အခန်း ၂၃၂
Vol. 16 Ch. 232
အပိုင်း ( 232 )
ငါက သူ့ကို ဦးညွတ်ပေးရဦးမလား
ထိုစဥ် ရှောင်ဟေးမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ မင်းဘာပြောလိုက်တယ်။ ငါတို့က ကမ်းကပ်နေပြီလား “
သူသည် မယုံကြည်နိုင် ဖြစ်သွားခဲ့သည် ဝူဝမ်ပင်လယ်က မည်ကဲ့သို့သော နေရာတစ်ခု ဖြစ်သနည်း။ သို့တိုင်တောင် သူတို့က ကမ်းကမ်နိုင်ခဲ့သေး၏။
“ အင်း “
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့၏။ ထို့နောက်တွင် သူသည် ရှောင်ဟေးကို ဦးဆောင်ကာ ကန်းယွင်ကားချပ်အတွင်းမှ ထွက်သွားခဲ့သည်။ သူတို့၏ အမြင်အာရုံများ အတွင်းသို့ ကြီးမားကျယ်ပြန့်သော ဒေသတစ်ခု ဝင်ရောက်လာခဲ့၏။
စာလိပ်က လုချန်ရှန်း၏ လက်အတွင်းသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည် အရှေ့ဘက်ရှိ အုံ့မှိုင်းနေသော ကွင်းပြင်ကျယ်ကြီးကို ငေးကြည့်နေတော့သည် ထူထဲသိပ်သည်းသော တိမ်သားတိမ်စိုင်များက ကောင်းကင်ပြင်ကို ဖုံးလွှမ်းထားကာ မည်သည့်အလင်းရောင်ကိုမှ ထိုးဖောက်ခွင့်မပေးခဲ့ချေ။ အနက်ရောင် ကမ္ဘာမြေက ဆိုးယုတ်သော အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားပုံရကာ နေရာအနှံ့တွင် သွေးညီနံ့တစ်ခု ပျံ့လွင့်နေခဲ့၏။
သူ၏အမြင်အာရုံအောက်တွင် မည်သည့်သက်ရှိသတ္တဝါမှ ရှိမနေခဲ့ပေ။ ဤနေရာသည် တစ်ချိန်က တောင်တန်းများ တောအုပ်များနှင့် ရေကန်များရှိခဲ့ဖူးပုံရပြီး မြေမျက်နှာသွင်ပြင် အနေအထားတွင် အတိတ်၏ ခြေရာများ ကျန်ရှိနေသေးသည်။ သို့သော် ယခုတွင်မူ ညှိုးနွမ်းခြောက်သွေ့သော သစ်ပင်များနှင့် ကျိုးပဲ့ပျက်စီးနေသော သစ်ကိုင်းများသာလျှင် ကျန်နေခဲ့၏ မြင်တွေ့ရသမျှ အရာရာတိုင်းက ခြောက်ကပ်ကပ်ဖြစ်နေခဲ့ကာ အသက်စွမ်းအားကင်းမဲ့နေသည့်အလား ဖြစ်နေခဲ့၏။
သို့သော် ဆိတ်ငြိမ်မှုအောက်တွင် စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော စွမ်းအားတစ်ခုခု ရှိနေသကဲ့သို့ ရှင်းပြ၍ မရသော အကြောက်တရားတစ်ခုပါ အတူယှဥ်တွဲ တည်ရှိနေခဲ့သည်။
“ ဒါက ဝူဝမ် ကုန်းမြေပဲ “
ထိုအချိန်တွင် ရှောင်ဟေးက မယုံကြည်နိုင်စွာဖြင့် စကားထပ်ပြောလာခဲ့၏။ သူ၏မျက်ဝန်းများအတွင်းတွင် မယုံကြည်နိုင် ဖြစ်နေမှုတို့ ကိန်းအောင်းနေကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့၏။ သူ့အနောက်တွင် ထာဝရ တိတ်ဆိတ်မှုကို အဖော်ပြုနေသည့် အဆုံးမဲ့ ပင်လယ်ပြင်တစ်ခု ရှိနေခဲ့သည်။
သူ့အရှေ့တွင်မူ မှတ်တမ်းများအတွင်းတွင် ဖော်ပြထားသကဲ့သို့ အသက်ဓာတ်ကင်းမဲ့နေသည့် ကုန်းမြေတစ်ခု တည်ရှိနေခဲ့၏။
“ ဒါက မင်းပြောခဲ့တဲ့ တာအိုနိယာမတွေ ငြိမ်သက်နေတယ်ဆိုတဲ့ နေရာလား “ ဟု လုချန်ရှန်းက မေးမြန်းလိုက်သည်။
သူသည် ဝူဝမ်ပင်လယ်အကြောင်းကို ရှောင်ဟေးထံမှ ယခင်က သိရှိထားခဲ့သည်။ ဤနေရာက အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေကာ တစ်ချိန်က ကောင်းကင်ဘုံ နယ်မြေဖြစ်ခဲ့ဖူးသော်လည်း စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသည့် တည်ရှိမှုတစ်ခု ပေါ်ထွက်လာခဲ့ကာ တာအိုနိယာမ၏ တစ်စိတ်တစ်ပိုင်းက ဤနေရာတွင် ပျောက်ကွယ်သွားကာ အိမ်မောကျသွားခဲ့သည်ဟု ဒဏ္ဍာရီများက ဆိုထားခဲ့သည်။
အဆုံးတွင် ၎င်းမှာ လူသူကင်းမဲ့သော ကျိန်စာသင့်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
မည်သည့်ပုဂ္ဂိုလ်မျိုး ပေါ်ထွက်လာခဲ့လဲဆိုသည်ကို သူမသိပေ သို့သော် ဤနေရာတွင် ကြီးမားသော အခွင့်အလမ်းများပါ တည်ရှိနေခဲ့သည်။ အချိန်အတိုင်းအတာတစ်ခုသို့ ရောက်သည့် အချိန်တိုင်းတွင် ၎င်းက ပွင့်ဟလာကာ ၎င်းထံသို့ ဦးတည်သွားသည့် လမ်းကြောင်းတစ်ခုပါ ပေါ်ထွက်လာလေ့ရှိ၏။
ထို့အပြင် ဤနေရာကို ရှာဖွေရန်အတွက် ဝူဝမ်ပင်လယ်ပြင်အတွင်းသို့ ဝင်ရောက်ခဲ့သူတိုင်းက ဤနေရာတွင် ပျောက်ဆုံးသွားခဲ့ကြသည် အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့လူ(သို့) အသက်ရှင်လျက်ပြန်ထွက်သွားနိုင်သည့် လူမှာ တစ်ဦးတစ်လေပင် ရှိမနေခဲ့ချေ။
ရှောင်ဟေးကပင် မယုံကြည်နိုင်စွာဖြင့် စကားထပ်ပြောလာခဲ့သည် “ ဆိုတော့ ဒီတစ်ခေါက်မှာ ကံဆိုးတာက ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာလား။ ဝူဝမ်နယ်မြေကို ရှာတွေ့ခဲ့တယ်ဆိုတော့ ငါတို့က အခွင့်အလမ်းကြီးတွေ ရတော့မှာများလား “
“ တကယ်လို့ မင်းဆီမှာ နည်းနည်းလေး ပိုဆိုးတဲ့ စရိုက်မျိုးရှိတယ်ဆိုရင် ကြိုးစားကြည့်လိုက်ပေါ့။ ငါ့ရဲ့ ပုံမှန်ကောင်းမှုကုသိုလ်တွေကြောင့်သာ မဟုတ်ဘူးဆိုရင် ငါက အဲ့ဒီယဲ့မော်ဆိုတဲ့ကောင်ကြောင့် ဒီတစ်ကြိမ်မှာ တကယ်ကြီး ထိခိုက်သွားရလောက်တယ် “ ဟု လုချန်ရှန်းက အရှက်မဲ့စွာ ပြောဆိုလိုက်သည်။
ရှောင်ဟေးသည် ဆွံ့အသွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ သူသည် လုချန်ရှန်း၏ စရိုက်နှင့် ပတ်သက်၍ မှတ်ချက်များစွာ မပြောနိုင်ပေ သို့သော် သူက ကြီးမားသော ကံကောင်းခြင်းတရားကို ပိုင်ဆိုင်ထားသည့် လူတစ်ဦး ဖြစ်သည်ဆိုသည့်အချက်ကိုတော့ မည်သို့မျှ ငြင်းပယ်၍ မရနိုင်ချေ။
လုချန်ရှန်းကမူ ဘာမှ ထပ်မပြောတော့ဘဲ သူ့လက်အတွင်းတွင် ရှိနေသည့် ကန်းယွင်ကားချပ်ကိုသာ ငေးကြည့်နေတော့သည်။ သူ၏လက်ကို မြှောက်လိုက်ရာ ၎င်းက အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ သူ၏မျက်ခုံးများအကြားသို့ တိုးဝင်သွားခဲ့သည်။
ထို့နောက်တွင် သူသည် နောက်သို့လှည့်ကာ နက်ရှိုင်းကာ မည်းနက်နေသည့် ပင်လယ်ပြင်ကို ငေးကြည့်နေခဲ့ပြီး သူ့စိတ်ထဲတွင် ထူးဆန်းသော စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။ သူသည် ပင်လယ်အတွင်းတွင် လှည့်လည်သွားလာနေသည့် ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် အနက်ရောင် ပုံရိပ်များကို ဝေဝေဝါးဝါး မြင်တွေ့နေခဲ့ရ၏။
၎င်းတို့ ထုတ်လွှတ်နေသည့် အရှိန်အဝါများက လူများကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။
ကန်းယွင်ကားချပ်၏ ကာကွယ်မှုကြောင့် သူတို့နှစ်ဦးက ဆိုးရွားသော မည်သည့်ဖြစ်ရပ်နှင့်မျှ မရင်ဆိုင်ခဲ့ရပေ သို့သော် ကန်းယွင်ကားချပ် ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ထိုသတ္တဝါများ ပေါ်ထွက်လာခဲ့၏။
သို့သော် သူသည် အတွေးများမနေဘဲ ကုန်းမြေပေါ်သို့သာ ဆက်သွားနေတော့၏။ ဤနေရာတွင် နားမလည်နိုင်စရာ စည်းမျဥ်းစည်းကမ်းများ ရှိနေပြီး သူရှင်းရှင်းလင်းလင်း မခွဲခြားနိုင်သည့် အလွန်တရာ ရှုပ်ထွေးသော စိတ်ခံစားချက်တစ်ခုကို တစ်ပြိုင်နက် ခံစားနေခဲ့ရသည်။
သို့ရာတွင် ရှောင်ဟေး၏ ပြောစကားများအရ ဤနေရာရှိ တာအိုတစ်စိတ်တစ်ပိုင်းက နစ်မြုပ်ပျောက်ဆုံးသွားခဲ့သည်။ အကယ်၍ သူတို့ကသာ ၎င်းကို ရှာဖွေနိုင်မည်ဆိုပါက ၎င်းက ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်နေပေလိမ့်မည် သူတို့က နိယာမတစ်ခုကို အပြည့်အဝ ထိန်းချုပ်နိုင်ကာ ဘိုးဘေးများပင် ဖြစ်လာနိုင်ပေ၏။
“ တကယ်တော့ ငါတို့က အခွင့်အလမ်းကြီးတစ်ခုကို တကယ်ကြီး တွေ့ရလောက်တယ် “ ဟု ရှောင်ဟေးက အဝေးသို့ ငေးကြည့်ကာ ပြောဆိုလာခဲ့သည်။ တိတ်ဆိတ်ခြောက်ကပ်သော တောအုပ်အတွင်းတွင် ထူးဆန်းသော တာအိုစွမ်းအင်တစ်ခု စီးဆင်းလျက်နေရှိ၏။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းစကားတွေအရဆိုရင် မင်းအစ်ကိုက ငါ့ကို ဒီလိုမျိုးဖြစ်သွားစေတဲ့အထိ ထိခိုက်စေခဲ့တယ်ဆိုတော့ ငါက သူ့ကို ဦးညွတ်ပေးရဦးမှာလား “
ရှောင်ဟေးသည် ဆွံ့အသွားသော်လည်း အပြစ်ရှိစိတ်ကို ခံစားနေရသေးသည်။
အကယ်၍ သူ့ကြောင့်သာ မဟုတ်ဘူးဆိုပါက လုချန်ရှန်းက ဤကဲ့သို့သော အန္တရာယ်တွင်းအတွင်းသို့ ကျရောက်ခဲ့လိမ့်မည် မဟုတ်ပေ။
ထို့နောက်တွင် လူနှစ်ဦးက ဆက်လက်၍ လမ်းလျှောက်သွားပြီး ဤနေရာ၏ အရာရာတိုင်းက ထူးခြားသည်ဟု ခံစားနေကြရသည် သို့သော် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်နေရလဲဆိုသည်ကိုမူ မည်သူကမှ တိတိကျကျ မပြောနိုင်ကြပေ။
ဤနယ်မြေက ထူးဆန်းသော နေရာများနှင့်အတူ အလွန်တရာ ကြီးမားကျယ်ပြန့်နေခဲ့သည်။
ကမ်းပါးပေါ်တွင် ယဇ်ပုလ္လင်တစ်လုံး ရှိနေခဲ့သည်။ ၎င်းက ရှေးကျကာ အချိန်ကာလ၏ နက်ရှိုင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေလျက်ရှိ၏။ ၎င်းပေါ်တွင် ရှိနေသည့် ပုံစံကွက်များက အလွန်တရာ ထူးဆန်းနေခဲ့ကာ အရောင်အသွေး ပျက်ယွင်းနေသော အစက်အပြောက်တို့ဖြင့် ပြည့်နှက်နေခဲ့၏။
ယဇ်ပုလ္လင်ပေါ်သို့ တက်လှမ်းရန်အတွက် မမြင်တွေ့ရသော နိယာမတစ်ခုက သူတို့ကို ဖိနှိပ်နေခဲ့သည့်အတွက် တက်လှမ်းရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေခဲ့သည်။ ထို့ပြင် ၎င်းက သုံးဖက်သုံးလံစလုံးတွင် ပင်လယ်ပြင်၏ ဝိုင်းရံခြင်းကို ခံထားရပြီး တစ်ဖက်တည်းကသာလျှင် ကမ်းပါးယံနှင့် ထိစပ်နေလျက်ရှိ၏။ အောက်ဘက်တွင် ကျယ်ဝန်းသော ဧရိယာတစ်ခု ရှိနေခဲ့ကာ ဝတ်ပြုဆုတောင်းရာ ဖျာတိုများစွာ ပြန့်ကျဲနေလျက်ရှိ၏။
အိုဟောင်းနေပြီဖြစ်သော်လည်း အမျိုးအမည်မသိရသော အရည်အသွေးတစ်ခုကို သယ်ဆောင်ထားခဲ့၏။
ပင်လယ်ပြင်အတွင်းတွင် အနက်ရောင် ပုံရိပ်များ ပြေးလွှားနေသေး၏။ ရှောင်ဟေးမှာ ပင်လယ်ပြင်အတွင်းသို့ ခြေချရန် ကြိုးပမ်းနေခဲ့ပြီး သူ့ဆွဲခေါ်ရန်အတွက် အနက်ရောင် လက်များစွာ တစ်ခုပြီးတစ်ခု ဆန့်တန်းလာသည်ကိုသာ မြင်တွေ့လိုက်ရ၏။
၎င်းတို့က ခြောက်ကပ်ကပ် ဖြစ်နေခဲ့ပြီး အသွေးအသားများ မရှိသကဲ့သို့ နက်မှောင်နေလျက်ရှိကာ အရိုးများကို အနက်ရောင် အရေပြားက ဖုံးအုပ်ထားပြီး သူတို့၏ ပုံပန်းသွင်ပြင်များက ကြောက်မက်ဖွယ်ကောင်းနေခဲ့ကာ ထူးဆန်းနေလျက်ရှိပြီး မတူညီသော နယ်ပယ် အသီးသီး၏ စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့သည်။
“ အဲ့တာတွေက ဘာတွေလဲ။ ငရဲကနေ နတ်ဆိုးတွေ တိုးထွက်လာခဲ့တာလား။ သူတို့က ငါ့ကို စားချင်နေကြတာလား “ လုချန်ရှန်းက ၎င်းကို စောင့်ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားကာ စကားထပ်ပြောနေတော့၏။
သို့ရာ၌ သူချဥ်းကပ်သွားသည့် အချိန်တွင် အဆိုပါ ပုံရိပ်အားလုံး ပျောက်ကွယ်သွားခဲ့ပြီး သူ့အား အတော်ပင် ကြည်ညိုလေးစားနေပုံပင်ရကာ အနားပင် မကပ်ရဲကြပေ။ သူက မည်သည့်ပြောင်းလဲမှုကိုမှ မဖြစ်ပေါ်စေဘဲ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ခြေချနိုင်ပေသည်။
“ဘာလို့ အဲ့လိုဖြစ်နေရတာလဲဟ “ ရှောင်ဟေးက ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့၏။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အဲ့တာက မင်းနဲ့ငါ့ကြားက အခြေခံကွာခြားချက်ပဲ “
“ ဘာကွာခြားချက်လဲ “
“ ငါက ကောင်းမှုကုသိုလ်တွေ အမြဲလုပ်လေ့ရှိပြီးတော့ ဖြောင့်မတ်တည်ကြည်တဲ့ ချီတွေကို ပိုင်ဆိုင်ထားတာလေ။ ကောင်းကင်ဘုံက ငါ့ကို မျက်နှာသာပေးတယ် အဲ့တာကြောင့် နတ်ဆိုးတွေနဲ့ သရဲတစ္ဆေတွေ အကုန်လုံးက ငါ့ကို ရှောင်ရှားကြတာပေါ့။ မင်းက အဲ့တာကို သေချာပေါက် ယှဥ်လို့မရဘူးလေ “
လုချန်ရှန်းသည် ကိုယ့်ကိုကိုယ် ချီးကျူးပြောဆိုနေခဲ့ပြီး သူပိုပြောလေလေ ၎င်းက အကြောင်းအကျိုးသင့်သည်ဟု ပိုမိုခံစားရလေလေ ဖြစ်နေခဲ့ကာ သူ့ကိုယ်သူ မလေးစားဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
ရှောင်ဟေးကမူ မျက်နှာရှုံ့မဲ့သွားကာ ပြန်ပြောလိုက်သည် “ မင်းက တကယ်ကို အရှက်လုံးဝ မရှိဘူးပဲ “
လုချန်ရှန်းကမူ ငြင်းခုန်ရန်အတွက်ပင် အလွန်တရာ ပျင်းရိနေခဲ့ပြီး ၎င်းက စစ်မှန်သော မနာလိုမှုဟုသာ ခံစားနေခဲ့ရ၏။ သူသည် တောင်ထိပ်၏ တစ်ခြားတစ်ဖက်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားကာ ပင်လယ်အတွင်းသို့ ခုန်ဆင်းသွားပြီး တောင်ထိပ်ပေါ်သို့ ပြန်တက်လာခဲ့ကာ ယဇ်ပုလ္လင်ပေါ်တွင် မတ်တပ်ရပ်နေတော့၏။
ထိုနေရာတွင် မတ်တပ်ရပ်နေရင်းဖြင့် သူ၏စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။ ဝတ်ပြုဆုတောင်းရာ ဖျာများကို ငေးကြည့်နေရင်းဖြင့် သူသည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေခဲ့ရ၏။
ရှောင်ဟေးက မေးမြန်းလိုက်သည် “ ဘယ်လိုလဲ။ တစ်ခုခု ရှိနေတာလား “
“ သေချာပြောလို့မရသေးဘူး “
“ သေချာပြောလို့မရသေးတာလား “
“ ထပ်ပြီးတော့ စူးစမ်းလေ့လာဖို့ လိုဦးမယ် “
“ ဘယ်လိုလုပ်မှာလဲ “
“ အင်း “ လုချန်ရှန်းသည် အပြင်သို့ ငေးကြည့်နေရင်းဖြင့် တွေးတောစဥ်းစားနေခဲ့ပြီး သူ၏စိတ်ထဲတွင် ထူးဆန်းသော စိတ်ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့ပြန်ကာ စကားထပ်ပြောနေတော့၏ “ မင်းက အဲ့ဖျာတွေပေါ်မှာ သွားထိုင်သင့်တယ်လို့ ငါအမြဲခံစားနေခဲ့ရတယ် “
ရှောင်ဟေးသည် ဖျာချပ်များကို ငေးကြည့်ကာ စိတ်ရှုပ်ထွေးသွားခဲ့သည် သို့သော် သူသည် မည်သို့မျှ မငြင်းပယ်လိုက်ဘဲ လုချန်ရှန်း၏ ညွှန်ကြားချက်များအတိုင်း ဖျာတစ်ချပ်၏ ဘေးတစ်ဖက်သို့ ရောက်သွားခဲ့သည်။
“ ပြီးတော့ရော “ ဟု ရှောင်ဟေးက ထပ်မံ၍ မေးမြန်းလိုက်သည်။
လုချန်ရှန်းသည် ယဇ်ပုလ္လင်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး သူ့ခြေထောက်များအောက်တွင်လည်း ဖျာတစ်ချပ် ရှိနေခဲ့လေသည်။ သူသည် ၎င်းအပေါ်သို့ ထိုင်ချကာ ပြန်ပြောလိုက်သည် “ မင်းက ငါ့ကို အဲ့နေရာကနေ ဦးညွတ်လိုက် “
“ ဘာဖြစ်တယ် “ ရှောင်ဟေး မှင်သက်သွားခဲ့သည်။
လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ ငါ့ကို ဦးညွတ်လိုက်လို့ ပြောနေတယ်လေ “
“ လုချန်ရှန်း “
ရှောင်ဟေးမှာ ချက်ချင်းအံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။ သူက အပြစ်ရှိစိတ်ကို ခံစားနေခဲ့ရပြီး ကိစ္စတော်တော်များများကို လျစ်လျူရှုထားနိုင်သော်လည်း ထိုအကောင် လုချန်ရှန်းက ပါးစပ်ထဲရှိသမျှ စကားတိုင်းကို လျှောက်ပြောနေတတ်ကာ အလွန်တရာ မုန်းတီးဖွယ်ကောင်းနေခဲ့၏။
သူ့အပေါ်တွင် ရှိနေသည့် ရှောင်ဟေး၏ အားနာစိတ်က အပြည့်အဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ ဒေါသတို့သာ ကျန်ရှိနေခဲ့သည်။
အပေါ်သို့ မော့ကြည့်လိုက်ရာ စွမ်းအားတစ်ခုက တောင်ထိပ်ကို ဝိုင်းရံထားသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်တွေ့ရဘဲ ထိုနေရာတွင် ပုံရိပ်တစ်ခု ထိုင်နေသည်ကိုသာ မြင်တွေ့လိုက်ရ၏။
သို့ရာတွင် လုချန်ရှန်းကမူ ထိုနေရာတွင် ထိုင်နေကာ ရှောင်ဟေး၏ စိတ်ခံစားချက်များကို သတိပြုမိပုံမရဘဲ လေးနက်နေသော အမူအရာမျိုးဖြင့် စကားထပ်ပြောလာခဲ့သည် “ ငါနောက်နေတာ မဟုတ်ဘူး မင်းကို တကယ်ဦးညွတ်စေချင်နေတာ “
ရှောင်ဟေးမှာ လုံးဝဆွံ့အသွားတော့သည်။ အကယ်၍ သူကသာ ထိုအကောင့်ကို အနိုင်ယူနိုင်မည်ဆိုပါက အပေါ်သို့ တက်ကာ တိုက်ခိုက်လိုက်မည် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် လုချန်ရှန်းက ဖျာပေါ်တွင် ထိုင်နေလျက်ရှိပြီး ခံ့ညားထည်ဝါသော အငွေ့အသက်တစ်ခု အလိုအလျောက် ပေါ်ထွက်လာခဲ့ကာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့လွင့်နေခဲ့ကာ အချိန်အတော်ကြာသည်အထိ မပျောက်သွားခဲ့ပေ။
“ ထိုင်ချလိုက် “
ရှောင်ဟေးက ဇဝေဇဝါ ဖြစ်နေသည့် အချိန်မှာပင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏။
ဦးညွတ်ခြင်းကဲ့သို့ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုမျိုးကို လက်မခံနိုင်သော်လည်း ထိုင်ချလိုက်ခြင်းက လက်ခံ၍ ရပေသည်။
သို့ရာတွင် သူက ဖျာပေါ်သို့ ထိုင်ချလိုက်သည့် အချိန်၌ သူ၏နားတစ်စုံအတွင်းတွင် အားကောင်းသော စွမ်းအားတစ်ခုက ဤကမ္ဘာပေါ်သို့ ကျဆင်းလာသည့်ပမာ ကျမ်းစာရွတ်ဖတ်သံတို့ဖြင့် ပြည့်နှက်နေသည့် ဩဇာတိက္ကမတို့ဖြင့် ပြည့်စုံသော အသံတစ်သံ ဟိန်းထွက်လာခဲ့၏။
+-
……………………………………………………………………………………………………………………………………..