← Chapters

အခန်း ၁၀၇၁

Vol. 72 Ch. 1071

အခန်း ၁၀၇၁

Vol. 72 Ch. 1071

1071 01

အခန်း ( ၁၀၇၁ ) မင်းက ငါ့ကို ကစားနေတာပဲ။

တင်းကြွယ်စစ်ရဲ့ စိတ်က ပြိုလဲပြတ်ထွက်တော့မည့် အစွန်းတဲတဲလေးကို ရောက်သွားခဲ့ပြီး အချိန်အတော်ကြာမှ ထိတ်လန့်နေရာကနေ သတိပြန်ဝင်လာကာ သူ့မျက်နှာက စာရွက်တစ်ရွက်ပမာ ဖြူစုတ်နေခဲ့သည်။

“ မင်း ဘာပြောလိုက်တယ် … ။ သူနဲ့ မင်းက … ”

ဝမ်ကျင့်ဖျင်သည် သူမရှေ့က အမျိုးသားကို အနည်းငယ် ကြောက်ရွံ့မိသော်လည်း သူမ အခွင့်အရေးရတုန်း ဒီအမျိုးသားကို သူမအပေါ် လက်လျှော့အောင် မလုပ်လျှင် အနာဂတ်မှာ မဆုံးနိုင်အောင် နှောင့်ယှက်ခံရနိုင်တာမို့ အံကြိတ်ပြီး ဆက်လက်လိမ်ညာလိုက်သည်။

“ ညီမ တောင်းပန်ပါတယ် အစ်ကိုတင်း။ ညီမ အစ်ကို့ကို လိမ်လို့ မရသလို ကိုယ့်ကိုယ်ကိုယ်လည်း လိမ်လို့ မရပါဘူး။ ညီမရဲ့ ခံစားချက်တွေကို ထိန်းချုပ်လိုဘ မရဘူး။ ညီမ လူကြီးမင်းယင်ကို တကယ့်ကို လေးလေးနက်နက် … ”

“ မင်း လိမ်ပြောနေတာ။ ” ဝမ်ကျင့်ဖျင်ရဲ့ စကားမဆုံးသေးခင်မှာပဲ တင်းကြွယ်စစ်က အော်ပြောလိုက်သည်။ သူက ဝမ်ကျင့်ဖျင်ရဲ့ လက်မောင်းကို ဆုပ်ကိုင်ပြီး နီရဲသော မျက်လုံးများဖြင့် ကြည့်နေ၏။ သူ့ခံစားချက်တွေ ပေါက်ကွဲထွက်ခါနီးပြီ ဆိုတာ သိသာပေါ်လွင်သည်။

“ ငါက မင်းအတွက် ငါ့မိန်းမနဲ့ ကလေးတွေကို စွန့်ပစ်ခဲ့တာ။ အခု မင်းက တခြားယောက်ျားတစ်ယောက်ကို ချစ်မိသွားပြီလို့ ပြောနေတာလား။ မင်းက ငါ့ကို ကစားနေတာပဲ။ ”

ဝမ်ကျင့်ဖျင်က စိတ်ပြင်ဆင်ထားပြီးသား ဖြစ်သော်လည်း တင်းကြွယ်စစ်ရဲ့ ကြမ်းတမ်းသော အပြုအမူကြောင့် ထိတ်လန့်သွားကာ မျက်နှာဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့လေသည်။

“ အရင်ဆုံး စိတ်အေးအေးထားပါ အစ်ကိုတင်း။ ညီမက အဲ့လို သဘောမျိုး ရည်ရွယ်တာ မဟုတ်ပါဘူး။ ညီမက … ”

“ ဒါဆို မင်းက ဘယ်လို ရည်ရွယ်တာလဲ။ ” တင်းကြွယ်စစ်ရဲ့ စိတ်ခံစားချက်တွေက ထိန်းချုပ်မှုအောက်က လွတ်ထွက်သွားပုံပေါ်သည်။ ခုနတုန်းက ဝမ်ကျင့်ဖျင် လဲလှယ်အသုံးပြုထားတဲ့ အထောက်အကူပစ္စည်းတွေပင်လျှင် သူ့အပေါ် အကျိုးသက်ရောက်မှု မရှိတော့ပါ။

“ မင်းက ငါ့ကို ချန်ရစ်ခဲ့ပြီး တခြားယောက်ျားတစ်ယောက်နဲ့ ထွက်ပြေးသွားချင်နေတာတောင် ငါ့ကို စိတ်အေးအေးထားခိုင်းနေတုန်းလား။ ငါက ဘယ်လိုလုပ်ပြီး စိတ်အေးအေးထားနိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး စိတ်အေးအေးထားလို့ ရမှာလဲ။ ”

ဝမ်ကျင့်ဖျင်က တင်းကြွယ်စစ်ရဲ့ ကြိမ်းမောင်းသံကြောင့် လုံးဝ ဆွံ့အသွားကာ ခဏကြာတော့မှ ကြောက်ရွံ့တုန်လှုပ်စွာ ပြောလိုက်သည်။ “ ဒေါသကို ရှေ့တန်းမတင်ပါနဲ့ အစ်ကိုရယ်။ အစ်ကိုနဲ့ မထိုက်တန်တဲ့ လူက ညီမပါ … ညီမက အစ်ကိုနဲ့ မထိုက်တန်တာပါ … ”

“ ငါ့ကို အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာပြောမနေနဲ့။ ငါ မင်းကို တစ်ခုပဲ မေးချင်တယ်။ မင်း ငါနဲ့အတူနေချင်လား။ ငါနဲ့ လက်ထပ်ချင်လား။ ”

“ ညီမ … ”

ဝမ်ကျင့်ဖျင်ရဲ့ စကားမဆုံးသေးခင်မှာပဲ တင်းကြွယ်စစ်က ရှေ့တိုးကာ သူမကို အခန်းထောင့် တစ်နေရာမှာ ချောင်ပိတ်အုပ်မိုးထားပြီး ခပ်တိုးတိုး ခြိမ်းခြောက်လိုက်သည်။ “ မင်း မဝံ့ရဲတာပဲဖြစ်ဖြစ် ၊ ငါ့ကို ဟန်ဆောင်ပြီး မြှူဆွယ်ခဲ့တာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ငါ အခုလို ဖြစ်လာခဲ့တာ မင်းကျေးဇူးကြောင့်ပဲ။ မင်း သဘောတူရင်တော့ အကောင်းဆုံးပေါ့။ မဟုတ်ရင်တော့ … ”

ဝမ်ကျင့်ဖျင်ရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ဒီလူ သူမကို တကယ်ပဲ တစ်ခုခု လုပ်မှာကို စိုးရိမ်သောကြောင့် စနစ်ကို ချက်ချင်းပဲ လှမ်းအကူအညီတောင်းလိုက်သည်။

[ ငါ ဘာလုပ်ရင် ကောင်းမလဲ စနစ်။ သူက ဆင်ခြင်တုံ့တရားမရှိတော့တဲ့ပုံပဲ။ သူ ငါ့ကို တိုက်ခိုက်မှာလား။ ငါက အခု တစ်ယောက်တည်း ရှိနေတာ။ သူသာ ငါ့ကို တိုက်ခိုက်ရင် ငါ ဘာမှ ပြန်လုပ်နိုင်မှာ မဟုတ်ဘူး။ ငါ ဘာလုပ်ရမလဲ။ ငါ့ကို ကယ်ဖို့ နည်းလမ်း အမြန် စဉ်းစားပေးပါ။ ]

[ ဒီအတောအတွင်း Host ရထားတဲ့ နှစ်လိုမှုရမှတ်တွေက အရမ်း နည်းနေပြီမို့လို့ အထောက်အကူပစ္စည်းတွေနဲ့ လဲလှယ်လို့ မရတော့ပါဘူး။ ကျေးဇူးပြုပြီး ဒီပြဿနာထဲကနေ ကိုယ့်ဘာသာ နည်းလမ်းရှာပြီး ထွက်ပြေးပါ။ ]

အနှစ်ချုပ်လိုက်လျှင်တော့ ‘ မင်းမှာ နှစ်လိုမှုရမှတ်တွေ မရှိဘဲနဲ့ ငါ့ကို အကူအညီတောင်းရင် ငါ့ဘက်က ကူညီပေးချင်ရင်တောင် ဘာမှ မတတ်နိုင်ဘူး ’ ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။

ဝမ်ကျင့်ဖျင်တစ်ယောက် ဒေါသထွက်လွန်း၍ အံကြိတ်လိုက်မိသည်။ တခြားအချိန်မှာသာ ဆိုရင် သူမ ထိုစနစ်ကို မိုးမွှန်အောင် ဆဲဆိုပြီးနေပါပြီ။ နောက်ဆုံးမှာတော့ သူမသည် တင်းကြွယ်စစ်နှင့် အေးစက်တင်းမာသော အကြည့်နှင့် ရင်ဆိုင်ရချိန်မှာ အရှုံးပေးလိုက်ရတော့သည်။

ဝမ်ကျင့်ဖျင်က ခေါင်းကို အနည်းငယ် ငုံ့ထားရင်း နူးညံ့သိမ်မွေ့သော အမူအရာလေးဖြင့်‌ ပြောလိုက်သည်။ “ အစ်ကိုတင်းက ညီမနဲ့ လက်ထပ်ချင်တာ ညီမ ကံကောင်းတာပါ။ သူတို့ အစ်ကိုတင်းကို အထင်လွဲပြီး ညီမကြောင့် အစ်ကိုတင်း အဆဲအဆိုခံရမှာကိုပဲ စိုးရိမ်တာပါ။ ”

ထိုစကားကို ကြားတော့မှ တင်းကြွယ်စစ်ရဲ့ မျက်နှာက ကြည်လင်သွားကာ သူမကို ခပ်တိုးတိုး ‌နှစ်သိမ့်ပေးလိုက်သည်။ “ သူတို့ အဲ့လို မလုပ်ပါဘူး။ အဲ့အစား ကိုယ့်ကိုပဲ အားကျပြီး မနာလိုဖြစ်နေကြမှာ။ သူတို့ မကျေနပ်ဘူး ဆိုရင်တောင် ကိုယ့်ရှေ့မှာ ဘာမှ ပြောရဲမှာ မဟုတ်ဘူး။ မင်း သူတို့ကို ဂရုစိုက်ဖို့ မလိုဘူး။ ”

“ … အင်းပါ။ ” ဝမ်ကျင့်ဖျင်က သူမရဲ့ မျက်လုံးထဲက ဒေါသတွေ ၊ သည်းမခံနိုင်မှုတွေကို မျက်လွှာချ၍ ဖုံးကွယ်ထားခဲ့သည်။

ဝမ်ကျင့်ဖျင်သည် သူမရဲ့ လိုက်လျောနာခံခြင်းက ဒီလူ့ကို ယာယီ အချိန်ဆွဲစေနိုင်ပြီး သူ့ဆီက ထွက်ပြေးဖို့ ပိုသင့်တော်တဲ့ နည်းလမ်းကို တွေးမိစေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မျှော်လင့်မထားစွာဖြင့် တင်းကြွယ်စစ်က သူမကို နှစ်သိမ့်ပေးပြီးသည်နှင့် သူ့လက်က သူမရဲ့ ခါးကို မရိုးဖြောင့်စွာ စတင် ပွတ်သပ်လာခဲ့လေသည်။

All Chapters