← Chapters

အခန်း ၁၀၆၁

Vol. 71 Ch. 1061

အခန်း ၁၀၆၁

Vol. 71 Ch. 1061

1061 01

အခန်း ( ၁၀၆၁ ) ကိုယ်ပိုင်ပိုက်ဆံ။

“ သူ့ကို ဂရုစိုက်ဖို့နဲ့ မကြာခင် ပြန်လာဖို့ ပြောလိုက်ပါဦး။ ”

“ အင်းပါ။ ကိုယ် ပြောလိုက်ပါ့မယ်။ ” ဟောက်ချန်ဟွမ်းလည်း စုယန်ယန်လိုပဲ ကျန်းချန့်ယန်ကို စိုးရိမ်ပါသည်။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ အသက်ကို ရင်းရလောက်တဲ့ထိ အရေးကြီးတဲ့ ကိစ္စ တချို့ ရှိတာကို သူ သိသည်။ အန္တရာယ်ရှိတာကို သိလျှင်တောင် တချို့က တုံ့ဆိုင်းနေမှာ မဟုတ်ပါ။

“ ဒါနဲ့ မင်းသူငယ်ချင်း … ”

“ ကျွန်မရဲ့ သူငယ်ချင်း …… ” စုယန်ယန်က စက္ကန့်ပိုင်းလောက် ကြောင်အနေပြီးမှ ဟောက်ချန်ဟွမ်း ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားကာ စူးစူးစမ်းစမ်း မေးလိုက်သည်။ “ ရှောင်ချီးကို ပြောတာလား။ ဘာဖြစ်လို့လဲ။ ”

“ သူ့ကောင်လေးက အခုတလော နည်းနည်းလေး ဒေါသထွက်နေတဲ့ပုံပဲ။ ”

စုယန်ယန်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ နျဉ်စစ်ယွမ်က သူမရဲ့ အမှိုက်ကောင်အဖေကို တိုက်ခိုက်ဖို့ ရည်ရွယ်နေသည်ဟု လင်းရှောင်ချီး ပြောဖူးတာကို စုယန်ယန် ရုတ်တရက် မှတ်မိသွားသည်။

“ သူ ဘာလုပ်လို့လဲ။ ”

“ သူ့လူတွေကို စီရင်စုကို ဖြတ်ကျော်ပြီး သူ့ယောက္ခမလောင်းရဲ့ ကုမ္ပဏီကို တိုက်ခိုက်ခိုင်းခဲ့တယ်။ ကုမ္ပဏီတွင်း ဆူပူမှုတွေ ဖြစ်ပြီး စတော့ရှယ်ယာဈေးတွေ ထိုးကျသွားတယ်။ မှုန်မွလျော့ရဲနေတဲ့ သဲပွင့်တွေလိုပဲ။ ပြီးတော့ သူက အဲ့ဒါနဲ့တင် မကျေနပ်နိုင်သေးဘဲ ကုမ္ပဏီထဲက ဝန်ထမ်းတွေနဲ့ သူ့ယောက္ခမလောင်းရဲ့ ဇနီးကို ရန်တိုက်ပေးခဲ့တယ်။ သူ့ယောက္ခမတို့လင်မယား အကြီးအကျယ် ရန်ဖြစ်‌နေတာကို ဓာတ်ပုံခိုးရိုက်ခံရပြီး အွန်လိုင်းပေါ်တောင် တင်ခံလိုက်ရလို့ လူပြောများနေကြတယ်။ ဒီပုံအတိုင်း ဆက်သွားရင် ရက်ကိုင်းလောက်အတွင်း သူ ဈေးထိုးကျနေတဲ့ ရှယ်ယာတွေအားလုံးကို ဝယ်ယူပြီး အဲ့ဒီကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်။ ”

စုယန်ယန်သည် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသော်လည်း နည်းနည်းလေးတော့ အံ့အားသင့်သွားမိပါသည်။ အလွန် သွက်လက်စွာ လှုပ်ရှားပြီး တစ်ဖက်လူကို ဘာမှ တုံ့ပြန်ခွင့်မပေးတဲ့ နျဉ်စစ်ယွမ်ကို သူမ အံ့ဩမိသည်။

ထို့ပြင် နျဉ်စစ်ယွမ်အပေါ် စုယန်ယန်ရဲ့ အမြင်က ယဉ်ကျေးသိမ်မွေ့သော ၊ ရိုးဖြောင့်သော လူငယ်လေးတစ်ယောက်အဖြစ်သာ အမြဲတမ်း မြင်ထားခဲ့တာ ဖြစ်သည်။ နျဉ်စစ်ယွမ်ဟာ သိုးရေခြုံထားတဲ့ ဝံပုလွေတစ်ကောင် ဆိုတာကို သူမ လုံးဝ မေ့လျော့နေခဲ့သည်။

1061 02

“ ရှောင်ချီးက ကျွန်မကို ဒီ‌အကြောင်း အရင်တုန်းက ပြောဖူးပါတယ်။ ကျွန်မတို့ အဘိုးဆီကို သွားနေတုန်း သူ့အဖေအရင်းက ပြဿနာထပ်ရှာဖို့ ကြိုးစားပေမဲ့ နျဉ်စစ်ယွမ်က အဲ့ဒါကို သိသွားတယ်တဲ့။ အဲ့ဒီလူ ရှောင်ချီးကို လာရှာတဲ့ အချိန်ကို ရှင် မှတ်မိသေးတယ်မလား။ သူက ရှောင်ချီးရဲ့ ဆန္ဒကို ဂရုမစိုက်ဘဲ သူ့ကို ပြန်ပေးဆွဲသွားတာလေ။ အဲ့အချိန်တုန်းကလည်း နျဉ်စစ်ယွမ်ပဲ သူ့ကို ကယ်ပေးခဲ့တာ။ ”

“ ကိုယ် မှတ်မိပါတယ်။ ဒုက္ခရောက်နေတဲ့ မိန်းကလေးတစ်ယောကိကို ကယ်တင်ပေးချင်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ ရည်ရွယ်ချက်က မရိုးသားဘူးလို့တောင် ကိုယ့်ကို မကျေမနပ် ပြောခဲ့သေးတယ်လေ။ ”

“ အဲ့ဒီအချိန်တုန်းကတော့ သူ့ရည်ရွယ်ချက်က မရိုးသားဘူးလို့ ကျွန်မ ခံစားခဲ့ရတာပါ။ ဒါပေမဲ့ သူ ရှောင်ချီးကို စိတ်ရင်းနဲ့ ကောင်းကောင်း ဆက်ဆံသရွေ့ သူ့ရည်ရွယ်ချက် ရိုးသားတာ ၊ မရိုးသားတာက အရေးမကြီးပါဘူး။ ”

စုယန်ယန်က ထိုစကားကို ပြောချိန်မှာ စိတ်အေးသွားသော သက်ပြင်းရှည်ကြီး မှုတ်ထုတ်ခဲ့သည်။ “ အဲ့အချိန်တုန်းက သူတို့နှစ်ယောက်က ပတ်သက်မှုမရှိခဲ့ဘူးလေ။ ဒါပေမဲ့ နျဉ်စစ်ယွမ်က ရှောင်ချီးအတွက် ရပ်တည်ပေးခဲ့တယ်။ အခု သူတို့နှစ်ယောက်က ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ ရှောင်ချီးတို့မိသားစုရဲ့ ပြဿနာတွေကို သူ သိသွားပြီ။ သူ့အတွက် မသိသလို ဟန်ဆောင်နေဖို့ ပိုလို့တောင် မဖြစ်နိုင်တော့ဘူး။

ရှောင်ချီးက ပြောတယ် ၊ နျဉ်စစ်ယွမ်က အဲ့ဒီလူရဲ့ ကုမ္ပဏီကို သိမ်းယူပြီး လက်ထပ်ဖို့ တင်တောင်းတဲ့ ပစ္စည်းအနေနဲ့ သူ့ကို ပေးမယ်တဲ့။ သူကတော့ လက်ခံရမလား ၊ လက်မခံရဘူးလား မသေချာသေးဘူး။ ကျွန်မကတော့ သူ သေချာပေါက် မဖြစ်မနေ လက်ခံသင့်တယ်လို့ ခံစားရတယ်။ အဲ့ဒီလူက သူတို့သားအမိကို အများကြီး ဒုက္ခရောက်အောင် လုပ်ခဲ့တာ။ ရှောင်ချီးက ဒီပစ္စည်းတွေနဲ့ ထိုက်တန်တယ်။

ပြီးတော့ ဒါက သူ့အပေါ် ထားတဲ့ နျဉ်စစ်ယွမ်ရဲ့ စိတ်ရင်းကို ဖော်ပြနေတာပဲ။ ရှောင်ချီးအတွက် ဒီလိုမျိုး လုပ်ပေးတယ် ဆိုတာက ရှောင်ချီးကို တကယ် ဂရုစိုက်တယ် ဆိုတာကို ဖော်ပြနေတာပဲ။ ရှောင်ချီးနေရာမှာ ကျွန်မသာဆိုလည်း တစ်ယောက်ယောက်က ကျွန်မအတွက် ဒီလိုမျိုး လုပ်ပေးချင်ရင် ငြင်းစရာ အကြောင်းပြချက်မရှိဘူးလေ။ ဟုတ်တယ်မလား။ ”

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ စကားအရှည်ကြီးကို နားထောင်ရင်းနှင့် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလာရကာ အနည်းငယ် မျက်မှောင်ကြုတ်ပြီး မရှုစိမ့်စွာ ပြောလိုက်သည်။ “ မင်း သူ့ကို အားကျနေတာလား။ မင်း အဆင်ပြေရင် ကိုယ့်နာမည်အောက်က ပိုင်ဆိုင်မှုတွေအားလုံးကို မင်းဆီ လွှဲပေးမယ်လေ။ ပြီးတော့ ကိုယ့်ရဲ့ လစာနဲ့ ကိုယ်ပိုင်ပိုက်ဆံတွေကိုလည်း မင်းဆီမှာ အပ်ပြီး လုံခြုံအောင် သိမ်းခိုင်းထားမယ်။ သူ လုပ်နိုင်သလောက် ကိုယ် လုပ်နိုင်တယ် ၊ သူ လုပ်နိုင်တာထက်တောင် ပိုလုပ်နိုင်သေးတယ်။ မင်း သူများကို အားကျနေစရာမလိုပါဘူး။ ”

“ ဟမ်။ ” စုယန်ယန်ကတော့ ချက်ချင်း အာရုံပြောင်းသွားကာ သူမရဲ့ အာရုံစူးစိုက်မှုက လမ်းကြောင်းပြောင်းသွားခဲ့သည်။ “ ရှင့်မှာ ကျွန်မ မသိအောင် စုဆောင်းထားတဲ့ ကိုယ်ပိုင်ပိုက်ဆံတွေ တကယ်ကြီး ရှိနေတာလား။ ”

ဟောက်ချန်ဟွမ်း ဆွံ့အသွားရပါသည်။

+++

All Chapters