အခန်း ၂၃၅
Vol. 16 Ch. 235
အပိုင်း ( 235 )
မျှော်လင့်ချက်ကို တွေ့ရပြီ
နောက်ကာလများအတွင်း၌ လုချန်ရှန်းမှာ ဤနယ်မြေအတွင်းတွင် ဆက်လက်၍ လမ်းပတ်လျှောက်နေခဲ့သည်။
သူသည် ငါးမျှားကာ တာအိုဟောကြားခြင်းကို နားထောင်နေခဲ့ပြီး အခွင့်အလမ်းများကို ခိုးယူရန်ပင် ကြိုးပမ်းနေခဲ့သည် သို့သော် ၎င်းက မည်သို့မျှ လွယ်ကူမနေခဲ့ချေ သူက ကွာခြားချက်ကို ဆုတ်ဖြဲကာ အနားသို့ ရောက်ရှိသွားသည့် အချိန်တိုင်းတွင် သူ့ကို တားဆီးရန်အတွင် တစ်ခြားသော အင်အားစုများ ပေါ်ထွက်လာခဲ့ကြသည်။
ထိုအဆင့်က လူတစ်ဦးက တစ်ကိုယ်တော် အပြီးသတ်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
“ လူတွေအတွက်က နည်းနည်းလေးတော့ ခက်တယ် “
ထို့နောက်တွင် လုချန်ရှန်းမှာ ပင်လယ်ပြင်သို့ လျှောက်လှမ်းသွားရာ အဝေးတွင် မျောလွင့်နေသည့် လှေငယ်တစ်စင်းကို ဆွဲယူကာ ငါးဆက်မျှားနေတော့၏။
တာအိုစွမ်းအင်များ ဆက်လက်၍ မြင့်တက်လာကာ ကောင်းကင်ထက်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုဖြစ်စဥ်အတွင်းတွင် လုချန်ရှန်းမှာ ဤကောင်းကင်နှင့်မြေပြင်က ပြောင်းလဲသွားပုံရကြောင်းကို သိရှိသွားခဲ့သည်။ အစတွင် ထူထဲသိပ်သည်းနေသော တိမ်သားတိမ်စိုင်များ ပွင့်ထွက်သွားပုံရကာ ကောင်းကင်ဘုံ အလင်းတန်းများ ကျဆင်းလာခဲ့၏။
သူ၏ စိတ်နှလုံးသားမှာ မတူညီသော ခံစားချက်များကို အဆက်မပြတ် ထုတ်လုပ်ပေးနေခဲ့၏။ ထူးခြားသော တစ်စုံတစ်ခုက သူ့နှင့်ပေါင်းစည်းသွားသည့်အလား ဖြစ်နေခဲ့သော်လည်း သူက ၎င်းကို အာရုံမခံမိသကဲ့သို့ မည်သို့မျှ ရှာမတွေ့ခဲ့ပေ။
ရက်ပေါင်းများစွာ ကျော်လွန်သွားခဲ့ကာ နှစ်လကျော် ကုန်ဆုံးသွားခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာ စိုးရိမ်တကြီး ဖြစ်လာခဲ့သည်။ သူသည် မည်ကဲ့သို့ အိမ်ပြန်ရမလဲဆိုသည်ကို မသိချေ ကန်းယွင်ကားချပ်ကမူ အရူးကွက်နင်းနေသေးစဲဖြစ်ပြီး မည်သို့မျှ မလှုပ်ရှားလာခဲ့ပေ ပို၍အရေးကြီးသောအရာမှာ သူက အဆိုပါ အခွင့်အလမ်းများကို မရရှိခဲ့ခြင်းပင် ဖြစ်သည်။
သူသည် လှပသော အဆိုပါ ပစ္စည်းများက တစ်နေ့ပြီးတစ်နေ့ ထိုနေရာတွင် ကျန်နေခဲ့သည်ကို စောင့်ကြည့်ရင်းဖြင့် ၎င်းတို့က အိုဟောင်းသွားမည်ကို စိုးထိတ်နေခဲ့သည်။
ရှောင်ဟေးကမူ ၎င်းတို့ကို မည်သို့မျှ ဂရုစိုက်မနေခဲ့ပေ။ သူသည် သင့်တော်သည့် မိစ္ဆာများကို နေ့စဥ်နေ့တိုင်း ရှာဖွေနေခဲ့ပြီး ထို့နောက်တွင် ဆက်တိုက် တိုက်ခိုက်သတ်ဖြတ်ကာ ဒဏ်ရာပလပွနှင့်အတူ ပြန်လာလေ့ရှိပြီး အရှင်လတ်လတ် ဝါးမျိုခံလိုက်ရမည့် ဖြစ်ရပ်များပင် အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့လေသည်။
သို့တိုင်အောင် သူက မည်သို့မျှ မောပန်းမနေခဲ့ချေ သူ၏ တိုက်ခိုက်ရေး စွမ်းအားမှာလည်း တိုးတက်လာခဲ့ပြီ ဖြစ်ကာ ယခင်ကထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းလာခဲ့၏။ သူ၏ ကျင့်ကြံရေးမှာလည်း မွေးရာပါ ဝိညာဥ် အဆင့်၆သို့ ရောက်ရှိနေခဲ့ပြီဖြစ်ကာ ၎င်းက သူ့ကို ဝမ်းသာပီတိဖြစ်သွားစေခဲ့၏။
လုချန်ရှန်းကမူ အပျော်လွန်နေသည့် ရှောင်ဟေးကို ကြည့်ကာ မနေနိုင်တော့ဘဲ ညီးတွားနေတော့သည် “ မိုက်မဲ့တဲ့ သောက်ကလေးကတော့ သေခါနီးနေပြီကို ပျော်နေတုန်းပဲ “
ဟူးးးးး
လုချန်ရှန်းသည် သက်ပြင်းတချချဖြင့် ငါးဆက်မျှားရန်အတွက် ပင်လယ်ကမ်းခြေသို့ ပြန်သွားတော့သည်။ ဤကမ္ဘာကြီးမှာ ကြည်လင်လာသည့် အရိပ်အငွေ့များကို ပိုင်ဆိုင်လာခဲ့ပြီး သူ့အပေါ်တွင် ရှိနေသည့် အဆိုပါ တာအိုတို့၏ သက်ရောက်မှုမှာလည်း အတော်အတန် လျော့ကျသွားခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် ၎င်းက သူ့အား တာအိုအမျိုးမျိုး၏ မတူညီသော နားလည်မှုအဆင့်များကို ပေးအပ်ခဲ့၏။
အဆိုပါ တာအိုချိန်းကြိုး အပိုင်းအစများက ကောလဟာလများအတိုင်း ဖြတ်တောက်ခံလိုက်ရပေါ်ကာ အမျိုးအစား တစ်ခုချင်းစီတိုင်းက အပိုင်းအစတစ်ခုအဖြစ် တည်ရှိနေခဲ့သည်။
သူသည် သူ့ပတ်ဝန်းကျင်တွင် ရှိနေသည့် သိမ်မွေ့သော အပြောင်းအလဲများကို အာရုံစိုက်မနေခဲ့ပေ ထို့အစား ငါးမျှားခြင်းကို အာရုံစိုက်နေခဲ့ပြီး ၎င်းကို အသုံးချကာ တာအိုနိယာမကို နားလည်ဆင်ခြင်နေခဲ့သည် ၎င်းက နောင်အနာဂတ်တွင် စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော အကျိုးအမြတ်ကို ရရှိလာမည် ဖြစ်သည်။
မည်သည့်အတွက်ကြောင့်ဆိုသည်ကို သူ မသိသော်လည်း ဤနေရာသို့ ရောက်လာခဲ့သည့် အချိန်ကတည်းက တာအိုဟောကြားခြင်းကို နားထောင်ခြင်းနှင့် ငါးမျှားခြင်းတို့ကို တစ်နေ့ပြီးတစ်နေ့ ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် သူသည် သူက ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းကို ခံရသည်ဟု ခံစားလာခဲ့ရသည်။
သူသည် စက္ကူလှေများကို နေ့စဥ်နေ့တိုင်း ကောက်ယူကာ ပင်လယ်ထဲသို့ ရွက်လွှင့်နေခဲ့၏။ သူသည် အဆိုပါ လှေများက အတော်ပင်ထူးခြားလှသည်ဟု အမြဲလိုလို ခံစားနေခဲ့ရပြီး ၎င်းတို့ကို မည်သူကပြုလုပ်ထားလဲဆိုသည်နှင့် ၎င်းတို့က မည်သည့်နေရာမှ ရောက်ရှိလာလဲဆိုသည်ကို မသိခဲ့ပေ။
သို့ရာတွင် မကြာခင် လပိုင်းအတွင်းက ၎င်းတို့၏ ရောက်ရှိမှုက ပိုမိုနည်းပါးလာခဲ့သည်။
လုချန်ရှန်းမှာ အတော်ပင် စိတ်အေးလက်အေး ဖြစ်နေခဲ့၏။ ၎င်းက သူ့အတွက် ပြီးပြည့်စုံသော ဆုံးရှုံးမှုတစ်ခု ဟုတ်မနေခဲ့ပေ သူက မိုးကြိုးတာအို ချိန်းကြိုးအပိုင်းအစများကို ဖမ်းယူခဲ့သည့် အချိန်တိုင်းတွင် အတွေးအမြင်များ ရရှိခဲ့ပြီး သူ၏ မိုးကြိုးတာအို နိယာမကပင် ပိုမိုတိုးတက်လာခဲ့၏။
အစတွင် သူသည် တစ်ကမ္ဘာလုံးက ငြိမ်းချမ်းသည်ဟု ထင်နေခဲ့သည် သို့သော် အဆုံးတွင် ကန်းယွင်ကားချပ်က စတင်၍ လှုပ်ရှားလာခဲ့ကာ သူ့ကို အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။
သို့ရာ၌ တစ်နေ့တွင် သူက လှေငယ်ပေါ်တွင် ခါတိုင်းကဲ့သို့ ငါးမျှားနေစဥ် အချိန်မှာပင် မူလက တိတ်ဆိတ်ငြိမ်သက်နေသည့် နယ်မြေမှာ ရုတ်တရက် ဆူညံလာခဲ့သည်။
ကမ်းစပ်တွင် ခြေရာများ ပေါ်ထွက်လာကာ တစ်စုံတစ်ဦး ရောက်ရှိလာခဲ့၏။
တစ်စုံတစ်ဦး ချဥ်းကပ်လာသည်ကို အာရုံခံမိသွားသောအခါတွင် သူချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။ တစ်ယောက်ယောက်လာပြီလား။ မျှော်လင့်ချက်လေး ရောက်လာပြီလား။
၎င်းမှာ ယခင်က သူမြင်တွေ့ခဲ့ရသည့် သရဲတစ္ဆေပုံရိပ်များ မဟုတ်ဘဲ တောင်ပိုင်းဒေသ မိုးကြိုးငှက်မျိုးနွယ်စုမှ ရောက်ရှိလာသည့် လူတစ်ဦးပင် ဖြစ်နေခဲ့သည်။
သူ့အနောက်မှ ပုံရိပ် အများအပြား လိုက်ပါလာခဲ့ပြီး သူတို့မှာလည်း ပင်လယ်ပြင်တွင် ငါးမျှားနေသည့် လုချန်ရှန်းကို မြင်တွေ့သွားကာ တအံ့တဩဖြင့် အော်ပြောနေတော့၏။
“ ဒီမှာ တစ်ယောက်ယောက် ရှိနေတယ် “
အသံတစ်သံ ဟိန်းထွက်လာခဲ့ကာ လူတိုင်းက အာရုံစိုက်၍ စိုက်ကြည့်လာကြသည်။ သူတို့သည် အဝေးရှိ ပင်လယ်ပြင်တွင် လှေငယ်တစ်စင်းရှိနေကာ ထိုလှေပေါ်တွင် ပုံရိပ်တစ်ခုက ထိုင်လျက်သားဖြင့် ငါးမျှားနေသည်ကို မြင်တွေ့သွားကြသည်။
သို့ရာတွင် အနက်ရောင် ပုံရိပ်ကိုသာ မြင်တွေ့ခဲ့ရပြီး မည်သည့်အရာကိုမျ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ အဘယ့်ကြောင့်ဆိုသော် ပင်လယ်ပြင်ကို ဖုံးလွှမ်းနေသည့် မြူခိုးများ ရှိနေသေးသောကြောင့် ဖြစ်သည်။
“ တစ်ယောက်ယောက်က ဒီကိုအရင်ရောက်နေတာများလား “ သက်လတ်ပိုင်း လူတစ်ဦးမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
လူတိုင်း စောင့်ကြည့်နေလျက်ရှိပြီး ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် တစ်ခြားလူတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ မင်းဘယ်သူလဲ မင်းက ဘယ်ကလဲ “
“ နတ်ဘုရား သန့်စင်ခြင်း နန်းတော်လား “
လုချန်ရှန်းကမူ အငွေ့အသက်ကို အာရုံခံမိကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူက ထိုအင်အားစုကို အကောင်းမမြင်ပေ။
ချူလျူရှန်က သူ့ကိုအနိုင်ကျင့်ခြင်းသော်လည်းကောင်း ချူချန်ခုန်း၏ အထင်တသေး ဖိနှိပ်မှုသော်လည်းကောင်း ထိုလူအိုကြီးများက သူ့ကို နာကျင်အောင် ပြုလုပ်ချင်နေခြင်းသော်လည်းကောင်း သူသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့သည်။
အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း သူ၏စိတ်အတွင်းတွင် ၎င်းတို့က လတ်ဆတ်နေသေးကာ သူသည် သူ့စိတ်ထဲတွင် ရှိနေသည့် အမုန်းတရားကို မည်သို့မျှ မလွှတ်ချနိုင်ခဲ့ပေ။
တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် စကားသံတစ်သံ ထပ်မံပေါ်ထွက်လာခဲ့ပြန်သည် “ ငါမင်းကို စကားပြောနေတယ်လေ မင်းက ဘယ်လိုတောင် နှုတ်ဆိတ်နေရတာလဲ “
လုချန်ရှန်းကမူ ၎င်းကို လျစ်လျူရှုထားကာ ဘာဆက်လုပ်သင့်လဲဆိုသည်ကို တွေးတောစဥ်းစားနေတော့သည်။
သူသည် ရှောင်ဟေးကို စိတ်မပူပေ။ လွန်ခဲ့သော နှစ်ရက်က ရှောင်ဟေးက သူ့ဆီမှ လှေတစ်စီးတောင်းယူခဲ့ကာ ပင်လယ်ပြင်ကို ကျော်ဖြတ်ကာ တောင်ထိပ်ပေါ်ရှိ ယဇ်ပုလ္လင်ဆီသို့ ခရီးထွက်သွားခဲ့သည်။ သူက လှုပ်ခတ်မှုတစ်ခုခုကို ကြားလိုက်ရပါက ပုန်းအောင်းဖို့ မသိရလောက်သည်အထိ မိုက်မဲနေမည် မဟုတ်ပေ။
လုချန်ရှန်းက မည်သို့မျှ မတုံ့ပြန်သောကြောင့် စကားပြောလာခဲ့သူမှာ အေးစက်စက် နှာခေါင်းရှုံ့နေခဲ့ပြီး အမူအရာမှာလည်း အနည်းငယ် ရုပ်ဆိုးသွားခဲ့ကာ သူက လုပ်ဖော်ကိုင်ဖက်များ၏ အရှေ့တွင် မျက်နှာပျက်သွားရသည်ဟု ခံစားနေရတော့၏။
“ ငါမင်းကို စကားပြောနေတယ်လေ မင်းက ငါ့ကို အထင်သေးနေတာလား “
ထိုလူ၏ မျက်လုံးများ မည်းမှောင်သွားကာ ပင်လယ်ပြင်ဆီသို့ ခြေတစ်လှမ်းလှမ်းလာခဲ့လေသည်။ လုချန်ရှန်းကမူ နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ လူများက အတော်ပင် မောက်မာလွန်းလှကာ အတင့်ရဲလွန်းနေသည်ဟု ထင်သွားခဲ့သည်။
အနားတွင် ရှိနေသည့် မိုးကြိုးငှက်သည် ၎င်းကို မြင်တွေ့နေခဲ့ရပြီး မကျေမနပ်ဖြစ်သွားခဲ့ကာ ထိုမျှမောက်မာနေရသည့်လူက မည်သူလဲဆိုသည်ကို သိချင်သွားခဲ့သည်။
သို့သော် မိုးကြိုးငှက်သည် သူ့ဘေးနားတွင် ရှိနေသည့် အဘိုးအိုတစ်ဦး၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။
“ အကြီးအကဲ ကျွန်တော် ……… “ မိုးကြိုးငှက်က စကားပြောရန်ပြင်လိုက်သည်။
အဘိုးအိုက စကားပြောလာခဲ့၏ “ ဒါက ဝူဝမ်နယ်မြေလေ မင်းက ဘယ်လိုလုပ် ပေါ့ဆနေရဲရတာတုန်း။ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က လူကို အရင်သွားခိုင်းလိုက် “
ထို့နောက်တွင် သူက အရှေ့သို့ ငေးကြည့်နေတော့သည်။
ထိုအခိုက်အတန့်တွင် နတ်ဘုရား သန့်စင်ခြင်း နန်းတော်က လူမှာ ပင်လယ်ပြင်အတွင်းသို့ ဝင်ရောက်ကာ လုချန်ရှန်းဆီသို့ ဦးတည်သွားခဲ့သည်။ သို့ရာတွင် သူ ခြေလှမ်းလှမ်းလိုက်သည့် အချိန်တစ်ခဏလေးမှာပင် ရေပြင်အတွင်းမှ ခြောက်ကပ်ကပ်ဖြစ်နေသည့် အနက်ရောင် လက်တစ်ဖက် ပေါ်ထွက်လာခဲ့ကာ သူ့ကို ဆွဲခေါ်လာခဲ့၏။
ဟမ်
ချက်ချင်းဆိုသလိုပင် အားလုံး၏ အမူအရာများ တင်းကြပ်သွားကာ သူတို့၏မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
ထိုလူသည် အနက်ရောင်လက် ဆန့်တန်းလာသည်ကို စောင့်ကြည့်နေရင်းဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် သူ၏မှော်စွမ်းအား မြင့်တက်လာခဲ့ကာ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်တစ်ခု ဖြစ်တည်လာခဲ့ပြီး အနက်ရောင်လက်ကို ချက်ချင်းဖြတ်တောက်ကာ ပင်လယ်ပြင်အတွင်းသို့ ကျဆင်းသွားစေခဲ့၏။
“ ဟမ့် ကလေးကွက်တွေ “ သူသည် ပြတ်တောက်သွားသည့် လက်ကို ငေးကြည့်ကာ မထီမဲ့မြင်ပြု၍ လှောင်ပြောင်လိုက်သည်။
“ ဟူးးး “
လုချန်ရှန်းကမူ အသာအယာ သက်ပြင်းချကာ ဘာမှပြန်မပြောလိုက်ပေ။ သူသက်ပြင်းချနေသည့် အချိန်မှာပင် ထိုလူက ထပ်မံ၍ ရွေ့လျားရန်ပြင်လိုက်သည် သို့သော် ထိုစဥ် ရေပြင်အတွင်းမှ နောက်ထပ်လက်တစ်ဖက် ပေါ်ထွက်လာခဲ့ကာ သူ၏ခြေကျင်းဝတ်ကို ဆွဲကိုင်လာခဲ့၏။
သူသည် မျက်မှောင်ကြုတ်သွားကာ သူ၏မှော်စွမ်းအားကို ထပ်မံ၍ နှိုးဆွလိုက်ပြီး ထို့နောက်တွင် ၎င်းကို ခုတ်ပိုင်းလိုက်၏ သို့သော် ဤတစ်ကြိမ်တွင်မူ ဟိန်းဟောက်သံတစ်သံ ပျံ့လွင့်လာခဲ့ကာ အရာအားလုံး ရပ်တန့်သွားပုံရ၏။
“ ဘာကြီးလဲ “
သူသည် တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်သွားကာ ခြေကျင်းဝတ်ထံမှ ရောက်ရှိလာသည့် နာကျင်မှုကို ခံစားလိုက်ရ၏။ ထိုလက်က သူ၏အရိုးများကို ကျိုးကြေသွားစေပုံပေါ်၏။
၎င်းသာလျှင် မဟုတ်ဘဲ ပိုများသော အနက်ရောင် လက်များစွာ ရောက်ရှိလာခဲ့ပြီး အားလုံး၏ အရှေ့မှာပင် သူ့ကို ပင်လယ်အတွင်းသို့ ဆွဲချသွားကာ ပင်လယ်ရေကို နီရဲသွားစေခဲ့၏။
“ အဲ့တာက ……. “
လူအုပ်ကြီး၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် သူတို့အားလုံးကို ကျောချမ်းသွားစေသည့် အရှိန်အဝါတစ်ခုကို ယခုလေးတင် ခံစားလိုက်ရ၏။ လူတိုင်း တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုချန်ရှန်းကမူ အသာအယာ ခေါင်းခါရမ်းကာ ထိုလူက မောက်မာလွန်းကာ ပေါ့ဆတတ်သည်ဟုသာ ခံစားသွားခဲ့ရသည်။
သူဘာလုပ်သင့်လဲဆိုသည်ကို တွေးတောစဥ်းစားနေသည့် အချိန်မှာပင် သူ့လက်ထဲတွင် ရှိနေသည့် ငါးမျှားတံက စတင်၍ လှုပ်ရှားလာခဲ့သည် ငါးမျှားကြိုးမှာ ချက်ချင်းတင်းကြပ်သွားပြီး ဆွဲအားတစ်ခု မြင့်တက်လာတော့သည်။
၎င်းကို လူတိုင်းက စောင့်ကြည့်နေခဲ့ပြီး ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် ရေများ ပန်းတက်လာကာ လုချန်ရှန်းက သူ၏လက်ကို မြှောက်လိုက်သည့်အချိန်တွင် ချိန်းကြိုးတစ်ခု ပေါ်ထွက်လာခဲ့ကာ သူ့လက်အတွင်းသို့ ဆင်းသက်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် ပြင်ပပစ္စည်းများနှင့် ကွဲပြားသည့် အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့၏။ အားလုံးသည် သူ့လက်ကို ရစ်ပတ်ထားသည့် ချိန်းကြိုးကို ကြည့်ကာ ထိတ်လန့်တကြားဖြင့် အံ့ဩတုန်လှုပ်သွားကြသည်။
+-
………………………………………………………………………………………………………………………………………