← Chapters

အခန်း ၂၃၇

Vol. 16 Ch. 237

အခန်း ၂၃၇

Vol. 16 Ch. 237

အပိုင်း ( 237 )

ငါးစာဟပ်လိုက်စမ်း

လုချန်ရှန်း ထွက်သွားခဲ့ပြီဖြစ်သော်လည်း လူတိုင်း၏ စိတ်နှလုံးသားများ တင်းကြပ်နေကြသေးသည်။

ဤနယ်မြေတွင် လျှို့ဝှက်ဆန်းကြယ်မှုများစွာ ရှိနေခဲ့သည်။ ဤနေရာက မဟာတာအို၏ သင်္ချိုင်းမြေဖြစ်ကာ သမိုင်းမှတ်တမ်းအားလုံးတွင် ၎င်း၏ ထူးခြားသော သဘာဝကို မှတ်တမ်းတင်ထားသည်ဟု ဒဏ္ဍာရီများက ဆိုထားခဲ့သည်။

သူတို့က ဤနေရာသို့ ယခုမှ ရောက်ရှိလာခဲ့သော်လည်း ဇစ်မြစ်နှင့် အထောက်အထားကို မသိရသည့် သာမန်လူအလား ဖြစ်နေသည့် တစ်စုံတစ်ဦးကို မြင်တွေ့ခဲ့ရသည်။ သူ၏ ကျင့်ကြံရေးကို မည်သူကမှ မမှန်းဆနိုင်ကြဘဲ သူ့အား နက်နဲလွန်းလှသည့် လူတစ်ဦး ဖြစ်သွားစေခဲ့သည်။

သူက မည်သူကမှ ခြေမချရဲသည့် ပင်လယ်ပြင်အတွင်းတွင် လှေတစ်စီးဖြင့် ငါးမျှားနေလျက်ရှိပြီး နိယာမ အပိုင်းအစများကို ဖမ်းယူနေခဲ့သည်။ လှုပ်ရှားမှုတိုင်းက သူ၏ထူးချွန်ထက်မြက်မှုကို ပြသနေခဲ့၏။

အရာအားလုံး ပေါင်းစပ်လိုက်ခြင်းသည် လူတိုင်းက သူ့ကို အလိုအလျောက် လေးစားသွားစေခဲ့ပြီး သူက ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုဟု လူတိုင်းကို ထင်မှတ်သွားစေခဲ့၏။

“ ပြန်သွားပြီးတော့ အဲ့ကိစ္စကို သတင်းပို့လိုက် “ မိုးကြိုးငှက် မျိုးနွယ်စုက အဘိုးအိုက စကားစပြောလာခဲ့သည်။ သူက ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦး ဖြစ်ပြီး ဒေသတစ်ခုကို အုပ်စိုးနိုင်စွမ်းရှိသော်လည်း သူအရှေ့တွင် ရှိနေခဲ့သည့် လူကို ထွင်းဖောက်မမြင်နိုင်ခဲ့ပေ။

အဓိကအားဖြင့် ဝူဝမ်ပင်လယ်ပြင်အတွင်းတွင် တာအိုကို ဖမ်းယူနေခြင်းက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် မည်သို့မျှ ကောက်ချက်မချရဲပေ။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းကမူ လမ်းပေါ်တွင် တစ်ခြားလူများနှင့် ဆုံတွေ့ရမည်ကို ကြောက်လန့်နေခဲ့ပြီး ပင်လယ်ပြင်ကို ပတ်သွားကာ ချောက်ကမ်းပါးဆီသို့ ဦးတည်သွားပြီး ထိုအပေါ်သို့ တက်လှမ်းသွားခဲ့သည်။

ရှောင်ဟေးမှာ လေးနက်နေသော အမူအရာဖြင့် ယဇ်ပုလ္လင်၏ အလယ်ဗဟိုတည့်တည့်တွင် မတ်တပ်ရပ်နေလျက်ရှိ၏။

တစ်စုံတစ်ဦး ချဥ်းကပ်လာသည်ကို အာရုံခံမိသွားသောအခါတွင် ခေါင်းလှည့်ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

လုချန်ရှန်း၏ ပုံရိပ်လှုပ်ခတ်သွားကာ သူ၏မူလအသွင်အပြင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားကာ စကားစပြောလိုက်သည် “ စိတ်မလှုပ်ရှားစမ်းပါနဲ့ ငါပါဟ “

ရှောင်ဟေးက ပြန်ပြောလာခဲ့၏ “ တစ်ယောက်ယောက် ရောက်နေပြီ “

သူသည်လည်း အသစ်ရောက်ရှိလာသူများကို မြင်တွေ့နေခဲ့ရကာ သူ၏အမူအရာမှာ အတော်ပင် လေးနက်သွားခဲ့သည်။

“ မင်းအစ်ကိုသေပြီလေ။ ဘာကိစ္စ အီးမှန်ထားတဲ့ မျက်ခွက်ကြီးလိုမျိုး ဖြစ်နေရတာလဲဟ။ လူတွေရောက်လာပြီဆိုတာက ထွက်ပေါက်ပေါ်လာပြီလို့ ပြောနေတာပဲကွ။ ငါတို့က အပြင်ထွက်ပြီးတော့ ဗရုတ် …….. အမ်း ငါတို့က ငါတို့ရဲ့ ဓားတွေနဲ့အတူ လောကကြီးထဲမှာ ထပ်ပြီးတော့ ခြေဆန့်နိုင်ပြီလေ “

လုချန်ရှန်းကမူ ရှောင်ဟေးကဲ့သို့ မဟုတ်ဘဲ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။ သူဤနေရာတွင် ပိတ်မိနေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သောကြောင့် အပျင်းရောဂါရကာ သေချင်စိတ်ပင်ပေါက်နေခဲ့သည်။

သူသည် ဤနေရာတွင် တစ်နှစ်ကျော် တည်ရှိနေခဲ့သည်။ တစ်နည်းဆိုရသော် သူက ကမ္ဘာမြေမှ တစ်နှစ်ကျော်တိတိ ပျောက်ဆုံးနေခဲ့ခြင်းပင် ဖြစ်သည်။ သူသည် လူမည်မျှက သူ့ကို လွမ်းဆွတ်ကာ သူရှိခဲ့သည့်‌ နေ့ရက်များကို တမ်းတနေမလဲဆိုသည်ကို သိချင်နေခဲ့သည်။

“ ဒါဆိုရင် ပြဿနာတစ်ခုကို မင်းစဥ်းစားထားပြီးပြီလား။ မင်းက ဒီနေရာမှာ တစ်နှစ်ကျော်ရှိခဲ့တာကို သူတို့သိသွားရင် ဘာတွေဖြစ်လာမှာလဲ “

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ လောစရာမလိုပါဘူး နောက်မှပြောလို့ရပါတယ်။ အခွင့်အလမ်းတွေကို သွားယူကြစို့။ ငါတို့က လက်ဗလာနဲ့ ပြန်သွားလို့ မဖြစ်ဘူး “

ရှောင်ဟေး မှင်သက်သွားခဲ့သည်။ လုချန်ရှန်းက အဆိုပါ အခွင့်အလမ်းများကို အရမယူနိုင်ဘဲ ကျရှုံးခဲ့သည်မှာ တစ်နှစ်ကျော်နေခဲ့ပြီ ဖြစ်သည်။ ဒီကောင်က အခုမှ ဘာလှည့်ကွက်တွေ သုံးနေတာလဲဟ။

ရှောင်ဟေးသည် အချိန်တော်ကြာ စဥ်းစားနေခဲ့ပြီးမှ တုံ့ပြန်လာခဲ့သည် “ ကိုယ့်ကိုကိုယ် ဂရုစိုက်။ ငါ့ဆီမှာ မင်းလိုမျိုး နည်းစနစ်အများကြီး မရှိဘူး။ ငါက မင်းကို အများကြီး ကူညီနိုင်မှာ မဟုတ်ဘူး “

“ မင်းဘာသာ မသင်ယူခဲ့တာလေ။ ငါ့ကို အပြစ်လာတင်နေတာလားဟ “

လုချန်ချန်းက မျက်စောင်းထိုးနေတော့သည်။ ထိုကဲ့သို့သော အသက်ကယ်နည်းလမ်းများကိုတောင် သူက တက်တက်ကြွကြွနဲ့ လမ်းညွှန်ပေးဖို့ မတောင်းဆိုဘူးပေါ့။ ငါသင်ပေးလာမှာကို စောင့်နေတာလားဟ။

ထို့နောက်တွင် သူသည် သူ့စိတ်ထဲတွင် ရှိနေသည့် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်ပြီး မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ သူနားလည်ခဲ့သည့် နိယာမ အပိုင်းအစများကို စီစဥ်ပိုင်းခြား၍ သူ၏စိတ်ထဲတွင် အမှတ်အသားများအဖြစ် ရေးထိုးလိုက်သည်။ ၎င်းတို့က ယခုလက်ရှိအချိန်တွင် အသုံးမဝင်သေးသော်လည်း နောက်တစ်ချိန်တွင် ကြီးကြီးမားမား ကူညီပေးလာနိုင်လိမ့်မည် ဖြစ်သည်။

ရှောင်ဟေးမှာလည်း တင်ပျဥ်ခွေထိုင်ချလိုက်သည်။

နောက်တစ်နေ့တွင် လုချန်ရှန်းက မတ်တပ်ထရပ်လာခဲ့ပြီး သူ၏ အသွင်အပြင်တစ်ခုလုံးက ယမန်နေ့က အကြီးအကဲအဖြစ် ပြန်လည်အသွင်ပြောင်းသွားခဲ့သည်။ သူသည် ကမ်းပါးအပေါ်မှ ဆင်းလာခဲ့ကာ၊ ကမ်းစပ်သို့ လျှောက်လှမ်းသွားပြီး လှေငယ်ပေါ်သို့ တက်ကာ ငါးမျှားထွက်နေတော့၏။

၎င်းတို့က ယခင်က သူလုပ်ခဲ့သည့် အရာများနှင့် တူညီနေသေးသည်။ သို့သော် သူ၏ ဟန့်တားမှုနှင့် လမ်းညွှန်မှုကြောင့် ထိုလူများက ထပ်မံ၍ ရောက်ရှိလာကြဦးမည် ဖြစ်သည်။

အချိန်များ ကုန်ဆုံးသွားခဲ့ပြီး၊ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရပြီးသည့်နောက်တွင်၊ ထိုလူများ ထပ်မံ၍ ရောက်ရှိလာခဲ့ပြန်သည်။

သို့သော် ယနေ့တွင်မူ ယမန့်နေ့ကထပ် လူပိုများလာခဲ့ပြီး ထိုလူများအကြားတွင် ဟွာရှုနယ်ပယ် ပညာရှင် မနည်းမနော ပါဝင်နေခဲ့သည်။ သူတို့က အလျင်စလို မဖြစ်နေဘဲ ကမ်းစပ်တွင်သာ တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

လုချန်ရှန်းမှာလည်း မည်သို့မျှ မလှုပ်ရှားခဲ့ပေ။ သူက အတော်ပင် စိတ်မရှည်နိုင်ဖြစ်နေခဲ့သော်လည်း ဆရာသခင်တစ်ဦး၏ စိတ်သဘောထားမျိုးကို ထိန်းသိမ်းထားခဲ့သည်။ ရန်သူတွေ မလှုပ်ရှားသေးဘူးဆိုရင် ငါလည်း ငြိမ်နေမယ်။

အားလုံး၏ အကြည့်များအောက်မှာပင်၊ လုချန်ရှန်းက ချိန်းကြိုးတစ်ချောင်းကို ထပ်မံ၍ ဖမ်းမိသွားခဲ့ပြန်သည်။ ၎င်းကို ဂရုတစိုက် လေ့လာကာ သူ၏စိတ်နှလုံးသားအတွင်းတွင် မှတ်သားထားလိုက်သည့်နောက်တွင် ၎င်းကို ကောင်းကင်ထက်သို့ ပြန်လွှတ်ပေးလိုက်သည်။

ထိုလှုပ်ရှားမှုများက လူတိုင်းကို ထပ်မံ၍ အံ့အားသင့်သွားစေခဲ့ကာ အမြင်ပွင့်သွားစေခဲ့သည်။ သူတို့က နိယာမ ချိန်းကြိုး၏ စစ်မှန်မှုကို ရှင်းရှင်းလင်းလင်း ခံစားနေနိုင်ခဲ့သည်။

လူအုပ်ကြီးမှာ ပိုမိုငြိမ်သက်သွားကာ ထိုနေရာတွင် မတ်တပ်ရပ်နေရင်းဖြင့် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။

လုချန်ရှန်းမှာလည်း အလောတကြီး မလုပ်ဆောင်ခဲ့ဘဲ ပုံမှန်ထပ် အနည်းငယ် ပိုကြာသည်အထိ ငါးမျှားနေခဲ့သည်။ သူ၏ စိတ်နှလုံးသားအတွင်းတွင် ကြီးမားသော သေးငယ်သော သိပ်သည်းသော အမှတ်အသားတို့ဖြင့် ပြည့်နှက်နေကာ များပြားလွန်းသဖြင့် ရေတွက်ရန် မဖြစ်နိုင်သလောက်နီးပါးပင် ဖြစ်နေခဲ့၏။

လုံလုံလောက်လောက် ရရှိခဲ့ပြီးသည့်နောက်တွင် သူသည် လှေငယ်ကို ကမ်းစပ်ရှိရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကာ ပြန်သွားတော့၏။ ကမ်းစပ်သို့ ရောက်ရှိသည့် အချိန်တွင် ၎င်းက အဆိုပါ လှေငယ်က သူ၏လက်ဝါးအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူသည် ဘာစကားမှ မပြောလိုက်ဘဲ တစ်ချက်မျှငေးကြည့်လိုက်ပြီး၊ နောင်တရနေသည့်ပမာ အသာအယာ သက်ပြင်းချ၍ ဦးခေါင်းကို ခါရမ်းကာ အဝေးသို့ လျှောက်လှမ်းသွားတော့သည်။ သူသည် ထိုလူများ၏ သိလိုစိတ်များကို အပြည့်အဝ နှိုးဆွပေးလိုက်သည်။

ထိုအချိန်တွင် လူတိုင်းက ရှေ့တက်လာခဲ့ပြီး၊ တစ်စုံတစ်ဦးက ဦးညွတ်၍ အရိုအသေပေးကာ စကားပြောလာခဲ့သည် “ စီနီယာ ကျေးဇူးပြုပြီးတော့ ခဏလောက်နေပေးပါဦး “

“ ဘာကိစ္စလဲ “

သူက ထိုလူ၏ စကားကို တုံ့ပြန်လိုက်သော်လည်း လူအုပ်ကို ကျောပေး၍သာ ရပ်နေခဲ့သည်။ သူ၏လေသံက ခပ်အေးအေးဖြစ်နေခဲ့ကာ အထီးကျန်ဆန်နေသည့် အရိပ်အငွေ့များပင် ကိန်းအောင်းနေခဲ့၏။

“ ကျွန်တော်တို့က စီနီယာ့ရဲ့ လမ်းညွှန်ချက်ကို လာတောင်းတာပါ။ ကျေးဇူးပြုပြီးတော့ ရှင်းပြပေးပါဗျ “

ထိုစကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်းမှ တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားခဲ့သည်။ ထို့နောက်တွင် သူသည် လူအုပ်ကြီးကို ဖြည်းဖြည်ချင်း လှည့်ကြည့်ကာ ထိုလူများ၏ စိတ်အားထက်သန်နေသော အကြည့်များဖြင့် ဆုံတွေ့သွားခဲ့သည်။

လုချန်ရှန်းသည် ထိုလူများကို ဂရုတစိုက် စူးစမ်းလေ့လာနေကာ သူတို့၏ ဂိုဏ်းများကို မတော်တဆ ဖော်ထုတ်မိသွားခဲ့သည်။ ထိုလူများမှာ အရှေ့ပိုင်းဒေသ ထျန်းရီ မြင့်မြတ်နယ်မြေ အနောက်ပိုင်း ဗုဒ္ဓဂိုဏ်း မြောက်ပိုင်းဒေသ ကောင်းကင် လောင်ကျွမ်းခြင်း နန်းတော်တို့မှ ဖြစ်နေခဲ့သည်။

သူသည် အသိအကျွမ်းဟောင်းတစ်ဦးကိုပင် မြင်တွေ့ခဲ့ရသည်။ ထိုလူက ဝူရွှမ်ဖြစ်ပြီး၊ သူ့အနောက်တွင် ဟွာရှုနယ်ပယ် ပညာရှင်နှစ်ဦး ရှိနေခဲ့သည်။

ထိုလူများကို မြင်တွေ့လိုက်ရသောအခါတွင် သူသည် ဆွေမျိုးများကို ပြန်တွေ့လိုက်ရသည့်အလား ခံစားသွားခဲ့ရ၏။ သူတို့က သူ့ထံသို့ မျှော်လင့်ချက်ကို ယူဆောင်လာပေးခဲ့သည်။ အထူးသဖြင့် ဝူရွှမ်ဖြစ်ပြီး၊ ထိုလူမှာ သူအလေးစားရဆုံး လူများအနက်မှ တစ်ဦးဖြစ်ပြီး၊ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်ကျလုမတတ် ဖြစ်သွားခဲ့သည်။

ထျန်းကျီစံအိမ်မှ လူများလည်း ရောက်ရှိလာခဲ့သည်။ သူသည် စုမူယွဲ့ကိုပင် မြင်တွေ့လိုက်ရသည်။

ထိုအမျိုးသမီးမှာ အမှန်ပင် အသက်ရှင်နေသေးသည်။ သူသည် ဤတစ်ကြိမ်တွင် မည်သည့်လူငယ်၏ ကံတရားကြောင့် သူမကြောင့် ထိခိုက်ပျက်စီးသွားလဲဆိုသည်ကို သိချင်သွားကာ ထိုကဲ့သို့သော လူမိုက်မျိုးက မည်သည့်အတွက်ကြောင့် အသက်ရှည်နေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။

ခဏခန့် အာရုံပျက်သွားခဲ့ပြီးသည့်နောက်တွင် သူသည် အေးအေးလူလူ ပြန်‌ပြောလိုက်သည် “ ငါမင်းတို့ကို သတိပေးခဲ့ပြီးပြီလေ။ တကယ်လို့ မင်းတို့က ဆက်နေနေဦးမယ်ဆိုရင် ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်လာလိမ့်မယ်။ တကယ်လို့ အခွင့်အလမ်းကို ရှာချင်တယ်ဆိုရင်လည်း သွားရှာကြ “

“ စီနီယာ ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့ဗျာ။ ဝူဝမ်နယ်မြေက အချိန်အတော်ကြာမှ တစ်ခါပွင့်လာခဲ့တာလေ။ ကျွန်တော်တို့က ကံကောင်းလို့ ဒီရောက်လာကြတာဆိုတော့ အခွင့်အလမ်းတွေကို သေချာပေါက် ရှာချင်ပါတယ်။ ကျွန်တော်တို့ကို ကူညီစောင်မပေးပါဗျာ “

“ ကျွန်တော်တို့က စီနီယာ့ကို မနှောင့်ယှက်ပါဘူး။ စကားလေးပဲ ပြောချင်တာပါ “

“ … “

အသံများ မြင့်တက်လာခဲ့ကာ လုချန်ရှန်းအပေါ်သို့ အကြည့်အားလုံး ကျရောက်လာခဲ့ပြီး၊ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့ကြသည်။

လုချန်ရှန်းမှာ သူတို့ကို ငေးကြည့်လိုက်ပြီး၊ သူ၏အမူအရာပေါ်တွင် အခက်တွေ့သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့ကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ကောင်းတယ် ငါတစ်ယောက်တည်း ရှိနေရတာ တော်တော်ကြာနေပြီ။ ဒီနေရာကို မင်းတို့ရောက်လာတာကလည်း ရေစက်ပါပဲလေ။ ဒေသလေးခုက အခုချိန်မှာ ဘယ်လိုမျိုး ဖြစ်နေပြီလဲဆိုတာကို ငါလည်း သိချင်တယ် “

သူ၏ စကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ မျှော်လင့်ချက် ရှိသေးတာပဲဟ

ထို့နောက်တွင် သူတို့က စားပွဲခုံများ သစ်သီးများ စိတ်ဝိညာဥ် ဝိုင်များ ထုတ်ယူ၍ ခင်းကျင်းပြင်ဆင်ကာ လုချန်ရှန်းကို ဖိတ်ခေါ်လိုက်ကြသည်။

လုချန်ရှန်းမှာလည်း ထိုလူများကို ငေးကြည့်နေလျက်ရှိသည်။ သူသည် ထိုလူများထံမှ ထိုကဲ့သို့သော ဆက်ဆံမှုမျိုးကို ရရှိခဲ့လိမ့်မည်ဟု တစ်ကြိမ်တစ်ခါ မထင်မှတ်ထားခဲ့ပေ။

လူအုပ်ကြီးမှာ နှစ်ရက်ကြာ စူးစမ်းလေ့လာနေခဲ့ပြီးသည့်နောက်မှာပင် သူတို့အရှေ့တွင် ရှိနေသည့် လူကို ထွင်းဖောက်မမြင်နိုင်ခဲ့ကြပေ။ သူ့ကို ဆန်းကြယ်သော စွမ်းအားတစ်ခုကို ဝိုင်းရံနေကာ ထောက်လှမ်းရခက်သွားစေခဲ့သည်။ ထို့အပြင် သူတို့သည် ထိုလူက တာအိုနိယာမတို့အား ပင်လယ်ပြင်အတွင်းမှ ဆွဲထုတ်နေသည်ကို မြင်တွေ့ခဲ့ဖူးသည်။ ၎င်းတို့က ထိုလူမှာ ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုဖြစ်သည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

အရာအားလုံးက လုချန်ရှန်း လိုချင်သည့် အတိုင်းသာ ဖြစ်နေခဲ့သည်။ သူသည် ပြင်ပကမ္ဘာအကြောင်းကို အမှန်တကယ် သိချင်နေကာ အချက်အလက်များ စုဆောင်းချင်နေခဲ့သည်။

သို့ရာတွင် သူသည် တစ်ဖက်လူများက သူ၏ အထောက်အထားကို သံသယဝင်လာကြမည်ကို စိုးထိတ်သောကြောင့် ပွင့်ပွင့်လင်းလင်း မမေးမြန်းနိုင်ဘဲ သွယ်ဝိုက်၍ မေးမြန်းနေရုံသာ ပြုလုပ်နိုင်ခဲ့သည်။

အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူသည် တည်ငြိမ်မှုအပြည့်ဖြင့် စကားစပြောလိုက်သည် “ ဒါဆိုရင်လည်း ငါ့ကို ပြောပါဦး အခုလက်ရှိ ဒေသလေးခုမှာ ဘယ်လိုကိစ္စကြီးတွေ ဖြစ်နေပြီလဲ။ ထူးခြားတဲ့ ပါရမီရှင်တွေရော ပေါ်လာသေးလား “

+-

………………………………………………………………………………………………………………………………….

All Chapters