အခန်း ၂၃၃
Vol. 16 Ch. 233
အပိုင်း ( 233 )
အနားယူချိန်
ထိုအချိန်၌ ရှောင်ဟေး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
ဖျာပေါ်မှ ထွက်ခွာသွားခဲ့သည့် အချိန်တွင် ကျမ်းစာရွတ်ဖတ်သံများ ချက်ချင်းပျောက်ကွယ်သွားခဲ့သည် သို့သော် ပတ်ဝန်းကျင်ရှိ ဖိအားမှာ အခိုင်အမာ ကျန်ရှိနေခဲ့သည်။
လုချန်ရှန်းမှာလည်း သူကသာ ယဇ်ပုလ္လင်ပေါ်ရှိ ဖျာချပ်ပေါ်တွင် ထိုင်နေသရွေ့ ကျမ်းစာရွတ်ဖတ်သံများ ပေါ်ထွက်နေခဲ့ကာ သူမတ်တပ်ထရပ်သည့် အချိန်တိုင်းတွင် ၎င်းက ပျောက်ကွယ်သွားခဲ့သည်ဆိုသည်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
သူကသာ ထိုနေရာတွင် ရှိနေသရွေ့ အကယ်၍ အောက်ဘက်ရှိ တစ်စုံတစ်ဦးကသာ ဖျာချပ်ပေါ်တွင် ထိုင်နေသရွေ့ ထိုအချိန်က ဖြစ်ရပ်များကို ပြန်လည်ဖန်တီးနေသည့်ပမာ ကျမ်းစာရွတ်ဖတ်သံများပါ ပဲ့တင်ထပ်နေလိမ့်မည် ဖြစ်သည်။
လူနှစ်ဦးက ထိုနေရာတွင် ထိုင်နေလျက်ရှိကာ အချိန်အတိုင်းအတာတစ်ခုအထိ ကုန်ဆုံးသွားခဲ့ပြီး ၎င်းမှာ အနှိုင်းမဲ့ ပညာရှင်ကြီးတစ်ဦးက တာအိုအကြောင်းကို ဟောပြောသင်ပြပေးနေသည့်အလား ဖြစ်နေခဲ့ကာ ရှေးဟောင်းကျမ်းစာများမှ အစပြု၍ တာအိုစွမ်းအားကို နက်နက်နဲနဲ ရှင်းပြနေသည့်ပမာ ဖြစ်နေခဲ့သောကြောင့် သူတို့နှစ်ဦးစလုံး အံ့ဩတုန်လှုပ်သွားကြသည်။
သို့သော် ၎င်းက အလွန်တရာ နက်ရှိုင်းကာ ဤလောက၏ နားလည်နိုင်စွမ်းထပ် ကျော်လွန်နေပုံရ၏။
ဤနေရာမှာ တစ်ချိန်က စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးက တာအိုအကြောင်း ဟောပြောရာ နေရာတစ်ခု ဖြစ်ခဲ့ဖူးကာ အောက်ဘက်တွင် လူအများက ဝပ်တွားခယ၍ နာယူခဲ့ပုံရ၏။ ယခုကြားသိနေရသည့် အရာအားလုံးက အတိတ်ကာလမှ အဖြစ်အပျက်များဖြစ်ပြီး ၎င်းတို့ကို ဤနေရာတွင် မှတ်တမ်းတင် ချန်ရစ်ထားခဲ့ပုံရသည်။
နှမြောစရာကောင်းသည်မှာ ဟောကြားချက်များက အလွန်တရာ နက်နဲသည့်အပြင် မပြည့်မစုံဖြစ်နေသည့် အပိုင်းအစလေးများသာ ဖြစ်နေခြင်းပင် ဖြစ်သည် သို့တိုင်အောင် ၎င်းတို့ကပင် လူတို့၏ စိတ်နှလုံးသားများကို တုန်လှုပ်သွားစေခဲ့၏။ အကယ်၍ ယခုလက်ရှိအချိန်တွင် ၎င်းကို နားမလည်သေးဘူးဆိုပါက ၎င်းမှာ နားထောင်သူ၏ နယ်ပယ်က နိမ့်ကျနေသောကြောင့်သာလျှင် ဖြစ်နေပေလိမ့်မည်။
သို့ရာတွင် နားလည်နိုင်သော အချက်များလည်း ကျန်ရှိနေသေးပြီး အံ့ဖွယ်ကောင်းသော အကျိုးကျေးဇူးများကို ရရှိစေခဲ့သည်။ ဤနေရာတွင် တာအိုဟောကြားခဲ့သူက အတော်ပင် အစွမ်းထက်ပုံရပြီး ဤနေရာ ယိုယွင်းပျက်စီးနေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သော်လည်း အဆိုပါ မှတ်တမ်းများက ကျန်ရှိနေသေးသည်။
ထို့အပြင် အကယ်၍ ယခုလက်ရှိ အချိန်တွင် အပြည့်အဝ နားမလည်ဘူးဆိုလျှင်တောင်မှ ၎င်းတို့ကို မှတ်မိနေရုံဖြင့် နောက်အနာဂတ်တွင် ကြီးကြီးမားမား အသုံးတည့်လာနိုင်ပေသည်။
လုချန်ရှန်းသည် ကျမ်းစာရွတ်ဖတ်သံများနှင့်အတူ ထိုနေရာတွင် ထိုင်နေလျက်ရှိပြီး ရှောင်ဟေးမှာလည်း ယဇ်ပုလ္လင်အောက်တွင် ထိုင်ကာ နားထောင်နေခဲ့သည် ထိုစဥ် လုချန်ရှန်းမှာ စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော စွမ်းအားတစ်ခု ပေါ်ထွက်လာသည်ကို ခံစားလိုက်ရ၏။ ၎င်းက သူ၏ ပတ်ပတ်လည်တွင် လွင့်မျောနေကာ မည်သို့မျှ မပျောက်ကွယ်သွားခဲ့ချေ။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ၎င်းက အဆက်မပြတ် များပြားနေခဲ့သည်။
“ အဲ့တာက ဘာလဲဟ “
လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားတော့၏ ၎င်းမှာ ယခင်က သူတစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးသည့် စွမ်းအားမျိုး ဖြစ်သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် သူသည် တောင်ထိပ်တစ်ခုအပေါ်သို့ ခုန်ချလိုက်ပြီး ကျမ်းစာရွတ်ဖတ်သံမှာလည်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
အကြည့်ချင်း ဆုံသွားခဲ့ကာ ရှောင်ဟေး၏ မျက်ဝန်းတို့မှာ ဂဏာမငြိမ် ဖြစ်နေလျက်ရှိသည် သူသည် ၎င်းက အခွင့်အလမ်းတစ်ခုဆိုသည်ကို သိနေခဲ့ကာ ၎င်းတို့ကို ဂရုတစိုက် မှတ်သားထားခဲ့သည်။
လုချန်ရှန်းကမူ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး ထို့နောက်တွင် အဝေးသို့ ဆက်လက်၍ လျှောက်လှမ်းသွားတော့သည် သူသည် အချိန်အတော်ကြာ လမ်းလျှောက်နေခဲ့ကာ နေရာပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီး ပျောက်ဆုံးသွားသော တာအိုနိယာမများနှင့် အခွင့်အလမ်းများကို ရှာတွေ့ရန် မျှော်လင့်နေရင်းဖြင့် ၎င်းတို့ကို တစ်ခုချင်းစီ စစ်ဆေးကြည့်ရှုချင်နေခဲ့၏။
သူသည် ဤနေရာက ထူးဆန်းသော အရာများစွာ ပါဝင်သည့် နေရာအမြောက်အများ တည်ရှိကာ မည်သို့မျှ မသေးငယ်ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။
အဝေးရှိ တောင်ကြားစမ်းချောင်းတွင် ပုံမှန်မဟုတ်သော ရောင်ခြည်တစ်ခု ပေါ်ထွက်လာခဲ့၏။
သူက အနားသို့ ချဥ်းကပ်သွားသည့် အချိန်တွင် ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ကို တားဆီးပိတ်ပင်လာခဲ့၏။
သူက ၎င်းကို ငေးကြည့်လိုက်ရာ အစီအရင်ကြီးတစ်ခု၏ အရိပ်အငွေ့များ ကျန်ရစ်နေလျက်ရှိပြီး ၎င်းကို ထူးဆန်းသော စွမ်းအားတစ်ခုက အဖော်ပြုပေးနေသည်ဆိုသည်ကို မြင်တွေ့လိုက်ရ၏ မျက်စိတစ်ဆုံးမြင်နိုင်သမျှ မှိန်ဖျော့ဖျော့ နယ်မြေအတွင်းတွင် တောက်ပမှုတစ်ခု ဖြစ်တည်လာခဲ့သည်။
“ ကြည့်ရတာတော့ ပစ္စည်းကောင်းလေးတစ်ခုဖြစ်မဲ့ပုံပဲ “
လုချန်ရှန်းက အာရုံစိုက်၍ ငေးကြည့်နေခဲ့ကာ လွှတ်ခနဲပြောမိသွားခဲ့သည် သူ့မျက်လုံးများအတွင်းတွင် ရှိနေသည့် အလင်းတန်းက တောင်ကြားစမ်းချောင်းအတွင်းတွင် ရှိနေသည့် တောက်ပမှုထပ်ပင် ပိုမိုအားကောင်းနေခဲ့၏။
သူသာလျှင်မဟုတ်ဘဲ ကန်းယွင်ကားချပ်ကပါ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် သူသည် အရှေ့သို့ ခုန်တက်သွားတော့သည် သူ၏ ပတ်ပတ်လည်တွင် ဓားဆန္ဒ ဖြစ်တည်လာခဲ့ပြီး သူ၏ မှော်စွမ်းအားများပါ မြင့်တက်လာခဲ့ကာ သူ၏ပုံရိပ်နှင့်အတူ လိုက်ပါ ရွေ့လျားနေခဲ့၏။
သို့သော် သူချဥ်းကပ်သွားသည့် အချိန်တွင် ဟင်းလင်းပြင်အတွင်းတွင် လှည့်လည်သွားလာနေသည့် စွမ်းအားများ ဖြစ်တည်လာကာ သူ့ကို အတင်းအကြပ် နောက်ဆုတ်သွားစေခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည့် ဓားဆန္ဒကို အများအပြား ထိခိုက်သွားစေခဲ့သည်။
“ တာအိုနိယာမ စွမ်းအားလား “
ထိတွေခဲ့ပြီးသည့်နောက်တွင် သူသည် အဆိုပါ စွမ်းအားများက လိမ်ယှက်ရွေ့လျားနေကာ သူ့ဆီသို့ လွင့်မျောလာနေသည့် ချိန်းကြိုးများအဖြစ် အသွင်ပြောင်းသွားသည်ကို မြင်တွေ့သွားခဲ့သည်။
ထိုအရာအားလုံးက သူက ထိုနေရာအနားသို့ ချဥ်းကပ်လာမည်ကို ကာကွယ်တားဆီးနေခဲ့၏။
သို့ရာတွင် သူကိုယ်တိုင်မှာလည်း ထူးဆန်းသည်ဟု ခံစားသွားခဲ့ရသည်။
“ အဲ့တာက နိယာမ စွမ်းအားဖြစ်နေပုံရပင်မဲ့ တော်တော်ကြီးကို အားနည်းနေတယ်။ ယုတ္တိရှိရှိ ပြောရမယ်ဆိုရင် ဟွာရှုနယ်ပယ် ပညာရှင်ကတောင် ခုခံနိုင်စွမ်းမရှိတဲ့ ပိုအားကောင်းတဲ့ စွမ်းအားမျိုး ရှိနေသင့်တာလေ “ ဟု လုချန်ရှန်းက မေးမြန်းလိုက်သည်။
ရှောင်ဟေးက တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ တုံ့ပြန်လိုက်သည် “ ဒီနယ်မြေက တစ်ခြားနေရာတွေနဲ့ လုံးဝမတူဘူးလေ စွမ်းအား အရင်းအမြစ်တွေက အချိန်ကာလရဲ့ တိုက်စားမှုတွေကို ခံခဲ့ရပြီးတော့ အားနည်းသွားတာနေမှာပေါ့ “
လုချန်ရှန်းသည် မည်သည့်ဆုံးဖြတ်ချက်မှ မချလိုက်သကဲ့သို့ ခေါင်းမာမာဖြင့် ရှေ့ဆက်သွားခြင်းကိုပါ မပြုလုပ်ခဲ့ပေ ထို့အစား ဆက်လက်၍ စူးစမ်းလေ့လာနေကာ ဤနေရာတွင် ဘာရှိနေလဲဆိုသည်ကို အလွန်တရာ သိချင်နေလျက်ရှိသည်။
ဤနေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သောကြောင့် သူသည် အလောတကြီး မပြုလုပ်ဘဲ ဖြည်းဖြည်းချင်း ကြိုးစားကြည့်ရုံသာ တတ်နိုင်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်တစ်လတာ ကုန်ဆုံးသွားခဲ့သည် သူသည် ပုံမှန်မဟုတ်သော/ထူးခြားဆန်းကြယ်သော အရာများပါဝင်နေသည့် နေရာတော်တော်များများကို ရှာဖွေတွေ့ရှိခဲ့သည်။
ကမ်းပါးတစ်ခုပေါ်တွင် သစ်သီးခြောက်လုံး သီးနေသည့် သစ်ပင်တစ်ပင် ရှိနေခဲ့ပြီး ၎င်းတို့အနက် သုံးလုံးက ရွှေရောင်ဖြစ်နေခဲ့ကာ ကျန်သုံးလုံးမှာ အနက်ရောင် ဖြစ်နေခဲ့ပြီး ယင်ယန်စွမ်းအား အငွေ့အသက်များ ပါဝင်နေကာ အမှန်ပင် ထူးခြားနေခဲ့၏။
သို့သော် ဤနေရာအားလုံးက တူညီသော ဝိသေသ လဏ္ခာရပ်တစ်ခုကို မျှဝေထားကြသည် ၎င်းတို့ကို ထူးဆန်းသော စွမ်းအားတစ်ခုက ကာကွယ်စောင့်ရှောက်နေခြင်းပင် ဖြစ်သည်။
ထို့အပြင် ရှောင်ဟေးတစ်ဦးတည်း ဖြစ်သွားသည့် အချိန်တိုင်းတွင် သူက ရုပ်ဆိုးအကျည်းတန်လှသော အဆိုပါ မိစ္ဆာကောင်များနှင့် ဆုံတွေ့ခဲ့ရ၏ ၎င်းတို့က ငရဲဘုံမှ တွားသွားတက်လာသည့် မကောင်းဆိုးဝါး ဝိညာဥ်များသဖွယ် အတော်ပင် ပုံပျက်ပန်းပျက် ဖြစ်ကာ ကြည့်ရဆိုးနေခဲ့၏။
၎င်းတို့က မည်သည့်နေရာမှ ရောက်ရှိလာလဲဆိုသည်ကို မသိရပေ ၎င်းတို့၏ စွမ်းအားများကမူ ချီသန့်စင်ခြင်းမှ အသွင်ပြောင်းခြင်းအထိ အမျိုးမျိုးရှိနေခဲ့ကာ အသွင်ပြောင်းခြင်းနယ်ပယ်ကို ကျော်လွန်နေသည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကပင် မှိန်ဖျော့စွာ ပေါ်ထွက်နေခဲ့သည်။
အစတွင် လုချန်ရှန်းသည် ၎င်းတို့က ကန်းယွင်ကားချပ်ကို ကြောက်နေသည်ဟုသာ ထင်နေခဲ့သည် သို့သော် ၎င်းတို့က ကန်းယွင်ကားချပ်ကိုသာလျှင် မဟုတ်ဘဲ သူ့ကိုပါ ကြောက်လန့်နေသည်ဆိုသည်ကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိခဲ့သည် သို့သော် ကန်းယွင်ကားချပ်ထပ် ပိုမကြောက်ကြပေ။
“ တကယ်ထူးဆန်းတယ် သူတို့က ငါ့ကို ဘာကြောက်နေကြတာလဲ “
လုချန်ရှန်းမှာ နားမလည်နိုင်ဖြစ်သွားခဲ့သည်။
သို့ရာတွင် သူ၏ စူးစမ်းလေ့လာမှုများမှတစ်ဆင့် သူသည် ဤနယ်မြေက အလွန်တရာ ကြီးမားသည်ဆိုသည်ကို နားလည်သွားခဲ့သည်။
ဤကာလအတွင်းတွင် သူက မှော်ဆန်သော နေရာတစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့သည် ပင်လယ်ပြင် အရှေ့ရှိ ကမ်းခြေတွင် တစ္ဆေကဲ့သို့သော ချိန်းကြိုးများ ရံဖန်ရံခါတွင် ပေါ်ထွက်လာလေ့ရှိ၏။
အဆိုပါ ခံစားချက်များမှာ ချောက်နက်မှ ခုန်ထွက်လာကာ အချုပ်အနှောင်များကို ရိုက်ချိုး၍ ကောင်းကင်ဘုံသို့ ပြန်သွားရန် ကြိုးပမ်းနေသည့် ငါးကြင်းတစ်ကောင်ပမာ ဖြစ်နေခဲ့၏။
သူက ၎င်းတို့ကို ကြားဖြတ်တားဆီးရန် ချဥ်းကပ်သွားခဲ့သည် သို့သော် အနားကပ်သွားသည်နှင့်တစ်ပြိုင်နက် ရေထဲရှိ သရဲတစ္ဆေများက ပြန်လည်ဆုတ်ခွာသွားကာ ချိန်းကြိုးများလည်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
သို့ရာ၌ ဤနေရာတွင် ရက်အနည်းငယ်မျှ အချိန်ဖြုန်း၍ လေ့လာခဲ့ပြီးသည့်နောက်တွင် အဝေးရှိ ပင်လယ်ပြင်တွင် အဖြူရောင် လှေတစ်စင်းပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏ ၎င်းက ထူးခြားသော စွမ်းအားကို သယ်ဆောင်ထားကာ အဆိုပါ မွန်းစတားတို့၏ တိုက်ခိုက်မှုများကို မခံခဲ့ရပေ။
သူသည် ၎င်းကို ကြည့်ရှုစစ်ဆေးရန်အတွက် ကောက်ယူလိုက်သည် သို့သော် အဆိုပါ အဖြူရောင်လှေက သူ့လက်အတွင်းတွင် အဆက်မပြတ် သေးကျုံ့သွားကာ သူ့လက်ဝါးထပ်ပင် ပိုမိုသေးငယ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် လုချန်ရှန်းမှာ တအံ့တဩ ဖြစ်သွားခဲ့သည် ၎င်းက စက္ကူဖြင့် ခေါက်ထားသော စက္ကူလှေတစ်စင်း ဖြစ်နေခဲ့၏။
“ အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား “
လုချန်ရှန်းမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည် ၎င်းက ရေအတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်းက အဖြူရောင်လှေငယ်အဖြစ် ပြန်ပြောင်းသွားကာ ပင်လယ်ပေါ်တွင် မျောလွင့်သွားပြီး မိစ္ဆာများကလည်း သူ့ကို မမြင်တွေ့ရသည့်အလား မည်သို့မျှ မနှောင့်ယှက်ခဲ့ပေ။
ချက်ချင်းဆိုသလိုပင် သူသည် ဤနေရာနှင့် ပတ်သက်၍ ပို၍ပင် သိချင်သွားခဲ့သည် တောင်ကမ်းပါးယံတွင် တာအိုတရား ဟောကြားခြင်းကို နားထောင်ခြင်း ပင်လယ်ပြင်ကို စူးစမ်းလေ့လာခြင်းနှင့် ရံဖန်ရံခါ၌ ပင်လယ်ပြင်တွင် လှည့်လည်သွားလာနေသည့် လှေငယ်များကို ကောက်ယူခြင်းတို့ ပြုလုပ်နေခဲ့သည်။
ရှောင်ဟေးကမူ တာအိုတရား ဟောကြားခြင်းကို နားထောင်ခြင်းမှအပ သူ၏တစ်နေ့တာကို အခွင့်အလမ်း ရှာဖွေခြင်း အဆိုပါ မိစ္ဆာများနှင့် တိုက်ခိုက်ခြင်းတို့ဖြင့် ကုန်ဆုံးစေခဲ့ကာ နေ့စဥ်နေ့တိုင်းတွင် ဒဏ်ရာပလပွဖြင့် ပြန်လာလေ့ရှိသော်လည်း မည်သို့မျှမမောပန်းခဲ့ပေ။
အလွန်တရာ အစွမ်းထက်သော မိစ္ဆာတစ်ကောင်ကို ရင်ဆိုင်ရသည့် အချိန်တွင်မူ သူသည် လုချန်ရှန်းကို အကူအညီလှမ်းတောင်းခဲ့သည် အဆိုပါ မိစ္ဆာများမှာ ထိုအကောင့်ကို မြင်လိုက်ရသောအခါတွင် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်ပမာ ထွက်ပြေးသွားခဲ့ကြသည်။
လုချန်ရှန်းကမူ အေးအေးဆေးဆေး ဖြစ်နေပုံရကာ တာအိုနှင့်ကျမ်းစာများကို နေ့စဥ်နားထောင်ခြင်း ပင်လယ်ပြင်တွင် လှေစီးထွက်ခြင်းတို့ ပြုလုပ်နေခဲ့၏ တစ်ချို့သော အကြောင်းအရင်းများကြောင့် သူသည် ငါးမျှားတံတစ်ခု ရရှိခဲ့ပြီး တစ္ဆေချိန်းကြိုး၏ အပိုင်းအစများကို မကြာခဏ ဆွဲတင်မိခဲ့သည်။
၎င်းတို့က နိယာမများထံမှ အသွင်ပြောင်းလာခြင်းဖြစ်ပြီး ပင်လယ်ထဲတွင် နစ်မြုပ်နေခဲ့သော်လည်း ထူးခြားသော တာအိုနိယာမများ တည်ရှိနေသေးသည်ကို မြင်တွေ့လိုက်ရသောကြောင့် သူတအံ့တဩ ဖြစ်သွားခဲ့သည်။
၎င်းတို့က တစ်စုံတစ်ဦး၏ ဖြတ်တောက်ခြင်းကို ခံခဲ့ရကာ ပင်လယ်ပြင်အောက်တွင် ပိတ်လှောင်ခံထားရပုံပေါ်သည်။
အဆိုပါ ခံစားချက်မှာ အမှန်ပင် ထူးဆန်းလှသည် သူက နိယာမများကို ဆွဲထုတ်ကာ ၎င်းတို့ကို ထိတွေ့ခံစားကြည့်ပြီး အရာအားလုံးကို ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် ၎င်းတို့က သူတို့၏ အချုပ်အနှောင်များမှ လွတ်မြောက်သွားကာ ကမ္ဘာမြေဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
အဆိုပါ တာအိုနိယာမများက ကမ္ဘာလောကဆီသို့ ပြန်လည်ရောက်ရှိသွားသည့် အချိန်တွင် သူက ထူးခြားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏ ၎င်းကို ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ခဲ့သော်လည်း ၎င်းက သူ့အား အလွန်တရာ သက်တောင့်သက်သာဖြစ်သွားစေခဲ့သည်။
၎င်းမှာ သူက ကောင်းကင်ဘုံ၏ ဆောင်မခြင်းကို ခံလိုက်ရသည့်ပမာ ဖြစ်နေခဲ့သည်။
သူ့ကို အံ့အားအသင့်ဆုံး ဖြစ်သွားစေခဲ့သည့် အရာမှာ သူဖမ်းမိခဲ့သည့် တာအိုနိယာမ၏ အပိုင်းအစတစ်ခု ဖြစ်သည် ၎င်းက မပြည့်မစုံဖြစ်နေသော်လည်း ဓားတစ်လက်ကဲ့သို့ ပြိုင်ဘက်ကင်းကာ ထက်မြိနေခဲ့ပြီး ၎င်းမှာ ဓားတာအိုမှ ဖွဲ့စည်းဖြစ်တည်လာပုံရကာ နိယာမ စွမ်းအားများ ကိန်းအောင်းနေပြီး သူတစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးသော ပုံစံတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့၏။
ထိုအချိန်၌ သူ၏စိတ်အတွင်းတွင် ထူးဆန်းသော စိတ်ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏ ဓားလမ်းစဥ်တွင် အင်မော်တယ်ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။ နိယာမအဖြစ် အသွင်ပြောင်းသွားခြင်းနှင့် တာအိုတစ်ခုကို ဖန်တီးခြင်းတို့ဖြင့်သာ ၎င်းကို အင်မော်တယ် ဖြစ်သွားစေနိုင်ပေသည်။
သို့သော် မွေးရာပါ ဝိညာဥ် ကျင့်ကြံရေးက နိယာမကို မဖွဲ့စည်းနိုင်သကဲ့သို့ ပြီးပြည့်စုံသွားအောင် မပြုလုပ်နိုင်ပေ သူက အင်မော်တယ်နယ်ပယ်သို့ မရောက်ရှိနိုင်သေးပေ။
“ ဆိုတော့ ငါက အဲ့တာကို မလုပ်နိုင်တာ (ဒါမှမဟုတ်) နားမလည်နိုင်တာ မဟုတ်ဘူး ဒါပင်မဲ့ ဒီနယ်ပယ်မှာတော့ အဲ့တာကို ငါနားမလည်နိုင်ဘူး “
လုချန်ရှန်းမှာ ထိုအတွေးနှင့်အတူ ဉာဏ်အလင်းရသွားပုံပေါ်သည် အစတွင် ရှောင်ဟေးက သူ့ကို လာရှာခဲ့၏ သို့သော် ထိုအကောင်က အဆုံးမဲ့ ဓားဆန္ဒတို့နှင့် ဝိုင်းရံခံထားရကာ ပင်လယ်ပြင်တွင် လှေစီးနေသည်ကို မြင်တွေ့လိုက်ရ၏ ထိုအခိုက်အတန့်တွင် အင်မော်တယ် ဆန္ဒတစ်စွန်းတစ်စတစ်ခု အမှန်တကယ် ပေါ်ထွက်လာခဲ့၏။
+-
………………………………………………………………………………………………………………………………………..