်ရမှာ။ အဲ့လောက်ကြီး မကြာခဲ့သင့်ဘူး “

“ အို့။ အဲ့တာက ညစ်ပတ်တာ တစ်ခုခုနဲ့တိုးသွားလို့လား “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်၏။

ရှောင်ဟေးက ခေါင်းခါပြလိုက်သည် သူကိုယ်တိုင်မှာလည်း ထိုကိစ္စကို မသိပေ။

သို့ရာတွင် ရှောင်ဟေးက ထိုအကြောင်းကို ပြောလာခဲ့သည့် အချိန်မှာပင် လုချန်ရှန်းက အဝေးသို့ ငေးကြည့်ကာ တစ်စုံတစ်ခုကို အတည်ပြုနေပုံရ၏။

ဝူဝမ်ပင်လယ်အတွင်းတွင် ကန်းယွင်ကားချပ်က ရေမျက်နှာပြင်ပေါ်တွင် မျောလွင့်နေလျက်ရှိ၏။ မည်သည့်အလင်းရောင်နှင့် မည်သည့်အသက်ဓာတ်မှ ရှိမနေဘဲ အဆုံးမဲ့ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

လုချန်ရှန်းကမူ များများစားစား တွေးတောစဥ်းစားမနေဘဲ တာအိုကို နားလည်ဆင်ခြင်ရန် ထိုင်ချလိုက်၏ သို့သော် အလောတကြီးမကျင့်ကြံဘဲ သူ၏ဓားတာအိုကို ဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်နေခဲ့၏။ သူသည် အဆင့်တက်ရန် နည်းလမ်းတစ်ခု ရှာဖွေကာ ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေကို ဝင်ရောက်ချင်နေခဲ့သည်။

သူသည် မိုးကြိုးတာအိုကိုပါ နားလည်ဆင်ခြင်နေလျက်ရှိပြီး သူ၏ကိုယ်ပိုင် နားလည်မှုကိုပါ အဆက်မပြတ် နက်ရှိုင်းစေနေခဲ့၏။ သူကျင့်ကြံထားသည့် တာအိုက ကျမ်းစာများနှင့် မှော်နည်းစနစ်များတို့တွင်သာ မကန့်သတ်ထားခဲ့ပေ ထို့အစား နိယာမမှတစ်ဆင့် တာအိုအတွင်းသို့ ဝင်ရောက်ကာ အင်အားတစ်ခုတည်းဖြင့် နိယာမအားလုံးကို ချိုးဖျက်မည့် လမ်းစဥ်ကို လျှောက်လှမ်းနေခြင်းပင် ဖြစ်သည်။

အကယ်၍ ဓားတာအိုက ယာယီပိတ်ဆို့နေမည်ဆိုပါက မိုးကြိုးတာအိုဖြင့် ရှေ့ဆက်သွားမည်ဖြစ်သည်။

ရှောင်ဟေးသည် အစတွင် ဤနေရာမှ လွတ်မြောက်နိုင်မည့် နည်းလမ်းများကို တွေးတောစဥ်းစားနေသေး၏ သို့သော် လုချန်ရှန်းက အေးအေးဆေးဆေးသာ ဖြစ်နေပုံရသည်ကို မြင်လိုက်ရသောအခါတွင် သူစိတ်သက်သာရာရသွားခဲ့သည်။

တစ်ခါတစ်ရံတွင် လုချန်ရှန်း၏ စရိုက်က ဖော်ပြရခက်သော်လည်း သူသာ စိတ်တည်ငြိမ်နေသရွေ့ အောင်ပွဲက သူ့လက်ထဲတွင် ရှိနေသကဲ့သို့ လုံခြုံဘေးကင်းသည့် ခံစားချက်တစ်ခုကို လူတိုင်းကို ခံစားသွားရစေခဲ့၏။

ထို့ကြောင့် သူသည် စတင်၍ ကျင့်ကြံနေကာ သူနှင့်လက်ရည်ယှဥ်ရန်အတွက် လုချန်ရှန်းကိုပင် တက်တက်ကြွကြွ တောင်းဆိုနေခဲ့၏။

သို့ရာတွင် လုချန်ရှန်းကမူ သူ့ကို အဖက်လုပ်ရန် အလွန်တရာ ပျင်းရိနေခဲ့သည်။ ထို့နောက်တွင် သောင်းနှင့်ချီသော ဓားချီများက ကောင်းကင်ပြင်ကို ဖုံးလွှမ်းနေကာ သူ့အား ၎င်းတို့ကို ဖြည်းဖြည်းချင်း ထိုးဖောက်သွားစေခဲ့၏။ ၎င်းမှာလည်း ကျင့်ကြံရေး နည်းလမ်းတစ်ခုပင် ဖြစ်သည်။

သူတို့က အချိန်ကာလကိုပင် မေ့လျော့သွားခဲ့သည်။ တွက်ချက်မှုများအရ နှစ်ဝက်ကျော်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေစဥ် အချိန်မှာပင် ကန်းယွင်ကားချပ်က စတင်၍ လှုပ်ရှားလာခဲ့သည်။ တစ်ချိန်တည်းမှာပင် လုချန်ရှန်းက ကျင့်ကြံရေး အခြေအနေမှ နိုးထလာခဲ့ပြီး မျက်ဝန်းများကို ရုတ်တရက် ဖွင့်ဟကာ အဝေးသို့ ငေးကြည့်နေတော့၏။

“ ဘာဖြစ်တာလဲ “

ရှောင်ဟေးက တအံ့တဩဖြင့် မေးမြန်းလာခဲ့၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ငါတို့က တစ်ဖက်ကမ်းကို ရောက်နေပြီ “

+-

……………………………………………………………………………………………………………………………………………

All Chapters