← Chapters

အခန်း ၂၃၆

Vol. 16 Ch. 236

အခန်း ၂၃၆

Vol. 16 Ch. 236

အပိုင်း ( 236 )

စီနီယာလား။ ဟုတ်တယ် အဲ့တာက အမှန်ပဲ

ပင်လယ်ရေ မျက်နှာပြင်အထက်တွင် လှိုင်းတွန့်လေးများ ပျံ့လွင့်လာခဲ့ပြီး ၎င်း၏ အောက်ဘက်တွင် အနက်ရောင် ပုံရိပ်များစွာ ပြေးလွှားနေလျက်ရှိသည်။

ထိုအခိုက်အတန့်တွင် ငါးစာလာဟပ်မှုနှင့်အတူ လုချန်ရှန်းမှာ သူ၏စိတ်ကို ကြည်လင်အောင် ပြုလုပ်ကာ ဂရုတစိုက် အာရုံခံနေခဲ့ပြီး ထိုဖြစ်စဥ်ကို ထပ်ခါတလဲလဲ အကြိမ်ပေါင်းများစွာ ပြုလုပ်နေခဲ့သည်။

သူသည် သတိတကြီး စူးစမ်းလေ့လာနေကာ အခြေခံအကျဆုံးနှင့် အသိစိတ်ရှိသော တာအိုကို ခံစားကြည့်နေတော့သည်။

လူအုပ်ကြီးကမူ ကမ်းစပ်တွင် မတ်တပ်ရပ်နေကြကာ ဘာပြောရမှန်းမသိ ဖြစ်သွားကြ၏။

သို့သော် မိုးကြိုးငှက် အကြီးအကဲ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်သွားကာ တုန်တုန်ရင်ရင်ဖြင့် စကားထပ်ပြောလာခဲ့သည် “ နိယာမ ချိန်းကြိုး။ သူပင်လယ်ထဲကနေ ဆွဲထုတ်လိုက်တဲ့ဟာက နိယာမ ချိန်းကြိုးတစ်ခုပဲ “

“ ဘာဖြစ်တယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် တစ်ခြားလူများကပါ စူးစူးရဲရဲ စိုက်ကြည့်လာကြ၏။ ယခုတွင် ဟွာရှုနယ်ပယ် ပညာရှင်‌ တော်တော်များများပင် ရှိနေခဲ့ပြီး ထိုနယ်ပယ်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင် သူတို့က နိယာမ စွမ်းအားဖြင့် စတင်၍ ထိတွေ့လာရပြီဖြစ်ကာ ၎င်း၏ဇစ်မြစ်နှင့် အကျိုးသက်ရောက်မှုများက မည်သည့်အရာများဖြစ်လဲဆိုသည်ကို သိရှိနေကြ၏။

တစ်ချိန်တည်းမှာပင် တစ်ခြားလူများက တစ်ခြားသော အရာတစ်ခုခုကို ရှာဖွေတွေ့ရှိသွားကြသည်။

သက်လတ်ပိုင်းလူတစ်ဦးသည် ထိုနေရာသို့ စိုက်ကြည့်နေလျက်ရှိသည်။ သူက ရှင်းရှင်းလင်းလင်း မမြင်တွေ့ခဲ့ရသော်လည်း တစ်စုံတစ်ခုကို အာရုံခံမိသွားကာ တအံ့တဩဖြင့် အော်မိသွားခဲ့သည် “ အဲ့တာက ဓားဆန္ဒပဲ “

“ ဘာဓားဆန္ဒလဲ “ တစ်ခြားလူများမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

ထိုလူက ပြန်ပြောလိုက်သည် “ သူ့ရဲ့ ငါးမျှားကြိုးကို ဓားဆန္ဒနဲ့ ဖန်တီးထားတာ “

ထိုစကားလုံးက လူတိုင်းကို ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့ပြန်သည် ဓားဆန္ဒကို ငါးမျှားကြိုးအဖြစ် အသွင်ပြောင်းခြင်းက အံ့ဖွယ်ကောင်းသော နည်းလမ်းတစ်ခု ဖြစ်သည်။

သာမန်လူများက စူးရှထက်မြိကာ ပြိုင်ဘက်ကင်းသည့် ဓားတာအိုကို ကျင့်ကြံလေ့ရှိပြီး ရန်သူကို သတ်ဖြတ်ရန်အတွက် သူတို့၏ ဓားများကို ကိုင်ဆောင်လေ့ရှိကြသည် သို့သော် ထိုလူကမူ ဓားဆန္ဒအား နိယာမချိန်းကြိုးများကို ဖမ်းယူမည့် ငါးမျှားကြိုးတစ်ခုအဖြစ် အံ့ဖွယ်ကောင်းအောင် အသုံးပြုနေလျက်ရှိသည်။

သူတို့သည် သူက မည်ကဲ့သို့သော နယ်ပယ်မျိုးသို့ ရောက်ရှိနေသောကြောင့် ဓားဆန္ဒကို ထိုကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနေနိုင်လဲဆိုသည်ကို မမှန်းဆနိုင် ဖြစ်သွားကြသည်။

သူတို့သည် ထိုမြင်ကွင်းကို စိုက်ကြည့်နေရင်းဖြင့် တစ်ခဏခန့် မှင်သက်သွားကာ မယုံကြည်နိုင် ဖြစ်သွားကြ၏။

သို့ရာ၌ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းက သူ့လက်ထဲတွင် ရှိနေသည့် ချိန်းကြိုးကို ငေးကြည့်ကာ ဖြည်းဖြည်းချင်း လက်လွှတ်လိုက်သည် ထို့နောက်တွင် အဆိုပါ ချိန်းကြိုးက ကောင်းကင်ထက်သို့ ပျံတက်သွားကာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်ထက်ရှိ ထူထဲသိပ်သည်းသော တိမ်သားတိမ်စိုင်များ လွင့်စင်သွားကာ ကြည်လင်သော ကောင်းကင်ပြင်ကို ဖွင့်ဟလာခဲ့ပြီး ကောင်းကင်ဘုံ အလင်းတန်းတစ်ခု ဆင်းသက်လာကာ လှေငယ်အပေါ်သို့ ဖြာကျသွားခဲ့သည်။

ကောင်းကင်ဘုံ၏ အလင်းတန်းက ၎င်းကို ထွန်းလင်းတောက်ပသွားစေပြီး မြင့်မြတ်ကာ သန့်ရှင်းစင်ကြယ်သည့် အရှိန်အဝါတစ်ခုကို ဖန်တီးပေးလိုက်သည့်အလား ဖြစ်နေခဲ့၏။

လူတိုင်း၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့၏ မျက်နှာများပေါ်တွင် ယခင်က ရှိနေခဲ့သည့် ရိုသေလေးစားမှုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ လူတစ်ချို့မှာ အရိုအသေပေး၍ ဦးညွတ်နေကြပြီး ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးကပင် မည်သို့မျှ မမောက်မာရဲတော့ပေ။

သူတို့သည် အကယ်၍ သူတို့က ထိုနယ်ပယ်သို့ ရောက်သွားမည်ဆိုလျှင်တောင်မှ ထိုကဲ့သို့ မစွမ်းဆောင်နိုင်ဘူးဆိုသည်ကို သိရှိနေကြသည်။

“ စီနီယာ၊ ဒေါသမထွက်ပါနဲ့။ ကျွန်တော်တို့က ခုနတုန်းက သတိလက်လွတ်ဖြစ်နေလို့ပါ စီနီယာ့ကို သတိမပြုမိခဲ့လို့ပါ “ ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးက စကားလှမ်းပြောလိုက်၏။

လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။ စီနီယာလား။

သူက ထိုလူများကို ရန်သူအဖြစ်သတ်မှတ်ထားကာ မည်ကဲ့သို့ ရှင်းလင်းရမလဲဆိုသည်ကို တွေးတောစဥ်းစားနေသေး၏၊ သို့သော် သူတို့က သူ့ကို စီနီယာတစ်ဦးအဖြစ် သတ်မှတ်နေကြ၏။ ၎င်းမှာ အမှန်ပင် လွန်လွန်းလှသည်။

သို့ရာတွင် ဒုတိယအကြိမ် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင်မူ တစ်ခဏခန့် စီနီယာတစ်ဦး ဖြစ်ရခြင်းမှာ သိပ်မဆိုးလှပေ။ ထိုအတွေးနှင့်အတူ သူ၏ နည်းစနစ်ကို အသက်သွင်းလိုက်ရာ သူ၏ အသွင်အပြင် ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူသည် ဆံပင်ဖြူနှင့် ဖြူဖွေးသော မုတ်ဆိတ်မွှေးများကို ပိုင်ဆိုင်ထားသည့် အဘိုးအိုတစ်ဦး ဖြစ်သွားခဲ့သည်။

ယခုတွင် သူက မည်သည့်ရှုထောင့်တွင်မဆို လေးစားဖွယ်ကောင်းသည့် အကြီးအကဲတစ်ဦးအလား ဖြစ်သွားခဲ့ပြီဖြစ်သည်။

သူ့ထံတွင် တစ္ဆေမြက်မရှိသည်က နှမြောဖွယ်ကောင်းလှသည်။ ထို့ကြောင့် ရုပ်ဖျက်ခြင်းကို အပြည့်အဝ မပြင်ဆင်နိုင်ဘဲ သူ၏ အစစ်အမှန်ပုံရိပ်ကို လူတိုင်းက ထောက်လှမ်းနေနိုင်သေးသည်။ သို့ရာတွင် သူသည် ကန်းယွင်ကားချပ်ကို အသုံးပြုကာ သူ့ကိုယ်သူ တိုက်ရိုက်ဖိနှိပ်လိုက်ပြီး သူ၏ချီကို ထောက်လှမ်း၍ မရအောင် လုပ်ဆောင်လိုက်သည်။

၎င်းတို့အားလုံးကို ပြုလုပ်ခဲ့ပြီးသည့်နောက်တွင်၊ သူသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့၏။

သို့ရာတွင် အချိန်အတော်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမှ မရှိဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင်၊ ထိုလူများက ကိုယ့်ကိုကိုယ် ရဲဆေးတင်ရင်းဖြင့် စကားထပ်ပြောလာခဲ့၏ “ စီနီယာ ခုနက လူက မရည်ရွယ်ဘဲ မောက်မာမိပြီးတော့၊ ရိုင်းပြမိသွားတာပါ။ သူ့ရဲ့ ကံကြမ္မာက ကိုယ်ပြုတဲ့ကံကို ကိုယ်ပြန်ခံရတာပါ။ စီနီယာ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ သူက မိစ္ဆာဝိညာဥ်တွေရဲ့ လက်ထဲမှာ သေသွားတာ။ အဲ့တာက ငါနဲ့ ဘာမှမဆိုင်ဘူး “

“ မိစ္ဆာဝိညာဥ်လား “

အားလုံးသည် ပင်လယ်ပြင်သို့ ငေးကြည့်နေမိတော့သည်။ လှိုင်းလုံးများအောက်ရှိ အနက်ရောင် အရိပ်များကို မြင်လိုက်ရသောအခါတွင်၊ သူတို့မှာ ကြောက်လန့်တကြား ဖြစ်ကာ၊ ကျောချမ်းသွားကြတော့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းက သူ၏ ငါးမျှားတံကို ဖယ်ထားရန် ပြင်လိုက်သည်။ ထိုစဥ် တာအိုအပိုင်းအစတစ်ခုက သူ၏လက်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူသည် ၎င်းကို ချက်ချင်း အာရုံခံနေခဲ့ပြီး အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် ၎င်းကို လွှတ်ပေးလိုက်သည်။

အရာရာတိုင်းက လူတိုင်း၏ အမြင်အာရုံအတွင်းသို့ ကျဆင်းသွားခဲ့၏။ သူတို့က ၎င်းကို မြင်လိုက်ရသောအခါတွင်၊ ၎င်းက ပိုမိုရှင်းလင်းလာခဲ့ကာ ကောင်းကင်ဘုံ အလင်းတန်းမှာလည်း သူ့အပေါ်သို့ ထပ်မံ၍ ကျဆင်းလာခဲ့ပြန်သည်။ သန့်စင်သော အလင်းတန်းများ လိမ်ယှက်ကာ သူ့ခြေထောက်များ အောက်ရှိ လှေငယ်မှာလည်း ကမ်းစပ်ဆီသို့ စတင်၍ ရွေ့လျားလာခဲ့၏။

လူတိုင်း ငေးကြည့်နေကြပြီး လောကီရေးရာနှင့် ကင်းဝေးနေပုံရကာ အင်မော်တယ်တစ်ပါး၏ စိတ်ထားမျိုးကို ပိုင်ဆိုင်ထားသည့် အကြီးအကဲတစ်ဦးက သူတို့အားလုံး၏ အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူက လူအုပ်ကြီးကို ငေးကြည့်လိုက်သည့် အချိန်တွင် သူ၏မျက်ဝန်းများအတွင်းတွင် မည်သည့်စိတ်ခံစားချက်မှ မဖြစ်ပေါ်လာခဲ့ပေ။ သူသည် လှေငယ်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။

သူ၏လက်ကို ဆန့်တန်းလိုက်သည့် အချိန်တွင် အဖြူရောင်လှေငယ်က ဆက်တိုက်ကျုံ့ဝင်သွားပြီး လက်ဝါးအရွယ်အစားအဖြစ် အသွင်ပြောင်းကာ ပျောက်ကွယ်သွားခဲ့သည်။

“ စက္ကူလှေ “

၎င်းက လူတိုင်းကို ထပ်မံ၍ အံ့အားသင့်သွားခဲ့ပြန်သည်။

၎င်းသာလျှင် မဟုတ်ပေ သူတို့က သူတို့အရှေ့တွင် ရှိနေသည့် အကြီးအကဲကို စူးစမ်းလေ့လာနေသည့် အချိန်တွင် သူက သာမန်အကြီးအကဲတစ်ဦးဖြစ်နေသည့်ပမာ သူ့ထံမှ မည်သည့်စွမ်းအင်လှိုင်း အတက်အကျကိုမှ အာရုံမခံမိကြပေ။

သို့တိုင်အောင် သူက လူများကို မြင့်မြတ်သည့် ခံစားချက်ကို ခံစားသွားရစေခဲ့ပြီး ထူးခြားသည်ဟု သူတို့ကို ခံစားသွားရစေခဲ့သည်။

ထို့အတူ သူတို့ ရိုသေလေးစားမှုများက ပိုမိုအားကောင်းလာခဲ့၏။

လူအုပ်ကြီးက လုချန်ရှန်းကို ငေးကြည့်နေကြသော်လည်း သူတို့က သူ့ကို မည်သို့မျှ ဖောက်မမြင်ရသကဲ့သို့ သူ့ကို မည်သို့မျှ နားမလည်နိုင်ကြပေ။ သူ့ကို ထူးခြားသော အရှိန်အဝါတစ်ခုကို ဖုံးလွှမ်းထားခဲ့သည်။ ၎င်းမှာ ကန်းယွင်ကားချပ် ဖြစ်ကာ သူ၏မူလအရင်းအမြစ်ကို ထောက်လှမ်းရခက်ခဲသွားစေခဲ့သည်။

နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ အကြီးအကဲတစ်ဦးသည် စိတ်မသက်မသာ ဖြစ်နေသော အမူအရာမျိုးဖြင့် စကားပြောလာခဲ့သည် “ စီနီယာ ခုနကဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျေးဇူးပြုပြီးတော့ စိတ်မခုပါနဲ့ဗျ “

လုချန်ရှန်းက တည်ငြိမ်မှုအပြည့်ဖြင့် လက်ဝေ့ရမ်းပြကာ အချက်ပြလိုက်သည် “ ငါကလည်း ဒီလောကကို ရောင့်ရဲတင်းတိမ်ပြီးသား အရာအားလုံးကို သိနေခဲ့တာ တော်တော်လေး ကြာနေခဲ့ပြီ။ ငါက မင်းတို့ဂျူနီယာလေးတွေကို လက်ဖျားနဲ့တောင် ထိမှာမဟုတ်ဘူး။ သူက သူ့ရဲ့ ကိုယ်ပိုင်မာနကြောင့် သေသွားတာ။ အရာအားလုံးက ကံတရားနဲ့ ကံကံ၏ အကျိုးဆက်တွေပဲ “

သူ၏ စကားလုံးများက အလွန်တရာ အေးဆေးတည်ငြိမ်နေကာ ထူးထူးခြားခြား နက်နဲနေခဲ့ပြီး ကံတရားနှင့် ကံကံ၏ အကျိုးဆက်အကြောင်းကို ပြောကာ သူ့ကိုယ်သူ လောကီရေးရာနှင့် ကင်းဝေးနေသည့် လူတစ်ဦးအဖြစ် တံဆိပ်ကပ်လိုက်သည်။

ယခင်က ဖြစ်ရပ်များနှင့် ပေါင်းစပ်လိုက်သော် ၎င်းက သူ၏အဆင့်အတန်းကို ထပ်မံ၍ မြင့်တက်သွားစေခဲ့ပြန်သည်။

ထို့နောက်တွင် သူတို့က ပင်လယ်ပြင်အတွင်းရှိ အရိပ်မည်းကြီးများကို ထပ်မံ၍ ငေးကြည့်နေကြတော့သည်။

လူတိုင်းက သတိတကြီးဖြစ်ကာ ရိုသေလေးစားနေသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက ဖြည်းဖြည်းချင်း စကားထပ်ပြောနေတော့၏ “ မင်းက ဒီရောက်နေကြပြီဆိုတော့ လမ်းကြောင်းပေါ်လာတဲ့ပုံပဲ “

“ ဟုတ်ပါတယ် သိပ်မကြာခင် အချိန်ကမှ ပေါ်လာတာပါ “

“ အင်း “ လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး အထီးကျန်ဆန်သည့် ပုံစံမျိုးကိုထိန်းသိမ်းထားကာ လွမ်းမောတမ်းတနေသော အမူအရာမျိုးဖြင့် ပြန်ပြောလိုက်သည် “ အပြင်ကမ္ဘာကြီးရော ဘယ်လိုနေလဲ။ မင်းတို့တောင်ပိုင်းဒေသရဲ့ အုပ်စိုးသူက မဟာတောရိုင်း ခန်းမပဲဖြစ်နေတုန်းလား “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်းထပ်မံ၍ အံ့ဩသွားကြပြန်သည်။

တစ်ခြားလူတစ်ဦးက စကားဝင်ပြောလာခဲ့သည် “ စီနီယာ ကျွန်တော်တို့က တောင်ပိုင်းဒေသကဆိုတာကို ဘယ်လိုလုပ် သိတာလဲဗျ “

လုချန်ရှန်းက တဟားဟား ရယ်မောကာ ပြန်ပြောလိုက်သည် “ မိုးကြိုးငှက်မျိုးနွယ်စုက တောင်ပိုင်းဒေသမှာပဲ နေနေခဲ့တာ တော်တော်လေးကို ကြာနေခဲ့ပြီလေ။ ငါက အဲ့လောက်ကြီးလည်း မအိုသေးပါဘူးကွာ “

“ ဒါပင်မဲ့ ကျွန်တော်တို့အားလုံးက လူသားမျိုးနွယ်စုလေ စီနီယာက ဘယ်လိုလုပ် သိသွားရတာလဲဗျ “ နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ တစ်စုံတစ်ဦးက မေးမြန်းလာခဲ့၏။

လုချန်ရှန်းက ပြုံးရုံသာပြုံးပြလိုက်ပြီး ဘာမှပြန်မပြောလိုက်ဘဲ သူ၏ဦးခေါင်းကို ဖြည်းဖြည်းချင်း ခါရမ်းကာ လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် လျှောက်လှမ်းသွားတော့သည်။

သူသည် ပြန်မဖြေလိုက်ဘဲ အဆင့်မြင့် ပညာရှင်တစ်ဦးကဲ့သို့ နှုတ်ဆိတ်ကာ ဟန်ဆောင်နေတော့၏။ မည်သည့်အဆင့်မြင့် ပညာရှင်က တစ်နေကုန် စကားပြောဆိုနေမည်နည်း။

အားလုံးသည် ထိုလူက အတိုင်းအဆမရှိ နက်နဲလွန်းလှသည်ဟု ခံစားသွားကြရပြီး ကြာကြာမြင်တွေ့ရလေလေ ထိုလူက မရိုးရှင်းဘူးဟု ပိုမိုခံစားရလေလေ ဖြစ်သွားကြသည်။

၎င်းက လုချန်ရှန်း လိုချင်နေသည့် အကျိုးသက်ရောက်မှုဖြစ်ကာ၊ သူတို့၏ မျက်လုံးများက သူတို့ကို ပြန်၍သစ္စာဖောက်နေခဲ့ကြသည်။ ပထမဦးဆုံးအနေဖြင့် သူတို့ကို ခြိမ်းခြောက်ခဲ့ပြီး ထို့နောက်တွင် ကျန်ရှိနေသည့် ကိစ္စများကို ဖြည်းဖြည်းချင်း ရှင်းပြမည် ဖြစ်သည်။

သူက ပထမဦးဆုံးအကြိမ်အဖြစ် ကြိုးစားဖူးခြင်းဖြစ်ပြီး သူက စူးစမ်းလေ့လောနေသည့် အခြေအနေအတွင်းတွင်သာ ရှိနေခဲ့ကာ တိုးတက်ရန် လိုအပ်နေသည့် ရှုထောင့်များစွာ ရှိနေသေး၏။ သူက စဥ်ဆက်မပြတ် ကြိုးစားအားထုတ်နေသရွေ့ တစ်နေ့တွင် သူက အပြစ်အနာဆာကင်းသည့် လူတစ်ဦးဖြစ်လာပေလိမ့်မည်။

သို့ရာတွင် ထိုလူများက သူ့ကြောင့် မှင်သက်သွားပုံရကာ ထိုနေရာမှာတင် မတ်တပ်ရပ်၍ ငေးကြည့်နေကာ သူ့နောက်သို့ မည်သူမှ လိုက်မလာခဲ့ကြပေ။

အကယ်၍ သူတို့ကသာ သူ့နောက်သို့ မလိုက်လာခဲ့ဘူးဆိုပါက ကျန်ရှိနေသည့် ကိစ္စများကို မည်ကဲ့သို့ ဆက််လက်လုပ်ဆောင်ရမည်နည်း။

ဤနေရာသို့ တစ်စုံတစ်ဦး ရောက်ရှိလာသည်က မလွယ်ကူလှပေ။ ထို့ကြောင့် သူသည် ဆရာသခင်တစ်ဦးအဖြစ် ဟန်ဆောင်ကာ အပြင်ဘက်ရှိ အခြေအနေများကို မေးမြန်းရန် မျှော်လင့်နေခဲ့သည်။

၎င်းကို တွေးမိသောအခါတွင် လုချန်ရှန်းမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ လူတိုင်း၏ အမူအရာများ အေးခဲတောင့်တင်းသွားခဲ့သည်။ ထို့နောက်တွင် နှေးခြင်းမြန်ခြင်း မရှိဘဲ ဆွဲဆောင်မှုရှိသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

“ ဒီနေရာမှာ အခွင့်အလမ်းကြီးတစ်ခု တကယ်ရှိတယ်။ ဒါပင်မဲ့ အဲ့တာနဲ့အတူ ကပ်ဘေးကြီးတစ်ခုပါရှိတယ်။ မြန်မြန်ထွက်သွားဖို့ ငါမင်းတို့ကို အကြံပေးလိုက်မယ်။ ဒီလောကမှာ အဲ့နယ်ပယ်ထိ ကျင့်ကြံနိုင်ဖို့ဆိုတာက မလွယ်ကူဘူး၊ မင်းတို့က ကိုယ့်ကိုကိုယ် ဒီနေရာမှာ မြေမမြှုပ်လိုက်ကြနဲ့ “

ထို့နောက်တွင် သူသည် တုံ့ပြန်မှုကိုပင် စောင့်ဆိုင်းမနေဘဲ ဤနယ်မြေမှ ထွက်ခွာသွားခဲ့သည်။

လူတိုင်းက သတိပြန်ဝင်လာသည့် အချိန်တွင် သူပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

+-

………………………………………………………………………………………………………………………………………..

All Chapters