← Chapters

အခန်း ၂၃၈

Vol. 16 Ch. 238

အခန်း ၂၃၈

Vol. 16 Ch. 238

အပိုင်း ( 238 )

ဟူး၊ အဲ့ကလေးတွေက အကြံပေးတာကို ဘာဖြစ်လို့ နားမထောင်ကြရတာလဲ

လုချန်ရှန်း၏ မျက်ဝန်းများအတွင်းတွင် ဝမ်းနည်းမှုနှင့် လွမ်းဆွတ်မှုတို့ ပြည့်နှက်နေလျက်ရှိသည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်းက စိတ်အားထက်သန်စွာဖြင့် တုံ့ပြန်လာကြသည်။

“ အခုလက်ရှိ ဒေသလေးခုမှာ ဘာဖြစ်ရပ်ကြီးမှ မရှိပါဘူး။ အရာအာလုံးက ပုံမှန်အတိုင်းပဲ “ ဟု ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်၏ တစ်စုံတစ်ဦးက စကားပြောလာခဲ့၏။

“ မဟုတ်သေးပါဘူး။ ကောင်းကင်ဘုံ အကယ်ဒမီ ပေါ်လာပြီလေ ဘယ်လိုလုပ် ဖြစ်ရပ်ကြီးတစ်ခုမှ မရှိရမှာလဲ။ မင်းက စီနီယာ့ကိုလှည့်စားဖို့ ကြိုးစားနေတာလား “ ထျန်းရီ မြင့်မြတ်နယ်မြေက ဝင်ရောက်စွက်ဖက်လာခဲ့၏။

ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်၏ လူမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။

ဗုဒ္ဓဂိုဏ်း၏ တစ်စုံတစ်ဦးကပါ စကားဝင်ပြောလာခဲ့သည် “ အမှန်ပဲ။ ကောင်းကင်ဘုံ အကယ်ဒမီပေါ်ထွက်လာတာက ကိစ္စကြီးတစ်ခုပဲလေ “

လုချန်ရှန်းသည် အံ့ဩမှင်သက်သွားပြီး၊ သူ့စိတ်ထဲတွင် ကြောက်အမ်းအမ်းဖြစ်သွားသည့် စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။

၎င်းမှာ ကောင်းကင်ဘုံ အကယ်ဒမီ ပေါ်ထွက်လာခြင်းကြောင့် မဟုတ်ပေ။ ကောင်းကင်ဘုံ အကယ်ဒမီက အရည်အချင်းပြည့်မှီသော ကိုယ်စားလှယ်များကို ရွေးချယ်နေခဲ့သည်မှာ လွန်ခဲ့သော တစ်နှစ်ခန့်က ဖြစ်သည်။ အချိန်များစွာ ကျော်လွန်သွားခဲ့ပြီဖြစ်သောကြောင့် လိပ်ကပင် မြင်းမိုရ်တောင်ထိပ်သို့ ရောက်သွားလောက်ပေသည်။

သူ့ကို ကြောင်အသွားစေသည့် အရာမှာ ထိုလူများက တစ်ဦးကိုတစ်ဦး ထိုးနှက်နေကြခြင်းပင် ဖြစ်သည်။ မင်းတို့က ခုနကလေးတင် ညီအစ်ကိုကောင်းတွေ ဖြစ်နေခဲ့ကြတာ မဟုတ်ဘူးလားဟ။ ပါးစပ်လေးဟလိုက်တာနဲ့ ဘယ်လိုလုပ် တစ်ယောက်ကိုတစ်ယောက် ဆွဲဖြဲနေကြရတာလဲဟ။

သို့ရာ၌ အသေအချာ တွေးတောစဥ်းစားလိုက်ပြီးသည့်နောက်တွင်မူ၊ ၎င်းက မည်သို့မျှ မှားယွင်းမနေခဲ့ပေ။ သူတို့က သူ၏ အသိအမှတ်ပြုခြင်းကို ရရှိချင်နေကြသည် မဟုတ်လော။

လူတိုင်းက လွန်ခဲ့သော နှစ်သောင်းဂဏန်းအတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကြီးများကို စတင်၍ ပြောပြလာခဲ့ကြသည်။ တစ်ခုချင်းစီတိုင်းက ရှေးကျကာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ဒီကောင်တွေက ငါ့ကို ပုံပြင်တွေ လာပြောပြနေကြတာလားဟ။

အဆုံးတွင် လုချန်းရှန်မှာ မည်သို့မျှ သည်းမခံနိုင်တော့ဘဲ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ငါလည်း အဲ့လောက်ကြီးလည်း မအိုသေးပါဘူးကွာ။ အဲ့တာတွေက ငါမမွေးခင်အချိန်က ဖြစ်ခဲ့တဲ့ဟာတွေကြီးပဲ။ အဲ့တာတွေကို ငါကြားခဲ့ဖူးပြီးသား “

“ အမ် …….. “

လူတိုင်း အတွေးနက်သွားကာ အနည်းငယ် ရှက်ရွံ့သွားကြသည်။

သူတို့သည် ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦး၏ ဘဝသက်တမ်းက နှစ်နှစ်ထောင်ဝန်းကျင်မျှသာ ရှိသည်ဆိုသည်ကို မေ့လျော့သွားခဲ့ကြသည်။ နတ်ဘုရားတစ်ဦးကပင် နှစ်သုံးထောင်ဝန်းကျင်မျှသာ ရှင်သန်နေထိုင်နိုင်ပေသည်။ သက်ရှိသတ္တဝါတို့၏ သက်တမ်းမှာ အကန့်အသတ် ရှိနေခဲ့ကာ အင်မော်တယ် တက်လှမ်းခြင်း နယ်ပယ်သို့ မရောက်ရှိဘူးဆိုပါက ကမ္ဘာမြေနှင့် ပြန်လည်ပေါင်းစည်းကာ ဖုန်မှုန့်များသာလျှင် ဖြစ်သွားရပေလိမ့်မည်။

လုချန်ရှန်းက နားလည်ရခက်သော်လည်း အင်မော်တယ် ဟုတ်မနေခဲ့ပေ။ သူ၏သက်တမ်းမှာလည်း အကန့်အသတ်ဖြင့်သာ ရှိနေမည်ဖြစ်သည်။ သူ့အား လွန်ခဲ့သော နှစ်ထောင်ဂဏန်း(သို့) သောင်းဂဏန်းအတွင်းက ဖြစ်ရပ်များကို ပြောပြရန် မလိုအပ်ချေ။ ထို့ကြောင့် လူအုပ်ကြီးမှာ တစ်ဦးကို တစ်ဦး ငေးကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက ထပ်မံ၍ မေးမြန်းလိုက်သည် “ ဒီနှစ်တွေအတွင်းမှာ ကမ္ဘာမြေကို တုန်လှုပ်သွားစေလောက်တဲ့ ပါရမီရှင်မျိုး ပေါ်လာခဲ့သေးလား “

ထိုကဲ့သို့သော မေးခွန်းမျိုးကို ဖွင့်ချလိုက်သည့် အချိန်တွင် မည်သူမဆို လုချန်ရှန်းကိုသာ တွေးမိသွားကြမည် ဖြစ်သည်။ ထို့နောက်တွင် သူသည် သူ့အကြောင်းနှင့် သူ၏ပတ်ဝန်းကျင်တွင် ရှိနေသည့် လူများအကြောင်းများကို မေးမြန်းနိုင်တော့မည် ဖြစ်သည်။

သို့ရာတွင် ထိုစကားကိုကြားခဲ့ရပြီးသည့်နောက်တွင် လူတိုင်း၏ မျက်လုံးများ တောက်ပသွားကာ တစ်ဦးပြီးတစ်ဦး စတင်၍ မိတ်ဆက်ပေးလာကြသည်။

“ စီနီယာ ကျွန်တော်တို့ အရှေ့ပိုင်းဒေသ ဒီကမ္ဘာမှာ ပြိုင်ဘက်ကင်းပြီးတော့ ထူးခြားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ သူက ဒေသလေးခုစလုံးက ပြိုင်ဘက်ကင်းနေပါပြီ “

ဟမ်

လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ဒီကောင်တွေက ငါ့အကြောင်းပြောနေကြတာ မဟုတ်ဘူးပဲ

နောက်လူတစ်ဦးက စကားဝင်ပြောလာခဲ့သည် “ ကျွန်တော်တို့ မြောက်ပိုင်းဒေသရဲ့ ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်ကလည်း မီးနိယာမကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အဖိုးတန် နတ်ခန္ဓာကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ သူသည် အသက်နှစ်ဆယ့်သုံးနှစ်အရွယ်မှာတင် မွေးရာပါ ဝိညာဥ်နယ်ပယ်နဲ့ နီးစပ်နေပါပြီ။ တကယ်ကို ရှားမှရှားပြီးတော့ နှစ်တစ်ထောင်အတွင်းမှ တစ်ကြိမ်လောက်ပဲ မြင်တွေ့ရတတ်တဲ့ ပါရမီရှင်မျိုးပါ “

ထိုလူသည် စကားပြောနေရင်းဖြင့် ဝူရွှမ်ကို အရှေ့သို့ အဆက်မပြတ် တွန်းပို့လာခဲ့၏။

ဗုဒ္ဓဂိုဏ်းမှာလည်း စကားဝင်ပြောလာခဲ့သည် “ ကျွန်တော်တို့ မျိုးဆက်ရဲ့ ဗုဒ္ဓသားတော်ကလည်း တော်တော်ကြီးကို အစွမ်းထက်ပါတယ်။ သူက ဗုဒ္ဓရောင်ခြည်တော်နဲ့ မွေးဖွားလာခဲ့ပြီးတော့ မဟာဗုဒ္ဓရဲ့ အခွင့်အလမ်းမျိုးကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တစ်ယောက်ပါ “

လုချန်ရှန်း : “ … “

ငါမေးလိုက်တာက အဲ့တာတွေလား။ ငါကြားချင်တာတွေက အဲ့တာတွေလား။

ပြီးတော့ သူတို့က တစ်ခုခုကို နားလည်မှုလွဲနေကြသလိုပဲ။ ငါက သူတို့ကို အခွင့်အလမ်းတစ်ခု ပေးမယ်လို့ ထင်နေကြတဲ့ပုံပဲ။

ထိုလူများက အရိပ်အမြွက်ကို နားမလည်ကြဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှာ ဖြည်းဖြည်းချင်း ခေါင်းခါရမ်းနေတော့သည်။ ငါက သူတို့တွေကို လမ်းညွှန်ပေးရဦးမှာပဲ။

“ မင်းတို့ပြောတာတွေက ငါကောင်းကင်ဘုံ ဖြစ်စဥ်ကို တွက်ချက်ကြည့်ခဲ့တာနဲ့ တော်တော်လေး ကွဲနေသလိုပဲ “

“ ဘာဖြစ်တယ် “

“ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်တုန်းက တောင်ပိုင်းဒေသမှာ မူမမှန်တဲ့ သဘာဝဖြစ်စဥ်တစ်ခုကို တွေ့ခဲ့ရတယ်။ အဲ့နေ့က ပြိုင်ဘက်ကင်း ပါရမီရှင် မွေးဖွားလာတဲ့နေ့ပဲ။ အဲ့ဒီမျိုးဆက်က ပါရမီရှင် အကုန်လုံးကို ဖိနှိပ်နေနိုင်သင့်တယ်။ ဘာလို့ မင်းတို့က သူ့အကြောင်းကို မပြောကြရတာလဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။

ထျန်းရီ မြင့်မြတ်နယ်မြေမှာလည်း မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလာခဲ့သည် “ အဲ့တာက ရှင်းယွင်များလား “

လုချန်ရှန်းမှာ ဆွံ့အသွားတော့သည်။ သူတို့က အခုထိတောင် မရိပ်မိကြသေးဘူးလားဟ။

ထျန်းကျီစံအိမ်၏ လူတစ်ဦးကပါ စကားဝင်ပြောလာခဲ့၏ “ စီနီယာက လုချန်ရှန်းကို ပြောနေတာနဲ့တူတယ် “

“ လုချန်ရှန်း ………. “

ထိုအမည်နာမကို ကြားလိုက်ရသောအခါတွင် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ချီးစားမိသွားသကဲ့သို့ မျက်နှာမသာမယာ ဖြစ်သွားကာ သူတို့၏ ရှေးဦးဝိညာဥ်များပင် မတည်မငြိမ်ဖြစ်သွားခဲ့သည်။

လုချန်ရှန်းသည် ထျန်းကျီစံအိမ်က လမ်းကြောင်းမှန်ပေါ်ရောက်လာပြီဟု ရုတ်တရက် ခံစားသွားခဲ့ရသည်။

သို့ရာတွင် ထိုလူများမှာ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ကြိုးပမ်းကာ စကားထပ်ပြောလာကြသည် “ တကယ်လို့ စီနီယာပြောနေတာက အဲ့လူသာ ဖြစ်နေမယ်ဆိုရင် သူက တကယ်ကို ထူးချွန်ပါတယ်။ အသက်နှစ်ဆယ်အရွယ်မှာတင် ဓားနှလုံးသား သန့်စင်မှုကို ပိုင်ဆိုင်ထားပြီးတော့ အဲ့တာက ဒီကမ္ဘာလောကမှာ တကယ်ရှားပါတယ် “

“ အဲ့ကလေးရဲ့ စွမ်းရည်က တကယ်ကိုထူးခြားပါတယ်။ ရွယ်တူတွေထဲမှာ လူအနည်းစုလောက်ကပဲ သူ့ကို ယှဥ်နိုင်ကြပါတယ် “

လုချန်ရှန်းသည် နားထောင်နေရင်းဖြင့် ၎င်းက အပြည့်အဝ မမှန်ကန်ဘူးဟု ခံစားနေခဲ့ရသော်လည်း ၎င်းက အတော်ပင် စိတ်ကျေနပ်ဖွယ်ကောင်းသည်ဟု သိရှိနေခဲ့သည်။

သို့ရာတွင် တစ်စုံတစ်ဦးက စကားထပ်ပြောလာခဲ့၏ “ သူက ဖြောင့်မတ်တဲ့လမ်းစဥ်ကို မလျှောက်လှမ်းတာကတော့ နှမြောဖို့ကောင်းတယ်။ သူက သူ့ဆရာကို မှီခိုပြီးတော့ မိစ္ဆာလမ်းကြောင်းပေါ်ကို ရောက်သွားပါပြီ။ သူက လောကကြီးကို လျစ်လျူရှုထားပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို အများကြီး လုပ်ခဲ့ပါတယ်။ သူ့ကို ဘယ်သူကမှ သည်းမခံနိုင်တော့ပါဘူး “

ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။ သူ၏တာအိုစိတ်နှလုံးသားကသာ လုံလုံလောက်လောက် အားကောင်းမနေခဲ့ဘူးဆိုပါက သူသည် ချက်ချင်းမတ်တပ်ထရပ်ကာ ထိုအကောင့်ကို ရိုက်သတ်လိုက်မည် ဖြစ်သည်။

ဘယ်လိုပေါက်တတ်ကရတွေ လျှောက်ပြောနေတာလဲ။ လမ်းမထက်က ကျောက်စိမ်းလိုမျိုး လူချောလေး ဒီကမ္ဘာမှာ ပြိုင်ဘက်ကင်းတဲ့ သခင်လေးက မင်းတို့တွေရဲ့ ပါးစပ်တွေထဲမှာ တစ်ကမ္ဘာလုံးက ကြိတ်မုန်းနေတဲ့ လူယုတ်မာမျိုး ဘယ်လိုလုပ် ဖြစ်သွားရတာလဲ။

သို့ရာတွင် လုချန်ရှန်းက ထိုအကြောင်းကို ပြောခဲ့သည့် အချိန်၌ စုမူယွဲ့၏ မျက်လုံးများအတွင်းတွင် ထူးဆန်းသော အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ သူမမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်၏ လူက စကားထပ်ပြောလာခဲ့သည် “ အဲ့အကြောင်းကိုပြောမှပဲ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က အဲ့ကလေးက ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေထဲကို ဝင်သွားပြီးတော့ အစအနရှာမရဘဲ ပျောက်သွားခဲ့ပါတယ်။ အဲ့ထဲကို ဝင်သွားတဲ့ သက်ရှိသတ္တဝါတွေ အကုန်လုံးကလည်း သူနဲ့အတူ ပျောက်သွားခဲ့ပါတယ်။ သူက တစ်နှစ်ကျော်ကြာတဲ့အထိ ပြဿနာမရှာနိုင်တော့ပါဘူး “

“ ပြီးတော့ရော “ ဟု လုချန်ရှန်းက ထပ်မံ၍ မေးမြန်းလိုက်၏။

လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြသည်။ စီနီယာက တော်တော်လေးကို စိတ်ဝင်စားနေတဲ့ပုံပဲ။

သူတို့သည် လွန်ခဲ့သော တစ်နှစ်ကျော်က ဖြစ်ပွားခဲ့သည့် အရာများကို ပြန်လည်ပြောပြနေတော့သည်။

အစပိုင်းတွင် ၎င်းက ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ လူငယ်ခေါင်းဆောင် ရာထူးအတွက် ပြိုင်ပွဲတစ်ခုဖြစ်ခဲ့သည်။ သို့သော် ပြိုင်ဝင်နှစ်ဦးစလုံး ပျောက်ကွယ်သွားကာ သူတို့နှင့်အတူ ဘိုးဘွားနယ်မြေအတွင်းသို့ ဝင်သွားသည့် လူများအနက် ရှင်းယွင် ပန်အမျိုးသမီးနှင့် ပန်ဘုရင်လေးတို့မှတစ်ပါး ကျန်လူအားလုံးမှာ အစအနပင် ရှာမရဘဲ ပျောက်ကွယ်သွားခဲ့သည်။

ထိုလူများက အငွေ့ပျံသွားသည့်အလားပင် ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် လုချန်ရှန်းက အကြမ်းဖျင်း နားလည်သွားခဲ့ပြီဖြစ်သည်။ အဲ့လူအားလုံး ပျောက်သွားခဲ့တာပဲ။

အကယ်၍ သူ့ထံတွင် ကန်းယွင်ကားချပ်မရှိဘူးဆိုပါက သူကပါ ပျောက်ကွယ်သွားနိုင်ပေသည်။

ယခုလေးတင် ကြားခဲ့ရသည့် စကားများအရ လောင်လျူမှာလည်း ကံကြမ္မာဆိုးနှင့် ကြုံတွေ့သွားရဖို့သာများသည်။ ၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းမှာ အနည်းငယ် နောင်တရသွားခဲ့သည်။ လောင်လျူ၏ ဘဝက အလွန်ပင် ဝမ်းနည်းကြေကွဲဖွယ်ကောင်းနေခဲ့ပြီး နှစ်ငါးရာကျော်အထိ ပိတ်လှောင်ခံထားရသော်လည်း အဆုံးတွင် အဆိုပါ ကပ်ဘေးကို မည်သို့မျှ မကျော်လွှားနိုင်ခဲ့ပေ။

သူက ၎င်းတို့ကို မည်သို့မျှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ သူအားလပ်သည့် အချိန်တွင် ထိုလူ့အတွက် အမှတ်တရကျောက်တိုင် စိုက်ထူပေးကာ ရိုးရှင်းသော ပူဇော်မှုကို ပြုလုပ်ပေးရုံသာ တတ်နိုင်ပေသည်။ ၎င်းက သူလုပ်ပေးနိုင်သည့် အကောင်းဆုံးသော အခြေအနေတစ်ခုဖြစ်သည်။

သူက ထိုလူ့၏ ပိုင်ဆိုင်မှုများကို အမွေမဆက်ခံနိုင်ခြင်းက နှမြောဖွယ်ကောင်းလှသည်။

လုချန်ရှန်းသည် အလိုရှိသည့် အချက်အလက်များကို ရရှိခဲ့ပြီးသည့်နောက်တွင် လှည့်ထွက်သွားရန် ပြင်လိုက်သည်။

တစ်ခြားလူများက အလောတကြီး စကားပြောဆိုလာကြသည် “ စီနီယာ “

“ ဘာကိစ္စ ရှိသေးလို့လဲ “

“ ကျွန်တော်တို့က ဝူဝမ်ပင်လယ်ပြင်အကြောင်း မေးချင်လို့ပါ “

လုချန်ရှန်းသည် တစ်ခဏခန့် မှင်သက်သွားခဲ့ပြီး သူက အရေးအကြီးဆုံး ကိစ္စကို မေ့လျော့နေခဲ့သည်ဆိုသည်ကို နားလည်သွားခဲ့သည်။ သူ့အား ကြင်နာစွာ သတင်းပေးခဲ့သည့် လူများကို မည်ကဲ့သို့ အမြတ်ထုတ်နိုင်မည်နည်း။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် ထိုင်ချလိုက်ကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ မင်းတို့ မေးချင်တာမေးကြလေ “

ထိုအချိန်တွင် ထျန်းရီ မြင့်မြတ်နယ်မြေ၏ လူက အရင်ဦးဆုံး စကားစပြောလာခဲ့သည် “ စီနီယာ ငါးမျှားနေတာကို ကျွန်တော်တွေ့လိုက်ရပါတယ်။ ဘာကို မျှားနေလဲဆိုတာကို သိလို့ရမလားဗျ “

သိသာနေတာကို မေးနေသေးတာလားဟ။

လုချန်ရှန်းသည် သူတို့ကို ငေးကြည့်လိုက်ပြီး အေးအေးလူလူ ပြန်ပြောလိုက်သည် “ မဟာတာအိုရဲ့ နိယာမက ဒီနေရာမှာ နစ်မြုပ်သွားခဲ့တာလေ “

တိကျသေချာသော အဖြေကို ကြားလိုက်ရသောအခါတွင် လူတိုင်း အံ့အားသင့်သွားကြသည်။ ဟွာရှုနယ်ပယ်သို့ ရောက်ရှိသွားသည့်နောက်တွင် လူတစ်ဦးက နိယာမကို စတင်၍ ထိတွေ့နေရပြီဖြစ်သည်။ အကယ်၍ သူတို့ကသာ နိယာမ ချိန်းကြိုးကို ရယူနိုင်ခဲ့မည်ဆိုပါက သိသာထင်ရှားသော အကျိုးအမြတ်များကို ရရှိမည်ဖြစ်သည်။

အချိန်အတော်ကြာ စူးစမ်းလေ့လာခဲ့ပြီးသည့်နောက်တွင် သူတို့အားလုံးက လုပ်ငန်းစဥ်ကို အကြမ်းဖျင်း နားလည်သွားကြပြီ ဖြစ်သည်။ အရေးအကြီးဆုံးအရာမှာ သူတို့က ရှေ့မတက်ရဲကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်လိုက်သည်နှင့်တစ်ပြိုင်နက် မိစ္ဆာဝိညာဥ်များ ပေါ်ထွက်လာမည်ဖြစ်သည်။ ယမန်နေ့က နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူက ထင်ရှားသော ဥပမာ သာဓကပင်ဖြစ်ပေသည်။

“ စီနီယာ ကျွန်တော်တို့ရော ငါးမျှားလို့ရလားဗျ “

“ မဟာတာအိုက ပင်လယ်ထဲကို နစ်မြုပ်သွားခဲ့တာလေ။ အဲ့တာက ပိုင်ရှင်မဲ့ဖြစ်တာကြောင့် သေချာပေါက် ရတာပေါ့ “

“ ဒါဆိုရင် …… “

ထျန်းရီ မြင့်မြတ်နယ်မြေ၏ လူမှာ တွေဝေတုံ့ဆိုင်းသွားခဲ့သည် “ ကျွန်တော်တို့က စီနီယာ့ဆီကနေ လှေလေး ငှားလို့ရမလားဗျ ………. “

ဟမ်

ထိုအချိန်တွင် လုချန်ရှန်းမှာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ၎င်းက လူတော်တော်များများကို ကျောချမ်းသွားစေခဲ့သည်။

“ စီနီယာ ခင်ဗျား ………… “

သူသည် အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးမြန်းလာသေး၏။

ထို့နောက်တွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ လူငယ်လေး ဒီနေရာက အခြေအနေက မင်းထင်ထားတာထပ် ပိုပြီးတော့ နက်နဲရှုပ်ထွေးတယ်။ လှေစီးပြီး ငါးမျှားရုံလောက်နဲ့ မရိုးရှင်းဘူး ပြန်ပေးဆပ်ရမဲ့ ကံကြွေးလည်း ရှိတယ် “

“ အဲ့တာက …… “

လူတိုင်း၏ စိတ်နှလုံးသားများ လေးလံသွားကြသည်။ ကံကြွေး ကံကြမ္မာနှင့် ကောင်းမှုကံတို့မှာ အနက်နဲဆုံးသော အယူအဆများ/သဘောတရားများ ဖြစ်ပြီး မမြင်နိုင်သကဲ့သို့ ထိတွေ့ကိုင်တွယ်၍ပါ မရချေ။ သူတို့၏ နယ်ပယ်များ မြင့်မားလာသည်နှင့်အမျှ သူတို့က ထိုကဲ့သို့သော တည်ရှိမှုများကို ယုံကြည်လာကြပြီး ၎င်းတို့မှာလည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

သူတို့တွေဝေတုံ့ဆိုင်းမှုကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ တကယ်လို့ မင်းတို့က သွားကြမယ်ဆိုရင် အဲ့ဒီကံကြွေးကို မဖြတ်တောက်လိုက်နဲ့။ နောက်ဆက်တွဲ အကျိုးဆက်တွေက ခန့်မှန်းလို့တောင် မရလောက်ဘူး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ယခုလေးတင် စိတ်ဓာတ်ကျနေခဲ့သည့် လူများမှာ စိတ်ဓာတ်များ တက်ကြွသွားကာ မျက်လုံးများ ထပ်မံ၍ တောက်ပသွားခဲ့သည်။

+-

……………………………………………………………………………………………………………………………………….

All Chapters