← Chapters

အခန်း ၁၀၅၃

Vol. 71 Ch. 1053

အခန်း ၁၀၅၃

Vol. 71 Ch. 1053

1053 01

အခန်း ( ၁၀၅၃ ) စကားနှင့် မဖော်ပြနိုင်အောင် ဆိုးဝါးသော လုပ်ရပ်များ။

ယင်ကျစ်ဟုန်သာ ဖြစ်ပျက်နေသော အခြေအနေမှန်တွေကို နားလည်လျှင် ဒီလောက် စိတ်ဓာတ်ကျရမှာ မဟုတ်ပါ။

“ ကျွန်တော်လည်း မသေချာဘူး။ အဲ့အချိန်တုန်းက သူ့ကို အရမ်းမုန်းလို့ သူနဲ့ ခပ်ခွာခွာနေခဲ့တာတော့ သေချာတယ်။ ဒါပေမဲ့ သူက ကျွန်တော့်ကို အမြဲတမ်း လိုက်,လိုက်ကပ်တယ် ၊ တစ်ခါတလေ တမင်တကာလိုလို မတော်တဆလိုလိုနဲ့ ပွတ်သီးပွတ်သပ်တောင် လုပ်သေးတယ်။ ”

ထိုစကားကို ကြားသည်နှင့် အမျိုးသမီးယင်ရဲ့ မျက်နှာက မည်းမှောင်သွားသည်။ အဲ့ဒီ ဝမ်ကျင့်ဖျင်ဆိုတဲ့ မိန်းမက သူမရဲ့သားဆီကို ချဉ်းကပ်လာတဲ့အပြင် ပွတ်သီးပွတ်သပ်ပါ လုပ်လိုက်သေးတယ်တဲ့လား … ။ အဲ့ဒီမိန်းမမှာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိနေတာလဲ။ သူမက တကယ့်ကို အရှက်မရှိတဲ့ မိန်းမလည်ပဲ … ။

“ သူနဲ့ အသားချင်းထိမိပြီးတဲ့နောက်ပိုင်း … ” ယင်ကျစ်ဟုန်ရဲ့ မျက်နှာက ဒေါသကြောင့် ခဲပြာရောင်သမ်းနေပြီး ဘာစကားမှ ဆက်မပြောနိုင်တော့ပေ။ ဒီတစ်လျှောက်လုံး သူ ဝမ်ကျင့်ဖျင်နှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံမိခဲ့တဲ့ အကြောင်းကို တွေးတိုင်း စက်ဆုပ်ရွံရှာမိသည်။

“ ရတယ် ရတယ်။ သား မပြောချင်ရင်လည်း မပြောပါနဲ့။ အမေ သိပြီ။ ဒီကိစ္စတွေက ဟိုမိန်းမရဲ့ လက်ချက်ပဲ ဖြစ်လိမ့်မယ်။ စိတ်မပူနဲ့ … အမေ သားအတွက် သေချာပေါက် လက်စားချေပေးမယ်။ သူ့ကို လွယ်လွယ်နဲ့ လွှတ်မပေးဘူး။ ”

ဆတ်ဆတ်ခါ နာကျင်နေသော အမျိုးသမီးယင်နှင့် ယှဉ်လျှင် လူကြီးမင်းယင်က ကျိုးကြောင်းဆီလျော်မှုရှိစွာ ပိုတွေးခေါ်နိုင်သည်။ သူက သားဖြစ်သူကို သံသယအကြည့်ဖြင့် ခေါင်းစခြေဆုံး ကြည့်လိုက်ပြီး သူ့သားရဲ့ စကားတွေကိုလည်း သံသယဝင်မိသည်။

“ မင်း သေချာ စဉ်းစားကြည့်ပြီးပြီလား။ မင်း အခု တကယ် အသိစိတ်ကပ်သွားတာလား။ မင်း ငါ့ကို ရည်ရွယ်ချက်ရှိရှိ လိမ်ပြောနေတာတော့ မဟုတ်ပါဘူးနော်။ ငါတို့ မင်းတို့ လွှတ်ပေးလိုက်ရင် မင်း အဲ့မိန်မးကို ထပ်ပြီး သွားရှာမှာလား။ ”

ယင်ကျစ်ဟုန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ် ကော့တက်သွားသည်။ သူ့အဖေ ဒီလောက် စိတ်ကူးယဉ်ကောင်းတာကို သူ အခုမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးတာ ဖြစ်သည်။

“ စိတ်ချပါ အဖေ။ အဖေ့သားရဲ့ မျက်လုံးတွေက ကောင်းကောင်း မြင်နိုင်ပါတယ်။ နေရာတိုင်းက ယောက်ျားတွေကို မြှူဆွယ်နေတဲ့ မိန်းမတစ်ယောက်ကို ကျွန်တော် ချစ်မိ‌နေလိမ့်မယ်လို့ အဖေ ထင်နေတာလား။

လူကြီးမင်းယင်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး လှောင်ရယ်လိုက်သည်။ “ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက မင်း ပြောထားတာတော့ ဒီလို မဟုတ်ပါဘူး။ ”

“ … အဲ့ဒါ ကျွန်တော် မဟုတ်ဘူးလို့ ပြောပြီးပြီပဲ။ ”

လူကြီးမင်းယင်က သရော်ပြုံး ပြုံးလိုက်သည်။ ဒီအတောအတွင်း သူ့သားရဲ့ အပြုအမူတွေကို သူ နည်းနည်းလေး ဒေါသထွက်နေမိတုန်းပင်။

......

သို့သော်လည်း သူ့သားက ဒီလို ပြောနေပြီဆိုကတည်းက သေချာ စဉ်းစားတွေးခေါ်ပြီးတာ သိသာပါသည်။ လူကြီးမင်းယင်သာ် သူ့သား ခုနတုန်းက ပြောသွားတဲ့ စကားတွေအ‌ကြောင်း ပြန်တွေးမိသောအခါ သူ့မျက်လုံးတွေကို အန္တရာယ်များစွာ ကျဉ်းမြောင်းလိုက်သည်။

ဒီနှစ်ပိုင်းတွေအတွင်း သူ စီးပွားရေးလုပ်ငန်း အနည်းနှင့်အများဆိုသလို လုပ်ခဲ့သည်။ စီးပွားရေးတစ်ယောက်အနေဖြင့် အခြေအမြစ်မရှိတာတွေကို အယူမသည်းရင်တောင် ကံတရားကိုတော့ ယုံကြည်သည်။

အရင်တုန်းက သူ့သားရဲ့ အသက်ကြီးမှ တော်လှန်ပုန်ကန်မှုကြောင့် ဒေါသထွက်ခဲ့ပေမဲ့ အခု သေချာ ပြန်တွေးကြည့်တော့ ဘယ်နေရာကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာတဲ့ ထိုအမျိုးသမီးက နည်းနည်းလေး ထူးဆန်းသည်ဟု ခံစားရသည်။

သူ့မျက်နှာက ချက်ချင်းပဲ မည်းမှောင်ကျသွားပြီး “ မင်း သေချာ စဉ်းစားပြီးပြီဆိုရင် ဒီအတောအတွင်း အနေအထိုင်ဆင်ခြင်ပြီး အဲ့မိန်းမနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ ဒီတစ်ခေါက် မင်း အသိစိတ်လွတ်သွားတဲ့အထိ မှိုင်းမိခဲ့တာ။ မင်းအမေနဲ့ ငါ့ကိုတောင် ပြန်အော်ခဲ့တဲ့အထိပဲ။ နောက်တစ်ခေါက် မင်း ငါနဲ့ မင်းအမေကို အဲ့လို အချိုးမျိုး လာချိုးရဲချိုးကြည့်။ မနက်ဖြန်ကျရင် ငါ ပယောဂဆရာတစ်ယောက် ရှာပြီး အဲ့ဒီမိန်းမက လူလား ၊ သရဲလားဆိုတာ စစ်ဆေးလိုက်မယ်။ သူက သရဲဆိုရင်တော့ ငါတို့ သရဲဖမ်းရမယ်။ ယင်မိသားစုကို ဒီလိုမျိုး အရူးလာလုပ်တာကို အသာတကြည် ခွင့်လွှတ်မပေးနိုင်ဘူး။ ”

1053 02

ယင်ကျစ်ဟုန်က တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်သော်လည်း သူ့အဖေ စိုးရိမ်တာ မမှားတာကို သိသည်။ ဝမ်ကျင့်ဖျင်သာ စကားလုံးနှင့် ဖော်ပြမရလောက်အောင် ဆိုးဝါးသော လုပ်ရပ်တွေကို ကျူးလွန်ပြီး သူ ထောင်ချောင်မိသွားတာကို ဘယ်သူမှ သတိမထားမိခဲ့ရင် အကျိုးဆက်တွေကို တွေးတောင် တွေးမကြည့်ရဲပေ။

“ အဖေလည်း ဂရုစိုက်သင့်တယ်။ သူများကို သင်ခန်းစာပေးဖို့လုပ်ရင်း အဖေပါ ထောင်ချောက်မိမသွားစေနဲ့။ အဲ့ဒါဆို ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာလိမ့်မယ်။ ”

“ ခွေးကောင်လေး … ငါ့ကို မင်းလိုများ မှတ်နေလား။ မင်းက ငယ်သေးလို့ တခြားလူတွေဆီမှာ လှည့်စားခံရတာကနေ မလွတ်မြောက်နိုင်တာ။ စိတ်မပူနဲ့ … ငါက ဘာလုပ်ရမလဲဆိုတာ သိတယ်။ ”

ယင်ကျစ်ဟုန်ရဲ့ မျက်နှာက မည်းမှောင်နေသည်။ သူ့ကိုယ်သူ သက်သေပြဖို့အတွက် စကားလုံးတချို့ ခွန်းတုံ့ပြန်ချင်သော်လည်း ဒီအတောအတွင်း သူ လုပ်ခဲ့တဲ့ အဓိပ္ပာယ်မရှိသော လုပ်ရပ်တွေအကြောင်း ပြန်တွေးမိလျှင် ယုံကြည်ချက် ပျောက်ဆုံးသွားရလေသည်။

ဝမ်ကျင့်ဖျင်အပေါ် သူ့ရဲ့ စိတ်ပျက်ရွံရှာမှုတွေ ၊ မုန်းတီးမှုတွေက အထွဋ်အထိပ်ကို ရောက်သွားခဲ့သည်။ သူ အတိတ်တုန်းက ထိုအမျိုးသမီးကို အရမ်း ချစ်ခဲ့တာတွေ ၊ သူမရဲ့ စကားတွေကို နားထောင်ခဲ့တာတွေက လက်ရှိအချိန်မှာ သူမကို မုန်းတီးစက်ဆုပ်သော အမုန်းတရားတွေနှင့် ညီမျှသည်။

++++

All Chapters