← Chapters

အခန်း ၂၄၀

Vol. 16 Ch. 240

အခန်း ၂၄၀

Vol. 16 Ch. 240

အပိုင်း ( 240 )

အဲ့တာက သူ့ပုံစံ မဟုတ်ဘူး

လုချန်ရှန်းက မည်သည့်အရာကိုမှ ထပ်ပြောချင်ပုံမရဘဲ အဝေးသို့ လျှောက်လှမ်းသွားခဲ့၏။

သို့သော် လူအုပ်ကြီးသည် အထိတ်တလန့် ဖြစ်သွားခဲ့ကာ စိတ်တင်းကြပ်နေသော အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။

သူ၏ ဟန်ဆောင်ဆုတ်ခွာမှုက လူတိုင်းကို အငိုက်မိသွားစေခဲ့၏။

ထျန်းကျီစံအိမ်က ထိုမေးခွန်းကို ထုတ်ပြောခဲ့သည့် အချိန်၌ သူတို့ထံတွင် သံသယများ ရှိနေသေးသည်။ သို့သော် သူက ပင်လယ်ပြင်ကို အေးအေးလူလူ ကျော်ဖြတ်နေသည့်အချိန်တွင် မိစ္ဆာအားလုံးက ဆုတ်ခွာသွားသည်ကို မြင်ခဲ့ရသည့်နောက်တွင် သူတို့သည် ထိုလူက နက်နဲသော ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် စီနီယာတစ်ဦးဆိုသည်ကို အပြည့်အဝ ယုံကြည်သွားကြသည်။

သူတို့က ဤနေရာသို့ ပထမဦးဆုံး ရောက်ရှိလာခဲ့သည့် အချိန်တွင် သူတို့က ပင်လယ်ပြင်အတွင်းမှ မကောင်းဆိုးဝါးများနှင့် ကြုံတွေ့ခဲ့ရပြီး ၎င်းတို့က အလွန်တရာ အစွမ်းထက်လှကာ ဟွာရှုနယ်ပယ် ပညာရှင်ကပင် ၎င်းတို့ကို မည်သို့မျှ မယှဥ်နိုင်ခဲ့ဘဲ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ထို့နောက်တွင် တစ်စုံတစ်ဦးက စကားထပ်ပြောလာခဲ့၏ “ ထျန်းကျီစံအိမ်က မိတ်ဆွေတွေ မင်းတို့က စီနီယာက ကြင်ကြင်နာနာ ကူညီပေးနေတဲ့ အချိန်မှာ ဘယ်လိုလုပ် သံသယတွေ ဝင်နေကြတာလဲ။ မင်းတို့က စိတ်ရင်းမမှန်ကြဘူးပဲ “

ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်က အရင်ဦးဆုံး စကားစပြောလာခဲ့သည်။

သက်တော်ကြီးသော ဘုန်းကြီးအိုတစ်ပါးမှာလည်း စကားဝင်ပြောလာခဲ့သည် “ အမှန်ပဲ။ ဒီစီနီယာက မင်းတို့ထင်နေသလိုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

“ ဒီကမ္ဘာကြီးထဲမှာ အဲ့လို မြင့်မြတ် ဖြူစင်တဲ့ စိတ်ထားမျိုးကို ပိုင်ဆိုင်ထားတဲ့လူက လက်ချိုးရေလို့တောင် ရတယ် “

“ တာအိုရောင်းရင်းတို့ မင်းတို့တွေရဲ့ သံသယတွေက တော်တော်လေးကို ပြင်းထန်လွန်းတယ်။ အဲ့တာက မကောင်းဘူး။ မင်းတို့က စီနီယာ့ကို ဒေါသထွက်အောင်လုပ်လိုက်ပြီ “

“ … “

“ ??? “

အသံများ တစ်သံပြီးတစ်သံပေါ်ထွက်လာခဲ့ကာ ထျန်းကျီစံအိမ်၏ လူများမှာ နေရာမှာတင် မှင်သက်သွားကြသည်။

ငါမေးခွန်းထုတ်တဲ့ အချိန်တုန်းက မင်းတို့အားလုံး သဘောတူခဲ့ကြတာ မဟုတ်ဘူးလား။ အဓိပ္ပါယ်ရှိတယ်ဆိုပြီး သူ့ကို စမ်းသပ်ကြည့်ဖို့ ယုံကြည်နေခဲ့တာ မဟုတ်ကြဘူးလားဟ “

ဘယ်လိုလုပ် ငါတို့ အမှားဖြစ်သွားရတာလဲ။

တစ်ကောင်ပြီးတစ်ကောင် စကားလုံးတွေနဲ့ တိုက်ခိုက်ပြီးတော့ အပြစ်တွေ အကုန်လုံးကို ငါ့ခေါင်းပေါ်ကို ပုံချလိုက်ဖို့ ကြံနေတာလား။

မင်းတို့တွေက အရှက်ကင်းပြီး သစ္စာမဲ့တဲ့ ခွေးအိုကြီးတွေပဲ။

ထို့အပြင် သူတို့၏ အသံများမှာ လုချန်ရှန်းက ၎င်းတို့အား မကြားမှာကို စိုးရိမ်နေသည့်အလား တစ်စထပ်တစ်စ ပိုမိုကျယ်လောင်လာခဲ့၏။ ထို့နောက်တွင် သူတို့သည် မည်သည့်ငြင်းဆိုခွင့်ကိုမှ မပေးဘဲ သူ့အနောက်သို့ ပြေးလိုက်သွားကြသည်။

“ စီနီယာ ကျေးဇူးပြုပြီးတော့ စိတ်လျှော့ပါဦးဗျ “

“ ဒီကိစ္စအတွက် ထျန်းကျီစံအိမ်ကို လုံးလုံးလျားလျားကြီးတော့ အပြစ်တင်လို့ မရဘူးဗျ။ သူတို့ဂိုဏ်းရဲ့ စည်းမျဥ်းစည်းကမ်းတွေက တော်တော်လေးကို တင်းကြပ်တယ်လေ။ သူတို့က ရည်ရွယ်ချက်ရှိရှိ စော်ကားနေကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က စီနီယာ့ကို အမြဲယုံကြည်ပါတယ်ဗျာ “

“ အမှန်ပါပဲ။ စီနီယာ ကျေးဇူးပြုပြီးတော့ ဒေါသမထွက်လိုက်ပါနဲ့ဗျာ။ ကျွန်တော်တို့က သူတို့ကို ဒီကိစ္စရဲ့ လေးနက်မှုကို ရှင်းပြလိုက်ပြီးတော့ လာတောင်းပန်ခိုင်းလိုက်ပါမယ် “

“ ဟုတ်ပါတယ် မှန်ပါတယ်။ အဲ့တာက ထျန်းကျီစံအိမ်ရဲ့ အမှားပဲ။ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး “

“ … “

ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် ထျန်းကျီစံအိမ်၏ လူများမှာ သွေးအန်လုမတတ် ဖြစ်သွားကြ၏။ သူတို့သည် ထိုကဲ့သို့သော အရှက်မဲ့မှုမျိုးကို မည်သို့မျှ မမြင်ခဲ့ဖူးချေ။

မင်းတို့ကောင်တွေက မြင့်မြတ်နယ်မြေတွေလေ။ ပင်လယ်ထဲမှာ ငါးလေးမျှားနိုင်ဖို့အတွက် အပြစ်တွေအားလုံးကို ငါတို့ဆီကို လွှဲချလိုက်ကြတယ်ပေါ့။ ငါတို့ကိုတောင် တောင်းပန်ဖို့ ပြောနေကြတယ်ပေါ့။

တူတူရှေ့တက်ပြီးတော့ တူတူနောက်ဆုတ်ကြမယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မြောင်းထဲ ရောက်သွားတာလဲ။

လုချန်ရှန်းမှာ ခြေလှမ်းများ ရပ်တန့်သွားကာ အလွန်တရာ အေးဆေးတည်ငြိမ်သော အမူအရာမျိုးဖြင့် ထိုလူများကို လှည့်ကြည့်လိုက်၏။ သို့သော် သူ၏ အတွင်းစိတ်တွင်မူ အတော်ပင် အံ့ဩမှင်သက်နေခဲ့သည်။

အရှက်ကင်းမဲ့ခြင်းရှုထောင့်တွင် သူတို့က သူ့ထပ်ပင် ပိုမိုဆိုးရွားနေခဲ့သည်။

ထိုစဥ် လူတိုင်းက ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ထျန်းကျီစံအိမ်၏ လူများကို စိုက်ကြည့်နေခဲ့ကြည်။

ထိုကဲ့သို့သော ဖိအားမျိုးနှင့် ငါးမျှားလိုသည့် စိတ်ဆန္ဒကြောင့် သူတို့က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရှေ့တက်ကာ အပြုံးဖြင့် စကားပြောလာခဲ့သည် “ စီနီယာ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့ဗျာ။ အဲ့တာက ကျွန်တော်တို့ရဲ့ အမှားပါ။ ကျွန်တော်တို့က အဲ့လောက်ကြီး သံသယမဝင်သင့်ဘူး “

လုချန်ရှန်းက အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။ အဲ့လိုမှပေါ့ မင်းတို့က ငါ့ကို ဘယ်လိုလုပ် သံသယဝင်ရဲကြတာလဲ။

သို့သော် ထပ်မံ၍ ပေါ်ထွက်လာခဲ့သည် စကားတစ်ခွန်းက သူ၏တည်ငြိမ်မှုကို ဆုံးရှုံးသွားစေခဲ့၏။

ထျန်းကျီစံအိမ်က တောင်းပန်နေရင်းဖြင့် ရုတ်တရက် စကားပြောလာခဲ့သည် “ တကယ်လို့ မင်းတို့က တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်လည်း အဲ့ဒီလုချန်ရှန်းကို အပြစ်တင်လိုက်ကြ။ အဲ့ကလေးက လိမ္မာပါးနပ်ပြီးတော့ ကောက်ကျစ်တယ်။ အမြဲလိုလို လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်ပြီးတော့ လူတွေက သူ့ထောက်ချောက်ထဲကို အကြိမ်ပေါင်းများစွာ ကျဆင်းသွားခဲ့ရတာ။ သူက ငါတို့ကို လေတိုက်တိုင်းလန့်သွားတတ်တဲ့ ငှက်လေးတွေလိုမျိုး ဖြစ်သွားစေခဲ့တယ် “

လုချန်ရှန်း : “ ??? “

ငါ့ကို ငါ့ရှေ့မှာတင် အပြစ်တင်နေကြတာလားဟ။ မင်းတို့က လူတစ်ယောက်ရဲ့ကွယ်ရာမှာ အဲ့လူမကောင်းကြောင်းကို ပြောတတ်ကြတာလား။

ငါ့လို ဂုဏ်သိက္ခာကြီးမားတဲ့ ချင်းယီဓားသခင်က သန့်စင်မွန်မြတ်တဲ့ စိတ်သဘောထားကို ပိုင်ဆိုင်ထားတဲ့ ဖြောင့်မတ်တည်ကြည်တဲ့ လူငယ်တစ်ယောက်ကွ။ သူတို့ပြောတာတွေက ငါနဲ့ဘာဆိုင်နေလို့လဲ။

လုချန်ရှန်းသည် ဒေါသထွက်သွားကာ မနေနိုင်တော့ဘဲ ငြင်းခုန်နေတော့၏ “ ဘာပဲဖြစ်ဖြစ် သူက အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်သာသာပဲလေ။ သူက မင်းတို့လို ဂိုဏ်းကြီးတွေကို ဒီလောက်တောင် စိုးရိမ်ပူပန်ရအောင် လုပ်နိုင်တယ်ပေါ့ “

“ အဲ့ကလေးက စကားလုံးတွေနဲ့ ဖော်ပြဖို့ခက်ပါတယ်ဗျာ။ လုံးဝသည်းခံလို့မရတဲ့ လူယုတ်မာလေး ………. “

ထျန်းကျီစံအိမ်က အကျဥ်းချုံး၍ ရှင်းပြနေခဲ့ကာ လုချန်ရှန်းမှာ အနည်းငယ် ဆွံ့အသွားခဲ့သည်။ သူသည် ထိုလူများက သူ့ကို ထိုကဲ့သို့ တွေးထင်နေကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ တော်လောက်ပြီ “

အဆုံးတွင် သူသည် မည်သို့မျှ သည်းမခံနိုင်တော့ဘဲ၊ ကြားဖြတ်ပြောလိုက်သည်။

သို့ရာတွင် သူသည် မထင်မှတ်ထားစွာဖြင့် အချက်အလက်တစ်ချို့ ရရှိခဲ့ပြီး ထိုလူများက ဝူဝမ်နယ်မြေ၏ ဝင်ပေါက်တွင် ကြောက်မက်ဖွယ်ကောင်းသော အစီအမံများ ပြုလုပ်ထားကြောင်း သိရှိခဲ့ရ၏။

သူတို့သည် လုချန်ရှန်းက မည်သည့်အခွင့်အလမ်းကိုမှ လက်လွှတ်လိမ့်မည် မဟုတ်ဘူးဆိုသည်ကို သိနေခဲ့ကြကာ ဤတစ်ကြိမ်တွင်လည်း သူလာဖို့များသည်ဟု မှတ်ယူထားခဲ့ကြသည်။ ထို့ကြောင့် သူတို့က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကာ ထိုလူက သူတို့၏ ထောက်ချောက်အတွင်းသို့ ကျဆင်းလာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

လုချန်ရှန်းမှာ တိတ်တဆိတ် သက်ပြင်းချကာ နားမလည်နိုင် ဖြစ်သွားခဲ့သည်။ သူက မကောင်းမှုများစွာကို ကျူးလွန်ခဲ့သော်လည်း သူ့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုမျှလောက်အထိ ကြိုးစားအားထုတ်ရန် မလိုချေ။

ဆရာ့ကို ရန်စပြီးတော့ စိတ်လှုပ်ရှားစရာလေးတွေ လုပ်ချင်နေကြတာလားဟ

အကယ်၍ သူတို့က ၎င်းကို ကူချန်ကျွင်းသိရှိသွားခြင်းမှ ဖုံးကွယ်ထားနိုင်မည်ဆိုလျှင်တောင်မှ သူတို့ကို မည်သည့်အရာက ထိုကဲ့သို့ ပြုလုပ်ရန် တွန်းအားပေးနေခဲ့သနည်း။ အမုန်းတရားလော အငြိုးအတေးလော။

လုချန်ရှန်းသည် တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်လိုက်ရသောအခါတွင် လူတိုင်း၏ စိတ်နှလုံးသားများ တင်းကြပ်သွားခဲ့သည်။

“ စီနီယာ …….. “

“ မင်းတို့ ပြင်ဆင်ထားတဲ့ ပူဇော်သက္ကာတွေကို ယူလာခဲ့လိုက်။ ငါမင်းတို့အတွက် စတေးပေးပြီးတော့ လှေတွေ တောင်းပေးမယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း ပျော်ရွှင်ဝမ်းမြောက်သွား၏။

သူတို့သည် သူတို့ ပြင်ဆင်ထားခဲ့သည့် ပစ္စည်းများကို ရက်ရက်ရောရော ထုတ်ပေးလာကြ၏။ လုချန်ရှန်းကမူ အဆိုပါ ပစ္စည်းများကို ရရှိခဲ့ပြီးသည့်နောက်တွင် ပင်လယ်ကမ်းခြေသို့ ပြန်ရောက်သွားခဲ့သည်။

မည်သည့်အရာမှ မှားယွင်းမနေဘူးဆိုသည်ကို သေချာစေရန်အလို့ငှာ သူသည် သူ၏ စွမ်းအားကို ထပ်မံ၍ ပြသကာ ပင်လယ်ရေမျက်နှာပြင်အထက်တွင် ထပ်မံ၍ လမ်းလျှောက်ကာ အဝေးသို့ ဦးတည်သွားခဲ့သည်။

လူတစ်စုသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် စိတ်ဓာတ်များ တက်ကြွသွားက တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။

သူတို့က ၎င်းက မည်မျှကြာရှည်မလဲဆိုသည်ကိုပင် မမေးမြန်းရဲကြဘဲ မျှော်လင့်တကြီး စောင့်စားနေခဲ့ကြ၏။

လုချန်ရှန်းကမူ သူ့ကို မည်သူကမှ မမြင်နိုင်သော အကွာအဝေးတစ်ခုသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ဦးတည်ချက်ကို ပြောင်းကာ ကျောက်ဆောင်မှတစ်ဆင့် ယဇ်ပုလ္လင်ပေါ်သို့ အပြုံးတစ်ခုဖြင့် ရောက်ရှိသွားခဲ့သည်။

ရှောင်ဟေးသည် မျက်လုံးများ ဖွင့်ဟလာခဲ့ကာ စကားပြောရန် ပြင်လိုက်သည်။ သို့သော် သူအံ့ဩတုန်လှုပ်သွားခဲ့ရသည်။

သူ၏ မျက်လုံးများအရှေ့တွင် တောင်ကဲ့သို့ စုပြုံနေသည့် ပစ္စည်းအများအပြား ရှိနေခဲ့သည်။

ဝိညာဥ်ဆေးတောင်ပို့တစ်ခု ရှိနေခဲ့ကာ စိတ်ဝိညာဥ် စမ်းရေတို့ဖြင့် ပြည့်နှက်နေသည့် ဘူးသီးခြောက်တန်းတစ်ခု အပါအဝင် အမျိုးမျိုးသော ရှားပါးရတနာများနှင့် ဝိညာဥ် ပစ္စည်းများစွာ ထိုနေရာတွင် လှဲလျောင်းနေလျက်ရှိ၏။ ၎င်းတို့က ဤကမ္ဘာပေါ်တွင် မြင်ရခဲသော ပစ္စည်းများပင် ဖြစ်သည်။

ဝိညာဥ် ကျောက်တုံးတစ်မျိုးတည်းကပင် သန်းနှစ်ဆယ်ကျော် ရှိနေခဲ့သည်။

ထို့အပြင် ထူးဆန်းသော သားရဲများနှင့် ငှက်များပါ အုပ်စုလိုက်ရှိနေခဲ့သည်။

ရှောင်ဟေးသည် အချိန်အတော်ကြာ မှင်သက်နေလျက်ရှိပြီး မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် လုချန်ရှန်းကို ကြည့်ကာ စကားပြောလာခဲ့သည် “ မင်းက ဒီလောက်အများကြီးကို ဘယ်ကနေ ရလာခဲ့တာလဲ။ မင်းက အဲ့ဒီ မြင့်မြတ်နယ်မြေ အကုန်လုံးကို အပြတ်ရှင်းလိုက်တာလား “

သူသည် အလွန်တရာ အံ့အားသင့်နေလျက်ရှိသည်။ အချိန်အတော်ကြာ တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင် ထိုလူများကို အပြတ်ရှင်းလိုက်ခြင်းမှအပ ဤကဲ့သို့ ပစ္စည်းအများအပြားကို မည်သည့်နေရာမှ ရရှိခဲ့လဲဆိုသည်ကို မည်သို့မျှ မစဥ်းစားနိုင်တော့ပေ။

သို့သော် ဤတစ်ကြိမ်တွင် မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူများသာလျှင် မဟုတ်ဘဲ ဟွာရှုနယ်ပယ် အဆင့်နှင့် ၎င်း၏ အထက်မှ ပညာရှင်များပါ ပါဝင်နေလျက်ရှိသည်။ ဒီကောင်က ဘယ်လိုလုပ်လိုက်တာလဲဟ

လုချန်ရှန်းက မျက်မှောင်ကြုတ်သွားကာ တုံ့ပြန်လိုက်သည် “ ရှောင်ဟေး မင်းက ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုရဲ့ လူငယ် ခေါင်းဆောင်လေ။ စကားကို ရိုင်းရိုင်းစိုင်းစိုင်း မပြောလို့မရဘူးလား။ အပြတ်ရှင်းတယ်ဆိုတာက ဘာစကားကြီးလဲ “

“ ဒါဆိုရင် မင်းက အဲ့တာတွေကို ဘယ်လိုလုပ် ရခဲ့တာလဲ “

“ သူတို့က ငါ့ကို ပေးလိုက်တာလေ။ သူတို့က အဲ့တာတွေကို ပေးဖို့အတွက် ရက်အတော်ကြာ တောင်းပန်နေခဲ့တာလေ။ ငါကလည်း စိတ်ရှုပ်ရလွန်းလို့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ သဘောတူလိုက်ရတယ်လေ “

ရှောင်ဟေး : “ ??? “

မည်သည့်အတွက်ကြောင့်လဲဆိုသည်ကို သူမသိပေ။ သူက လုချန်ရှန်းကို အတော်လေး နားလည်ထားသည်ဟု ထင်နေခဲ့သော်လည်း သူနားမလည်သေးသည့် အရာများစွာ ရှိနေသေးသည်။

အဆုံးတွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ အဲ့တာက လှေဝယ်ဖို့အတွက် သူတို့က ငါ့ကို ပေးခဲ့တဲ့ငွေတွေလေ “

“ လှေလား “

“ ဟုတ်တယ် “

“ မင်းပင်လယ်ထဲကနေ ကောက်ခဲ့တဲ့ဟာတွေလား “

“ အမှန်ပဲ “

လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။

၎င်းကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် ရှောင်ဟေးမှာ အံ့ဩမှင်သက်သွားကာ မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် လုချန်ရှန်းကို ငေးကြည့်နေတော့သည်။ သူသည် ပင်လယ်အတွင်းမှ ကောက်ယူခဲ့သည့် လှေအနည်းငယ်က ထိုမျှလောက် တန်ဖိုးကြီးနေလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။

အဆိုပါ ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ သန်းငါးဆယ်ပင် ကျော်နေခဲ့၏။

ရှောင်ဟေးမှာ အချိန်အတော်ကြာ အတွေးနက်သွားခဲ့ပြီး ပိုတွေးလေလေ လုချန်ရှန်းက ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သည်ဟု ပိုခံစားရလေလေ ဖြစ်သွားခဲ့သည်။ ထိုအကောင်မှာ ၎င်းတို့ကို အသုံးချကာ အမှန်တကယ် ငွေရှာနိုင်ခဲ့လေသည်။

သူသည် ထိုအကောင်က အဆိုပါ မြင့်မြတ်နယ်မြေအားလုံးကို လှည့်စားရန်အတွက် မည်ကဲ့သို့ ပြုလုပ်ခဲ့လဲဆိုသည်ကို မမှန်းဆနိုင်ဖြစ်သွားခဲ့သည်။

သို့ရာ၌ သူသတိပြန်ဝင်လာသည့် အချိန်တွင် မလှမ်းမကမ်းရှိ ယဇ်ပုလ္လင်ထံမှ မီးခိုးလုံးတစ်ချို့ လှိုက်တက်လာခဲ့၏။ လုချန်ရှန်းက မီးပုံတစ်ခုပြင်ဆင်ထားကာ ငှက်ကင်နေခဲ့ပြီ ဖြစ်သည်။

အနီးအနားရှိ ဒယ်စောက်တစ်ခုအပေါ်တွင်လည်း အသားတုံးကြီးတစ်တုံးကို ပြုတ်နေလျက်ရှိသည်။

“ အဲ့အကောင်တွေကရော ဘယ်ကနေရောက်လာခဲ့တာလဲ “

သူသည် ဤနေရာတွင် မည်သည့်သက်ရှိသတ္တဝါမှ မရှိဘူးဆိုသည်ကို သိရှိထားခဲ့သည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ သူတို့ဆီကနေ တောင်းခဲ့တာလေ။ အသားကောင်းကောင်း မစားရတာ တစ်နှစ်ကျော်နေပြီလေ။ အဲ့တာကြောင့် ဒီနေ့တော့ ဗိုက်ကို ခွေးနမ်းတဲ့အထိ အဝဆွဲမယ် “

ရှောင်ဟေးမှာ တိတ်ဆိတ်ငြိမ်သက်ကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ သို့သော် သူသည် အေးအေးလူလူ ထိုင်ချလိုက်ကာ စားသောက်ရန် စောင့်ဆိုင်းနေခဲ့သည်။ လုချန်ရှန်းနှင့် တွေ့ခဲ့သည့် အချိန်ကတည်းက သူက အစားအသောက်ကောင်းများကို တောင့်တမိလာတတ်၏။

စားသောက်ကာ ဗိုက်အပြည့်ဖြည့်ခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာ အေးအေးလူလူ တင်ပျဥ်ခွေထိုင်နေတော့သည်။ သူ၏မျက်နှာပေါ်တွင် မည်သည့်စိုးရိမ်ထိတ်လန့်မှုမှ ရှိမနေခဲ့ပေ။

ရှောင်ဟေးသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် ထိုအကောင်က ငွေယူကာ ထွက်ပြေးသွားလိမ့်မည်ဟု ထင်နေခဲ့၏။ သို့သော် ဒုတိယမြောက်ရက်တွင်မူ ထိုအကောင်မှာ လာရာလမ်းအတိုင်း ပြန်သွားကာ လူအုပ်ကြီးထံသို့ ဦးတည်သွားခဲ့သည်။

“ အဲ့တာက သူ့ပုံစံ မဟုတ်ပါဘူး “ ရှောင်ဟေးမှာ ဇဝေဇဝါဖြင့် ရေရွတ်ပြောဆိုနေတော့၏ “ သူက သူတို့ကို လှည့်စားထားပြီးတော့ ထွက်မပြေးဘူးလားဟ။ အဲ့လူတွေကို ထပ်ပြီးတော့ လှည့်စားချင်နေတာများလား “

+-

……………………………………………………………………………………………………………………………………

All Chapters