အခန်း ၂၃၄
Vol. 16 Ch. 234
အပိုင်း ( 234 )
အချိန်များ ကုန်ဆုံးခြင်း
လုချန်ရှန်းမှာ ပင်လယ်ပြင်အထက်တွင် လှေတစ်စီးဖြင့် ငါးမျှားနေလျက်ရှိ၏။
သူသည် ပင်လယ်ပြင်အထက်တွင် မျောလွင့်နေကာ ပြောင်းလဲမှုတစ်ခု ခံယူနေခဲ့ရသည်။
သူက ဤနယ်ပယ်တွင် ထိုအဆင့်သို့ မရောက်နိုင်ဘူးဆိုသည်ကို သိနေခဲ့သော်လည်း သူသည် ဉာဏ်အလင်းပွင့်ခြင်းကို ကြုံတွေ့ခဲ့ရကာ အင်မော်တယ် ဆန္ဒ တစ်စွန်းတစ်စကို မွေးဖွားပေးနိုင်ခဲ့ကာ ထိုနယ်ပယ်၏ အထက်အဆင့်ကို ထိတွေ့နိုင်ခဲ့၏ အချိန်ကောင်းကိုသာ စောင့်ဆိုင်းနေရတော့မည် ဖြစ်သည်။
ရှောင်ဟေးသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။
“ ဓားဆန္ဒ ဖြစ်တည်ခြင်း အထွတ်အထိပ်က အင်မော်တယ် ဆန္ဒ အပိုင်းအစကို မွေးဖွားခဲ့တယ် “ ရှောင်ဟေးမှာ အံ့ဩတုန်လှုပ်သွားခဲ့သည် အားကျခြင်းကြောင့် မဟုတ်ဘဲ မနာလိုဖြစ်နေသည့် အရိပ်အငွေ့များကြောင့် သူ၏အတွင်းစိတ်ကို တည်ငြိမ်အောင် မပြုလုပ်နိုင်ခြင်း ဖြစ်သည်။
ကပ်ဘေးက ကြောက်မက်ဖွယ်မကောင်းလှသော်လည်း ကောင်းကင်ဘုံကိုဆန့်ကျင်နေသည့် ကပ်ဘေးကမူ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုအချိန်မှစ၍ လုချန်ရှန်းက မကြာခဏ ငါးမျှားထွက်လေ့ရှိကာ ကျမ်းစာများ နားထောင်ခြင်းနှင့် တာအိုသင်ယူခြင်းတို့ကိုသာ ပြုလုပ်နေခဲ့၏။ သူသည် ဤနယ်မြေအကြောင်းကို ယေဘူယျ နားလည်သွားခဲ့ကာ မည်သည့်နေရာတွင် မည်သည့်အရာများ ရှိနေလဲဆိုသည်ကို အကြမ်းဖျင်း သိရှိနေခဲ့သည်။
အရာအားလုံး မဟုတ်သော်လည်း အတော်ပင် နီးစပ်နေခဲ့ပြီ ဖြစ်သည်။
ပင်လယ်ပြင်တွင် ငါးမျှားခြင်း ကျမ်းစာများ နားထောင်ခြင်းနှင့် တာအိုနိယာမများကို ကြုံတွေ့ခံစားခြင်းတို့က မတူညီသော အတွေးအမြင်များကို ပေးအပ်ခဲ့၏။
သူသည် တာအို ပုံရိပ်တစ်ခုခုကို ဖမ်းမိခဲ့သည့် အချိန်တိုင်းတွင် ၎င်းကို ကောင်းကင်ထက်သို့ ပြန်ပစ်ပေးလိုက်ပြီး အံ့ဖွယ်ကောင်းသော ခံစားချက်ကို ခံယူနေခဲ့၏။
အဆုံး၌ သူ၏စိတ်အတွင်းတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရ၏ ယနေ့တွင် သူသည် ဟင်းလင်းပြင်အတွင်းသို့ တက်လှမ်းသွားတော့သည်။ ကောင်းကင်ထက်တွင် မိုးကြိုးတိမ်တိုက်များ မြင့်တက်လာခဲ့ပြီး ၎င်းတို့ထံမှ ပုံရိပ်တစ်ခု ကျဆင်းလာခဲ့၏။
ယခင်ကကဲ့သို့ပင် ထိုလူက မိုးကြိုးလျှပ်စီး အများအပြားကို သယ်ဆောင်ကာ သူ့ကို သတ်ဖြတ်ရန် ပြေးဝင်လာခဲ့သည်။
၎င်းက အေးစက်ကာ စိတ်ခံစားချက် ကင်းမဲ့နေသည့် မျက်နှာထားဖြင့် အသက်နှစ်ဆယ့်လေး(သို့) နှစ်ဆယ့်ငါးအရွယ် လူတစ်ဦးဖြစ်နေခဲ့သည်။ သတ်ဖြတ်ရန် သူဆင်းသက်လာခဲ့သည့် အချိန်တွင် အဆုံးမဲ့ မိုးကြိုးလျှပ်စီးများ ပေါက်ထွက်လာခဲ့ကာ ပတ်ပတ်လည်ရှိ ပင်လယ်ပြင်ကို လှုပ်ရမ်းသွားစေခဲ့၏။
ရှောင်ဟေး၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ စွန်းထင်းလာခဲ့၏ အဆိုပါ ဖြစ်ရပ်ကြောင့် မည်သည့်နေရာမှ ပေါ်ထွက်လာလဲဆိုသည်ကို မသိသော်လည်း ထိုလူက သူမခုခံနိုင်သည့် ပြိုင်ဘက်ကင်း စွမ်းအားကို သယ်ဆောင်ထားသည်ဆိုသည်ကို သိနေခဲ့သည်။
ဘုမ်းးးး
ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့၏။ လုချန်ရှန်းမှာလည်း သတ်ဖြတ်ရန်အတွက် အရှေ့သို့ ခုန်တက်သွားခဲ့သည် နှစ်ဖက်စလုံးက ဓားဆန္ဒဖြင့် တစ်ဦးကိုတစ်ဦး ဆုတ်ဖြဲနေကာ မိုးကြိုးများ အဆက်မပြတ် ပေါက်ထွက်နေလျက်ရှိ၏။
ရှောင်ဟေး၏ မျက်ဝန်းများ အဆက်မပြတ် ပြူးကျယ်သွားခဲ့သည်။ အရှိန်အဟုန်က အလွန်တရာ ကြီးမားနေခဲ့ကာ ဝူဝမ်နယ်မြေတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းက သူ၏လက်ကို မြှောက်ကာ ကြောက်မက်ဖွယ်ရာ ဓားဆန္ဒကို ထုတ်လွှတ်ကာ သူ့အရှေ့ရှိ မိုးကြိုးပင်လယ်ကို လှုပ်ခါသွားစေခဲ့၏။
မိုးကြိုးပင်လယ်မှ လူက ခြေတစ်လှမ်းဖြင့် လှမ်းလာခဲ့ရာ မိုးကြိုးများ မြင့်တက်လာခဲ့၏။ ထိုလူသည် ဟောင်းလောင်းများ ဖြစ်နေသော မျက်လုံးများဖြင့် မိုးကြိုးတိမ်တိုက်များထံမှ ဆင်းသက်လာခဲ့၏ သူတို့က မီးပွားတစ်ခုကို ရရှိသွားပုံရကာ သူသည် တိုက်ပွဲဝင်စိတ်တစ်ခုကို မြှင့်တင်လိုက်၏။
ရှောင်ဟေးသည် အဝေးမှ စောင့်ကြည့်နေခဲ့ကာ မည်သို့မျှ မနှောင့်ယှက်ရဲပေ။ သူသည် လူနှစ်ဦးက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေခဲ့သည်။ အဆုံးတွင် လုချန်ရှန်းက ပြိုင်ဘက်ကို အနိုင်ယူခဲ့ကာ ပင်လယ်ပြင်အထက်တွင် မတ်တပ်ရပ်နေခဲ့၏။
ထိုလူ၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေ့သွားခဲ့ပြီး သူ၏ မျက်ဝန်းများအတွင်းတွင် ဝမ်းမြောက်သွားသည့် အရိပ်အငွေ့များ ကိန်းအောင်းနေခဲ့၏။
လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ငေးကြည့်နေလျက်ရှိပြီး လုချန်ရှန်းက ဘာစကားမှ မပြောလိုက်ပေ။ ၎င်းက အဆင့်တူ(သို့) နယ်ပယ်တူတွင် သူနှင့် သရေကျအောင် တိုက်ခိုက်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်တစ်ဦးဖြစ်သည်။
ဤကိစ္စမတိုင်ခင် အချိန်ကတည်းက သူသည် ထိုလူအားလုံးက အတိတ်က ပေါ်ထွက်လာခဲ့သည့် ပါရမီရှင်များဖြစ်သည်ဆိုသည်ကို နားလည်ခဲ့ပြီး ဖြစ်သည်။ ထိုလူများက ထိုနယ်ပယ်တွင် တစ်ခြားလူများ လက်လှမ်းမမှီသည့် အမြင့်တစ်နေရာသို့ ရရှိခဲ့သောကြောင့် ဤနေရာတွင် မှတ်တမ်းတင်ခံခဲ့ရခြင်း ဖြစ်သည်။
သူတို့က အချိန်ကာလကို ကျော်ဖြတ်၍ တိုက်ခိုက်ခဲ့ကြပြီး နှစ်ပေါင်းမည်မျှ ကုန်ဆုံးသွားခဲ့ပြီလဲဆိုသည်ကို မသိကြပေ။
ထိုလူရှုံးနိမ့်သွားခဲ့သည့် အချိန်မှာပင် သူ၏ပုံရိပ်က စတင်၍ ပျောက်ကွယ်သွားကာ မိုးကြိုးလျှပ်စီးများအဖြစ် ပြောင်းလဲသွားတော့သည်။ သူပျောက်ကွယ်သွားတော့မည့် အချိန်တွင် အသံတစ်သံ ဟိန်းထွက်လာခဲ့သည်။
“ မင်းရောက်လာမှာကို ငါစောင့်နေမယ် “
လုချန်ရှန်းက မတုံ့ပြန်နိုင်ခင်အချိန်မှာပင် ထိုလူမှာ အပြည့်အဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားတော့သည်။ ထိုစကားက အတော်ပင် ရှုပ်ထွေးနေခဲ့သည်။ သူက ငါ့ကို ဘယ်သွားစေချင်နေတာလဲဟ။ တစ်ခြားလူတစ်ယောက်ရဲ့ ကပ်ဘေးဆီကို ပြေးဝင်သွားစေချင်နေတာလား။
ရှောင်ဟေးပါ ရောက်ရှိလာခဲ့သည်။ လုချန်ရှန်းက ဤနေရာတွင် ရှိနေသောကြောင့် ပင်လယ်ရေမျက်နှာပြင်အထက်တွင် ထူးဆန်းသော မည်သည့်တည်ရှိမှုမှ ရှိမနေတော့ပေ။
လုချန်ရှန်းကမူ ပင်လယ်ပြင်အထက်တွင် မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့၏။
“ ဟူးးး “
“ မင်းဘာကိစ္စ သက်ပြင်းချနေရတာတုန်း “ ဟု ရှောင်ဟေးက မေးမြန်းလိုက်၏။
“ မင်းတို့ရဲ့ ဘိုးဘွားနယ်မြေဖွင့်ခဲ့တာက တစ်နှစ်တောင် ကြာနေပြီလေ ”
“ ငါ ……. “ ရှောင်ဟေးသည် တစ်စုံတစ်ခုကို တွေးမိသွားပြီး မှိန်ဖျော့ဖျော့ အပြစ်ရှိစိတ်မှာလည်း ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်။
လုချန်ရှန်းက စကားထပ်ပြောနေတော့သည် “ တစ်နှစ်တောင် ပြည့်သွားပြီ။ အချိန်တွေ ကုန်သွားပြီ ငါကလည်း အသက်နှစ်ဆယ် ဖြစ်နေပြီ ဒါပင်မဲ့ ငါက မွေးရာပါ ဝိညာဥ် အဆင့်၈ကိုပဲ ရောက်သေးတယ် ဘယ်အချိန်မှများ အဆုံးသတ်မှာလဲကွာ …… “
ရှောင်ဟေး : “ … “
ရှောင်ဟေးမှာ တိတ်ဆိတ်ငြိမ်သက်ကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ အသက်နှစ်ဆယ်မှာ မွေးရာပါ ဝိညာဥ် အဆင့်၈ကိုပဲ ရောက်သေးတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ လူစကားရော ဟုတ်ရဲ့လား။ သူက ထိုကောင့်ကို အသေရိုက်သတ်ချင်နေသော်လည်း ထိုအကောင့်ထံတွင် တစ်ခြားသော စိတ်ခံစားချက်များ ရှိမနေခဲ့ပေ။
၎င်းက အတော်ပင် ဒေါသထွက်ဖွယ်ကောင်းလှသည်။
အဆုံးတွင် သူသည် စကားတစ်ခွန်းမှမပြောဘဲ လှည့်ထွက်သွားခဲ့သည်။ ၎င်းမှာ သူက ထိုကောင့်ကို အနိုင်မတိုက်နိုင်သောကြောင့်သာလျှင် ဖြစ်သည် ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူက ထိုအကောင့်ကို တိုက်ခိုက်ခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။
ရှောင်ဟေးထွက်သွားသည့််နောက်တွင် လုချန်ရှန်းမှာ အသာအယာ သက်ပြင်းချကာ ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် အမှောင်ရိပ်တစ်ခုက သူ၏ အမြင်အာရုံကို တားဆီးပိတ်ဆို့လာခဲ့သည်။
“ ဘယ်သူလဲ “
ပုံရိပ်တစ်ခု ပေါ်ထွက်လာကာ လုချန်ရှန်းမှာ အရှေ့သို့ စိုက်ကြည့်နေတော့သည် မှင်ကဲ့သို့ မည်းနက်နေသည့် အနက်ရောင် အလင်းတန်းတစ်ခုက သူ၏ခြေထောက်များအောက်မှ ပျံ့လွင့်လာကာ မြေပြင်တစ်လျှောက် စီးဆင်းသွားခဲ့သည်။ အမှောင်ထုအတွင်းတွင် ပုံရိပ်တစ်ခု ဖြစ်တည်လာကာ ၎င်းက အေးစက်စက် အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့သည်။
“ လမ်းကြောင်းတောင် မပေါ်သေးတာကို တစ်ယောက်ယောက်က ရောက်နေပြီလား “
“ မင်းက တော်တော်လေး တော်တာပဲ။ ငါနဲ့လိုက်ခဲ့ အဆုံးမဲ့ အောင်မြင်မှုတွေ ရစေရမယ်လို့ ငါအာမခံတယ် “
လုချန်ရှန်းသည် ရုတ်တရက် ပေါ်ထွက်လာသည့် ထိုလူ့ကို စိုက်ကြည့်ကာ သူ၏ စကားများကို အတော်ပင် နားမလည်နိုင် ဖြစ်သွားခဲ့သည်။ သူသည် ထိုလူ့ကို ကြည့်ရုံသာ ကြည့်နေခဲ့ပြီး စကားပြန်မပြောလိုက်ပေ ထို့အစား သူ၏လက်ကို မြှောက်ကာ သတ်ဖြတ်ရန်အတွက် အရှေ့သို့ ရိုက်ချလိုက်၏။
ဟမ်
အသစ်ရောက်ရှိလာသူက တအံ့တဩဖြစ်သွားပြီး တစ်ဖက်လူက ဤမျှလောက် ဆုံးဖြတ်ချက် ပြတ်သားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လုချန်ရှန်းက ဘာမှမပြောလိုက်ပေ။ သူ့ထံတွင် မေးခွန်းပေါင်းများစွာ ရှိနေခဲ့သော်လည်း ထိုလူက လူကောင်းမဟုတ်သည်မှာ သိသာလွန်းနေခဲ့သည်။ သူ၏လေသံများအရ သူဘာလုပ်မလဲဆိုသည်ကို ရေရေရာရာ မသိရသောကြောင့် အရင်ဦးဆုံး တိုက်ခိုက်ခြင်းကသာလျှင် ပိုကောင်းပေသည်။
ထိုအခိုက်အတန့်တွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး အသစ်ရောက်ရှိလာသူ၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
“ ဟက် စိတ်ဝင်စားဖို့ကောင်းတယ် ဒါပင်မဲ့ မင်း ……….. “
သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်နေသည့် အရိပ်အငွေ့များ ကိန်းအောင်းနေလျက်ရှိကာ တစ်ချိန်တည်းမှာပင် မိမိကိုယ်ကို ယုံကြည်နေသည့် အရိပ်အငွေ့တို့ဖြင့် ပြည့်နှက်နေခဲ့၏။
သူက တစ်ချက်လေးပင် မလှုပ်ရှားခဲ့ပေ သူ၏ပတ်ပတ်လည်တွင် မှင်ကဲ့သို့သော အလင်းတန်းတစ်ခုက လှောင်အိမ်တစ်ခုကဲ့သို့ လိမ်ယှက်နေကာ လုချန်ရှန်းကို ဖုံးလွှမ်းသွားခဲ့သည်။
သို့သော် လုချန်ရှန်း၏ အဆိုပါ တိုက်ခိုက်မှု ကျဆင်းသွားသည့် အချိန်တွင် သူ့မျက်ဝန်းများအတွင်းတွင် ရှိနေသည့် ယုံကြည်မှုများ ပြိုပျက်သွားခဲ့သည်။
သူ၏အမူအရာ လုံးဝပြောင်းလဲသွားခဲ့သည်။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် စွမ်းအားက အထွတ်အထိပ် ရောက်နေခဲ့ပြီ ဖြစ်သည် သို့သော် ၎င်းက အဆိုပါ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် လုံးဝပျက်စီးသွား၏။
သူသည် တားဆီးပိတ်ဆို့ရန်အတွက် သူ၏လက်ကို အလိုအလျောက်မြှောက်မိသွားခဲ့သည် သို့သော် သူ၏လက်မောင်း ပေါက်ကွဲသွားကာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်း အများစု ပြိုကွဲပျက်စီးသွားခဲ့သည်။ သူသည် လုချန်ရှန်းအရှေ့တွင် ဒူးထောက်ကျသွားတော့သည်။
“ မင်း ……. “
လုချန်ရှန်းကမူ သူ့အရှေ့တွင် ဖိနှိပ်ခံထားရသည့် လူကို ကြည့်ကာ စကားပြောလိုက်သည် “ အခု ငါမေးမယ် မင်းကဖြေ။ မင်းက ဘယ်သူလဲ ဘယ်လိုလုပ် ဒီကိုရောက်နေရတာလဲ မင်းဘာလိုချင်နေတာလဲ။ မဖြေခင် သေချာစဥ်းစားထား အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါမင်းကို အသေခုတ်ပိုင်းပစ်မယ် “
အသစ်ရောက်ရှိလာသူ၏ မျက်နှာပေါ်တွင် အကြောက်တရားများ ဖြစ်တည်လာခဲ့သည်။ သူသည် သူက မည်ကဲ့သို့သော မွန်းစတားမျိုးနှင့် ရင်ဆိုင်ခဲ့ရလဲဆိုသည်ကို နားမလည်နိုင်ဖြစ်သွားသော်လည်း လိမ္မာပါးနပ်စွာ ပြန်ဖြေလိုက်သည် “ ကျွန်တော်က ဝူဝမ်ပင်လယ်ရဲ့ တစ်ခြားတစ်ဖက် လာတာပါ။ ဒီနေရာမှာ စွမ်းအင်လှိုင်းတွေ ခံစားမိလို့ တစ်ယောက်ယောက်ကို ပြန်ခေါ်သွားဖို့အတွက် ကြီးမြတ်တဲ့ ပုဂ္ဂိုလ်က ကျွန်တော့်ကို လွှတ်လိုက်တာပါ “
“ ဝူဝမ်ပင်လယ်ရဲ့ တစ်ခြားတစ်ဖက်လား။ အဲ့တာက ဘယ်လိုနေရာမျိုးလဲ “
“ အဲ့တာက ကျွန်တော်ရဲ့ ဘိုးဘွားနယ်မြေ မဟာမြင့်မြတ်နယ်မြေပါ “
“ ဘာပေါက်ကရတွေလဲ “ လုချန်ရှန်းက နားမလည်နိုင်ဖြစ်သွားကာ ထပ်မံ၍ မမေးမြန်းချင်တော့ပေ။ သူ၏လက်ကို မြှောက်၍ သူ၏ နတ်အတွေးကို တစ်ဖက်လူ၏ ရှေးဦးဝိညာဥ်ဆီသို့ ကျူးကျော်ခိုင်းလိုက်ကာ သူကိုယ်တိုင် စူးစမ်းလေ့လာနေတော့သည်။
သူတည်ရှိနေသည့် နေရာနှင့် မည်သို့မျှ မကွာခြားသည့် တစ်ချို့သော ကိစ္စများကို အကြမ်းဖျင်း သိရှိသွားခဲ့သည်။ သို့ရာတွင် ပိုမိုနက်နဲသော ကိစ္စများကို ကြိုးပမ်းလိုက်သည့် အချိန်တွင် အသစ်ရောက်ရှိလာသူက သွေးမြူထုအဖြစ် ချက်ချင်းပေါက်ထွက်သွားခဲ့သည်။
ဟမ်
လုချန်ရှန်းက ၎င်းကို စိုက်ကြည့်နေတော့သည်။ သူ့အား ရှာဖွေစစ်ဆေးခြင်း မပြုရန် တားဆီးနေသည့် စွမ်းအားတစ်ခု ရှိနေခဲ့သည် ယခုလေးတင် သူ့ကို အဖျားခတ်မိခဲ့သည့် စွမ်းအားက အမှန်ပင် အံ့ဖွယ်ကောင်းလှသည် မွေးရာပါ ဝိညာဥ်ပညာရှင်ကပင် ၎င်းကို မခုခံနိုင်သလောက်နီးပါး ဖြစ်သွားခဲ့သည်။
သူသည် သွေးများက ပင်လယ်ပြင်တွင် ပြန့်ကျဲကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေခဲ့၏။ ကမ်းစပ်သို့ ပြန်ရောက်ရောက်လာသည့် အချိန်တွင် အနက်ရောင် ပုံရိပ်များ ပြန်လည်ပေါ်ထွက်လာကာ အသွေးအသားများကို အလုအယက် ဝါးမြိုနေကြတော့သည်။
သူသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
အချိန်အတော်ကြာ တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာ သူ၏ဒဏ်ရာများကို စတင်၍ ကုသကာ တစ်ခြားလူတစ်ဦးဦး ထပ်မံ၍ ရောက်ရှိလာမည်လားဆိုသည်ကို စောင့်ကြည့်နေတော့၏ သို့သော် အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီးသည့်နောက်မှာပင် မည်သူမှ မပေါ်လာခဲ့ပေ။
ထို့နောက်တွင် သူသည် လှည့်လည်သွားလာကာ တာအိုနားထောင်ခြင်း ငါးမျှားခြင်းနှင့် ရံဖန်ရံခါတွင် ပင်လယ်ပြင်သို့ ရွက်လွှင့်ခြင်းတို့ ပြုလုပ်နေခဲ့ကာ ထူးဆန်းသော ပစ္စည်းတော်တော်များများကို မြင်တွေ့ခဲ့ရ၏။
ဥပမာအားဖြင့် ပင်လယ်ပြင်တွင် တောင်တစ်လုံး အရွယ်မျှ ကြီးမားသည့် ဧရာမ အရိုးစုတစ်ခု မျောလွင့်နေလျက်ရှိကာ ၎င်း၏ အသွေးအသားနှင့် သွေးများ ပုတ်သိုးဆွေးမြေ့နေသည်မှာ အတော်ကြာနေခဲ့ပြီဖြစ်ပြီး ရှေးဟောင်းအငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေလျက်ရှိသည်။
သို့သော် ၎င်းပေါ်တွင် မပျောက်ကွယ်သွားသေးသည့် ဖိအားတစ်ခု ရှိနေစဲဖြစ်ပြီး ၎င်းမှာ အသက်ရှိစဥ် အချိန်က အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခုဖြစ်ခဲ့ပေမည်။
သူသည် ၎င်းတို့ကို ထပ်မံ၍ မြင်တွေ့ခဲ့ရ၏ နတ်စွမ်းအား အငွေ့အသက်များကိုပင် ထုတ်လွှတ်နေသည့် နတ်အရိုးများလည်း ရှိနေခဲ့ပြီး တစ်ချို့က လူပုံသဏ္ဍာန်ဖြစ်ကာ တစ်ချို့က သားရဲပုံသဏ္ဍာန်ဖြစ်နေခဲ့ပြီး ၎င်းတို့အားလုံးက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
သူသည် ပင်လယ်ထဲတွင် မျောလွင့်နေသည့် နတ်ဆေးလုံးများကိုပင် မြင်တွေ့ခဲ့ရ၏ သို့သော် ၎င်းတို့က မိစ္ဆာသဘာဝ စွန်းထင်းနေကာ အမှောင်စွမ်းအားတို့ဖြင့် တောက်ပနေလျက်ရှိပြီး လူတိုင်းကို အနားကပ်ရန် ကြောက်ရွံ့သွားစေခဲ့သည်။
လုချန်ရှန်းသည် ၎င်းတို့ကို စောင့်ကြည့်နေရင်းဖြင့် မနေနိုင်တော့ဘဲ ကန်းယွင်ကားချပ်ကို ငေးကြည့်မိသွားကာ စကားပြောလိုက်သည် “ မင်းက ကောင်းကင်ဝါးမျိုးငှက် မျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေရဲ့ အစီအရင် လုပ်ဆောင်မှုကို နှောင့်နှေးစေခဲ့ပြီးတော့ ငါ့ကို ဒီခေါ်လာခဲ့တယ် မင်းဘာလိုချင်နေတာလဲ “
“ ငါ့ရဲ့ လူယ်ဘဝကို ဒီလိုသောက်ကျိုးနည်း စွန့်ပစ်မြေနယ်ပယ်မှာ ကုန်ဆုံးနိုင်ဘူးနော်။ အများဆုံးအနေနဲ့ နှစ်ဝက်ပဲ ထပ်စောင့်ပေးမယ် တကယ်လို့ မင်းငါ့ကို ပြန်မခေါ်သွားဘူးဆိုရင် ငါသေရမယ်ဆိုရင်တောင်မှ ငါမင်းကို အိပ်သာကျင်းထဲ ပစ်ထည့်ခဲ့မယ် “
ဤမတိုင်ခင် အချိန်က သူသည် အဆိုပါ ဘိုးဘွားနယ်မြေအတွင်းတွင် ဖြစ်ပျက်ခဲ့သည့် အရာများက ကန်းယွင်ကားချပ်၏ လုပ်ဆောင်မှုဖြစ်ပုံရသည်ဆိုသည်ကို အတည်ပြုခဲ့ပြီးပြီ ဖြစ်သည်။ ယခုတွင်မူ သူသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းမိသွားခဲ့သည် သို့သော် ၎င်းသည် လူမိုက်တစ်ဦးအလား မာချင်ယောင်ဆောင်နေခဲ့ပြီး သူမည်မျှပင် ခေါ်ဆိုနေခဲ့ပါစေ အနည်းငယ် လှုပ်ရမ်းပြရုံမှလွဲ၍ မည်သည့်တုံ့ပြန်မှုကိုမှ ပြန်မပေးခဲ့ပေ။
ထို့ကြောင့် သူသည် နေရာတစ်ခုကို ရှာဖွေကာ ကျင်းတစ်ကျင်း စတူးနေတော့၏။
+-
………………………………………………………………………………………………………………………………………