← Chapters

ဓားအိမ်

Vol. 006 Ch. 269

ဓားအိမ်

Vol. 006 Ch. 269

လူအိုကြီးက သူ့ရှေ့တွင် အနီရောင် အလင်းတန်း ရောက်လာသည်ကို တွေ့လိုက် သည့်အခါ တုန်လှုပ်သွား၏။ သည်အလင်းတန်း များက သူ့ဘဝတွင် နောက်ဆုံး မြင်လိုက်ရသော အရာဖြစ်သွား တော့သည်။

ဂျိနယ်ပယ်က သူခန္ဓာကိုယ်ကို ဖျက်ဆီးသွားသည်။ သူ့စဦးစိတ်ဝိညာဉ် ကလည်း သူ့ခန္ဓာကိုယ်ထဲမှ လွတ်မြောက်လို့ သွား၏။ ဝမ်လင်းက လူအိုကြီး၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်လိုက်သည်။ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများက လူအိုကြီး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ့စဦး စိတ်ဝိညာဉ်ကို ပိတ်လှောင် လိုက်ခြင်းပင် ဖြစ်သည်။ လူအိုကြီးက သူ့ကိုယ်ထဲရှိ စဦးစိတ်ဝိညာဉ်ကို ဝမ်လင်းယူဆောင် ဝါးမျိုလိုက်သည်ကို အကြောင်သား ထိုင်ကြည့်ရုံသာ တက်နိုင်ခဲ့၏။

ချိုင့်ဝှမ်းထဲတွင် ပုန်းကွယ်နေသော စဦးစိတ်ဝိညာဉ် လေးယောက်၏ မျက်လုံးထဲတွင် ဝမ်လင်းက နတ်ဆိုး တစ်ကောင်အလား ထင်သွားကြသည်။ တစ်စုံတစ်ယောက် စဦးစိတ်ဝိညာဉ် အဆင့် တစ်ယောက်ကို သတ်ပြီး သူ့စဦး စိတ်ဝိဉာည်ကို ဝါးမျိုလိုက်ခြင်းက သူတို့ပုံမှန် ယုံကြည်တွေ့ကြုံ ခဲ့ဖူးသည့် အရာများနှင့် လုံးဝ တခြားစီ ဖြစ်နေခဲ့လေသည်။

သည်လူများက နတ်ဆိုး ကျင့်ကြံသူများဟု ပြော၍ရပေသည်။ သူတို့က လူများစွာကို စဦးစိတ်ဝိညာဉ် အတွက် သတ်ဖြတ်ခဲ့ ဖူးသူများ ဖြစ်ကြသည်။ သို့သော် အခုလို စဦးစိတ်ဝိညာဉ်ကို တိုက်ရိုက် ဝါးမျိုသည့် လူမျိုးကို မမြင်ခဲ့ဖူးကြချေ။ သူတို့က ဝမ်လင်းသည် သည်နေရာတွင် အစစ်အမှန် နတ်ဆိုးတစ်ကောင် ဖြစ်ကြောင်း ခံစားလိုက်ရ၏။

သူတို့က ချိုင့်ဝှမ်းထဲမှ ထွက်ခွာ၍ အရပ်မျက်နှာ အသီးသီးသို့ လွတ်မြောက်ရန် ပြေးလေတော့သည်။

သို့သော် သူတို့ လေးယောက်က ဝမ်လင်းကို နှောင့်ယှက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဝမ်လင်းက ရွေ့လျားခြင်းတောင် မရှိဘဲ သည်ထွက်ပြေးသော လေးယောက်ကို ဂျိနယ်ပယ်ဖြင့် တိုက်ခိုက်၍ သတ်ဖြတ်ပစ် လိုက်သည်။

ဝမ်လင်းက ဂျိနယ်ပယ်ကို အသုံးပြု၍ လူငါးရောက်ကို တစ်ပြိုင်နက်တည်း သတ်ပစ်ခဲ့သဖြင့် သူ့စဦးစိတ်ဝိညာဉ် စွမ်းအင်များစွာကို သုံးစွဲခဲ့ရသည်။ သူက ကျင့်ကြံသူ လေးယောက်၏ စဦးစိတ်ဝိညာဉ်ကို ဆွဲယူဝါးမျို လိုက်သည်၊။ သူက ရှေးဟောင်း နတ်ဘုရား နည်းစနစ်ဖြင့် စဦးစိတ်ဝိညာဉ်များကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ ထို့နောက် ဝမ်လင်း၏ ကျင့်ကြံမှုက အနည်းငယ် တိုးတက်လာ ခဲ့သည်။

သည့်နောက် ဝမ်လင်းက ထိုလူများ၏ သိုလှောင်အိတ် များကို စုစည်း၍ တစ်ခုပြီးတစ်ခု လိုက်ဖွင့်သည်။ ပထမ ဝမ်လင်းက မြေပုံပါသော ကျောက်စိမ်းကို သေချာစစ်ကြည့် လိုက်သည်။ သိုလှောင်အိတ် ထဲတွင် ရတနာများစွာ ရှိသော်လည်း သည်အရာတစ်ခုသာ ဝမ်လင်း၏ အာရုံကို ဖမ်းစားနိုင် ပေသည်။

သူက သည်မြေပုံကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှား မှုကြောင့် စိတ်ဝိညာဉ် စွမ်းအင်များပင် တုန်ခါရသည်။ သူက တည်ငြိမ်အောင် သူ့ကိုယ်သူ လုပ်၍ လက်ထဲရှိ အရာကို ကြည့်လိုက်သည်။ ၎င်းက ဓားအိမ်တစ်ခု ဖြစ်နေသည်။ ကြည့်လိုက်လျှင် သာမန်ဓားအိမ် တစ်လက်သာ ဖြစ်သည်။ သည်ဓားထံမှ ရှေးဟောင်း အငွေ့အသက်များ ထုတ်လွှတ်လျက်တော့ ရှိသည်။

ဝမ်လင်းက အသက်ဝဝရှူ၍ ဂရုတစိုက် ကြည့်လိုက်သည်။ သည်ဓားအိမ်က အတိတ်တုန်းက သူ့ဓားအိမ်နှင့် တိကျစွာတူနေ၏။ သို့သော် သူက အခုဓားအိမ်နှင့် အတိတ်တုန်းက သူပိုင်ဆိုင်ခဲ့သော ဓားအိမ်တို့က တစ်ခုတည်း မဟုတ်ကြောင်း သိလိုက်သည်။

အတိတ်တုန်းက ဓားအိမ်က ဝမ်လင်း သူ့အမြုတေဖြင့် သန့်စင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက တစ်ခါကိုင်ကြည့် လိုက်သည်နှင့် သည်ဓားအိမ်ကို သိပေလိမ့်မည်။ အခုဓားအိမ်က အရင်ဓားအိမ်နှင့် တူညီသော်လည်း ဓားအိမ် တစ်ခုတည်းတော့ မဟုတ်ပေ။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သိုလှောင်အိတ် ထဲကနေ သာမန်ဓားပျံ တစ်ချောင်းထုတ်၍ အခုဓားအိမ်ထဲသို့ ဖြည်းညင်းစွာ ထည့်လိုက်သည်။

ဓားက ဓားအိမ်ထဲသို့ ငါးပုံသုံးပုံခန့် ဝင်သွားသည်နှင့် သူက အားကောင်းသော အကာအကွယ် ဖိအားကို ခံစားလိုက်ရသည်။ ဝမ်လင်း မျက်လုံး မြင့်တက်သွားသည်။ သူက စိတ်ဝိညာဉ်စွမ်းအင် အချို့ကို အသုံးပြုလိုက်ရာ ငါးပုံလေးပုံခန့် ဆက်၍ ဝင်သွား၏။

ဝမ်လင်း အမူအရာက ပြောင်းလဲသွားသည်။ သူက ဓားအိမ်ထဲမှ ကြီးမားသော အသတ်အဖြတ် ဆန္ဒကို ခံစားမိလိုက်သည်။ သူက တုံ့ဆိုင်းခြင်းမရှိ ဓားနှင့်ဓားအိမ်ကို အောက်သို့ ပစ်ချလိုက်၏။ ဓားက ဓားအိမ်မှ ပြန်ထွက်လာပြီး အပိုင်းအစများ ဖြစ်သွား၏။ သည်အရာမှာ ဓားအိမ်ထဲမှ သတ်ဖြတ်လိုမှု ဆန္ဒကြောင့် ဖြစ်ပေသည်။

ထိုခဏတွင် ကောင်းကင်က နက်မှောင်လို့ သွားပြီး ဝမ်လင်းအောက်ရှိ ချိုင့်ဝှမ်းက မီတာရာပေါင်း များစွာရှိသော လျှိုအဖြစ် ချဲ့ထွင်သွား လေသည်။

ဝမ်လင်းက သူ့ဦးရေပြားပင် ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။ သူက ဓားအိမ်ကို ကြည့်၍ အသက် ခပ်ပြင်းပြင်း ရှူလိုက်မိသည်။ ထို့နောက် သူက ဓားအိမ်ကို ကောက်၍ သိုလှောင်အိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ သူက ထပ်မံ၍ ထိတွေ့ စမ်းသပ်ရဲခြင်း မရှိတော့ချေ။

သူ့လက်ရှိ အဆင့်အရ ဓားအိမ်ထဲတွင် ရှိနေသော သတ်ဖြတ်မှုဆန္ဒက လွန်စွာ ကြီးမားသည်ကို တွေ့မြင်နိုင်သည်။ သူက သည်ဓားအိမ်ထဲသို့ ဓားတစ်လက်ကို အားနှင့် အတင်းအကျပ် ထည့်လိုက်သည်နှင့် သတ်ဖြတ်မှု ဆန္ဒများ ထွက်လာခဲ့သည်။ ထို့ကြောင့် သည်ဓားအိမ်၏ စွမ်းအင်က မည်မျှ ကြီးမားသည်ကို သူက စိတ်ကူး၍ မရအောင် ဖြစ်ရသည်။

ထို့ကြောင့် သူဓားအိမ်က အတိတ်တုန်းက သူပိုင်ဆိုင်ခဲ့သော ဓားအိမ်နှင့် တစ်ခုတည်း မဟုတ်ကြောင်း ပိုသိလာခဲ့၏။

အတိတ်တုန်းက ဓားအိမ်က ဓား၏ စွမ်းအားကို တိုးမြှင့်ပေး နိုင်သည်။ ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သည်ဓားအိမ် အကြောင်းကို ပို၍ သိချင်လာသည်။ သူက သည်ဓားအိမ်မျိုးက နှစ်မျိုးထက်ပို၍ ရှိနိုင်ကြောင်း ခံစားမိလာသည်။

ဟိုဖန်နိုင်ငံ၏ မီးတောင်ထဲတွင် မီးတောင်က ကျင့်ကြံသူ များကြောင့် မီးတောင်သေ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ ၎င်းမီးတောင်တွင် ချောရည်မူများပင် မရှိတော့ချေ။

၎င်းမီးတောင်ထဲတွင် အခန်းကြီး၊ အခန်းငယ်များစွာ ရှိလို့နေသည်။ အခန်းတိုင်းက ကျင့်ကြံသူ တစ်ယောက်စီ ရှိနေကြသည်။

သည်ကျင့်ကြံသူများက ဟိုဖန်နိုင်ငံ ပျက်စီးပြီးနောက် အသက်ရှင် ကျန်ရစ်ခဲ့သူများ ဖြစ်ကြသည်။

အတိတ်တုန်းက ဟိုဖန်နိုင်ငံသည် ရှန်ဝူ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နိုင်ငံ၏ အဓိက ကလန်လေးခု ကလည်း ဖယ်ရှားခြင်း ခံခဲ့ရသည်။ ထို့ကြောင့်လည်း လီမူဝမ်က အိမ်မှ ထွက်လာခဲ့ရခြင်း ဖြစ်သည်။ သည်မီးတောင် အောက်တွင် ကောင်းမွန်သော အဆာက်အဦ တစ်ခု ရှိလို့နေသည်။ ဤအဆာက်အဦက စစ်နတ်ဘုရား ကျောင်း ဖြစ်၏။

သည်စစ်နတ်ဘုရား ကျောင်းက မရေမတွက် နိုင်သော ဘိုးဘေးများနှင့် များစွာသော နည်းစနစ်များ ကျန်ရှိနေတုန်းပင်။

သည်အခိုက်တွင် သလင်းခန်းများစွာ ကြားထဲရှိ တစ်ခန်းက တောက်ပလို့ နေသည်။ ချက်ချင်းပင် ပိန်ချည့်ချည့် ခန္ဓာကိုယ်က အခန်းထဲမှ ထွက်လာခဲ့ တော့သည်။

သူက ထွက်လာ ပြီးနောက် မြေကြီးများကို လက်ဖြင့် ဖိသိပ်လိုက်သည်။ ရုတ်တရက် စစ်နတ်ဘုရား ကျောင်းမှ အစိမ်းရောင် စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် လာခဲ့သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်က ပြန်ပြည့်ဖြိုး လာ၏။

အချိန်တို အတွင်း၌ လူငယ်ထံမှ ချောက်ချားဖွယ် အငွေ့အသက်များ ထွက်ပေါ်လာ ခဲ့သည်။

သည်လူက အလွန် ကြည့်ကောင်း၏။ သို့သော် မျက်လုံးများက နတ်ဆိုးအလားပင်။ သူ့မျက်လုံးများက ရှေးဟောင်း အလင်းများ ထွက်လျက် သူက တဖြည်းဖြည်း သတိပြန်လည် လာဟန်လည်း ရှိသည်။

သူက အနည်းငယ် စဉ်းစား၍ ခပ်တိုးတိုး ပြောလိုက်သည်။

“နှစ်ပေါင်း ၃၀၀၀ ကုန်သွား ခဲ့ပြီးနောက် ငါ့ကျင့်ကြံမှု အဆင့်က (၃၀) ရာခိုင်နှုန်း ပြန်ရလာပြီပဲ ... ”

သူက ညာလက်ကို လက်သီး ဆုပ်ချည်ဆုပ်ချည် လုပ်လိုက်ပြီး မျက်မှောင်ကြုတ်၍ သူ့ကိုယ်သူ ပြောလိုက်သည်။

“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ... ဒါကမလုံလောက် သေးပင်မဲ့ ကြယ်အဝိုင်း အကူအညီနှင့်ဆိုရင် ဒီဂြိုလ်ကနေ လွတ်မြောက်အောင် လုပ်နိုင်ပြီ။ ငါ့ ပြန်ကောင်းလာမှုက ပိုပြီး နည်းနည်းမြန် လာမယ်ဆိုရင် ငါ့နေတဲ့ဂြိုဟ်ကို ပြန်သွားလို့ရပြီ ... ”

သူက အသက်ဝဝရှူ၍ သူ့ခါးကိုသူ လက်ဖြင့်ကိုင်ကြည့် လိုက်သည်။ သို့သော် သူ့အသွင်က မည်သည့် အရာကိုမျှ ထိတွေ့မိလိုက်ခြင်း မရှိသဖြင့် ထူးဆန်းလို့ သွားသည်။ သူက သူ့ခါးကိုကြည့်၍ မှင်တက်လို့ နေခဲ့ပြီး သူ့မျက်နှာ ကလည်း နက်မှောင်လို့ လာသည်။ စကားတစ်လုံးမှ ပြောခြင်းမရှိဘဲ သူက လက်ဝှေ့ယမ်း လိုက်ရာ သလင်းမျက်နှာပြင် တစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ သည်မျက်နှာပြင် ပေါ်ရှိ ပုံရိပ်က လှုပ်ရှားသွားပြီး ခဏအတွင်း ပြန်ရပ်သွား လေသည်။

သည်မြင်ကွင်းက ဝမ်လင်း အခန်းထဲ ဝင်လာစဉ် ပြသခဲ့ခြင်း ဖြစ်သည်။ သည့်နောက်သူက သိုလှောင်အိတ်ကို ယူလိုက်သည်။

လူငယ်က ဝမ်လင်းကို စူးစိုက်ကြည့် လိုက်သည်။ သူက မျက်လုံးမှိတ် ထားလိုက်ပြီး နတ်ဘုရားအာရုံကို ပို့လွှတ်လိုက်သည်။ သူ့နတ်ဘုရား အာရုံဖြင့် သိုလှောင်အိတ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များ မတည်ငြိမ်မှုကို ခံစားမိလိုက်သည်။

သူက မျက်လုံး ဖွင့်လိုက်ရာ သူ့ခန္ဓာကိုယ်က အခန်းထဲမှ ပျောက်ကွယ်လို့ သွားသည်။ သူက နတ်ဆိုးပင်လယ်၏ ကောင်းကင်ထက်တွင် ပြန်ပေါ်လာခဲ့ပြီး အော်လိုက်၏။

“တစ္ဆေဝိညာဉ် ရှာဖွေခြင်း နည်းစနစ် ... ”

ရုတ်တရက် မရေမတွက် နိုင်သော အစိမ်းရောင် အလင်းများက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ သည်အလင်း တစ်ခုစီက လူငယ်တစ်ယောက် အသွင်သို့ ပြောင်းသွားပြီး ပြန်ပျံ့နှံ့လို့ သွား၏။ လူငယ်က ဖျတ်ခနဲ ပြန်ပျောက်ကွယ် သွားပြန်သည်။

ဝမ်လင်းကတော့ အခုလက်ရှိတွင် ခြင်သားရဲ အပေါ်တွင် မတ်တတ်ရပ်လျက် ရှိနေသည်။ သူက မြေပုံပါသော ကျောက်စိမ်ပြားကို ကိုင်ထားလျက် ရှိသည်။

ဝမ်လင်းက အလွန် စိတ်လှုပ်ရှားလို့ နေသည်။ သူက သူ့အမြန်နှုန်းကို အဆ ၁၀၀၀ လောက်ထိ တိုးလာရန် ဆန္ဒ ရှိနေသည်။ သူက အခုချက်ချင်း ကျောက်နိုင်ငံသို့ ပြန်ရောက် ချင်နေပြီ ဖြစ်သည်။

သို့သော် လက်တွေ့မှတော့ မဖြစ်နိုင်ပေ။ သူက မြေပုံကို ရပြီးနောက် ကျောက်နိုင်ငံက သူနှင့် လွန်စွာအဝေးတွင် ရှိလို့နေသည်။ သူက ပျံသန်းသွားမည် ဆိုရင်တောင် သူ့ကျောက်နိုင်ငံသို့ ပြန်ရောက်ရန် နှစ်ပေါင်းများစွာ ကြာဦးမည် ဖြစ်သည်။

မြေပုံတွင် ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်များ အကြောင်း အသေးစိတ် ဖော်ပြထားပြီး ဝမ်လင်းက အချိန်တစ်ခုကြာ မြေပုံကို လေ့လာပြီးနောက် ကျောက်နိုင်ငံသို့ ပြန်မည့် လမ်းကြောင်းကို ကောက်ချက်ချ နိုင်ခဲ့သည်။ သည်လမ်းကြောင်း အတိုင်းဆိုလျှင် ဝမ်လင်းက ရှေးဟောင်းတည်နေရာ အစီအရင်သုံးခုကို အသုံးပြုရပေမည်။

တစ်ခုက နတ်ဆိုး ပင်လယ်တွင်ရှိပြီး နောက်နှစ်ခု ကတော့ ကျောက်နိုင်ငံ ရှိသော ကုန်းမြေကြီး တစ်ခုတွင် ရှိ၏။

အခုဝမ်လင်းက ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်ရှိရာသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။ သည်အစီအရင်၏ အဆင့်က အရမ်းမမြင့်မား လှသော်လည်း အသုံးဝင်နေဆဲပင်။ သည့်နောက် ဝမ်လင်းက ခြင်သားရဲကို ပို၍ မြန်မြန်သွားရန် နှိုးဆော်လိုက်၏။

သည်ရှေးဟောင်း အစီအရင်က နတ်ဆိုးပင်လယ် အတွင်းဘက် အစွန်းတွင် ရှိနေသည်။ ထို့ကြောင့် လမ်းတွင် သားရဲများစွာကို ဖြတ်ကျော် ခဲ့ရသည်။ သူက အဆင့်မြင့် သားရဲများနှင့် ကြောက်လန့်ဖွယ် သားရဲများကိုပင် ကြုံခဲ့ရ၏။ သူ့စွမ်းအား ကောင်းလှသော နတ်ဘုရား အာရုံကြောင့်သာ သူက ၎င်းသားရဲများကို ကွေ့ပတ်သွား နိုင်ခဲ့ခြင်းပင် ။

ဝမ်လင်းက တစ်လလောက် ရပ်တန့်ခြင်းမရှိ ခရီးသွားပြီးနောက် နောက်ဆုံးတွင် သူက အစီအရင် ရှိရာနေရာသို့ ရောက်လာခဲ့သည်။ သူ့အောက်တွင်တော့ ရေအောက်ပင် များစွာ ဖုံးလွှမ်းနေသော နေရာကြီး တစ်ခုရှိနေသည်။ အမည်းရောင် မိုးကြောင့် သည်အပင်များက သားရဲများ အဖြစ်သို့ ဆင့်ကဲ ဖြစ်ကုန်ကြသည်။ သူတို့၏ စွမ်းအားများ ကလည်း ကြီးစွာတိုးလာ ခဲ့ကြ၏။

အပေါ်မှ ကြည့်လျှင် သည်အပင်များက အလွန်လှ၏။ သို့သော် ဝမ်လင်းက သူ့နတ်ဘုရား အာရုံဖြင့် စစ်ကြည့်လိုက်ရာ အပင်များ အောက်တွင် အရိုးပင်လယ်ကြီး ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ သည်အရိုးများက ကျင့်ကြံသူများနှင့် သားရဲများ၏ အရိုးများ ဖြစ်ကြသည်။

ဝမ်လင်း အနည်းငယ် စဉ်းစားလိုက်သည်။ သူက နတ်ဘုရား အာရုံကို ထုတ်လွှတ် လိုက်သည့်အခါ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို တွေ့လိုက်ရသည်။ သူက ခြင်သားရဲ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး မျက်စိတစ်မှိတ် အတွင်း ရွှေပြောင်းခြင်း အစီအရင်ပေါ်သို့ ရောက်ရှိလို့သွား၏။

ဝမ်လင်းက မျက်မှောင်ကြုတ် လိုက်သည်။ သည်နေရာတွင် အနီရောင် သစ်ရွက်များစွာ ရှိနေခဲ့သည်။ ၎င်းတို့က တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ကို ဖုံးအုပ်ထားပြီး အချို့အပင်များက အစီအရင်တွင်ပင် အမြစ်တွဲလျက် ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် အစီအရင်က အပျက်အစီး အချို့ရှိနေပြီဟု ယူဆလို့ ရပေသည်။

သူ့မျက်လုံများက မြင့်တက်လို့ သွားသည်။ သူက လက်ဝှေ့ယမ်း လိုက်ရာ အနက်ရောင် ဓားတစ်လက် ထွက်လာပြီး အောက်ရှိ အပင်များပေါ်သို့ ကျရောက်လာသည်။ ၎င်းဓားက အပင်များကို ဖြတ်တောက် လိုက်သည့် အခါတိုင်း အပင်များက သွေးလို အနီရောင်များ ပန်းထွက်၏။ သိပ်မကြာခင်မှာ အောက်ခြေမြေကြီး တစ်ခုလုံးက သွေးရောင်ဖုံးလွှမ်း သွားလေသည်။

***

All Chapters