← Chapters

အခန်း ၁၀၇၇

Vol. 72 Ch. 1077

အခန်း ၁၀၇၇

Vol. 72 Ch. 1077

အခန်း ( ၁၀၇၇ ) မွေးနေ့လက်ဆောင်။

ဟောက်ချန်ဟွမ်းက စုယန်ယန်ကို နားလည်ရခက်သော ခံစားချက်များ ဖုံးလွှမ်းနေသည့် မျက်လုံးဖြင့် ကြည့်လိုက်သည်။ သူက သူမကို မကာကွယ်နိုင်မှာကို စိုးရိမ်တာ မဟုတ်ဘဲ သူမမှာ နူးညံ့ကြင်နာတတ်တဲ့ နှလုံးသားရှိနေလို့ စိုးရိမ်တာ ဖြစ်သည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဆိုတာ လူသားတွေရဲ့ သဘာဝကို အများဆုံး စမ်းသပ်သည့် အရာတွေ ဖြစ်သည်။ ရွေးချယ်စရာမရှိတော့တဲ့ လူတွေဟာ သူတို့ရဲ့ ရောဂါကို ပျောက်ကင်းအောင် ကုသခွင့်ရဖို့ ၊ သို့မဟုတ် အသက်ရှင်နိုင်ဖို့အတွက် ဘာလုပ်မလဲ ဆိုတာ ဘယ်သူမှ အာမ,မခံနိုင်ပါ။

ထိုအချိန် ရောက်လျှင် တချို့လူတွေက စုယန်ယန်ရဲ့ အရည်အချင်းတွေ ၊ သူတို့ရောဂါကို ကုသဖို့ ဘယ်လိုမှ မဖြစ်နိုင်တာလား ဆို‌တာတွေကို ဂရုမစိုက်တော့ဘဲ သူတို့ရောဂါ မပျောက်လျှင် မရဏခရီးလမ်းမှာ အဖော်ရှိစေရန်အတွက် သူမကိုပါ သူတို့နှင့်အတူ ဆွဲချသွားလိမ့်မည်။

စုယန်ယန်က သူ စိတ်ပူနေတဲ့ အရာကို အကြမ်းဖျင်း ခန့်မှန်းနိုင်သောကြောင့် နှစ်သိမ့်ပေးလိုက်သည်။ “ တကယ်တော့ ကျွန်မလည်း ဒီအကြောင်းကို အရင်က တွေးကြည့်ဖူးပါတယ်။ တချို့အရာတွေက သိုဝှက်ထားလေ ၊ လူတွေရဲ့ စူးစမ်းချင်စိတ်ကို ဆွဲဆောင်နိုင်လေပဲ။ ကျွန်မ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ချပြလိုက်ရင် အများကြီး အလုပ်ရှုပ်သက်သာသွားလိမ့်မယ်။ ”

လွန်ခဲ့တဲ့ ( ၂ ) နှစ်အတွင်း စုယန်ယန်သည် သူမ လဲလှယ်နိုင်တဲ့ တရုတ်ဆေးပင်တွေ အားလုံးကို သုတေသနဌာနနှင့် သူမရဲ့ ကုမ္ပဏီသို့ လွှဲပြောင်းပေးကာ လုံခြုံစွာ သိမ်းဆည်းစိုက်ပျိုးထားခိုင်းခဲ့သည်။

တက္ကသိုလ် A မှာ အရင်တုန်းက သူမ ‌သင်ကြားပေးခဲ့တဲ့ တရုတ်တိုင်းရင်းဆေး သင်ခန်းစာတွေကိုလည်း ကြယ်လေးမွေးတဲ့ အချိန်က လွဲလို့ တစ်ပတ် တစ်ခါ ၊ နှစ်ပတ် တစ်ခါ ဆိုသလို ပုံမှန် ဆက်သင်ပေးနေသည်။

အမှန်တရားကတော့ ထိုလူတွေဟာ စုယန်ယန်ထက် ပညာတတ်ပြီး အရည်အချင်းရှိသော်လည်း သူမ သင်ပေးတာတွေကို နားလည်ချင်ယောင်ဆောင်နေခဲ့တာ ဖြစ်သည်။

အစပိုင်းတုန်းက ထိုလူတွေက သူမရဲ့ သင်ခန်းစာတွေကို နားမလည်ခဲ့ပါ။ စုယန်ယန် ပြောတဲ့ စကားတွေကို လေးလေးနက်နက် မှတ်ယူရမည့်အစား စူးစမ်းရုံသာ ရှိခဲ့ပြီး နောက်ပိုင်းရောက်မှ ထိုသင်ခန်းစာတွေရဲ့ တန်ဖိုးကို တဖြည်းဖြည်း သဘောပေါက်လာကာ ယဲ့ချီလျန့်နှင့် တခြားလူတွေက ဘာလို့ ဂဏှာမငြိမ်တဲ့ထိ စိတ်လှုပ်ရှားနေခဲ့တာလဲ ဆိုတာ နားလည်သွားခဲ့ကြသည်။ ထိုအခါ သူတို့ရဲ့ သဘောထားလည်း ပြောင်းသွားခဲ့သည်။

သူတို့က သင်ခန်းစာတွေကို အမြင်အသစ်ဖြင့် မကြည့်တော့ဘဲ ဗဟုသုတတွေကို ထုံးလိုမွှေ ရေလိုနှောက် နားလည်ချင်ကာ ထိုဗဟုသုတတွေကို အသုံးပြု၍ အမှန်တကယ် အကူအညီလိုအပ်နေသူတွေကို ကူညီချင်ခဲ့သည်။

အခုနောက်ပိုင်း ‌အတန်းထဲက တော်တော်များများက စုယန်ယန်ရဲ့ သင်ခန်းစာတွေထဲက အတွင်းကျကျ ဗဟုသုတတွေကို သိနားလည်လာပြီး တစ်ခါတရံ စုယန်ယန်ရဲ့ ခြေလှမ်းတွေကိုတောင် ရပ်တန့်သွားစေတဲ့ မေးခွန်းတွေကို မေးကြသည်။

နောက် ( ၁ ) နှစ် ၊ ( ၂ ) နှစ်ဆို စုယန်ယန်မှာ သူတို့ကို သင်ပေးစရာ ကျန်တော့မှာ မဟုတ်ပါ။ စာအုပ်ကို သူတို့ရှေ့ ပစ်ပေးလိုက်ရုံနှင့် သူတို့ဘာသာ သင်ယူနားလည်နိုင်သွားလိမ့်မည်။

“ ကျွန်မလက်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေက အများအတွက် ကောင်းကျိုးဖြစ်စေတဲ့ ပစ္စည်းတွေပါ။ အဲ့ဒါကို ကျွန်မဆီက အကူအညီတောင်းချင်တဲ့ လူတွေလည်း သိတယ်။ သုတေသနဌာနက လူတွေလည်း သိတယ် ၊ အထက်က လူတွေလည်း သိတယ်။ အဲ့အချက် တစ်ချက်တည်းနဲ့တင် သူတို့က ကျွန်မကို နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး။ ”

လူတစ်ယောက်က ဘာအမှားမှ လုပ်မထားလျှင်တောင် လူတွေက သူ့ကို ချမ်းသာနေတဲ့အတွက် အပြစ်တင် တိုက်ခိုက်ကြလိမ့်မည်။ ဒါပေမဲ့ အဲ့လို အခြေအနေက အတွေ့အကြုံနုပြီး ရင့်ကျက်မှုမရှိတဲ့ လူချမ်းသာတွေမှာပဲ ဖြစ်လေ့ရှိပါသည်။

သူမရဲ့ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုမှာ ထိုအဖြစ်အပျက်မျိုး ဖြစ်ခဲ့လျှင် စုယန်ယန် နည်းနည်းလေး စိုးရိမ်မိမှာ ဆိုပေမဲ့ အခုတော့ … ။

“ အဲ့ဒါကို စိတ်ပူနေမယ့်အစား နောက်နှစ်ရက်နေရင် ရောက်လာတော့မယ့် ရှင့်ယောက္ခမရဲ့ မွေးနေ့အတွက် ဘာလက်ဆောင် ပေးရမလဲ ဆိုတာကိုပဲ တွေးတာ ပိုမကောင်းဘူးလား။ ”

နှစ်ရက်အတွင်း ချန်ရှို့ချင်ရဲ့ မွေးနေ့ရောက်လာတော့မည် ဖြစ်သော်လည်း ချန်မိသားစုမှာ ပြဿနာတွေ တက်ထားတာ မကြာသေး၍ မွေးနေ့နီးနေတာတောင် လူတိုင်းက နည်းနည်းလေး ထိတ်လန့်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ချန်ရှို့ချင်ရဲ့ မွေးနေ့ပွဲကို ဘယ်သူကမှ အထူးတလည် အာရုံစိုက်မနေအားပါ။

လူကြီးမင်းစုကတော့ သူ့ဇနီးရဲ့ မွေးနေ့မှာ ညစာစားဖို့အတွက် စုယန်ယန်တို့ မိသားစုသုံးယောက်ကို ဖိတ်ခေါ်ဖို့ တွေးထားသည်။ မိသားစုက ပျော်ရွှင်ဘေးကင်းလိမ့်မည် ဖြစ်ပြီး အဲ့ဒါက ဘယ်လက်ဆောင်ထက်မဆို အဖိုးတန်၏။

ထင်ထားသလိုပဲ ဟောက်ချန်ဟွမ်းရဲ့ စိတ်အာရုံက လမ်းကြောင်းပြောင်းသွားကာ တောက်ပစွာ ပြုံး၍ မေးလိုက်သည်။ “ ယောက္ခမကြီး စိတ်ကျေနပ်အောင် ဘာပေးရင် ကောင်းမလဲ။ ”

စုယန်ယန်က မျက်ခုံးပင့်ပြီး မပြောချင်သလို ဟန်ဆောင်လိုက်သည်။ “ ရှင်က ကျွန်မကို ရှင့်ရဲ့ ခက်ခဲတဲ့ မေးခွန်းကို ကူစဉ်းစားခိုင်းနေတာပဲ။ ”

“ မင်းက ယောက္ခမကြီးရဲ့ အဖိုးအတန်ဆုံး သမီးလေးလေ … အဲ့တော့ မင်းက သူ့အကြောင်း အသိဆုံး ဖြစ်မှာပေါ့။ လက်ဆောင်က ဈေးကြီးတာ ဈေးနည်းတာက အရေးမကြီးပါဘူး ၊ သူ့နှလုံးသားထဲကို ရောက်မယ့် လက်ဆောင်မျိုးဆို ရပြီ။ ကိုယ်တို့မိသားစုမှာ ယောက္ခမကြီးအကြိုက်ကို ကောင်းကောင်း သိတဲ့ လူက မင်းပဲ ရှိတာ။ ”

All Chapters