← Chapters

အခန်း ၁၀၅၈

Vol. 71 Ch. 1058

အခန်း ၁၀၅၈

Vol. 71 Ch. 1058

1058 01

အခန်း ( ၁၀၅၈ ) စတော့ရှယ်ယာဈေးများ ထိုးကျသွားခြင်း။

လီယွဲ့ ပြောတဲ့ ဒုတိယ ဥက္ကဌသို့ဆိုသူက သို့ထျန်းယီရဲ့ အဒေါ် ဖြစ်သည်။ သို့မိသားစု ဟန်ချက်ပျက်နေချိန်တုန်းက မိသားစုပိုင်ဆိုင်မှုတွေကို လုယူဖို့ အခွင့်အလမ်းစောင့်နေသူတွေ အကုန်လုံး သေတဲ့လူကသေ ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့လူက မသန်စွမ်းဖြစ်သွားခဲ့ကြသည်။

အိမ်ထောင်သည်အမျိုးသမီးတစ်ယောက် ဖြစ်တဲ့ သို့ထျန်းယီရဲ့ အဒေါ်ကတော့ ကံကောင်းထောက်မစွာဖြင့် ထိုလူတွေထဲမှာ မပါဝင်ခဲ့သောကြောင့် သို့မိသားစုပိုင် ကုမ္ပဏီရဲ့ ရှယ်ယာဝေစုကို ရခဲ့ပြီး ကုမ္ပဏီမှာ သို့ထျန်းယီအပြင် သို့မျိုးရိုးနာမည်ရှိတဲ့ တစ်ဦးတည်းသော ဒါရိုက်တာ ဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဒေါ်သို့ကို မကြာခဏ တိတ်တဆိတ် ဆက်သွယ်ခဲ့တဲ့ လူတွေ ရှိသည်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ သိသာထင်ရှားပါသည်။

သို့ထျန်းယီရဲ့ မျက်လုံးတွေက အနည်းငယ် အေးစက်သွားပြီး လှောင်ပြုံး ပြုံးလိုက်သည်။ “ ငါက အခုထိ မသေသေးတာတောင် သူတို့က စိတ်မရှည်နိုင်တော့ဘူးလား။ ကောင်းတယ် ၊ ငါ့မှာ အင်အားရှိသေးတုန်း ဂဏှာမငြိမ်ဖြစ်နေတဲ့ အဲ့ဒီလူတွေရဲ့ လက်တွေကို ဖြတ်ပစ်ရတာပေါ့။ ငါ သေမှာကို စောင့်နေတဲ့ လူတွေကို ငါ မသေခင် သူတို့ အရင်ဆုံး ကြုံတွေ့ရမယ့် အရာကို ကြုံတွေ့ခွင့်ပေးလိုက်မယ်။ ”

လီယွဲ့သည် ထိုစကားကို ကြားချိန်မှာ တစ်စုံတစ်ခုကို တွေးမိပြီး ကြက်သီးထသွားသည်။ သူ ခေါင်းငုံ့ကာ အကြာကြီး နှုတ်ဆိတ်နေပြီးမှ နောက်ထပ် အကြောင်းကိစ္စတစ်ခုကို ထပ်ပြောလိုက်သည်။ “ ချန်မိသားစုနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က ကျွန်တော်တို့ကို သံသယဝင်နေတယ် ထင်တယ် ဘော့စ်။ ဘော့စ် သိတဲ့အတိုင်း … ”

သို့ထျန်းယီက မျက်မှောင်ကြုတ်မိသွားသလို အနည်းငယ်လည်း အံ့ဩသွားသည်။ “ ဘယ်သူက ငါတို့ကို သံသယဝင်နေတာလဲ။ ”

“ တစ်ဖက်လူက သူ ရှိနေတဲ့နေရာနဲ့ ပတ်သက်ပြီး သတိကြီးကြီးနဲ့ လျှို့ဝှက်ထားပါတယ်။ သူတို့က ခြေရာလက်ရာတွေလည်း သိပ်မချန်ခဲ့တဲ့အတွက် အခုထိ စုံစမ်းလို့ မရသေးပါဘူး။ အဲ့လူက မိန်းကလေးစုဘက်က တစ်ယောက်ယောက် ဖြစ်လိမ့်မယ်လို့ ဘော့စ် ထင်လား။ ”

သို့ထျန်းယီက မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး ဘာမှ မပြောတော့ပါ။

ထိုအချိန်မှာပဲ လီယွဲ့ရဲ့ ဖုန်းက ရုတ်တရက် ထမြည်လာကာ လူသူကင်းရှင်းသော ဆေးရုံအခန်းထဲမှာ စူးရှလွန်းသော ဖုန်းမြည်သံက စူးစူးဝါးဝါးနိုင်လှ၏။ လီယွဲ့က သို့ထျန်းယီကို ဖျတ်ခနဲ ကြည့်ပြီး “ ကျွန်တော် ဒီဖုန်းကို ကိုင်မှ ဖြစ်မှာပါ။ ” ဟု ဂရုတစိုက် ပြောလိုက်သည်။

သို့ထျန်းယီက ခေါင်းတစ်ချက် ဆတ်ပြပြီး မျက်လုံးတွေကို ပြန်မှိတ်ထားလိုက်တော့မှ လီယွဲ့က စိတ်သက်သာရာရသွားသော သက်ပြင်းမောလေးကို မှုတ်ထုတ်ကာ အမြန် ဖုန်းကိုင်လိုက်သည်။ တစ်ချိန်တည်းမှာ သို့ထျန်းယီအတွက် အနှောင့်အယှက်မဖြစ်စေရန် ဆေးရုံအခန်းထဲက လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။

သို့သော် သူ တံခါးလက်ကိုင်ကို ကိုင်လိုက်ချိန်မှာ ဖုန်းတစ်ဖက်က ပြောသော သတင်းတွေက သူ့မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့သည်။

“ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ။ ”

လီယွဲ့ရဲ့ ကျယ်လောင်သော အာမေဋိတ်သံက သို့ထျန်းယီရဲ့ မှိတ်ထားသော မျက်လုံးတွေကို ပြန်ပွင့်လာစေသည်။ “ ဘာဖြစ်တာလဲ။ ”

1058 02

လီယွဲ့ရဲ့ မျက်နှာက အလွန် ပျက်ယွင်းနေပါသည်။ “ အခုလေးတင်ပဲ ကုမ္ပဏီက လူတစ်ယောက်က ဖုန်းဆက်ပြောတယ်။ သက်ဆိုင်ရာဌာနတစ်ခုက ကုမ္ပဏီကို စစ်ဆေးဖို့အတွက် ရုတ်တရက် လူတွေ လွှတ်ပြီး ကုမ္ပဏီက ဝန်ထမ်းတွေနဲ့ ကုမ္ပဏီရဲ့ အချက်အလက်တွေကို ယူသွားတယ်တဲ့။ အဲ့လိုတွေ ဖြစ်ပြီးတော့ သိပ်မကြာဘူး ၊ ကုမ္ပဏီက ဒါရိုက်တာတချို့က အက်ဆီးဒင့်တွေ တစ်ယောက်ပြီး တစ်ယောက် ဖြစ်ခဲ့တယ်။ အခု ကျွန်တော်တို့ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေးနှုန်းတွေက …. ”

လာဘ်ပေးလာဘ်ယူမှု တစ်ခုတည်းသာဆိုလျှင် စိုးရိမ်စရာသိပ်မရှိပေမဲ့ လီယွဲ့ ပြောပြတဲ့ ဒါရိုက်တာတွေက လူသတ်မှုထဲမှာလည်း ပါဝင်ပတ်သက်ထားသည်။

ထိုဒါရိုက်တာတွေထဲက တစ်ယောက်က ဂျူနီယာတွေနှင့် ပူးပေါင်းကာ သူ့လက်အောက်ငယ်သားတွေ ကြိုးစားပမ်းစား ရှာဖွေထားတဲ့ ပိုက်ဆံတွေကို ခိုးယူခဲ့သည်။ ထိုလူတွေ ဆန္ဒပြတဲ့အခါ သူက တခြားသူတွေကို ပိုက်ဆံပေးပြီး ခေါင်းဆောင်တွေရဲ့ သေဆုံးမှုအား မတော်တဆမှုလို ပုံစံပေါက်အောင် လုပ်ကြံဖန်တီးခဲ့သည်။ သူကိုယ်တိုင်လည်း ပြစ်မှုတွေ ကျူးလွန်ပြီး နစ်နာသူမိသားစုဆီက ခြိမ်းခြောက်၍ ငွေညှစ်ကာ အစကတည်းက ခက်ခဲကြပ်တည်းနေတဲ့ ဆင်းရဲသား မိသားစုများစွာရဲ့ ဘဝကို ဖျက်ဆီးပစ်ခဲ့သည်။

နောက်ထပ် ဒါရိုက်တာတစ်ယောက်ကတော့ လူနောက်ကွယ်မှာ အကြီးစား နှာဘူးတစ်ယောက် ဖြစ်ပြီး လောကကြီးအကြောင်း ဘာမှ မသိသေးတဲ့ မိန်းကလေးငယ်လေးတွေကို လိုက်ရှာပြီး ပြည့်တန်ဆာခေါင်းတွေရဲ့ အကူအညီဖြင့် ထိုမိန်းကလေးငယ်လေးတွေကို သူ့ရဲ့ လိင်မှုကိစ္စ အရုပ်လေးတွေဖြစ်အောင် လုပ်လေ့ရှိသည်။

ဘာတွေ ဘယ်လိုပဲ ဖြစ်ခဲ့ပါစေ ၊ လူ့အသက်သေဆုံးမှုတွေ ပါဝင်ပတ်သက်လာတဲ့အခါ ကိစ္စတွေက ဖြေရှင်းရလွယ်မှာ မဟုတ်ပါ။ ကုမ္ပဏီထဲက လူတွေကို စစ်ဆေးဖို့အတွက် ခေါ်ယူခံရခြင်းနှင့်ပင် ကုမ္ပဏီရဲ့ ပုံရိပ်က ပြင်းပြင်းထန်ထန် ထိခိုက်နေပြီးသား ဖြစ်သည်။

ဒီလို ထိရှလွယ်သော အချိန်မှာမှ အတိတ်တုန်းက အဖြစ်အပျက်ဆိုးတွေက ရုတ်တရက် ထွက်ပေါ်လာပြီး ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေးတွေက ထိုးကျသွားခဲ့သည်။

ထို့ပြင် သို့ထျန်းယီကလည်း ဆေးရုံက ဆင်းလို့ မရသေးတာမို့ သို့ကော်ပိုရေးရှင်းတစ်ခုလုံးက ဦးဆောင်သူကင်းမဲ့နေသည်ဟု ပြောလို့ ရသည်။ ရုတ်တရက်ပဲ ထိန်းချုပ်မှုကင်းမဲ့ကာ အုတ်အော်သောင်းတင်းတွေ ဖြစ်သွားခြင်းမျိုးပါ။

သို့ထျန်းယီက လီယွဲ့ရဲ့ ဇာတ်လမ်းကို ကြားစည်နှင့် ဒီကိစ္စနောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေကြောင်း ရိပ်စားမိလိုက်သည်။ မဟုတ်ရင် အရာအားလုံးက ဒီလောက် တိုက်ဆိုင်မှာ မဟုတ်ပါ။

++++

All Chapters