← Chapters

အခန်း ၁၀၆၃

Vol. 71 Ch. 1063

အခန်း ၁၀၆၃

Vol. 71 Ch. 1063

1063 01

အခန်း ( ၁၀၆၃ ) ရှင့်ကို လူတိုင်း စွန့်ပစ်သွားပြီ။

ထိုအချိန်တုန်းကတော့ အမျိုးသမီးချင်ရဲ့ တစ်ဦးတည်းသော သားလေးဟာ နှစ်အနည်းငယ်အကြာမှာ သေဆုံးသွားလိမ့်မည်ဟု ဘယ်သူကမှ ထင်မှတ်မထားခဲ့ကြပါ။

လင်းရှောင်ချီးရဲ့ အရင်ဘဝတုန်းက ကံကြမ္မာကို ကြည့်ရုံနှင့် ကလေးကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့ အမေတစ်ယောက်ဟာ ဘယ်လောက်တောင် ရူးသွပ်သွားနိုင်လဲ ဆိုတာ သိနိုင်သည်။

သားဖြစ်သူရဲ့ သေဆုံးမှုက အမျိုးသမီးချင်ကို လွှမ်းမိုးထားသော နောက်ဆုံး ကောက်ရိုးမျှင်လေးကို ဆုံးရှုံးလိုက်ရသလိုပါပဲ။

ချင်ဖန်သဲ့ကတော့ သူ့ရဲ့ တရားမဝင် သမီးကို အိမ်ခေါ်ပြီး ချင်မိသားစုရဲ့ ဆက်ခံသူအသစ်အဖြစ် သူ့သားနေရာကို အစားထိုးဖို့ မစောင့်နိုင်တော့ပေ။ သူ့လုပ်ရပ်က အမျိုးသမီးချင်ရဲ့ ခင်ပွန်းသည်အပေါ် ထားသော နောက်ဆုံးလက်ကျန် သံယောဇဉ်အား အငွေ့ပျံ ပျောက်ကွယ်သွားစေခဲ့သည်။

ထိုအချိန်ကစလို့ အမျိုးသမီးချင်ရဲ့ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတွေ မရှိတော့ဘဲ ငယ်ချစ်ဦးနှင့် စတင်ပျော်ပါးခဲ့သည်။ သူမရဲ့ ရာထူးကို အသုံးပြုကာ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကိုတောင် ငယ်ချစ်ဦးထံ လွှဲပြောင်းပေးခဲ့သည်။

သူမကို ချင်ဖန်သဲ့က အိပ်ရာထဲမှာ လက်ပူးလက်ကြပ်မိသွားတော့လည်း အမျိုးသမီးချင်က ဒီနေ့ကို ဟိုးအရင်ကတည်းက မျှော်လင့်ထားသကဲ့သို့ တည်ငြိမ်နေခဲ့သည်။

“ ရှင် ကျွနိမတို့ကို မိသွားပြီဆိုတော့လည်း အလုပ်ရှုပ်သက်သာသွားတာပေါ့။ ခဏနေရင် ကျွန်မ ကွာရှင်းစာချုပ်ပို့လိုက်မယ်။ ရှင် လက်မှတ်ထိုးပြီးတာနဲ့ ကျွန်မ ထွက်သွားမယ်။ ”

“ မင်းကများ … မင်းကများ ရာရာစစ … ” ချင်ဖန်သဲ့သည် ဒေါသကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး မျက်နှာကလည်း ခဲပြာရောင်သမ်းနေခဲ့သည်။

အမျိုးသမီးချင်က လှောင်ပြောင်သော အပြုံးဖြင့် ရယ်မောလိုက်သည်။ “ ကျွန်မက ဘာလို့ ရာရာစစလဲ။ ရှင်ကျတော့ နေ့ရောညရော မိန်းမတွေနဲ့ ပျော်ပါးပြီး ကျွန်မကျတော့ ယောက်ျားတစ်ယောက်တောင် ရှာ‌ခွင့်မပေးဘူးပေါ့လေ။ ရှင် နှစ်လ ၊ သုံးလကို မိန်းမတစ်ယောက် ပြောင်းနေတာနဲ့ ယှဉ်လိုက်ရင် ကျွန်မမှာ ဒီယောက်ျားတစ်ယောက်ပဲ ရှိတာပါ။ အဲ့ဒါနဲ့တင် ရှင် ကျွန်မကို ကျေးဇူးတင်သင့်နေပြီ။ ”

ထိုစကားကို ကြားတော့ ချင်ဖန်သဲ့ရဲ့ မျက်နှာအမူအရာက မည်းမှောင်သွားကာ အမျိုးသမီးချင်ကို ဖြတ်ရိုက်ဖို့ လက်မြှောက်လိုက်သော်လည်း သူမရဲ့ လင်ငယ်က သူ့ကို တားဆီးခဲ့သည်။

နှစ်နှင့်ချီပြီး အပျော်အပါးလိုက်စားခဲ့ခြင်းကြောင့် ချင်ဖန်သဲ့ရဲ့ ခန္ဓာကိုယ်က အားနည်းနေလေရာ အမျိုးသမီးချင်ရဲ့ အားကစားလိုက်စားတဲ့ ငယ်ချစ်ဦးကို သူ ဘယ်လိုမှ မယှဉ်နိုင်ပေ။ အတွန်းခံလိုက်ရ၍ သူ့ခန္ဓာကိုယ်တစ်ခုလုံး ခြေလှမ်းအနည်းငယ် နောက်ဆုတ်ယိမ်းယိုင်သွားကာ လဲကျတော့မလိုတောင် ဖြစ်သွားခဲ့ရသည်။

ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မနည်း ထိန်းပြီးနောက်မှာတော့ သူ့မျက်နှာက အိုးတစ်လုံးရဲ့ အောက်ခြေလို မည်းမှောင်သွားပါသည်။

“ မင်းတို့ … မင်းတို့ … ”

“ ကျွန်မတို့က ဘာဖြစ်နေလို့လဲ။ ရှင်က ကျွန်မကို ရိုက်ချင်တာလား။ ကျွန်မ အခု ပြောလိုက်တဲ့ စကားက ဘာမှားလို့လဲ။ ရှင့်မှာ ကျွန်မကို ရိုက်ပိုင်ခွင့်ရှိလို့လား။ ရှင် မိန်းမတကာနဲ့ ပတ်ရှုပ်နေတဲ့ ဒဏ်ကို ကျွန်မ နှစ်ပေါင်းများစွာ ခံခဲ့ရတာ မဟုတ်ဘူးလား။ ကျွင်းဝူကြောင့်သာ မဟုတ်ရင် ကျွန်မ ရှင်နဲ့ ကွာရှင်းပြီးတာ ကြာလှပြီ။ အခု ကျွင်းဝူ မရှိတော့ဘူးဆိုတော့ ရှင့်နှလုံးသားက မိသားစုဆီမှာ မရှိတော့ဘူး။ ကွာရှင်းလိုက်တာကပဲ အားလုံးအတွက် ကောင်းလိမ့်မယ်။ ”

ချင်ဖန်သဲ့ရဲ့ မျက်လုံးတွေက နီရဲပြီး သူ့မျက်နှာက မည်းမှောင်နေခဲ့သည်။ “ မကွာရှင်းပေးနိုင်ဘူး။ မင်း ဘယ်ခြေလှမ်း လှမ်းဖို့ ကြံနေတယ် ဆိုတာ ငါ မသိဘူး မထင်နဲ့။ ငါ့ကို မင်းနဲ့ ကွာရှင်းပေးပြီး မင်းတို့နှစ်ယောက်ကို ရွှေလက်တွဲခွင့်ပေးတဲ့ထိ တုံးအလိမ့်မယ်လို့ ထင်‌နေတာလား။ မင်းက ကွာရှင်းချင်တယ်ပေါ့လေ … ဆုတောင်းလိုက်။ ”

1063 02

ချင်ဖန်သဲ့က ဖောက်ပြန်ခံရတဲ့ အဖြစ်ကို သဘာဝကျစွာပဲ လက်မခံနိုင်သလို သူ့ကိုယ်ပိုင် အတွေးတွေလည်း ရှိသည်။ အမျိုးသမီးချင်က တိမိသားစုဝင်တစ်ယောက် ဖြစ်သည်။ သူတို့ လက်ထပ်ခဲ့တာက မိသားစုနှစ်စုဟာ အဆင့်အတန်းချင်း တူညီတာမို့ ထိုလက်ထပ်ပွဲက နှစ်ဖက်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုးတက်စေလိမ့်မည်ဟု ယုံကြည်ခဲ့တာကြောင့်ပင်။

ဒီနှစ်တွေတစ်လျှောက်လုံးမှာ တိမိသားစုက ချင်မိသားစုလောက် မချမ်းသာခဲ့သော်လည်း ပိုင်ဆိုင်မှု အနည်းအကျဉ်းတော့ ရှိပါသေးသည်။

အခု သူ့ကုမ္ပဏီ ဒေဝါလီခံပြီး အကြွေးတွေ အများကြီး ဆပ်ရတော့မည့် အရေးပေါ်အခြေအနေမှာ သူမသာ သူ့ကို ကွာရှင်းသွားလျှင် အကြွေးတွေအားလုံးကို သူတစ်ယောက်တည်း ဆပ်ရပါလိမ့်မည်။

ဆန့်ကျင်ဖက်အနေဖြင့် သူတို့နှစ်ယောက် မကွာရှင်းလျှင်တော့ ပိုင်ဆိုင်မှုတွေက ဘုံပိုင်ဆိုင်မှုမို့ အကြွေးတွေကလည်း နှစ်ယောက် ဆပ်ရမယ့် ဘုံအကြွေးတွေ ဖြစ်သွားပါလိမ့်မည်။

သူမက တစ်အိုးတစ်အိမ်ထူထောင်ပြီးသား သမီးတစ်ယောက်ဆိုပေမဲ့ တိမိသားစုဝင်တစ်ယောက် ဖြစ်နေဆဲမို့ သူ ပိုက်ဆံချေးတဲ့အခါ အနည်းဆုံးတော့ တိမိသားစုက အမျိုးသမီးချင်ရဲ့ မျက်နှာကြောင့် တတ်နိုင်သလောက် ကူညီပေးလိမ့်မည်။ သူတို့က သူ့ကို လမ်းဘေးအရောက်ခံမှာ မဟုတ်ပေ။

အမျိုးသမီးချင်က ချင်ဖန်သဲ့ရဲ့ တစ်ခုတည်းသော အသက်ကယ် ကောက်ရိုးမျှင်လေးလို့ ပြောလို့ရသည်။ ခဏတဖြုတ်လောက် စိတ်လိုက်မာန်ပါနဲ့ ဒေါသထွက်ပြီး သူမကို ဘယ်လိုလုပ် ကွာရှင်းပေးလိုက်ရမှာလဲ … ။

သူ့စကားကို ကြားတော့ အမျိုးသမီးချင်ရဲ့ မျက်နှာအမူအရာကလည်း ပြောင်းလဲသွားသည်။ သူမနှင့် နှစ် ( ၂၀ ) ကျော် ပေါင်းသင်းနေထိုင်ခဲ့သော အမျိုးသားကို ခံစားချက်ကင်းမဲ့သည့် မျက်လုံးများဖြင့် ကြည့်မိသည်။ သူမရဲ့ စိတ်ထဲမှာ ရွံရှာစက်ဆုပ်မှုတွေသာ ကျန်ရစ်တော့သည်။

“ ရှင်က ကွာရှင်းမပေးဘူးပေါ့လေ။ ရှင့်ကိုယ်ရှင် ချင်အုပ်စုရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ဥက္ကဌကြီးလို့ ထင်နေတုန်းပဲလား။ အသိစိတ်ကပ်တော့ ချင်ဖန်သဲ့။ ရှင့်ကို လူတိုင်း စွန့်ပစ်သွားတာ ကြာလှပြီ။ အခုအချိန်မှာ ရှင့်ကို ဘယ်သူမဆို ပုရွက်ဆိတ်လေး တစ်ကောင်လို နင်းချေပစ်လို့ ရတယ်။ ”

+++++

All Chapters